[ZawGyi]

“Geek Fam က ဖြင့္လွစ္လိုက္တဲ့ Esports ေလ့က်င့္ေရးစင္တာ”

 

မေလးရွားအေျခစိုက္ esports အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ Geek Fam ဟာ သူတို႔ရဲ႕ Dota 2 အသင္းသားစာရင္းသစ္ကို မၾကာေသးမီက ေၾကညာခဲ့ျပီးေနာက္ ထူးျခားတဲ့ ေၾကညာမႈတစ္ခုကိုလည္း ထပ္မံျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒါကေတာ့ Geek Fam ရဲ႕ ကိုယ္ပိုင္ esports ေလ့က်င့္သင္ၾကားေရး center တစ္ခုကို ဖြင့္လွစ္ေၾကာင္း အသိေပးေၾကညာခဲ့တာပါ။ Academy of Esports နဲ႔ APU’s Esports Malaysia Academy တို႔လို ပရိုဂရမ္မ်ားရွိတဲ့ မေလးရွားဟာ esports သင္ၾကားေရးနဲ႔ မစိမ္းလွတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။

Geek Academy လို႔ နာမည္ေပးထားတဲ့ esports training center ကို Geek Fam ဟာ Academy of Esports နဲ႔ ပူးေပါင္းဖြင့္လွစ္လိုက္တာပါ။ Academy of Esports ဟာ အသစ္ထပ္မံျပဳလုပ္မယ့္ လႈပ္ရွားမႈမ်ားကို Geek Academy ရဲ႕ ေခါင္းစဥ္ေအာက္မွာ ျပဳလုပ္မွာျဖစ္သလို Academy of Esports ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကိုလည္း Geek Academy အျဖစ္ နာမည္ေျပာင္းလဲလိုက္ျပီပဲ ျဖစ္ပါတယ္။

Academy ရဲ႕ လႈပ္ရွားမႈအမ်ားစုကို Geek Arena လို႔ အမည္ေပးထားတဲ့ေနရာမွာ ျပဳလုပ္မွာပါ။ Geek Arena ကေတာ့ မေလးရွားႏိုင္ငံ ကြာလာလန္ပူျမိဳ႕ရဲ႕ Lot 10 Shopping Centre ထဲမွာ တည္ရွိျပီး Geek Fam အဖြဲ႔အစည္းရဲ႕ ကိုယ္ပိုင္ေနရာလည္း ျဖစ္ပါတယ္။ Geek Fam ရဲ႕ ေျပာၾကားခ်က္မ်ားအရေတာ့ ယခုပရိုဂရမ္ဟာ ဂိမ္းကို အျပင္းအထန္ေဆာ့ကစားသူမ်ားနဲ႔ professional အျဖစ္ ကစားလိုသူမ်ားအတြက္သာမက သာမန္ကစားသူမ်ားအတြက္ပါ ရည္ရြယ္တယ္လို႔ ဆိုပါတယ္။

လက္ရွိ Geek Academy ရဲ႕ က်ဴရွင္ပရိုဂရမ္ထဲမွာ Dota 2 နဲ႔ CSGO ေလ့က်င့္သင္ၾကားေရးမ်ား အဓိက ပါဝင္ပါတယ္။ ထုိပရိုဂရမ္မ်ားမွာ သင္တန္းသားမ်ားဟာ ဝါရင့္ esports ကစားသမားၾကီးမ်ားဆီကေန လက္ဆင့္ကမ္း သင္ယူႏိုင္ၾကမွာပါ။ Academy ရဲ႕ သင္ၾကားမႈမ်ားကို cognitive abilites, mental fortitude နဲ႔ social intelligence ဆိုတဲ့ အခ်က္သုံးခ်က္ေပၚမွာ အေျခခံဖြဲ႔စည္းထားပါတယ္။

လက္ရွိမွာေတာ့ ဘယ္သူေတြ သင္ၾကားေလ့က်င့္ေပးမယ္ဆိုတာ တိတိက်က်ေျပာၾကားထားျခင္း မရွိေသးေပမယ့္ Geek Fam အဖြဲ႔အစည္းရဲ႕ လက္လွမ္းမီသမွ် ကြ်မ္းက်င္ကစားသမားမ်ား ပါဝင္မယ္လို႔ အမ်ားက ယူဆထားၾကပါတယ္။ ဒီလို ေလ့က်င့္သင္ၾကားေရး ပရိုဂရမ္မ်ားဟာ မေလးရွားႏိုင္ငံရဲ႕ မ်ိဳးဆက္သစ္ professional ကစားသမားမ်ား ေပၚထြန္းလာဖုိ႔အတြက္ မ်ားစြာ အေထာက္အကူျပဳမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“Geek Fam က ဖွင့်လှစ်လိုက်တဲ့ Esports လေ့ကျင့်ရေးစင်တာ”

 

မလေးရှားအခြေစိုက် esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Geek Fam ဟာ သူတို့ရဲ့ Dota 2 အသင်းသားစာရင်းသစ်ကို မကြာသေးမီက ကြေညာခဲ့ပြီးနောက် ထူးခြားတဲ့ ကြေညာမှုတစ်ခုကိုလည်း ထပ်မံပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါကတော့ Geek Fam ရဲ့ ကိုယ်ပိုင် esports လေ့ကျင့်သင်ကြားရေး center တစ်ခုကို ဖွင့်လှစ်ကြောင်း အသိပေးကြေညာခဲ့တာပါ။ Academy of Esports နဲ့ APU’s Esports Malaysia Academy တို့လို ပရိုဂရမ်များရှိတဲ့ မလေးရှားဟာ esports သင်ကြားရေးနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

 

Geek Academy လို့ နာမည်ပေးထားတဲ့ esports training center ကို Geek Fam ဟာ Academy of Esports နဲ့ ပူးပေါင်းဖွင့်လှစ်လိုက်တာပါ။ Academy of Esports ဟာ အသစ်ထပ်မံပြုလုပ်မယ့် လှုပ်ရှားမှုများကို Geek Academy ရဲ့ ခေါင်းစဉ်အောက်မှာ ပြုလုပ်မှာဖြစ်သလို Academy of Esports ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကိုလည်း Geek Academy အဖြစ် နာမည်ပြောင်းလဲလိုက်ပြီပဲ ဖြစ်ပါတယ်။

Academy ရဲ့ လှုပ်ရှားမှုအများစုကို Geek Arena လို့ အမည်ပေးထားတဲ့နေရာမှာ ပြုလုပ်မှာပါ။ Geek Arena ကတော့ မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ရဲ့ Lot 10 Shopping Centre ထဲမှာ တည်ရှိပြီး Geek Fam အဖွဲ့အစည်းရဲ့ ကိုယ်ပိုင်နေရာလည်း ဖြစ်ပါတယ်။ Geek Fam ရဲ့ ပြောကြားချက်များအရတော့ ယခုပရိုဂရမ်ဟာ ဂိမ်းကို အပြင်းအထန်ဆော့ကစားသူများနဲ့ professional အဖြစ် ကစားလိုသူများအတွက်သာမက သာမန်ကစားသူများအတွက်ပါ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

လက်ရှိ Geek Academy ရဲ့ ကျူရှင်ပရိုဂရမ်ထဲမှာ Dota 2 နဲ့ CSGO လေ့ကျင့်သင်ကြားရေးများ အဓိက ပါဝင်ပါတယ်။ ထိုပရိုဂရမ်များမှာ သင်တန်းသားများဟာ ဝါရင့် esports ကစားသမားကြီးများဆီကနေ လက်ဆင့်ကမ်း သင်ယူနိုင်ကြမှာပါ။ Academy ရဲ့ သင်ကြားမှုများကို cognitive abilites, mental fortitude နဲ့ social intelligence ဆိုတဲ့ အချက်သုံးချက်ပေါ်မှာ အခြေခံဖွဲ့စည်းထားပါတယ်။

လက်ရှိမှာတော့ ဘယ်သူတွေ သင်ကြားလေ့ကျင့်ပေးမယ်ဆိုတာ တိတိကျကျပြောကြားထားခြင်း မရှိသေးပေမယ့် Geek Fam အဖွဲ့အစည်းရဲ့ လက်လှမ်းမီသမျှ ကျွမ်းကျင်ကစားသမားများ ပါဝင်မယ်လို့ အများက ယူဆထားကြပါတယ်။ ဒီလို လေ့ကျင့်သင်ကြားရေး ပရိုဂရမ်များဟာ မလေးရှားနိုင်ငံရဲ့ မျိုးဆက်သစ် professional ကစားသမားများ ပေါ်ထွန်းလာဖို့အတွက် များစွာ အထောက်အကူပြုမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။