[Zawgyi]

“ပရဟိတရန္ပုံေငြ ေဒၚလာ ၃.၉ သန္းေက်ာ္ရရွိေအာင္ Z Event မွာ gamer မ်ားပါဝင္ကူညီ”

 


Z Event ဟာ ပရဟိတလုပ္ငန္းမ်ားကို လွဴဒါန္းဖုိ႔အတြက္ ရည္ရြယ္ျပဳလုပ္ေလ့ရွိတဲ့ ျပင္သစ္ gaming stream တစ္ခုျဖစ္ပါတယ္။ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ Z Event 2019 ဟာ Pasteur Institute အတြက္ ရည္ရြယ္တဲ့ ပရဟိတရန္ပုံေငြပြဲျဖစ္ျပီး အေမရိကန္ေဒၚလာ ၃.၉ သန္းေက်ာ္ (ယူရို ၃.၅သန္းေက်ာ္) ထိ စံခ်ိန္တင္လွဴဒါန္းႏိုင္ခဲ့ပါတယ္။ Pasteur Institute ကေတာ့ ေရာဂါအမ်ိဳးမ်ိဳးအတြက္ ကာကြယ္ေဆးမ်ားထုတ္လုပ္ဖုိ့အတြက္ သုေတသနျပဳလုပ္ေနတဲ့ အဖြဲ႔အစည္းတစ္ခုပါ။

စက္တင္ဘာ ၂၀ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိ ျပဳလုပ္ခဲ့တဲ့ ဒီပြဲမွာ မူလကေတာ့ ယူရို ၃ သန္းေလာက္အထိပဲ လွဴႏိုင္မယ္လို႔ ခန္႔မွန္းခဲ့ၾကတာပါ။ ဒါေပမယ့္ ထင္ထားတာထက္ ပူးေပါင္းပါဝင္သူေတြမ်ားျပားခဲ့လို႔ တတိယေျမာက္ေန႔မွာပဲ မူလက ရည္မွန္းထားတဲ့ အလွဴေငြထက္ ေက်ာ္လြန္ခဲ့ပါတယ္။ ဒီပြဲမွာ streamer ေပါင္း ၅၅ ဦး ပါဝင္ကူညီခဲ့ၾကပါတယ္။


ဂိမ္းေလာကရဲ႕ ၾကယ္ပြင့္ streamer တစ္ဦးျဖစ္တဲ့ Ninja ဟာလည္း ဒီပြဲမွာ ပါဝင္ကူညီခဲ့ပါတယ္။ Ninja ရဲ႕ ပါဝင္ကူညီလွဴဒါန္းေငြကေတာ့ ေဒၚလာ ၂၉၀၀၀ (ယူရို ၂၆၀၀၀) ျဖစ္ပါတယ္။ ဒီလို ပရဟိတပြဲျပဳလုပ္ခဲ့တဲ့အတြက္ ျပင္သစ္သမၼတ Emmanuel Macron ကိုယ္တိုင္က gamer မ်ားကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Emmanuel Macron ရဲ႕ ေျပာၾကားခ်က္ထဲမွာေတာ့ “ျပင္သစ္ gamer ၅၅ ေယာက္ ပါဝင္ကူညီခဲ့ၾကတဲ့ ဒီပြဲမွာ Pasteur Institute အတြက္ ယူရို ၃ သန္းေက်ာ္ လွဴဒါန္းႏိုင္ခဲ့ပါတယ္။ ဒါဟာ ကြ်န္ေတာ္တို႔ ယုံၾကည္ထားတဲ့ ကိစၥရပ္မွန္သမွ်ကို အေကာင္အထည္ေဖာ္ႏိုင္ေၾကာင္း သက္ေသျပလိုက္တာပါပဲ။ ဒီကိစၥအတြက္ အထူး ဂုဏ္ယူဝမ္းေျမာက္မိပါတယ္။” အစရွိသျဖင့္ ပါဝင္ပါတယ္။

Z Event 2019 မတိုင္မီ အမ်ားဆုံးလွဴဒါန္းခဲ့တဲ့ ပရဟိတရန္ပုံေငြပြဲကေတာ့ GuardianCon ျဖစ္ျပီး St Jude သုေတသနေဆးရုံအတြက္ ေဒၚလာ ၃.၇ သန္းေက်ာ္ လွဴဒါန္းႏိုင္ခဲ့ပါတယ္။ ႏိုင္ငံတကာမွာရွိၾကတဲ့ gamer တို႔ရဲ႕ ပရဟိတလႈပ္ရွားမႈမ်ားကေတာ့ ထင္ရွားတဲ့ ဂုဏ္ယူဝမ္းေျမာက္ဖြယ္မ်ားပဲ ျဖစ္ေနပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“ပရဟိတရန်ပုံငွေ ဒေါ်လာ ၃.၉ သန်းကျော်ရရှိအောင် Z Event မှာ gamer များပါဝင်ကူညီ”

 

Z Event ဟာ ပရဟိတလုပ်ငန်းများကို လှူဒါန်းဖို့အတွက် ရည်ရွယ်ပြုလုပ်လေ့ရှိတဲ့ ပြင်သစ် gaming stream တစ်ခုဖြစ်ပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Z Event 2019 ဟာ Pasteur Institute အတွက် ရည်ရွယ်တဲ့ ပရဟိတရန်ပုံငွေပွဲဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃.၉ သန်းကျော် (ယူရို ၃.၅သန်းကျော်) ထိ စံချိန်တင်လှူဒါန်းနိုင်ခဲ့ပါတယ်။ Pasteur Institute ကတော့ ရောဂါအမျိုးမျိုးအတွက် ကာကွယ်ဆေးများထုတ်လုပ်ဖို့အတွက် သုတေသနပြုလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုပါ။

စက်တင်ဘာ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ဒီပွဲမှာ မူလကတော့ ယူရို ၃ သန်းလောက်အထိပဲ လှူနိုင်မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။ ဒါပေမယ့် ထင်ထားတာထက် ပူးပေါင်းပါဝင်သူတွေများပြားခဲ့လို့ တတိယမြောက်နေ့မှာပဲ မူလက ရည်မှန်းထားတဲ့ အလှူငွေထက် ကျော်လွန်ခဲ့ပါတယ်။ ဒီပွဲမှာ streamer ပေါင်း ၅၅ ဦး ပါဝင်ကူညီခဲ့ကြပါတယ်။

ဂိမ်းလောကရဲ့ ကြယ်ပွင့် streamer တစ်ဦးဖြစ်တဲ့ Ninja ဟာလည်း ဒီပွဲမှာ ပါဝင်ကူညီခဲ့ပါတယ်။ Ninja ရဲ့ ပါဝင်ကူညီလှူဒါန်းငွေကတော့ ဒေါ်လာ ၂၉၀၀၀ (ယူရို ၂၆၀၀၀) ဖြစ်ပါတယ်။ ဒီလို ပရဟိတပွဲပြုလုပ်ခဲ့တဲ့အတွက် ပြင်သစ်သမ္မတ Emmanuel Macron ကိုယ်တိုင်က gamer များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

Emmanuel Macron ရဲ့ ပြောကြားချက်ထဲမှာတော့ “ပြင်သစ် gamer ၅၅ ယောက် ပါဝင်ကူညီခဲ့ကြတဲ့ ဒီပွဲမှာ Pasteur Institute အတွက် ယူရို ၃ သန်းကျော် လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ ယုံကြည်ထားတဲ့ ကိစ္စရပ်မှန်သမျှကို အကောင်အထည်ဖော်နိုင်ကြောင်း သက်သေပြလိုက်တာပါပဲ။ ဒီကိစ္စအတွက် အထူး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။” အစရှိသဖြင့် ပါဝင်ပါတယ်။

Z Event 2019 မတိုင်မီ အများဆုံးလှူဒါန်းခဲ့တဲ့ ပရဟိတရန်ပုံငွေပွဲကတော့ GuardianCon ဖြစ်ပြီး St Jude သုတေသနဆေးရုံအတွက် ဒေါ်လာ ၃.၇ သန်းကျော် လှူဒါန်းနိုင်ခဲ့ပါတယ်။ နိုင်ငံတကာမှာရှိကြတဲ့ gamer တို့ရဲ့ ပရဟိတလှုပ်ရှားမှုများကတော့ ထင်ရှားတဲ့ ဂုဏ်ယူဝမ်းမြောက်ဖွယ်များပဲ ဖြစ်နေပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။