OG.N0tail ဆီက တုိက္ရုိက္သင္ယူႏုိင္မယ့္ GamerzClass

Esports ေလာကမွာ professional gamer အျဖစ္ ရပ္တည္ခ်င္တဲ့ လူငယ္ဝါသနာရွင္မ်ားအတြက္ သင္ၾကားပို႔ခ်ခ်က္မ်ားကို ဝယ္ယူေလ့လာႏိုင္မယ့္ GamerzClass ဆိုတဲ့ online coaching ကေတာ့ ရွိေနပါျပီ။ ယေန႔ေခတ္မွာ esports ကစားသမားမ်ားဟာ သန္းၾကြယ္သူေဌးမ်ားေတာင္ ျဖစ္လာႏိုင္တာမို႔ ဂိမ္းကစားျခင္းဟာ သာမန္အေပ်ာ္အလုပ္တစ္ခုထက္ပိုေၾကာင္း လူအမ်ားက လက္ခံလာၾကျပီျဖစ္ျပီး esports ေလာကမွာ professional တစ္ေယာက္ျဖစ္လာေအာင္ ၾကိဳးစားလုိသူမ်ားလည္း မ်ားျပားလို႔လာပါတယ္။

“Esports ဆိုင္ရာ သင္ၾကားပို႔ခ်ျခင္းမ်ားကို လူအမ်ားက ပိုမိုေတာင္းဆိုလာၾကေပမယ့္ သင္တန္းေက်ာင္းမ်ားနဲ႔ အဖြဲ႕အစည္းမ်ားအတြက္ေတာ့ အရည္အေသြးေကာင္းတဲ့ သင္ၾကားပို႔ခ်ခ်က္မ်ားကို ရွာေဖြဖုိ႔ ခက္ခဲေနဆဲပါ။ GamerzClass ဟာ ဒီေန႔ေခတ္မွာ လိုအပ္ေနတဲ့ esports စံခ်ိန္မီသင္ၾကားပို႔ခ်ခ်က္မ်ားကို ျဖန္႔ေဝသြားဖုိ႔ ရည္ရြယ္ပါတယ္။”လုိ႔ GamerzClass ရဲ႕ founder ျဖစ္သူ Victor Folmann က ေျပာၾကားခဲ့ပါတယ္။

Victor Folmann ဟာ Counter-Strike ကစားခဲ့သူတစ္ဦးျဖစ္ျပီး ဂိမ္းမွာ ပိုေကာင္းမြန္လာေစဖုိ့ Youtube ေပၚက ဗီဒီယိုမ်ားကို ေလ့လာခဲ့ပါတယ္။ “Youtube ေပၚမွာ Counter-Strike ကို ေလ့လာဖုိ႔ ဗီဒီယိုေကာင္းမ်ား ရွိေနေပမယ့္ သင္ယူမွတ္သားဖုိ႔အတြက္ေတာ့ အစီအစဥ္တက် မရွိျဖစ္ေနျပီး စနစ္တက်ျပဳလုပ္ထားတဲ့ ဗီဒီယိုလည္း သိပ္မရွိဘူး။” လို႔ Victor က ေျပာပါတယ္။ ဒါေၾကာင့္ အစဥ္လိုက္အတိုင္း ေလ့လာႏိုင္မယ့္ စနစ္တက် ဖြဲ႔စည္းထားတဲ့ သင္ၾကားပို႔ခ်ခ်က္ဗီဒီယိုမ်ားကို GamerzClass က ျပဳလုပ္ရျခင္းျဖစ္ေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။

လက္ရွိ GamerzClass မွာ ေလ့လာသင္ယူႏိုင္မယ့္ ဂိမ္း course မ်ားကေတာ့ CS: GO, Dota 2, Fifa19, Fifa20, Fortnite နဲ႔ League of Legends တုိ႔ပဲ ျဖစ္ၾကပါတယ္။ Course မ်ားမွာ သင္ၾကားပို႔ခ်ခ်က္ဗီဒီယိုမ်ားကို ျပဳလုပ္ထားတဲ့ ဂိမ္းအသီးသီးရဲ႕ နာမည္ေက်ာ္ကစားသမားမ်ားကေတာ့

CS: GO – NBK, Imapet, Glace, Maniac, Snappi, Pimp

Dota 2 – N0tail

Fifa19 – AGGE

Fifa20 – Boraslegend

Fortnite – Ettnix, Jarl

League of Legends – Nicothepico, Froggen, Forg1ven, Odoamne

တို႔ပဲျဖစ္ၾကပါတယ္။

Course တစ္ခုခ်င္းစီရဲ႕ ၾကာျမင့္ခ်ိန္ဟာ စုစုေပါင္း ၂ နာရီကေန ၃ နာရီ အထိ ရွိျပီး PDF workbook မ်ားလည္း ပါဝင္ပါတယ္။ Course မ်ားမွာ ပါဝင္တဲ့ episode မ်ားကေတာ့ ၅ မိနစ္ကေန ၂၅ မိနစ္အထိၾကာျမင့္ျပီး download ျပဳလုပ္လုိ႔ မရပဲ online ေပၚကသာ ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။ Course မ်ားကို မဝယ္ယူခင္ အစမ္းၾကည့္ရႈႏိုင္မယ့္ Free lessons ဗီဒီယို episode မ်ားလည္း ပါဝင္ပါတယ္။

မၾကာေသးမီကမွ ထြက္ေပၚလာခဲ့တဲ့ OG.N0tail ရဲ႕ Dota 2 course ဟာ ၃ နာရီခန့္ ၾကာျမင့္ျပီး $49.99 ကို discount ခ်ေပးထားလို႔ လက္ရွိမွာ $34.99 နဲ႔ ဝယ္ယူႏိုင္ေနပါျပီ။ TI9 မွာ အႏိုင္ရရွိခဲ့လို႔ ဝမ္းေျမာက္ျခင္း အထိမ္းအမွတ္အေနနဲ႔ ၾသဂုတ္လ ၂၅ ရက္ေန႔ကေန စက္တင္ဘာလ ၉ ရက္ေန႔ထိ ဝယ္ယူသူမ်ားဟာ လက္မွတ္ထိုးထားတဲ့ OG jersey အကၤ်ီမ်ားကိုလည္း ကံစမ္းႏိုင္မွာပါ။ TI8 နဲ႔ TI9 ခ်န္ပီယံ ၂ ႏွစ္ဆက္တိုက္ျဖစ္ခဲ့တဲ့ N0tail ျပဳလုပ္ထားတဲ့ ဒီ course ထဲမွာ စုစုေပါင္း episode ၁၉ ခု ပါဝင္ျပီး အေျခခံကေန သူ႔ရဲ႕ ဂိမ္းအေတြ႔အၾကံဳမ်ားအထိ အေၾကာင္းအရာမ်ားစြာကို ေျပာျပထားပါတယ္။

နမူနာအေနနဲ႔ ၾကည့္ရႈခြင့္ေပးထားတဲ့ N0tail ရဲ႕ free lesson ကေတာ့ episode 14 ျဖစ္ျပီး Dota 2: Gameplay analysis လုိ႔ အမည္ေပးထားပါတယ္။ ဒီ lesson ထဲမွာ N0tail ဟာ TI8 grand final ျဖစ္တဲ့ OG Vs PSG.LGD ပြဲတစ္ပြဲမွာ သူကစားခဲ့တာကို ျပန္လည္သုံးသပ္ေျပာၾကားေနတာကိုေတြ႕ႏိုင္ျပီး chapter မ်ားအေနနဲ႕ Helping as a support, Team Setup နဲ႔ Team fight တို႔ ပါဝင္ပါတယ္။ အေၾကာင္းအရာကို အာရုံစိုက္ေလ့လာေစႏိုင္မယ့္ PDF workbook စာမ်က္ႏွာကိုလည္း download ျပဳလုပ္ခြင့္ေပးထားပါတယ္။

ဂိမ္းမ်ိဳးစုံရဲ႕ professional ကစားသမားမ်ားကို GamerzClass ေပၚမွာ coach အျဖစ္လာေရာက္ေလွ်ာက္ထားခြင့္ ေပးထားပါတယ္။ GamerzClass က ေရြးခ်ယ္ခံရတဲ့ ကစားသမားမ်ားဟာ အျမင့္ဆုံးေဒၚလာငါးေသာင္းအထိ ရရွိႏိုင္မွာျဖစ္ျပီး သင္ၾကားပို႔ခ်ခ်က္မ်ားပါဝင္တဲ့ ဗီဒီယိုရိုက္ကူးေရးဟာ ၂ ရက္ခန္႔သာ ၾကာျမင့္မယ္လို႔လဲ ဆိုပါတယ္။

 

ဂိမ္းသစ္မ်ားနဲ႔ ကစားသမားသစ္မ်ားရဲ႕ သင္ၾကားပို႔ခ်က္အသစ္မ်ားကိုလည္း ထပ္မံထည့္သြင္းသြားဖုိ႔ အစီအစဥ္ရွိေၾကာင္း GamerzClass က ေၾကညာထားပါေသးတယ္။ N0tail ရဲ႕ သင္ၾကားပို႔ခ်ခ်က္မ်ား အပါအဝင္ professional ကစားသမားအျဖစ္ စတင္လိုသူမ်ား ဝယ္ယူေလ့လာႏို္င္မယ့္ esports သင္ခန္းစာမ်ား GamerzClass ေပၚမွာ ရွိေနေၾကာင္း သတင္းေကာင္းပါးလိုက္ရပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။

images source: gamerzclass.com

By Combo (Htet Wai Yan) #GamingNoodle


OG.N0tail ဆီက တိုက်ရိုက်သင်ယူနိုင်မယ့် GamerzClass

Esports လောကမှာ professional gamer အဖြစ် ရပ်တည်ချင်တဲ့ လူငယ်ဝါသနာရှင်များအတွက် သင်ကြားပို့ချချက်များကို ဝယ်ယူလေ့လာနိုင်မယ့် GamerzClass ဆိုတဲ့ online coaching ကတော့ ရှိနေပါပြီ။ ယနေ့ခေတ်မှာ esports ကစားသမားများဟာ သန်းကြွယ်သူဌေးများတောင် ဖြစ်လာနိုင်တာမို့ ဂိမ်းကစားခြင်းဟာ သာမန်အပျော်အလုပ်တစ်ခုထက်ပိုကြောင်း လူအများက လက်ခံလာကြပြီဖြစ်ပြီး esports လောကမှာ professional တစ်ယောက်ဖြစ်လာအောင် ကြိုးစားလိုသူများလည်း များပြားလို့လာပါတယ်။

“Esports ဆိုင်ရာ သင်ကြားပို့ချခြင်းများကို လူအများက ပိုမိုတောင်းဆိုလာကြပေမယ့် သင်တန်းကျောင်းများနဲ့ အဖွဲ့အစည်းများအတွက်တော့ အရည်အသွေးကောင်းတဲ့ သင်ကြားပို့ချချက်များကို ရှာဖွေဖို့ ခက်ခဲနေဆဲပါ။ GamerzClass ဟာ ဒီနေ့ခေတ်မှာ လိုအပ်နေတဲ့ esports စံချိန်မီသင်ကြားပို့ချချက်များကို ဖြန့်ဝေသွားဖို့ ရည်ရွယ်ပါတယ်။”လို့ GamerzClass ရဲ့ founder ဖြစ်သူ Victor Folmann က ပြောကြားခဲ့ပါတယ်။

Victor Folmann ဟာ Counter-Strike ကစားခဲ့သူတစ်ဦးဖြစ်ပြီး ဂိမ်းမှာ ပိုကောင်းမွန်လာစေဖို့ Youtube ပေါ်က ဗီဒီယိုများကို လေ့လာခဲ့ပါတယ်။ “Youtube ပေါ်မှာ Counter-Strike ကို လေ့လာဖို့ ဗီဒီယိုကောင်းများ ရှိနေပေမယ့် သင်ယူမှတ်သားဖို့အတွက်တော့ အစီအစဉ်တကျ မရှိဖြစ်နေပြီး စနစ်တကျပြုလုပ်ထားတဲ့ ဗီဒီယိုလည်း သိပ်မရှိဘူး။” လို့ Victor က ပြောပါတယ်။ ဒါကြောင့် အစဉ်လိုက်အတိုင်း လေ့လာနိုင်မယ့် စနစ်တကျ ဖွဲ့စည်းထားတဲ့ သင်ကြားပို့ချချက်ဗီဒီယိုများကို GamerzClass က ပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။

လက်ရှိ GamerzClass မှာ လေ့လာသင်ယူနိုင်မယ့် ဂိမ်း course များကတော့ CS: GO, Dota 2, Fifa19, Fifa20, Fortnite နဲ့ League of Legends တို့ပဲ ဖြစ်ကြပါတယ်။ Course များမှာ သင်ကြားပို့ချချက်ဗီဒီယိုများကို ပြုလုပ်ထားတဲ့ ဂိမ်းအသီးသီးရဲ့ နာမည်ကျော်ကစားသမားများကတော့

CS: GO – NBK, Imapet, Glace, Maniac, Snappi, Pimp

Dota 2 – N0tail

Fifa19 – AGGE

Fifa20 – Boraslegend

Fortnite – Ettnix, Jarl

League of Legends – Nicothepico, Froggen, Forg1ven, Odoamne

တို့ပဲဖြစ်ကြပါတယ်။

Course တစ်ခုချင်းစီရဲ့ ကြာမြင့်ချိန်ဟာ စုစုပေါင်း ၂ နာရီကနေ ၃ နာရီ အထိ ရှိပြီး PDF workbook များလည်း ပါဝင်ပါတယ်။ Course များမှာ ပါဝင်တဲ့ episode များကတော့ ၅ မိနစ်ကနေ ၂၅ မိနစ်အထိကြာမြင့်ပြီး download ပြုလုပ်လို့ မရပဲ online ပေါ်ကသာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Course များကို မဝယ်ယူခင် အစမ်းကြည့်ရှုနိုင်မယ့် Free lessons ဗီဒီယို episode များလည်း ပါဝင်ပါတယ်။

မကြာသေးမီကမှ ထွက်ပေါ်လာခဲ့တဲ့ OG.N0tail ရဲ့ Dota 2 course ဟာ ၃ နာရီခန့် ကြာမြင့်ပြီး $49.99 ကို discount ချပေးထားလို့ လက်ရှိမှာ $34.99 နဲ့ ဝယ်ယူနိုင်နေပါပြီ။ TI9 မှာ အနိုင်ရရှိခဲ့လို့ ဝမ်းမြောက်ခြင်း အထိမ်းအမှတ်အနေနဲ့ သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၉ ရက်နေ့ထိ ဝယ်ယူသူများဟာ လက်မှတ်ထိုးထားတဲ့ OG jersey အင်္ကျီများကိုလည်း ကံစမ်းနိုင်မှာပါ။ TI8 နဲ့ TI9 ချန်ပီယံ ၂ နှစ်ဆက်တိုက်ဖြစ်ခဲ့တဲ့ N0tail ပြုလုပ်ထားတဲ့ ဒီ course ထဲမှာ စုစုပေါင်း episode ၁၉ ခု ပါဝင်ပြီး အခြေခံကနေ သူ့ရဲ့ ဂိမ်းအတွေ့အကြုံများအထိ အကြောင်းအရာများစွာကို ပြောပြထားပါတယ်။

နမူနာအနေနဲ့ ကြည့်ရှုခွင့်ပေးထားတဲ့ N0tail ရဲ့ free lesson ကတော့ episode 14 ဖြစ်ပြီး Dota 2: Gameplay analysis လို့ အမည်ပေးထားပါတယ်။ ဒီ lesson ထဲမှာ N0tail ဟာ TI8 grand final ဖြစ်တဲ့ OG Vs PSG.LGD ပွဲတစ်ပွဲမှာ သူကစားခဲ့တာကို ပြန်လည်သုံးသပ်ပြောကြားနေတာကိုတွေ့နိုင်ပြီး chapter များအနေနဲ့ Helping as a support, Team Setup နဲ့ Team fight တို့ ပါဝင်ပါတယ်။ အကြောင်းအရာကို အာရုံစိုက်လေ့လာစေနိုင်မယ့် PDF workbook စာမျက်နှာကိုလည်း download ပြုလုပ်ခွင့်ပေးထားပါတယ်။

ဂိမ်းမျိုးစုံရဲ့ professional ကစားသမားများကို GamerzClass ပေါ်မှာ coach အဖြစ်လာရောက်လျှောက်ထားခွင့် ပေးထားပါတယ်။ GamerzClass က ရွေးချယ်ခံရတဲ့ ကစားသမားများဟာ အမြင့်ဆုံးဒေါ်လာငါးသောင်းအထိ ရရှိနိုင်မှာဖြစ်ပြီး သင်ကြားပို့ချချက်များပါဝင်တဲ့ ဗီဒီယိုရိုက်ကူးရေးဟာ ၂ ရက်ခန့်သာ ကြာမြင့်မယ်လို့လဲ ဆိုပါတယ်။

ဂိမ်းသစ်များနဲ့ ကစားသမားသစ်များရဲ့ သင်ကြားပို့ချက်အသစ်များကိုလည်း ထပ်မံထည့်သွင်းသွားဖို့ အစီအစဉ်ရှိကြောင်း GamerzClass က ကြေညာထားပါသေးတယ်။ N0tail ရဲ့ သင်ကြားပို့ချချက်များ အပါအဝင် professional ကစားသမားအဖြစ် စတင်လိုသူများ ဝယ်ယူလေ့လာနိုင်မယ့် esports သင်ခန်းစာများ GamerzClass ပေါ်မှာ ရှိနေကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။

images source: gamerzclass.com

By Combo (Htet Wai Yan)