[Unicode]

OG နဲ့လက်တွဲဖြုတ်လိုက်ပြီဖြစ်တဲ့ Gorgc

 

နာမည်ကြီး Dota 2 Streamer တစ်ယောက်ဖြစ်တဲ့ Gorgc ကတော့ OG အသင်းနဲ့လက်တွဲဖြုတ်လိုက်ပြီဖြစ်ကြောင်း မနေ့ကပဲ သူ့ရဲ့ Twitter ကနေကြေညာခဲ့ပါတယ်။ TI နှစ်ထပ်ကွမ်း ချန်ပီယံ OG အသင်းဟာ ၂၀၂၀ နှစ်စမှာ Esports အဖွဲ့အစည်း အကြီးတစ်ခုအဖြစ် အသွင်ပြောင်းဖို့ ခြေလှမ်းသစ်တွေစတင်ခဲ့ပြီး အဲဒီထဲခြေလှမ်းသစ်တွေထဲမှာ Dota 2 အသင်းရဲ့လစ်လပ်နေတဲ့နေရာတွေကို Sumail, Midone တို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ အစားထိုးခဲ့တာ၊ အသင်းကြီးတွေမှာကစားခဲ့ဖူးတဲ့ နာမည်ကြီးကစားသမားတွေစုစည်းပြီး CSGO အသင်းသစ်တည်ထောင်တာအပြင် အခြားသော Esports အဖွဲ့အစည်းကြီးတွေအတိုင်း Streamer တွေနဲ့ စာချုပ်ချုပ်ဆိုတာတွေပါ ပါဝင်ခဲ့ပါတယ်။

Gorgc ဟာ OG က စာချုပ်ချုပ်ဆိုခဲ့တဲ့ ပထမဦးဆုံးနဲ့ တစ်ဦးတည်းသော Streamer ဖြစ်ပြီး အသင်းနဲ့အတူ ၇ လနီးပါးဖြတ်သန်းအပြီးမှာတော့ အခုလိုလက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဆွီဒင်နိုင်ငံသား Gorgc ဟာ ၂၀၁၆ ခုနှစ်မှာ Dota 2 ပရော်ဖက်ရှင်နယ်လောကထဲကို Alliance ကစားသမားဟောင်း Akke နဲ့အတူ အသင်းသစ်တည်ထောင်ကာ ဝင်ရောက်လာခဲ့ပေမယ့် ပြောပလောက်တဲ့ အောင်မြင်မှုမျိုး မရရှိခဲ့တာကြောင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ကျောခိုင်းပြီး Streamming ဘက်ကိုခြေဦးလှည့်ခဲ့ပါတယ်။

Streamming ကိုနှစ်တော်တော်ကြာအောင် တစ်စိုက်စိုက်မတ်မတ်လုပ်လာတဲ့ Gorgc တစ်ယောက်ကတော့ လက်ရှိအချိန်မှာ ပျမ်းမျှကြည့်ရှုသူ ၉၀၀၀ ကျော်ခန့်နဲ့ Twitch ရဲ့ Viewer အများဆုံး အချိန်ပြည့် Dota 2 Streamer တစ်ယောက်ဖြစ်လာခဲ့ပါပြီ ( Arteezy ကတော့ ပျမ်းမျှကြည့်ရှုသူ ၂၀၀၀၀ ခန့်လောက်ရှိပေမယ့် ရံဖန်ရံခါမှသာ Stream လေ့ရှိတာကြောင့် ထည့်မတွက်တာဖြစ်ပါတယ်)။ OG အသင်းဟာ ၂၀၂၀ ဇန်နဝါရီ ၂၉ ရက်နေ့မှာ Gorgc ကိုစာချုပ်ချုပ်ဆိုခဲ့ပြီး အဲဒီကာလတွေမှာ OG Dota 2 အသင်း ကစားတဲ့ပြိုင်ပွဲတွေကို Gorgc က Caster တစ်ဦးအဖြစ်တာဝန်ယူပေးခဲ့ပါတယ်။

အစပိုင်းမှာတော့ ဂိမ်းပွဲတွေကို Cast ပေးရုံသာဖြစ်ပေမယ့် OG ဟာ ပြိုင်ပွဲတွေကျင်းပပေးတဲ့ Organizer ဘက်ကိုပါ ချဲ့ထွင်လာတဲ့နောက်မှာတော့ အရာရာဟာရှုပ်ထွေးလာတာကြောင့် အခုလို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Gorgc ကဆိုပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ OG နဲ့လမ်းခွဲလိုက်ပေမယ့် OG အသင်းသားတွေနဲ့တော့ အရင်လိုအခင်အမင်မပျက်ဆက်လက်ရှိနေဦးမယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

Covid-19 ကြောင့် ပြိုင်ပွဲကြီးတွေမရှိသလောက်ရှားပါးလာနေတဲ့အထဲမှာမှ OG အသင်းကတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ပြိုင်ပွဲတွေမှာတောင် တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ အဲဒါကြောင့် OG ဟာ ပြီးခဲ့တဲ့လကပဲ အသင်းရဲ့ Carry ကစားသမား Sumail ကိုအသင်းကနေထုတ်ပယ်ကာ အနားယူနေတဲ့ Ceb ကိုအစားထိုးခဲ့ပြီး OG.Seed အသင်းကိုပါဖျက်သိမ်းခဲ့ပါတယ်။ Ceb ပြန်လည်ဝင်ရောက်လာပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ OGA Dota Pit ပြိုင်ပွဲမှာတော့ Nigma, Alliance တို့နောက်ကနေ တတိယနေရာကို ရယူထားနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ OMEGA League: Europe Immortal Division ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။


[ZawGyi]

OG နဲ႔လက္တြဲျဖဳတ္လိုက္ၿပီျဖစ္တဲ့ Gorgc

 

နာမည္ႀကီး Dota 2 Streamer တစ္ေယာက္ျဖစ္တဲ့ Gorgc ကေတာ့ OG အသင္းနဲ႔လက္တြဲျဖဳတ္လိုက္ၿပီျဖစ္ေၾကာင္း မေန႔ကပဲ သူ႔ရဲ႕ Twitter ကေနေၾကညာခဲ့ပါတယ္။ TI ႏွစ္ထပ္ကြမ္း ခ်န္ပီယံ OG အသင္းဟာ ၂၀၂၀ ႏွစ္စမွာ Esports အဖြဲ႕အစည္း အႀကီးတစ္ခုအျဖစ္ အသြင္ေျပာင္းဖို႔ ေျခလွမ္းသစ္ေတြစတင္ခဲ့ၿပီး အဲဒီထဲေျခလွမ္းသစ္ေတြထဲမွာ Dota 2 အသင္းရဲ႕လစ္လပ္ေနတဲ့ေနရာေတြကို Sumail, Midone တို႔လို ကမာၻ႔အေကာင္းဆုံးကစားသမားေတြနဲ႔ အစားထိုးခဲ့တာ၊ အသင္းႀကီးေတြမွာကစားခဲ့ဖူးတဲ့ နာမည္ႀကီးကစားသမားေတြစုစည္းၿပီး CSGO အသင္းသစ္တည္ေထာင္တာအျပင္ အျခားေသာ Esports အဖြဲ႕အစည္းႀကီးေတြအတိုင္း Streamer ေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုတာေတြပါ ပါဝင္ခဲ့ပါတယ္။

Gorgc ဟာ OG က စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ ပထမဦးဆုံးနဲ႔ တစ္ဦးတည္းေသာ Streamer ျဖစ္ၿပီး အသင္းနဲ႔အတူ ၇ လနီးပါးျဖတ္သန္းအၿပီးမွာေတာ့ အခုလိုလက္တြဲျဖဳတ္ဖို႔ ဆုံးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ ဆြီဒင္ႏိုင္ငံသား Gorgc ဟာ ၂၀၁၆ ခုႏွစ္မွာ Dota 2 ပေရာ္ဖက္ရွင္နယ္ေလာကထဲကို Alliance ကစားသမားေဟာင္း Akke နဲ႔အတူ အသင္းသစ္တည္ေထာင္ကာ ဝင္ေရာက္လာခဲ့ေပမယ့္ ေျပာပေလာက္တဲ့ ေအာင္ျမင္မႈမ်ိဳး မရရွိခဲ့တာေၾကာင့္ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို ေက်ာခိုင္းၿပီး Streamming ဘက္ကိုေျခဦးလွည့္ခဲ့ပါတယ္။

Streamming ကိုႏွစ္ေတာ္ေတာ္ၾကာေအာင္ တစ္စိုက္စိုက္မတ္မတ္လုပ္လာတဲ့ Gorgc တစ္ေယာက္ကေတာ့ လက္ရွိအခ်ိန္မွာ ပ်မ္းမွ်ၾကည့္ရႈသူ ၉၀၀၀ ေက်ာ္ခန႔္နဲ႔ Twitch ရဲ႕ Viewer အမ်ားဆုံး အခ်ိန္ျပည့္ Dota 2 Streamer တစ္ေယာက္ျဖစ္လာခဲ့ပါၿပီ ( Arteezy ကေတာ့ ပ်မ္းမွ်ၾကည့္ရႈသူ ၂၀၀၀၀ ခန႔္ေလာက္ရွိေပမယ့္ ရံဖန္ရံခါမွသာ Stream ေလ့ရွိတာေၾကာင့္ ထည့္မတြက္တာျဖစ္ပါတယ္)။ OG အသင္းဟာ ၂၀၂၀ ဇန္နဝါရီ ၂၉ ရက္ေန႔မွာ Gorgc ကိုစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး အဲဒီကာလေတြမွာ OG Dota 2 အသင္း ကစားတဲ့ၿပိဳင္ပြဲေတြကို Gorgc က Caster တစ္ဦးအျဖစ္တာဝန္ယူေပးခဲ့ပါတယ္။

အစပိုင္းမွာေတာ့ ဂိမ္းပြဲေတြကို Cast ေပး႐ုံသာျဖစ္ေပမယ့္ OG ဟာ ၿပိဳင္ပြဲေတြက်င္းပေပးတဲ့ Organizer ဘက္ကိုပါ ခ်ဲ႕ထြင္လာတဲ့ေနာက္မွာေတာ့ အရာရာဟာရႈပ္ေထြးလာတာေၾကာင့္ အခုလို လက္တြဲျဖဳတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ Gorgc ကဆိုပါတယ္။ ဒါ့အျပင္ သူ႔အေနနဲ႔ OG နဲ႔လမ္းခြဲလိုက္ေပမယ့္ OG အသင္းသားေတြနဲ႔ေတာ့ အရင္လိုအခင္အမင္မပ်က္ဆက္လက္ရွိေနဦးမယ္လို႔လည္း ထပ္ေလာင္း ေျပာၾကားခဲ့ပါေသးတယ္။

Covid-19 ေၾကာင့္ ၿပိဳင္ပြဲႀကီးေတြမရွိသေလာက္ရွားပါးလာေနတဲ့အထဲမွာမွ OG အသင္းကေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရတဲ့ၿပိဳင္ပြဲေတြမွာေတာင္ ေတာ္ေတာ္ေလး႐ုန္းကန္ခဲ့ရပါတယ္။ အဲဒါေၾကာင့္ OG ဟာ ၿပီးခဲ့တဲ့လကပဲ အသင္းရဲ႕ Carry ကစားသမား Sumail ကိုအသင္းကေနထုတ္ပယ္ကာ အနားယူေနတဲ့ Ceb ကိုအစားထိုးခဲ့ၿပီး OG.Seed အသင္းကိုပါဖ်က္သိမ္းခဲ့ပါတယ္။ Ceb ျပန္လည္ဝင္ေရာက္လာၿပီးေနာက္ပိုင္း ပထမဦးဆုံးအႀကိမ္အျဖစ္ယွဥ္ၿပိဳင္ခဲ့တဲ့ OGA Dota Pit ၿပိဳင္ပြဲမွာေတာ့ Nigma, Alliance တို႔ေနာက္ကေန တတိယေနရာကို ရယူထားႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ OMEGA League: Europe Immortal Division ၿပိဳင္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ရွိပါတယ္။