[Unicode]

COVID-19 တိုက်ဖျက်ရေးအတွက် ဂိမ်မာတွေလည်း ထိုင်ရာမထ ပါဝင်ကူညီနိုင်ပြီ

 

ကွန်ပြူတာပေါ်မှာ ဂိမ်းကစားလေ့ရှိကြတဲ့ gamer များအတွက် အိမ်မှာနေရင်း COVID-19 တိုက်ဖျက်ရေးသုတေသနပရောဂျက်မှာ ပါဝင်ကူညီနိုင်မယ့် အစီအစဉ်တစ်ခုထွက်ပေါ်လာခဲ့ပါပြီ။ အဲဒါကတော့ မိမိတို့ပိုင်ဆိုင်ထားတဲ့ gaming PC များမှာ ပိုလျှံနေလေ့ရှိတဲ့ GPU နဲ့ CPU ပါဝါများကို အွန်လိုင်းပေါ်မှတစ်ဆင့် သုတေသနတွက်ချက်ရေးလုပ်ငန်းများအတွက် ခေတ္တငှားရမ်းလှူဒါန်းပေးဖို့ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းကို Nvidia GeForce က ယင်းတို့ရဲ့ Twitter စာမျက်နှာပေါ်မှာ တင်ပြီး gamer များကို နှိုးဆော်ထားခဲ့ပါတယ်။ ယင်း Twitter ပို့စ်မှာတော့ Nvidia ဟာ [email protected] ပေါ်က PC Master Race (PCMR) folding team ကို ဝင်ရောက်ပြီး GPU ပါဝါ ငှားရမ်းလှူဒါန်းပေးဖို့အတွက် အဓိကထား ကြေညာခဲ့ပါတယ်။

ဒီလိုပြုလုပ်နိုင်ဖို့အတွက် အရင်ဆုံး [email protected] client ကို မိမိတို့ရဲ့ gaming PC များထဲကို ဒေါင်းလုပ်ပြုလုပ်ဖို့ လိုအပ်မှာပါ။ ယင်းနောက်မှာတော့ client ပေါ်မှာ identity သစ် ဖန်တီးပြုလုပ်ပြီး PCMR ရဲ့ folding team နံပါတ် 225605 ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ Identiy ပြည့်စုံသွားပြီဆိုရင်တော့ COVID-19 တိုက်ဖျက်ရေးသုတေသနပရောဂျက်အတွက် ပါဝါများ စတင်ငှားရမ်းလှူဒါန်းပေးနိုင်ပါပြီ။

ငှားရမ်းခြင်းကို ရပ်တန့်လိုက်ရင်တော့ မိမိ gaming PC ရဲ့ GPU နဲ့ CPU ပါဝါများ ပြန်ရမှာဖြစ်ပြီး ဂိမ်းများကိုလည်း မူလအတိုင်း ပြန်လည်ဆော့ကစားနိုင်ကြမှာပါ။ လက်ရှိမှာ PCMR ရဲ့ folding team အပါအဝင် Wccftech (237039), EVGA (111065), LinusTechTips (225605) စတဲ့ folding team ပေါင်းများစွာဟာ [email protected] ပေါ်မှာ COVID-19 တိုက်ဖျက်ရေးအတွက် ပါဝင်ကူညီလျက်ရှိကြပါတယ်။

www.pcmasterrace.org/folding

[email protected] ဆိုတာကတော့ PC ပေါင်းမြောက်များစွာတို့ရဲ့ GPU/CPU ပါဝါအကူအညီများနဲ့ ဖွဲ့စည်းပြုလုပ်ထားတဲ့ ကွန်ပြူတာစနစ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ [email protected] ဟာ လက်ရှိမှာ ကမ္ဘာ့အမြန်ဆုံးကွန်ပြူတာစနစ်တစ်ခုအဖြစ်သတ်မှတ်ခြင်းကို ခံထားရပြီး [email protected] ကို အသုံးပြုတွက်ချက်ခြင်းဟာ အကုန်အကျများပြားလှတဲ့ စူပါကွန်ပြူတာများကို အသုံးပြုတွက်ချက်ခြင်းထက် မြန်ဆန်လှပါတယ်။

ယခင်တည်းက [email protected] ကို သိပ္ပံသုတေသနများတွက်ချက်ပြုလုပ်ဖို့ ဖန်တီးထားခဲ့ကြတာဖြစ်ပြီး အဓိကအားဖြင့် ရောဂါတိုက်ဖျက်ရေးသုတေသနများအတွက် အသုံးပြုလေ့ရှိကြပါတယ်။ [email protected] ဟာ COVID-19 ကို ဖြစ်ပေါ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ပရိုတိန်းဆိုင်ရာအချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ကြောင်းကို မကြာသေးမီက ကြေညာခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များကိုတော့ PCMR ရဲ့ folding team ဝက်ဘ်စာမျက်နှာ (www.pcmasterrace.org/folding) နဲ့ [email protected] ရဲ့ တရားဝင် ဝက်ဘ်စာမျက်နှာ (www.foldingathome.org) တို့ပေါ်မှာ ဖတ်ရှုနိုင်ပါတယ်။ အိမ်မှာနေရင်း COVID-19 တိုက်ဖျက်ရေးမှာ အမှန်တကယ်ကူညီနိုင်မယ့်အစီအစဉ်တစ်ခုဖြစ်တာကြောင့် gamer များအတွက် ဖော်ပြပေးလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

 

source: Nvidia GeForce Twitter, PCMR, [email protected], Wccftech, gamesrader


[ZawGyi]

COVID-19 တိုက္ဖ်က္ေရးအတြက္ ဂိမ္မာေတြလည္း ထိုင္ရာမထ ပါဝင္ကူညီႏိုင္ၿပီ

 

ကြန္ျပဴတာေပၚမွာ ဂိမ္းကစားေလ့ရွိၾကတဲ့ gamer မ်ားအတြက္ အိမ္မွာေနရင္း COVID-19 တိုက္ဖ်က္ေရးသုေတသနပေရာဂ်က္မွာ ပါဝင္ကူညီႏိုင္မယ့္ အစီအစဥ္တစ္ခုထြက္ေပၚလာခဲ့ပါၿပီ။ အဲဒါကေတာ့ မိမိတို႔ပိုင္ဆိုင္ထားတဲ့ gaming PC မ်ားမွာ ပိုလွ်ံေနေလ့ရွိတဲ့ GPU နဲ႔ CPU ပါဝါမ်ားကို အြန္လိုင္းေပၚမွတစ္ဆင့္ သုေတသနတြက္ခ်က္ေရးလုပ္ငန္းမ်ားအတြက္ ေခတၱငွားရမ္းလႉဒါန္းေပးဖို႔ပဲ ျဖစ္ပါတယ္။

ဒီအေၾကာင္းကို Nvidia GeForce က ယင္းတို႔ရဲ႕ Twitter စာမ်က္ႏွာေပၚမွာ တင္ၿပီး gamer မ်ားကို ႏႈိးေဆာ္ထားခဲ့ပါတယ္။ ယင္း Twitter ပို႔စ္မွာေတာ့ Nvidia ဟာ [email protected] ေပၚက PC Master Race (PCMR) folding team ကို ဝင္ေရာက္ၿပီး GPU ပါဝါ ငွားရမ္းလႉဒါန္းေပးဖို႔အတြက္ အဓိကထား ေၾကညာခဲ့ပါတယ္။

ဒီလိုျပဳလုပ္ႏိုင္ဖို႔အတြက္ အရင္ဆုံး [email protected] client ကို မိမိတို႔ရဲ႕ gaming PC မ်ားထဲကို ေဒါင္းလုပ္ျပဳလုပ္ဖို႔ လိုအပ္မွာပါ။ ယင္းေနာက္မွာေတာ့ client ေပၚမွာ identity သစ္ ဖန္တီးျပဳလုပ္ၿပီး PCMR ရဲ႕ folding team နံပါတ္ 225605 ကို ထည့္သြင္းေပးရမွာျဖစ္ပါတယ္။ Identiy ျပည့္စုံသြားၿပီဆိုရင္ေတာ့ COVID-19 တိုက္ဖ်က္ေရးသုေတသနပေရာဂ်က္အတြက္ ပါဝါမ်ား စတင္ငွားရမ္းလႉဒါန္းေပးႏိုင္ပါၿပီ။

ငွားရမ္းျခင္းကို ရပ္တန႔္လိုက္ရင္ေတာ့ မိမိ gaming PC ရဲ႕ GPU နဲ႔ CPU ပါဝါမ်ား ျပန္ရမွာျဖစ္ၿပီး ဂိမ္းမ်ားကိုလည္း မူလအတိုင္း ျပန္လည္ေဆာ့ကစားႏိုင္ၾကမွာပါ။ လက္ရွိမွာ PCMR ရဲ႕ folding team အပါအဝင္ Wccftech (237039), EVGA (111065), LinusTechTips (225605) စတဲ့ folding team ေပါင္းမ်ားစြာဟာ [email protected] ေပၚမွာ COVID-19 တိုက္ဖ်က္ေရးအတြက္ ပါဝင္ကူညီလ်က္ရွိၾကပါတယ္။

www.pcmasterrace.org/folding

[email protected] ဆိုတာကေတာ့ PC ေပါင္းေျမာက္မ်ားစြာတို႔ရဲ႕ GPU/CPU ပါဝါအကူအညီမ်ားနဲ႔ ဖြဲ႕စည္းျပဳလုပ္ထားတဲ့ ကြန္ျပဴတာစနစ္ႀကီးတစ္ခုပဲျဖစ္ပါတယ္။ [email protected] ဟာ လက္ရွိမွာ ကမာၻ႔အျမန္ဆုံးကြန္ျပဴတာစနစ္တစ္ခုအျဖစ္သတ္မွတ္ျခင္းကို ခံထားရၿပီး [email protected] ကို အသုံးျပဳတြက္ခ်က္ျခင္းဟာ အကုန္အက်မ်ားျပားလွတဲ့ စူပါကြန္ျပဴတာမ်ားကို အသုံးျပဳတြက္ခ်က္ျခင္းထက္ ျမန္ဆန္လွပါတယ္။

ယခင္တည္းက [email protected] ကို သိပၸံသုေတသနမ်ားတြက္ခ်က္ျပဳလုပ္ဖို႔ ဖန္တီးထားခဲ့ၾကတာျဖစ္ၿပီး အဓိကအားျဖင့္ ေရာဂါတိုက္ဖ်က္ေရးသုေတသနမ်ားအတြက္ အသုံးျပဳေလ့ရွိၾကပါတယ္။ [email protected] ဟာ COVID-19 ကို ျဖစ္ေပၚေစတဲ့ SARS-CoV-2 ဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့ ပ႐ိုတိန္းဆိုင္ရာအခ်က္အလက္မ်ားကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္းကို မၾကာေသးမီက ေၾကညာခဲ့ပါတယ္။

အေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ PCMR ရဲ႕ folding team ဝက္ဘ္စာမ်က္ႏွာ (www.pcmasterrace.org/folding) နဲ႔ [email protected] ရဲ႕ တရားဝင္ ဝက္ဘ္စာမ်က္ႏွာ (www.foldingathome.org) တို႔ေပၚမွာ ဖတ္ရႈႏိုင္ပါတယ္။ အိမ္မွာေနရင္း COVID-19 တိုက္ဖ်က္ေရးမွာ အမွန္တကယ္ကူညီႏိုင္မယ့္အစီအစဥ္တစ္ခုျဖစ္တာေၾကာင့္ gamer မ်ားအတြက္ ေဖာ္ျပေပးလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: Nvidia GeForce Twitter, PCMR, [email protected], Wccftech, gamesrader