Zawgyi

ေကေပါ့ပ္လို႔ ေျပာလုိက္ရင္ လူေတာ္ေတာ္မ်ားမ်ားရဲ႕စိတ္ထဲေရာက္လာမယ့္အထဲမွာ Veteran အဖြဲ႕တစ္ခု လုိ႔ဆုိႏုိင္ၿပီး အခုထိလူၾကိဳက္မ်ားေနဆဲ Girls’ Generation လည္းပါဝင္မွာပါ။ GG အဖြဲ႕ဝင္ေတြျဖစ္တဲ့ Sunny နဲ႔ Taeyeon တုိ႔ဟာ သူတုိ႔ရဲ႕အရည္အခ်င္းေတြထဲက Gaming စြမ္းရည္ကို ျပသဖို႔အတြက္ လာမယ့္ S.M. Super League ရဲ႕ PUBG Mobile ပြဲစဥ္မွာ ဝင္ေရာက္ေဆာ့ကစားျပမယ္လို႔ သိရပါတယ္။

 

S.M Super League ဆုိတာကေတာ့ GG ရဲ႕မိခင္ကုမၸဏီျဖစ္တဲ့ S.M. Entertainment မွ စပြန္ဆာေပးထားတဲ့ Esports League တစ္ခုျဖစ္ၿပီး ကိုရီးယားႏုိင္ငံတြင္းမွာ လူႀကိဳက္မ်ားတဲ့ League of Legends ဂိမ္းနဲ႔ ၂၀၁၆ ခုႏွစ္မွာ စတင္က်င္းပခဲ့တာ အခုဆုိရင္ စတုတၳေျမာက္ Season ကိုေရာက္လာခဲ့ပါၿပီ။

တစ္ကမာၻလုံးအတုိင္းအတာနဲ႔ကို လူႀကိဳက္မ်ားလာတဲ့ PUBG Mobile ဂိမ္းကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္မွာ S.M. Super League ထဲသို႔ ထည့္သြင္းခဲ့ၿပီး EXO အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Baekhyun မွ ပါဝင္ေဆာ့ကစားျပခဲ့ပါတယ္။ Baekhyun ဟာ ၂၀၁၆ ခုႏွစ္က ပထမဆုံး Super League Season 1 မွာလည္း Super Juniors အဖြဲ႕ဝင္ Heechul နဲ႔အတူ LoL ဝင္ေဆာ့ျပခဲ့ေသးသူပါ။ (ဒီအစီအစဥ္ကိုေတာ့ ကၽြန္ေတာ္ သိပ္မၾကည့္ဖူးပါဘူး)

Sunny နဲ႔ Taeyeon တုိ႔ရဲ႕ PUBG Mobile ကစားေနပုံကိုေတာ့ ဇူလိုင္လ ၁ ရက္ေန႔မွာ Huya Streaming ပလက္ေဖာင္းေပၚကေန ထုတ္လႊင့္သြားမွာပါ။ ဒါဟာ အခုတေလာ ႏုိင္ငံတကာကိုပါ ပစ္မွတ္ထားလာတယ္လို႔ ယူဆရတဲ့ Huya ရဲ႕သြက္လက္တဲ့ ေျခလွမ္းေတြထဲက တစ္ခုလို႔ပဲ ဆုိရမွာပါပဲ။

==================================================

Unicode

ကေပေါ့ပ်လို့ ပြောလိုက်ရင် လူတော်တော်များများရဲ့စိတ်ထဲရောက်လာမယ့်အထဲမှာ Veteran အဖွဲ့တစ်ခု လို့ဆိုနိုင်ပြီး အခုထိလူကြိုက်များနေဆဲ Girls’ Generation လည်းပါဝင်မှာပါ။ GG အဖွဲ့ဝင်တွေဖြစ်တဲ့ Sunny နဲ့ Taeyeon တို့ဟာ သူတို့ရဲ့အရည်အချင်းတွေထဲက Gaming စွမ်းရည်ကို ပြသဖို့အတွက် လာမယ့် S.M. Super League ရဲ့ PUBG Mobile ပွဲစဉ်မှာ ဝင်ရောက်ဆော့ကစားပြမယ်လို့ သိရပါတယ်။

S.M Super League ဆိုတာကတော့ GG ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ S.M. Entertainment မှ စပွန်ဆာပေးထားတဲ့ Esports League တစ်ခုဖြစ်ပြီး ကိုရီးယားနိုင်ငံတွင်းမှာ လူကြိုက်များတဲ့ League of Legends ဂိမ်းနဲ့ ၂၀၁၆ ခုနှစ်မှာ စတင်ကျင်းပခဲ့တာ အခုဆိုရင် စတုတ္ထမြောက် Season ကိုရောက်လာခဲ့ပါပြီ။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကို လူကြိုက်များလာတဲ့ PUBG Mobile ဂိမ်းကိုတော့ ပြီးခဲ့တဲ့နှစ်မှာ S.M. Super League ထဲသို့ ထည့်သွင်းခဲ့ပြီး EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Baekhyun မှ ပါဝင်ဆော့ကစားပြခဲ့ပါတယ်။ Baekhyun ဟာ ၂၀၁၆ ခုနှစ်က ပထမဆုံး Super League Season 1 မှာလည်း Super Juniors အဖွဲ့ဝင် Heechul နဲ့အတူ LoL ဝင်ဆော့ပြခဲ့သေးသူပါ။ (ဒီအစီအစဉ်ကိုတော့ ကျွန်တော် သိပ်မကြည့်ဖူးပါဘူး)

Sunny နဲ့ Taeyeon တို့ရဲ့ PUBG Mobile ကစားနေပုံကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှာ Huya Streaming ပလက်ဖောင်းပေါ်ကနေ ထုတ်လွှင့်သွားမှာပါ။ ဒါဟာ အခုတလော နိုင်ငံတကာကိုပါ ပစ်မှတ်ထားလာတယ်လို့ ယူဆရတဲ့ Huya ရဲ့သွက်လက်တဲ့ ခြေလှမ်းတွေထဲက တစ်ခုလို့ပဲ ဆိုရမှာပါပဲ။