[Unicode]

Streamer တွေအတွက် Facebook Gaming ဟာ Twitch နဲ့ Youtube ထက် ဘာလို့ ပိုက်ဆံပိုရှာနိုင်တာလဲ?

 

 

ဗီဒီယိုဂိမ်းဈေးကွက်တန်ဖိုးဟာ ကန်ဒေါ်လာ ၁၂၀ ဘီလီယံအထိရှိခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်က စစ်တမ်းများမှာ ဖော်ပြထားခဲ့ကြပါတယ်။ ဒီဈေးကွက်တန်ဖိုးကို ရရှိတာဟာ ဗီဒီယိုဂိမ်းမဟုတ်ပဲ နိုင်ငံတစ်နိုင်ငံသာ ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာ့ထိပ်ဆုံး GDP ရရှိတဲ့နိုင်ငံ ၁၀၀ စာရင်းမှာ ပါဝင်နေမှာဖြစ်ပါတယ်။

ဒီဈေးကွက်တန်ဖိုးဟာ အရင်လို ဂိမ်းကစားသူတွေက ဂိမ်းကို ဝယ်ယူကစားရုံသက်သက်ကြောင့် ဖြစ်ပေါ်လာတာ မဟုတ်တော့ပါဘူး။ Streaming platform များပေါ်က အလွန်များပြားလာတဲ့ ဂိမ်းကြည့်ရှုသူများဟာ streamer များကို လှူတန်းနေကြတဲ့ ငွေကြေးတန်ဖိုးများလည်း ပါဝင်ပါတယ်။

ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဂိမ်း streaming platform တွေကတော့ Amazon ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Twitch, Google ရဲ့ YouTube နဲ့ Microsoft ရဲ့ Mixer တို့ပါ။

Facebook Gaming နဲ့ ပထမဆုံး ပူပေါင်းခဲ့သည့် Streamer များ

၂၀၁၈ ခုနှစ် ဇန်နဝါရီက စတင်လို့ Facebook ဟာလည်း Facebook Gaming လို့ အမည်ပေးထားတဲ့ ဂိမ်း streaming platform တစ်ခုကို စတင်ခဲ့ပါတယ်။ Facebook ဟာ ကမ္ဘာ့အကြီးဆုံး social media network အဖြစ်ရပ်တည်နေတာမို့ Facebook Gaming ကို အသုံးပြုသူများဟာလည်း တစ်ဟုန်ထိုးများပြားလာခဲ့ပါတယ်။

၂၀၁၉ ဧပြီလ၊ မေလ နဲ့ ဇွန်လတို့မှာ ကောက်ယူခဲ့တဲ့ စာရင်းဇယားများအရ Facebook Gaming ပေါ်မှာ ပုံမှန်အသုံးပြုနေတဲ့ streamer ပေါင်း ၁၅၃,၀၀၀ ကျော် ရှိပါတယ်။ ဒီအရေအတွက်ဟာ စက်တင်ဘာလအတွင်း စစ်တမ်းအရ streamer ၃ သန်းကျော်အထိ ရှိနေတဲ့ Twitch ကိုတော့ မမီသေးပါဘူး။ Twitch ဟာ YouTube Gaming နဲ့ Mixer တို့ထက်လည်း ကြည့်ရှုတဲ့ နာရီအရေအတွက်ရော stream လွှင့်တဲ့ နာရီအရေအတွက်ပါ သာလွန်လျက်ရှိပါတယ်။

ဒါပေမယ့် Facebook Gaming ဟာ အခြား platform များထက် streamer ကို ပိုက်ဆံပိုရစေနိုင်တဲ့အချက်များ ရှိပါတယ်။ အဓိကအချက်တစ်ချက်ကတော့ ကြည့်ရှုသူများပြားစွာနဲ့ မြန်ဆန်စွာ ရရှိခြင်းပါ။ Facebook ပေါ်က gaming group များနဲ့ မိမိရဲ့ timeline ပေါ်ကို stream များ share ပြုလုပ်နိုင်ခြင်းဟာ အခြား platform များထက် ကြည့်ရှုသူ ပရိသတ်များပြားလာအောင် စွမ်းဆောင်နိုင်တဲ့ အားသာချက်ဖြစ်ပါတယ်။

“ကျွန်တော့်ကို အားပေးကြည့်ရှုသူ ပရိသတ်များထဲမှာ ဂိမ်းကစားလေ့မရှိသူတွေလည်း အမြောက်အများ ပါဝင်ပါတယ်။” လို့ Facebook Gaming ပေါ်က streamer တစ်ဦးဖြစ်တဲ့ Darkness429 က ပြောပါတယ်။ သူဟာ လက်ရှိမှာ follower ပေါင်း ၅၅၀,၀၀၀ ကျော် ရရှိထားသူတစ်ဦးပါ။ First incoming class of partnered streamers အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

Darkness429

Darkness429 ကို Twitch ပေါ်ကနေ ပြောင်းလာအောင် Facebook က ခေါ်ယူခဲ့တာပါ။ သူဟာ Facebook Gaming ပေါ်က သူရဲ့ live streaming ကို ၂၀၁၈ ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။ Twitch ပေါ်မှာ stream ခဲ့တဲ့ လေးနှစ်အတွင်း follower ၁၆၀,၀၀၀ ကျော်သာရရှိခဲ့ပေမယ့် Facebook Gaming မှာတော့ ပထမတစ်နှစ်အတွင်းမှာတင် follower ၅၅၀,၀၀၀ ကျော် ရရှိခဲ့တယ်လို့ သူကပြောပါတယ်။

“Twitch ပေါ်မှာ ရှိနေစဉ်ကထက် Facebook ပေါ်မှာ ပိုက်ဆံပိုရပါတယ်။ အသက် ၂၀ ကျော်ကနေ ၃၀ ကျော်အထိရှိကြတဲ့ ပရိသတ်တွေ လာကြည့်ကြပြီး ဒီအသက်အရွယ်တွေမှာ လူအများဟာ ဝင်ငွေကောင်းနေဆဲဖြစ်လို့ပါ။ နောက်ပြီး Facebook ပေါ်က ပရိသတ်တွေဟာ Twitch ထက် ပိုရက်ရောကြတယ်လို့လည်း ကျွန်တော်ထင်တယ်။” လို့ Darkness429 က ပြောပါတယ်။

Facebook Gaming ပေါ်က ပရိသတ်တွေဟာ ပိုရက်ရောတယ်ဆိုတာကို ထောက်ခံတဲ့သူနောက်တစ်ယောက်ကတော့ Its Noob လို့ အမည်ရတဲ့ PUBG Mobile streamer တစ်ဦးပါ။ သူဟာ တစ်နေ့ကို ၈ နာရီကနေ ၁၂ နာရီအထိ stream လွှင့်လေ့ရှိပြီး follower ၂၈၀,၀၀၀ ကျော် ရရှိထားပါတယ်။

သူဟာ multi-streaming service ကို အသုံးပြုပြီး Facebook Gaming နဲ့ Twitch နှစ်ခုလုံးပေါ်မှာ တစ်ပြိုင်တည်း stream လွှင့်လေ့ရှိပါတယ်။ ဒါကြောင့် သူဟာ Facebook Gaming ပေါ်က ပရိသတ်များ ပိုရက်ရောကြောင်း နှိုင်းယှဉ်ပြောနိုင်တာပါ။ အခြား platform များ ပေါ်မှာထက် Facebook Gaming ပေါ်မှာ အကောင့်အစစ်များကို ပိုသုံးကြလို့ ဒီလိုရက်ရောကြတာဖြစ်တယ်လို့ Its Noob က ယူဆပါတယ်။

 

Yo Mama လို့ အမည်ရတဲ့ Facebook ပေ့ချ်ကို ပိုင်ဆိုင်တဲ့ Zack James ဆိုသူကလည်း Facebook ပေါ်မှာ ပိုက်ဆံပိုရကြောင်း ပြောခဲ့ပါသေးတယ်။ Yo Mama ဟာ follower ၄ သန်းကျော် ရရှိထားသလို Zack James ရဲ့ Facebook Gaming stream ဟာလည်း follower ၃.၅ သန်းကျော် ရရှိထားပါတယ်။ Zack James ဟာ Grand Theft Auto V လို ဂိမ်းများကို ကစားလေ့ရှိသူတစ်ဦးပါ။

Zack James ခဲ့တဲ့အကြောင်းကတော့ Facebook ဗီဒီယို ads များကနေ ရတဲ့ဝင်ငွေဟာ Youtube ဗီဒီယို ads များထက် ပိုများကြောင်းပါ။ ၁၀ မိနစ်ကြာချိန်ရှိတဲ့ YouTube ဗီဒီယိုတစ်ခုကို ပြုလုပ်တာထက် ၃ မိနစ်စာ Facebook ဗီဒီယိုတစ်ခုပြုလုပ်တာက ads ဝင်ငွေ ၂ ဆ ၃ ဆလောက် ပိုရတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ Facebook Gaming ဟာ app ကို တစ်ခုကို ဖိလစ်ပိုင်၊ ဘရာဇီး နဲ့ မက်ဆီကိုနိုင်ငံများမှာ စမ်းသပ်ဖြန့်ချိလျက် ရှိပါတယ်။ ယင်း app ထွက်ရှိချိန်ရောက်ရှိလာရင်လည်း Facebook Gaming ကို အသုံးပြုသူ ပိုမိုများပြားလာနိုင်ခြေရှိသလို ယင်းပေါ်မှာ stream ခြင်းကနေ ရရှိနိုင်မယ့် ဝင်ငွေဟာလည်း ယခုထက် ပိုမိုများပြားလာနိုင်ပါတယ်။ Facebook Gaming ပေါ်မှာ stream ခြင်းဟာ အခြား platform များထက် ဝင်ငွေကောင်းလျက်ရှိကြောင်း ဗဟုသုတအဖြစ်တင်ဆက်လိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Business Insider


[Zawgyi]

Streamer ေတြအတြက္ Facebook Gaming ဟာ Twitch နဲ႔ Youtube ထက္ ဘာလို့ ပိုက္ဆံပိုရွာႏိုင္တာလဲ?

 

ဗီဒီယိုဂိမ္းေဈးကြက္တန္ဖိုးဟာ ကန္ေဒၚလာ ၁၂၀ ဘီလီယံအထိရွိခဲ့ေၾကာင္း ၿပီးခဲ့တဲ့ႏွစ္က စစ္တမ္းမ်ားမွာ ေဖာ္ျပထားခဲ့ၾကပါတယ္။ ဒီေစ်းကြက္တန္ဖိုးကို ရရွိတာဟာ ဗီဒီယိုဂိမ္းမဟုတ္ပဲ ႏိုင္ငံတစ္ႏိုင္ငံသာ ျဖစ္ခဲ့မယ္ဆိုရင္ ကမာၻ႔ထိပ္ဆုံး GDP ရရွိတဲ့ႏိုင္ငံ ၁၀၀ စာရင္းမွာ ပါဝင္ေနမွာျဖစ္ပါတယ္။

ဒီေဈးကြက္တန္ဖိုးဟာ အရင္လို ဂိမ္းကစားသူေတြက ဂိမ္းကို ဝယ္ယူကစား႐ုံသက္သက္ေၾကာင့္ ျဖစ္ေပၚလာတာ မဟုတ္ေတာ့ပါဘူး။ Streaming platform မ်ားေပၚက အလြန္မ်ားျပားလာတဲ့ ဂိမ္းၾကည့္ရႈသူမ်ားဟာ streamer မ်ားကို လႉတန္းေနၾကတဲ့ ေငြေၾကးတန္ဖိုးမ်ားလည္း ပါဝင္ပါတယ္။

ထိပ္ဆုံးေနရာမွာ ရပ္တည္ေနတဲ့ ဂိမ္း streaming platform ေတြကေတာ့ Amazon ကုမၸဏီက ပိုင္ဆိုင္တဲ့ Twitch, Google ရဲ႕ YouTube နဲ႔ Microsoft ရဲ႕ Mixer တို႔ပါ။

Facebook Gaming နဲ႔ ပထမဆုံး ပူေပါင္းခဲ့သည့္ Streamer မ်ား

၂၀၁၈ ခုႏွစ္ ဇန္နဝါရီက စတင္လို႔ Facebook ဟာလည္း Facebook Gaming လို့ အမည္ေပးထားတဲ့ ဂိမ္း streaming platform တစ္ခုကို စတင္ခဲ့ပါတယ္။ Facebook ဟာ ကမာၻ႔အႀကီးဆုံး social media network အျဖစ္ရပ္တည္ေနတာမို႔ Facebook Gaming ကို အသုံးျပဳသူမ်ားဟာလည္း တစ္ဟုန္ထိုးမ်ားျပားလာခဲ့ပါတယ္။

၂၀၁၉ ဧၿပီလ၊ ေမလ နဲ႔ ဇြန္လတို႔မွာ ေကာက္ယူခဲ့တဲ့ စာရင္းဇယားမ်ားအရ Facebook Gaming ေပၚမွာ ပုံမွန္အသုံးျပဳေနတဲ့ streamer ေပါင္း ၁၅၃,၀၀၀ ေက်ာ္ ရွိပါတယ္။ ဒီအေရအတြက္ဟာ စက္တင္ဘာလအတြင္း စစ္တမ္းအရ streamer ၃ သန္းေက်ာ္အထိ ရွိေနတဲ့ Twitch ကိုေတာ့ မမီေသးပါဘူး။ Twitch ဟာ YouTube Gaming နဲ႔ Mixer တို႔ထက္လည္း ၾကည့္ရႈတဲ့ နာရီအေရအတြက္ေရာ stream လႊင့္တဲ့ နာရီအေရအတြက္ပါ သာလြန္လ်က္ရွိပါတယ္။

ဒါေပမယ့္ Facebook Gaming ဟာ အျခား platform မ်ားထက္ streamer ကို ပိုက္ဆံပိုရေစႏိုင္တဲ့အခ်က္မ်ား ရွိပါတယ္။ အဓိကအခ်က္တစ္ခ်က္ကေတာ့ ၾကည့္ရႈသူမ်ားျပားစြာနဲ႔ ျမန္ဆန္စြာ ရရွိျခင္းပါ။ Facebook ေပၚက gaming group မ်ားနဲ႔ မိမိရဲ႕ timeline ေပၚကို stream မ်ား share ျပဳလုပ္ႏိုင္ျခင္းဟာ အျခား platform မ်ားထက္ ၾကည့္ရႈသူ ပရိသတ္မ်ားျပားလာေအာင္ စြမ္းေဆာင္ႏိုင္တဲ့ အားသာခ်က္ျဖစ္ပါတယ္။

“ကြၽန္ေတာ့္ကို အားေပးၾကည့္ရႈသူ ပရိသတ္မ်ားထဲမွာ ဂိမ္းကစားေလ့မရွိသူေတြလည္း အေျမာက္အမ်ား ပါဝင္ပါတယ္။” လို႔ Facebook Gaming ေပၚက streamer တစ္ဦးျဖစ္တဲ့ Darkness429 က ေျပာပါတယ္။ သူဟာ လက္ရွိမွာ follower ေပါင္း ၅၅၀,၀၀၀ ေက်ာ္ ရရွိထားသူတစ္ဦးပါ။ First incoming class of partnered streamers အဖြဲ႕ဝင္တစ္ဦးလည္း ျဖစ္ပါတယ္။

Darkness429

Darkness429 ကို Twitch ေပၚကေန ေျပာင္းလာေအာင္ Facebook က ေခၚယူခဲ့တာပါ။ သူဟာ Facebook Gaming ေပၚက သူရဲ႕ live streaming ကို ၂၀၁၈ ေဖေဖာ္ဝါရီလမွာ စတင္ခဲ့ပါတယ္။ Twitch ေပၚမွာ stream ခဲ့တဲ့ ေလးႏွစ္အတြင္း follower ၁၆၀,၀၀၀ ေက်ာ္သာရရွိခဲ့ေပမယ့္ Facebook Gaming မွာေတာ့ ပထမတစ္ႏွစ္အတြင္းမွာတင္ follower ၅၅၀,၀၀၀ ေက်ာ္ ရရွိခဲ့တယ္လို႔ သူကေျပာပါတယ္။

“Twitch ေပၚမွာ ရွိေနစဥ္ကထက္ Facebook ေပၚမွာ ပိုက္ဆံပိုရပါတယ္။ အသက္ ၂၀ ေက်ာ္ကေန ၃၀ ေက်ာ္အထိရွိၾကတဲ့ ပရိသတ္ေတြ လာၾကည့္ၾကျပီး ဒီအသက္အ႐ြယ္ေတြမွာ လူအမ်ားဟာ ဝင္ေငြေကာင္းေနဆဲျဖစ္လို့ပါ။ ေနာက္ၿပီး Facebook ေပၚက ပရိသတ္ေတြဟာ Twitch ထက္ ပိုရက္ေရာၾကတယ္လို႔လည္း ကြၽန္ေတာ္ထင္တယ္။” လို႔ Darkness429 က ေျပာပါတယ္။

Facebook Gaming ေပၚက ပရိသတ္ေတြဟာ ပိုရက္ေရာတယ္ဆိုတာကို ေထာက္ခံတဲ့သူေနာက္တစ္ေယာက္ကေတာ့ Its Noob လို႔ အမည္ရတဲ့ PUBG Mobile streamer တစ္ဦးပါ။ သူဟာ တစ္ေန႔ကို ၈ နာရီကေန ၁၂ နာရီအထိ stream လႊင့္ေလ့ရွိၿပီး follower ၂၈၀,၀၀၀ ေက်ာ္ ရရွိထားပါတယ္။

သူဟာ multi-streaming service ကို အသုံးျပဳၿပီး Facebook Gaming နဲ႔ Twitch ႏွစ္ခုလုံးေပၚမွာ တစ္ၿပိဳင္တည္း stream လႊင့္ေလ့ရွိပါတယ္။ ဒါေၾကာင့္ သူဟာ Facebook Gaming ေပၚက ပရိသတ္မ်ား ပိုရက္ေရာေၾကာင္း ႏႈိင္းယွဥ္ေျပာႏိုင္တာပါ။ အျခား platform မ်ား ေပၚမွာထက္ Facebook Gaming ေပၚမွာ အေကာင့္အစစ္မ်ားကို ပိုသုံးၾကလို႔ ဒီလိုရက္ေရာၾကတာျဖစ္တယ္လို႔ Its Noob က ယူဆပါတယ္။

Yo Mama လို႔ အမည္ရတဲ့ Facebook ေပ့ခ်္ကို ပိုင္ဆိုင္တဲ့ Zack James ဆိုသူကလည္း Facebook ေပၚမွာ ပိုက္ဆံပိုရေၾကာင္း ေျပာခဲ့ပါေသးတယ္။ Yo Mama ဟာ follower ၄ သန္းေက်ာ္ ရရွိထားသလို Zack James ရဲ႕ Facebook Gaming stream ဟာလည္း follower ၃.၅ သန္းေက်ာ္ ရရွိထားပါတယ္။ Zack James ဟာ Grand Theft Auto V လို ဂိမ္းမ်ားကို ကစားေလ့ရွိသူတစ္ဦးပါ။

Zack James ခဲ့တဲ့အေၾကာင္းကေတာ့ Facebook ဗီဒီယို ads မ်ားကေန ရတဲ့ဝင္ေငြဟာ Youtube ဗီဒီယို ads မ်ားထက္ ပိုမ်ားေၾကာင္းပါ။ ၁၀ မိနစ္ၾကာခ်ိန္ရွိတဲ့ YouTube ဗီဒီယိုတစ္ခုကို ျပဳလုပ္တာထက္ ၃ မိနစ္စာ Facebook ဗီဒီယိုတစ္ခုျပဳလုပ္တာက ads ဝင္ေငြ ၂ ဆ ၃ ဆေလာက္ ပိုရတယ္လို႔ သူက ေျပာပါတယ္။

လက္ရွိမွာ Facebook Gaming ဟာ app ကို တစ္ခုကို ဖိလစ္ပိုင္၊ ဘရာဇီး နဲ႔ မက္ဆီကိုႏိုင္ငံမ်ားမွာ စမ္းသပ္ျဖန္႔ခ်ိလ်က္ ရွိပါတယ္။ ယင္း app ထြက္ရွိခ်ိန္ေရာက္ရွိလာရင္လည္း Facebook Gaming ကို အသုံးျပဳသူ ပိုမိုမ်ားျပားလာႏိုင္ေျခရွိသလို ယင္းေပၚမွာ stream ျခင္းကေန ရရွိႏိုင္မယ့္ ဝင္ေငြဟာလည္း ယခုထက္ ပိုမိုမ်ားျပားလာႏိုင္ပါတယ္။ Facebook Gaming ေပၚမွာ stream ျခင္းဟာ အျခား platform မ်ားထက္ ဝင္ေငြေကာင္းလ်က္ရွိေၾကာင္း ဗဟုသုတအျဖစ္တင္ဆက္လိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Business Insider