[Unicode]

Girl Gamer လေးတွေနဲ့ တွဲဆော့နိုင်မယ့် ဝန်ဆောင်မှုအသစ်

 

E-girl ဆိုတဲ့ စကားလုံးကတော့ အွန်လိုင်းကို လွန်စွာအသုံးပြုပြီး အင်တာနက်ပေါ်မှာ လှုပ်ရှားမှုများစွာပြုလုပ်လေ့ရှိတဲ့ အမျိုးသမီးငယ်များကို ခေါ်ဝေါ်တဲ့ ခေတ်ပေါ်အသုံးအနှုန်းတစ်ခုပါ။ E-girl အဖြစ် အများကသတ်မှတ်ခြင်းကိုခံရသူများဟာ cosplay မော်ဒယ်များ၊ Tik-Tok ဆယ်လီများ၊ အမျိုးသမီးဂိမ်မာများဖြစ်လေ့ရှိကြပြီး ယခုအချိန်မှာတော့ E-girl ဂိမ်မာများကို ငှားရမ်းပြီး အတူတကွဂိမ်းကစားနိုင်မယ်လို့ ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခုပေါ်ပေါက်လာခဲ့ပါပြီ။

“တစ်ယောက်တည်း ဘယ်တော့မှ မကစားပါနဲ့” (Never Battle Alone) ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ထွက်ပေါ်လာခဲ့တဲ့ ယင်းဝက်ဘ်ဆိုက်ရဲ့လိပ်စာကတော့ www.egirl.gg ပါ။ ဝက်ဘ်ဆိုက်အကြောင်းဖော်ပြချက်မှာတော့ “E-girl ဝက်ဘ်ဆိုက်ဟာ ကျွမ်းကျင်တဲ့ဂိမ်းကစားဖော်များကို ရှာဖွေတွေ့ရှိနိုင်မယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ကျွန်တော်တို့ဆီက အမျိုးသမီးဂိမ်မာလေးများဟာ ရုပ်ရည်ချောမောလှပသလို အသံလည်း ချိုသာကြပြီး ဂိမ်းလည်း လွန်စွာကျွမ်းကျင်ကြပါတယ်” အစရှိသဖြင့် ရေးသားထားပါတယ်။

E-girl ဝက်ဘ်ဆိုက်မှာ League of Legends, Overwatch, Minecraft, Fortnite, CS:GO, Dota 2, Heroes of The Storm, World of Warcraft, PUBG နဲ့ Gwent ဂိမ်းများအတွက် ဂိမ်းကစားဖော်များ ရှာဖွေငှားရမ်းနိုင်ပါတယ်။ ဝက်ဘ်ဆိုက်ပေါ်က profile အများစုမှာတော့ E-girl ဂိမ်မာဆန်ဆန် အမျိုးသမီးငယ်ဓာတ်ပုံများတင်ထားကြပေမယ့် အမျိုးသားဓာတ်ပုံများနဲ့ အခြားဓာတ်ပုံများ တင်ထားသူများကိုလည်း ရှိပါတယ်။

E-girl ဝက်ဘ်ဆိုက်ကို လာရောက်လည်ပတ်သူများဟာ မိမိတို့ကိုယ်တိုင်လည်း E-girl ကစားဖော်တစ်ဦးဖြစ်လာပြီး အခြားသူများက လာရောက်ငှားရမ်းအောင် စာရင်းသွင်းနိုင်ပါတယ်။ ဒီလိုစာရင်းသွင်းနိုင်ဖို့အတွက် ယင်းဝက်ဘ်ဆိုက်ရဲ့ စည်းကမ်းများမှာတော့ ချောမောလှပပြီး ချိုသာတဲ့အသံရှိရမှာဖြစ်သလို ဂိမ်းကျွမ်းကျင်သူလည်းဖြစ်ဖို့လိုကြောင်း ရေးသားထားပါတယ်။

ဒါပေမယ့် ယင်းဝက်ဘ်ဆိုက်ပေါ်မှာ တကယ်တွေ့ရှိနိုင်တဲ့ profile များမှာတော့ အယောင်ဆောင်ဓာတ်ပုံတင်ထားသူ များပြားလှသလို အမျိုးသမီးအဖြစ်ဟန်ဆောင်ထားတဲ့ အမျိုးသားအသံနဲ့ E-girl ကစားဖော်များလည်းရှိတယ်လို့ အများကဝေဖန်ကြပါတယ်။ အဆိုးဆုံးကတော့ E-girl ကစားဖော်တစ်ဦးကို ငှားရမ်းခဟာ ဂိမ်းတစ်ပွဲကို ၁ ဒေါ်လာ ကနေ ၁၂ ဒေါ်လာလောက်အထိ ကျသင့်လောက်အောင် ဈေးကြီးနေတဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ဂိမ်းအသိုင်းအဝိုင်းထဲက ပရိသတ်အမြောက်အများဟာ ဒီအကြောင်းနဲ့ ပတ်သက်လို့ Twitter ပေါ်မှာ ပို့စ်များတင်ပြီး ဟာသနှောပြောဆိုခဲ့ကြပါတယ်။ ယင်းတို့ထဲမှာတော့ E-girl ကစားဖော်တစ်ဦးကို ငှားရမ်းပြီး အတူတကွကစားနေစဉ်အတွင်း အပြစ်တင်ပြောဆိုခြင်း ခံခဲ့ရပုံများ၊ ဂိမ်းကစားတာ မကျွမ်းတဲ့ E-girl ကစားဖော်ကို ငှားရမ်းမိခဲ့ပုံများ၊ အယောင်ဆောင် E-girl profile များအကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

ဂိမ်းလောကဟာ ပြောင်းလဲတိုးတက်လာတာနဲ့အညီ ဂိမ်းနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုသစ်များလည်း အချိန်နှင့်အမျှ ပေါ်ပေါက်လာကြပါတယ်။ ယင်းတို့ထဲမှာမှ ယခု E-girl ဝက်ဘ်ဆိုက်ဟာ လက်ရှိအချိန်မှာ ဂိမ်းလောကပရိသတ်များကြား ဟာသအမြင်နဲ့ ဝေဖန်မှုများမြင့်တက်နေတဲ့အရာတစ်ခုဖြစ်တာကြောင့် ဗဟုသုတအဖြစ်ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: egirl.gg, hitc


[ZawGyi]

Girl Gamer ေလးေတြနဲ႔ တြဲေဆာ့ႏိုင္မယ့္ ဝန္ေဆာင္မႈအသစ္

 

E-girl ဆိုတဲ့ စကားလုံးကေတာ့ အြန္လိုင္းကို လြန္စြာအသုံးျပဳၿပီး အင္တာနက္ေပၚမွာ လႈပ္ရွားမႈမ်ားစြာျပဳလုပ္ေလ့ရွိတဲ့ အမ်ိဳးသမီးငယ္မ်ားကို ေခၚေဝၚတဲ့ ေခတ္ေပၚအသုံးအႏႈန္းတစ္ခုပါ။ E-girl အျဖစ္ အမ်ားကသတ္မွတ္ျခင္းကိုခံရသူမ်ားဟာ cosplay ေမာ္ဒယ္မ်ား၊ Tik-Tok ဆယ္လီမ်ား၊ အမ်ိဳးသမီးဂိမ္မာမ်ားျဖစ္ေလ့ရွိၾကၿပီး ယခုအခ်ိန္မွာေတာ့ E-girl ဂိမ္မာမ်ားကို ငွားရမ္းၿပီး အတူတကြဂိမ္းကစားႏိုင္မယ္လို႔ ဆိုတဲ့ ဝက္ဘ္ဆိုက္တစ္ခုေပၚေပါက္လာခဲ့ပါၿပီ။

“တစ္ေယာက္တည္း ဘယ္ေတာ့မွ မကစားပါနဲ႔” (Never Battle Alone) ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အတူ ထြက္ေပၚလာခဲ့တဲ့ ယင္းဝက္ဘ္ဆိုက္ရဲ႕လိပ္စာကေတာ့ www.egirl.gg ပါ။ ဝက္ဘ္ဆိုက္အေၾကာင္းေဖာ္ျပခ်က္မွာေတာ့ “E-girl ဝက္ဘ္ဆိုက္ဟာ ကြၽမ္းက်င္တဲ့ဂိမ္းကစားေဖာ္မ်ားကို ရွာေဖြေတြ႕ရွိႏိုင္မယ့္ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အဖြဲ႕အစည္းတစ္ခုပါ။ ကြၽန္ေတာ္တို႔ဆီက အမ်ိဳးသမီးဂိမ္မာေလးမ်ားဟာ ႐ုပ္ရည္ေခ်ာေမာလွပသလို အသံလည္း ခ်ိဳသာၾကၿပီး ဂိမ္းလည္း လြန္စြာကြၽမ္းက်င္ၾကပါတယ္” အစရွိသျဖင့္ ေရးသားထားပါတယ္။

 

E-girl ဝက္ဘ္ဆိုက္မွာ League of Legends, Overwatch, Minecraft, Fortnite, CS:GO, Dota 2, Heroes of The Storm, World of Warcraft, PUBG နဲ႔ Gwent ဂိမ္းမ်ားအတြက္ ဂိမ္းကစားေဖာ္မ်ား ရွာေဖြငွားရမ္းႏိုင္ပါတယ္။ ဝက္ဘ္ဆိုက္ေပၚက profile အမ်ားစုမွာေတာ့ E-girl ဂိမ္မာဆန္ဆန္ အမ်ိဳးသမီးငယ္ဓာတ္ပုံမ်ားတင္ထားၾကေပမယ့္ အမ်ိဳးသားဓာတ္ပုံမ်ားနဲ႔ အျခားဓာတ္ပုံမ်ား တင္ထားသူမ်ားကိုလည္း ရွိပါတယ္။

E-girl ဝက္ဘ္ဆိုက္ကို လာေရာက္လည္ပတ္သူမ်ားဟာ မိမိတို႔ကိုယ္တိုင္လည္း E-girl ကစားေဖာ္တစ္ဦးျဖစ္လာၿပီး အျခားသူမ်ားက လာေရာက္ငွားရမ္းေအာင္ စာရင္းသြင္းႏိုင္ပါတယ္။ ဒီလိုစာရင္းသြင္းႏိုင္ဖို႔အတြက္ ယင္းဝက္ဘ္ဆိုက္ရဲ႕ စည္းကမ္းမ်ားမွာေတာ့ ေခ်ာေမာလွပၿပီး ခ်ိဳသာတဲ့အသံရွိရမွာျဖစ္သလို ဂိမ္းကြၽမ္းက်င္သူလည္းျဖစ္ဖို႔လိုေၾကာင္း ေရးသားထားပါတယ္။

ဒါေပမယ့္ ယင္းဝက္ဘ္ဆိုက္ေပၚမွာ တကယ္ေတြ႕ရွိႏိုင္တဲ့ profile မ်ားမွာေတာ့ အေယာင္ေဆာင္ဓာတ္ပုံတင္ထားသူ မ်ားျပားလွသလို အမ်ိဳးသမီးအျဖစ္ဟန္ေဆာင္ထားတဲ့ အမ်ိဳးသားအသံနဲ႔ E-girl ကစားေဖာ္မ်ားလည္းရွိတယ္လို႔ အမ်ားကေဝဖန္ၾကပါတယ္။ အဆိုးဆုံးကေတာ့ E-girl ကစားေဖာ္တစ္ဦးကို ငွားရမ္းခဟာ ဂိမ္းတစ္ပြဲကို ၁ ေဒၚလာ ကေန ၁၂ ေဒၚလာေလာက္အထိ က်သင့္ေလာက္ေအာင္ ေဈးႀကီးေနတဲ့ကိစၥပဲ ျဖစ္ပါတယ္။

ဂိမ္းအသိုင္းအဝိုင္းထဲက ပရိသတ္အေျမာက္အမ်ားဟာ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Twitter ေပၚမွာ ပို႔စ္မ်ားတင္ၿပီး ဟာသေႏွာေျပာဆိုခဲ့ၾကပါတယ္။ ယင္းတို႔ထဲမွာေတာ့ E-girl ကစားေဖာ္တစ္ဦးကို ငွားရမ္းၿပီး အတူတကြကစားေနစဥ္အတြင္း အျပစ္တင္ေျပာဆိုျခင္း ခံခဲ့ရပုံမ်ား၊ ဂိမ္းကစားတာ မကြၽမ္းတဲ့ E-girl ကစားေဖာ္ကို ငွားရမ္းမိခဲ့ပုံမ်ား၊ အေယာင္ေဆာင္ E-girl profile မ်ားအေၾကာင္း အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

ဂိမ္းေလာကဟာ ေျပာင္းလဲတိုးတက္လာတာနဲ႔အညီ ဂိမ္းနဲ႔ပတ္သက္တဲ့ဝန္ေဆာင္မႈသစ္မ်ားလည္း အခ်ိန္ႏွင့္အမွ် ေပၚေပါက္လာၾကပါတယ္။ ယင္းတို႔ထဲမွာမွ ယခု E-girl ဝက္ဘ္ဆိုက္ဟာ လက္ရွိအခ်ိန္မွာ ဂိမ္းေလာကပရိသတ္မ်ားၾကား ဟာသအျမင္နဲ႔ ေဝဖန္မႈမ်ားျမင့္တက္ေနတဲ့အရာတစ္ခုျဖစ္တာေၾကာင့္ ဗဟုသုတအျဖစ္ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: egirl.gg, hitc