[Zawgyi]

ဂိမ္မာေတြဟာ လုပ္ငန္းခြင္ဘာလို႔ ပိုထူးခၽြန္ၾကတာလဲ?

 

တစ္ကမၻာလုံးမွာရွိတဲ့ ဂိမ္းေလာကရဲ႕ေစ်းကြက္တန္ဖိုးဟာ ရုပ္ရွင္နဲ႔ ဂီတေစ်းကြက္ တန္ဖိုးႏွစ္ခုေပါင္းထက္ ေက်ာ္လြန္ခဲ့ျပီ ျဖစ္ပါတယ္။ ကမာၻတစ္ဝွမ္းလုံးမွာ ဗီဒီယိုဂိမ္းမ်ားကို ႏွစ္ျခိဳက္စြာ ကစားၾကသူမ်ားဟာလည္း တစ္ႏွစ္ထက္တစ္ႏွစ္ တိုးပြားလာေနလို႔ esports ဟာ ေနရာတိုင္းမွာ ေမ့ထားလို႔ မရတဲ့ အရာတစ္ခုျဖစ္လာခဲ့ပါျပီ။ ဒါေပမယ့္ လူအနည္းစုကသာ ကိုယ္ကၽြမ္းက်င္တဲ့ ဂိမ္းအမ်ိဳးအစားေတြကို CV ထဲမွာ ထည့္ေလ့ရွိၾကပါတယ္။ သင္ေရာ ဘာလို႔ မပါဝင္ေသးတာလည္း? ယေန႔ေခတ္မွာ ဂိမ္းထဲမွာ သင္ကၽြမ္းက်င္တဲ့ Skill ေတြကို လုပ္ငန္းခြင္ေတြမွာ ျပန္အသံုးခ်လို႔ ရေနပါၿပီ။

ယေန႔ေခတ္ ဂိမ္းေတြဟာ ေဖ်ာ္ေျဖမႈတစ္ခုထက္ ပိုၿပီး လူေတြရဲ႕ အတက္ပညာေတြကို တိုးတက္ေအာင္ စြမ္းေဆာင္ေနႏိုင္ပါၿပီ။ ဥပမာအားျဖင့္ Dota2 တို႔ Mobile Legends လိုဂိမ္းမ်ိဳးဟာ Teamwork ရဲ႕ အေရးပါမႈကို သိရွိေစႏိုင္ၿပီး PUBG တို႔ CSGO တို႔လိုဂိမ္းမ်ိဳးဟာ အရာရာတိုင္းကို စိတ္ရွည္ရွည္နဲ႔ တိတိက်က် ဆံုးျဖတ္မွ ေအာင္ျမင္ႏိုင္မွာျဖစ္ေၾကာင္း ကၽြန္ေတာ္တို႔ကို ေလ့က်င့္ေပးေနပါတယ္။ ဒါေပမယ့္ ေရွးရိုးစြဲသူအခ်ိဳ႕ကေတာ့ ဂိမ္းကစားျခင္းဟာ အခ်ိန္ျဖဳန္းျခင္းသက္သက္သာျဖစ္တယ္လို႔ စြပ္စြဲေနၾကေပမယ့္ ဒီအခ်က္ဟာ မမွန္ကန္ေၾကာင္း၊ ႏွစ္ေပါင္းမ်ားစြာ ဂိမ္းကစားလာခဲ့တဲ့ အေတြ႔အၾကံဳမ်ား အေလ့အက်င့္မ်ား နဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈမ်ားကို အလုပ္က်ြမ္းက်င္လာေအာင္ အမွန္တကယ္အသုံးခ်ႏိုင္ေၾကာင္းတို့ကို လူအမ်ားက လက္ခံလာၾကပါတယ္။

Game Academy ရဲ႕ ေလ့လာခ်က္မ်ားအရေတာ့ လူတစ္ဦးတစ္ေယာက္ခ်င္းစီ ၾကိဳက္ႏွစ္သက္ၾကတဲ့ဂိမ္းမ်ားဟာ သူတို႔ရဲ႕ အလုပ္အကိုင္မ်ားနဲ႕ ဆက္စပ္ေလ့ရွိတယ္လို့ ဆိုပါတယ္။ ဥပမာအားျဖင့္ tower defense ဂိမ္းမ်ားနဲ႔ puzzle ဂိမ္းမ်ားကို IT နယ္ပယ္နဲ႔ နီးစပ္သူမ်ား ပိုမိုေဆာ့ကစားေလ့ရွိၾကျပီး strategy ဂိမ္းမ်ားနဲ႔ resource management မ်ားကို စိတ္ဝင္စားၾကသူမ်ားကေတာ့ management သမားမ်ား ျဖစ္ေနတတ္တာမ်ိဳးေတြပါ။ ဒီဂိမ္းမ်ားဟာ သူတို႔ရဲ႕အလုပ္နဲ႔သက္ဆိုင္တဲ့ စြမ္းရည္မ်ား ရရွိလာေအာင္လည္း အေထာက္အကူျပဳၾကပါတယ္။

Game Academy Founder David Barrie

ဒါေပမယ့္ ဂိမ္းမ်ားကို အေပၚယံေလာက္ပဲ ေဆာ့ကစားသူမ်ားကေတာ့ ရသင့္သေလာက္ စြမ္းရည္မ်ား မရရွိၾကပါဘူး။ Game Academy ရဲ႕ co-founder ျဖစ္သူ David Barrie က “ဂိမ္းမ်ားကို အေပၚယံကစားမ်ားထက္ ေလးေလးနက္နက္စဥ္းစားျပီး ကစားၾကသူမ်ားဟာ စြမ္းရည္ပိုမိုျမင့္မားလာၾကပါတယ္။ ကြ်န္ေတာ္တို႔ဟာ ဂိမ္းကစားျခင္းကို ေပါင္းသင္းဆက္ဆံေရးစြမ္းရည္မ်ား၊ အျပိဳင္အဆိုင္ၾကိဳးစားႏိုင္စြမ္းမ်ား၊ နည္းလမ္းရွာေဖြျပဳလုပ္ႏိုင္စြမ္းမ်ား စတာေတြထုတ္ယူႏိုင္တဲ့ အရင္းအျမစ္အျဖစ္ ယူဆပါတယ္။” လုိ႔ ဆိုပါတယ္။

Royal Air Force (RAF) တို႔လို စစ္ဘက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားကေတာင္ gamer မ်ားကို ေနရာေပါင္းစုံအတြက္ ေခၚယူျခင္းမ်ား ျပဳလုပ္လာၾကပါတယ္။ “အခ်က္အလက္မ်ားကို ေကာင္းမြန္စြာ နားလည္ျခင္း၊ လ်င္လ်င္ျမန္ျမန္ လႈပ္ရွားတုံ႔ျပန္ႏိုင္ျခင္း၊ အသင္းအဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္ျခင္း၊ ဖိအားေအာက္မွာ အလုပ္လုပ္ႏိုင္ျခင္း စတာေတြဟာ gamer မ်ားမွာ ေတြ႔ရေလ့ရွိတဲ့စြမ္းရည္မ်ား ျဖစ္တယ္။” လို႔ RAF ရဲ႕ ေျပာေရးဆိုခြင့္ရသူတစ္ဦးက ေျပာခဲ့ပါတယ္။

“ဂိမ္းကစားျခင္းကေနတစ္ဆင့္ gamer မ်ားဟာ အသင္းလိုက္အလုပ္လုပ္ႏိုင္စြမ္း၊ ျပႆနာေျဖရွင္းႏုိင္စြမ္းနဲ႔ နည္းဗ်ဴဟာ ခ်မွတ္အသုံးျပဳခ်မွတ္ႏိုင္စြမ္းမ်ား စတာေတြကို ရရွိႏိုင္ၾကပါတယ္။ ဒီလိုရရွိလာတဲ့ စြမ္းရည္မ်ားနဲ႔ ကြ်မ္းက်င္မႈမ်ားဟာ သက္ဆိုင္ရာလုပ္ငန္းခြင္မ်ားအတြက္ အလြန္အသုံးဝင္ျပီး ကိုက္ညီမႈ ရွိတယ္။” လို႔ လန္ဒန္အေျခစိုက္ Hays recruitment ကုမၸဏီရဲ႕ regional director ျဖစ္သူ Ryan Gardner က ေျပာပါတယ္။

စေကာ့တလန္မွာရွိတဲ့ University of Glasgow နဲ႔ အခ်ိဳ႕တကၠသိုလ္မ်ားက ဂိမ္းကစားတဲ့ေက်ာင္းသားမ်ားဟာ ဘဝမွာ ပိုမိုေအာင္ျမင္ေၾကာင္း ထုတ္ျပန္မႈမ်ားျပဳလုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ လက္မခံသူမ်ားကေတာ့ ရွိေနဆဲျဖစ္ေၾကာင္း Glasgow တကၠသိုလ္ရဲ႕ ဆရာတစ္ဦးျဖစ္သူ ေဒါက္တာ Matthew Barr က ေျပာပါတယ္။ “ဂိမ္းကို ၾကိဳးၾကိဳးစားစားေဆာ့ရင္ အလုပ္ရဖုိ႔ ခက္ခဲတယ္လို႔ လူအခ်ိဳ႕က ယူဆေနၾကတာဟာ မွားယြင္းပါတယ္။ ဥပမာအားျဖင့္ အြန္လိုင္းဂိမ္းတစ္ခုမွာ အသင္းေခါင္းေဆာင္တာဝန္ယူႏိုင္သူမ်ားဟာ လုပ္ငန္းရွင္တစ္ဦးျဖစ္လာရင္ ကြ်မ္းက်င္ဖုိ႔ အလားအလာမ်ားပါတယ္။” လို႔လည္း ေျပာခဲ့ပါေသးတယ္။

“EVE Online ဂိမ္းကို ေကာင္းေကာင္း ကစားႏိုင္သူတစ္ဦးဟာ MBA ဘြဲ႕ရထားသူတစ္ဦးနဲ႔ အေနအထားျခင္း တူညီပါတယ္” လုိ႔ ကစားသမားတစ္ဦးျဖစ္သူ Matthew Ricci က Kotaku ကို ေျပာခဲ့ဖူးပါတယ္။ EVE Online ဟာ MMO အမ်ိဳးအစားဂိမ္းတစ္ခုျဖစ္ျပီး ယင္းဂိမ္းထဲက စီးပြားေရးဆိုင္ရာသီအိုရီမ်ားဟာ အျပင္ေလာကနဲ႔ အလြန္တူညီေအာင္ ျပဳလုပ္ထားတာပါ။

ဥပမာအားျဖင့္ ဂိမ္းထဲမွာ spaceship အသစ္တစ္စင္းေဆာက္ေတာ့မယ္ဆိုရင္ ထုတ္လုပ္မႈကုန္က်စရိတ္၊ ကုန္ၾကမ္းဝယ္ယူစရိတ္ စတာေတြကို spaceship သြားမယ့္ခရီးနဲ႔ demand တို႔ အေပၚမွာ အေျခခံျပီး တြက္ထုတ္ယူရမွာျဖစ္သလို အျခားကစားသမားမ်ားဆီက ဝယ္ယူရမယ့္ စရိတ္ဖိုးေလ်ာ့ခ်သက္သာေအာင္ ၾကံဆရမွာပါ။ ဒီလိုလုပ္ႏိုင္ဖုိ႔အတြက္ ကြ်မ္းက်င္မႈစြမ္းရည္ေတြလိုအပ္ပါတယ္။

Matthew Ricci ဟာ EVE Online ေပၚမွာ ရရွိခဲ့တဲ့ ကြ်မ္းက်င္မႈမ်ားကို အေျခခံလို႔ ဖခင္ရဲ႕စီးပြားေရးကုမၸဏီျဖစ္တဲ့ Zentech ကို ဦးေဆာင္လာခဲ့တာဟာ အခုဆိုရင္ ႏိုင္ငံတကာမွာ ေအာင္ျမင္မႈအတိုင္းအတာတစ္ခုထိ ရရွိထားတဲ့ကုမၸဏီျဖစ္လာခဲ့ျပီး ကေနဒါႏိုင္ငံရဲ႕ေစ်းကြက္ကိုလည္း ထိုးေဖာက္ဝင္ေရာက္ႏိုင္ပါျပီ။ EVE ကေန ရရွိခဲ့တာေတြဟာ တီထြင္ဖန္တီးႏိုင္စြမ္း၊ ေခါင္းေဆာင္ႏိုင္စြမ္း၊ အဖြဲ႔အစည္းတည္ေထာင္ႏိုင္စြမ္း စတာေတြျဖစ္တယ္လို႔ သူက ယုံၾကည္ပါတယ္။

အဂၤလန္ႏိုင္ငံ National Health Service (NHS) ရဲ႕ radiotherapy physicist တစ္ဦးျဖစ္သူ Mark Long က ကုသေရးအစီအစဥ္မ်ားျပဳလုပ္ရတဲ့ သူ႔အလုပ္အတြက္ ဂိမ္းကစားျခင္းကရတဲ့ အေတြ႔အၾကံဳမ်ားဟာ အမ်ားၾကီးအေထာက္အကူျဖစ္ေၾကာင္း ေထာက္ခံခဲ့ပါတယ္။ သူဟာ ငယ္စဥ္က Palace of Magic တို႔လို problem solving ဂိမ္းမ်ားကို ႏွစ္သက္စြာ ကစားေလ့ရွိသူတစ္ဦးျဖစ္ပါတယ္။

Mark Long ေျပာခဲ့တဲ့ ဥပမာမ်ားကေတာ့ ကင္ဆာကုသရာမွာ ကင္ဆာအက်ိတ္ကိုပဲ radiation ထိေအာင္လုပ္ရျပီး အျခားအစိတ္အပိုင္းမ်ားကို အတတ္ႏိုင္ဆုံး မထိေအာင္လုပ္ရသလို တစ္ေခါက္ထက္တစ္ေခါက္ ကုသတာပိုမိုေကာင္းမြန္လာေအာင္ ဂရုစိုက္ရပါတယ္။ ဒါဟာ ဂိမ္းတစ္ခုထဲမွာ high score တင္ရတဲ့အေတြ႔အၾကံဳနဲ႔ တူညီလွျပီး ကင္ဆာက်ိတ္ျပႆနာမ်ားကို ေျဖရွင္းရတဲ့အေတြ႔အၾကံဳမ်ားဟာလည္း problem solving ဂိမ္းကစားရတဲ့ အေတြ႔အၾကံဳမ်ားနဲ႔ အလားသ႑န္တူလွေၾကာင္း တို႔ပဲျဖစ္ပါတယ္။

ဘယ္အရာမဆို အလြန္အကြ်ံလုပ္ရင္ ဆိုးက်ိဳးမ်ားရွိလို႔ ဂိမ္းအလြန္အကြ်ံေဆာ့ကစားျခင္းကေတာ့ လူအမ်ားနဲ႔ မသင့္ေတာ္ပါဘူး။ ဒါေပမယ့္ ဂိမ္းကစားျခင္းက ရတဲ့ အက်ိဳးတရားမ်ားဟာ မ်က္ဝါးထင္ထင္ရွိေနျပီး တကယ့္ဘဝမွာ အသုံးခ်လို႔ရေၾကာင္းကေတာ့ ျငင္းလုိ့မရတဲ့အမွန္တရားပဲ ျဖစ္ပါေတာ့တယ္။ Esports သတင္းမ်ားနဲ႔ အေၾကာင္းအရာမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

 

Source: BBC’s Article :How playing video games could get you a better job


[Unicode]

ဂိမ်မာတွေဟာ လုပ်ငန်းခွင်ဘာလို့ ပိုထူးချွန်ကြတာလဲ?

 

တစ်ကမ္ဘာလုံးမှာရှိတဲ့ ဂိမ်းလောကရဲ့ဈေးကွက်တန်ဖိုးဟာ ရုပ်ရှင်နဲ့ ဂီတဈေးကွက် တန်ဖိုးနှစ်ခုပေါင်းထက် ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဗီဒီယိုဂိမ်းများကို နှစ်ခြိုက်စွာ ကစားကြသူများဟာလည်း တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေလို့ esports ဟာ နေရာတိုင်းမှာ မေ့ထားလို့ မရတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် လူအနည်းစုကသာ ကိုယ်ကျွမ်းကျင်တဲ့ ဂိမ်းအမျိုးအစားတွေကို CV ထဲမှာ ထည့်လေ့ရှိကြပါတယ်။ သင်ရော ဘာလို့ မပါဝင်သေးတာလည်း? ယနေ့ခေတ်မှာ ဂိမ်းထဲမှာ သင်ကျွမ်းကျင်တဲ့ Skill တွေကို လုပ်ငန်းခွင်တွေမှာ ပြန်အသုံးချလို့ ရနေပါပြီ။

ယနေ့ခေတ် ဂိမ်းတွေဟာ ဖျော်ဖြေမှုတစ်ခုထက် ပိုပြီး လူတွေရဲ့ အတက်ပညာတွေကို တိုးတက်အောင် စွမ်းဆောင်နေနိုင်ပါပြီ။ ဥပမာအားဖြင့် Dota2 တို့ Mobile Legends လိုဂိမ်းမျိုးဟာ Teamwork ရဲ့ အရေးပါမှုကို သိရှိစေနိုင်ပြီး PUBG တို့ CSGO တို့လိုဂိမ်းမျိုးဟာ အရာရာတိုင်းကို စိတ်ရှည်ရှည်နဲ့ တိတိကျကျ ဆုံးဖြတ်မှ အောင်မြင်နိုင်မှာဖြစ်ကြောင်း ကျွန်တော်တို့ကို လေ့ကျင့်ပေးနေပါတယ်။ ဒါပေမယ့် ရှေးရိုးစွဲသူအချို့ကတော့ ဂိမ်းကစားခြင်းဟာ အချိန်ဖြုန်းခြင်းသက်သက်သာဖြစ်တယ်လို့ စွပ်စွဲနေကြပေမယ့် ဒီအချက်ဟာ မမှန်ကန်ကြောင်း၊ နှစ်ပေါင်းများစွာ ဂိမ်းကစားလာခဲ့တဲ့ အတွေ့အကြုံများ အလေ့အကျင့်များ နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများကို အလုပ်ကျွမ်းကျင်လာအောင် အမှန်တကယ်အသုံးချနိုင်ကြောင်းတို့ကို လူအများက လက်ခံလာကြပါတယ်။

Game Academy ရဲ့ လေ့လာချက်များအရတော့ လူတစ်ဦးတစ်ယောက်ချင်းစီ ကြိုက်နှစ်သက်ကြတဲ့ဂိမ်းများဟာ သူတို့ရဲ့ အလုပ်အကိုင်များနဲ့ ဆက်စပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် tower defense ဂိမ်းများနဲ့ puzzle ဂိမ်းများကို IT နယ်ပယ်နဲ့ နီးစပ်သူများ ပိုမိုဆော့ကစားလေ့ရှိကြပြီး strategy ဂိမ်းများနဲ့ resource management များကို စိတ်ဝင်စားကြသူများကတော့ management သမားများ ဖြစ်နေတတ်တာမျိုးတွေပါ။ ဒီဂိမ်းများဟာ သူတို့ရဲ့အလုပ်နဲ့သက်ဆိုင်တဲ့ စွမ်းရည်များ ရရှိလာအောင်လည်း အထောက်အကူပြုကြပါတယ်။

Game Academy Founder David Barrie

ဒါပေမယ့် ဂိမ်းများကို အပေါ်ယံလောက်ပဲ ဆော့ကစားသူများကတော့ ရသင့်သလောက် စွမ်းရည်များ မရရှိကြပါဘူး။ Game Academy ရဲ့ co-founder ဖြစ်သူ David Barrie က “ဂိမ်းများကို အပေါ်ယံကစားများထက် လေးလေးနက်နက်စဉ်းစားပြီး ကစားကြသူများဟာ စွမ်းရည်ပိုမိုမြင့်မားလာကြပါတယ်။ ကျွန်တော်တို့ဟာ ဂိမ်းကစားခြင်းကို ပေါင်းသင်းဆက်ဆံရေးစွမ်းရည်များ၊ အပြိုင်အဆိုင်ကြိုးစားနိုင်စွမ်းများ၊ နည်းလမ်းရှာဖွေပြုလုပ်နိုင်စွမ်းများ စတာတွေထုတ်ယူနိုင်တဲ့ အရင်းအမြစ်အဖြစ် ယူဆပါတယ်။” လို့ ဆိုပါတယ်။

Royal Air Force (RAF) တို့လို စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကတောင် gamer များကို နေရာပေါင်းစုံအတွက် ခေါ်ယူခြင်းများ ပြုလုပ်လာကြပါတယ်။ “အချက်အလက်များကို ကောင်းမွန်စွာ နားလည်ခြင်း၊ လျင်လျင်မြန်မြန် လှုပ်ရှားတုံ့ပြန်နိုင်ခြင်း၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ဖိအားအောက်မှာ အလုပ်လုပ်နိုင်ခြင်း စတာတွေဟာ gamer များမှာ တွေ့ရလေ့ရှိတဲ့စွမ်းရည်များ ဖြစ်တယ်။” လို့ RAF ရဲ့ ပြောရေးဆိုခွင့်ရသူတစ်ဦးက ပြောခဲ့ပါတယ်။

“ဂိမ်းကစားခြင်းကနေတစ်ဆင့် gamer များဟာ အသင်းလိုက်အလုပ်လုပ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ နည်းဗျူဟာ ချမှတ်အသုံးပြုချမှတ်နိုင်စွမ်းများ စတာတွေကို ရရှိနိုင်ကြပါတယ်။ ဒီလိုရရှိလာတဲ့ စွမ်းရည်များနဲ့ ကျွမ်းကျင်မှုများဟာ သက်ဆိုင်ရာလုပ်ငန်းခွင်များအတွက် အလွန်အသုံးဝင်ပြီး ကိုက်ညီမှု ရှိတယ်။” လို့ လန်ဒန်အခြေစိုက် Hays recruitment ကုမ္ပဏီရဲ့ regional director ဖြစ်သူ Ryan Gardner က ပြောပါတယ်။

စကော့တလန်မှာရှိတဲ့ University of Glasgow နဲ့ အချို့တက္ကသိုလ်များက ဂိမ်းကစားတဲ့ကျောင်းသားများဟာ ဘဝမှာ ပိုမိုအောင်မြင်ကြောင်း ထုတ်ပြန်မှုများပြုလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်မခံသူများကတော့ ရှိနေဆဲဖြစ်ကြောင်း Glasgow တက္ကသိုလ်ရဲ့ ဆရာတစ်ဦးဖြစ်သူ ဒေါက်တာ Matthew Barr က ပြောပါတယ်။ “ဂိမ်းကို ကြိုးကြိုးစားစားဆော့ရင် အလုပ်ရဖို့ ခက်ခဲတယ်လို့ လူအချို့က ယူဆနေကြတာဟာ မှားယွင်းပါတယ်။ ဥပမာအားဖြင့် အွန်လိုင်းဂိမ်းတစ်ခုမှာ အသင်းခေါင်းဆောင်တာဝန်ယူနိုင်သူများဟာ လုပ်ငန်းရှင်တစ်ဦးဖြစ်လာရင် ကျွမ်းကျင်ဖို့ အလားအလာများပါတယ်။” လို့လည်း ပြောခဲ့ပါသေးတယ်။

“EVE Online ဂိမ်းကို ကောင်းကောင်း ကစားနိုင်သူတစ်ဦးဟာ MBA ဘွဲ့ရထားသူတစ်ဦးနဲ့ အနေအထားခြင်း တူညီပါတယ်” လို့ ကစားသမားတစ်ဦးဖြစ်သူ Matthew Ricci က Kotaku ကို ပြောခဲ့ဖူးပါတယ်။ EVE Online ဟာ MMO အမျိုးအစားဂိမ်းတစ်ခုဖြစ်ပြီး ယင်းဂိမ်းထဲက စီးပွားရေးဆိုင်ရာသီအိုရီများဟာ အပြင်လောကနဲ့ အလွန်တူညီအောင် ပြုလုပ်ထားတာပါ။

ဥပမာအားဖြင့် ဂိမ်းထဲမှာ spaceship အသစ်တစ်စင်းဆောက်တော့မယ်ဆိုရင် ထုတ်လုပ်မှုကုန်ကျစရိတ်၊ ကုန်ကြမ်းဝယ်ယူစရိတ် စတာတွေကို spaceship သွားမယ့်ခရီးနဲ့ demand တို့ အပေါ်မှာ အခြေခံပြီး တွက်ထုတ်ယူရမှာဖြစ်သလို အခြားကစားသမားများဆီက ဝယ်ယူရမယ့် စရိတ်ဖိုးလျော့ချသက်သာအောင် ကြံဆရမှာပါ။ ဒီလိုလုပ်နိုင်ဖို့အတွက် ကျွမ်းကျင်မှုစွမ်းရည်တွေလိုအပ်ပါတယ်။

Matthew Ricci ဟာ EVE Online ပေါ်မှာ ရရှိခဲ့တဲ့ ကျွမ်းကျင်မှုများကို အခြေခံလို့ ဖခင်ရဲ့စီးပွားရေးကုမ္ပဏီဖြစ်တဲ့ Zentech ကို ဦးဆောင်လာခဲ့တာဟာ အခုဆိုရင် နိုင်ငံတကာမှာ အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိထားတဲ့ကုမ္ပဏီဖြစ်လာခဲ့ပြီး ကနေဒါနိုင်ငံရဲ့ဈေးကွက်ကိုလည်း ထိုးဖောက်ဝင်ရောက်နိုင်ပါပြီ။ EVE ကနေ ရရှိခဲ့တာတွေဟာ တီထွင်ဖန်တီးနိုင်စွမ်း၊ ခေါင်းဆောင်နိုင်စွမ်း၊ အဖွဲ့အစည်းတည်ထောင်နိုင်စွမ်း စတာတွေဖြစ်တယ်လို့ သူက ယုံကြည်ပါတယ်။

အင်္ဂလန်နိုင်ငံ National Health Service (NHS) ရဲ့ radiotherapy physicist တစ်ဦးဖြစ်သူ Mark Long က ကုသရေးအစီအစဉ်များပြုလုပ်ရတဲ့ သူ့အလုပ်အတွက် ဂိမ်းကစားခြင်းကရတဲ့ အတွေ့အကြုံများဟာ အများကြီးအထောက်အကူဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။ သူဟာ ငယ်စဉ်က Palace of Magic တို့လို problem solving ဂိမ်းများကို နှစ်သက်စွာ ကစားလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။

Mark Long ပြောခဲ့တဲ့ ဥပမာများကတော့ ကင်ဆာကုသရာမှာ ကင်ဆာအကျိတ်ကိုပဲ radiation ထိအောင်လုပ်ရပြီး အခြားအစိတ်အပိုင်းများကို အတတ်နိုင်ဆုံး မထိအောင်လုပ်ရသလို တစ်ခေါက်ထက်တစ်ခေါက် ကုသတာပိုမိုကောင်းမွန်လာအောင် ဂရုစိုက်ရပါတယ်။ ဒါဟာ ဂိမ်းတစ်ခုထဲမှာ high score တင်ရတဲ့အတွေ့အကြုံနဲ့ တူညီလှပြီး ကင်ဆာကျိတ်ပြဿနာများကို ဖြေရှင်းရတဲ့အတွေ့အကြုံများဟာလည်း problem solving ဂိမ်းကစားရတဲ့ အတွေ့အကြုံများနဲ့ အလားသဏ္ဍန်တူလှကြောင်း တို့ပဲဖြစ်ပါတယ်။

ဘယ်အရာမဆို အလွန်အကျွံလုပ်ရင် ဆိုးကျိုးများရှိလို့ ဂိမ်းအလွန်အကျွံဆော့ကစားခြင်းကတော့ လူအများနဲ့ မသင့်တော်ပါဘူး။ ဒါပေမယ့် ဂိမ်းကစားခြင်းက ရတဲ့ အကျိုးတရားများဟာ မျက်ဝါးထင်ထင်ရှိနေပြီး တကယ့်ဘဝမှာ အသုံးချလို့ရကြောင်းကတော့ ငြင်းလို့မရတဲ့အမှန်တရားပဲ ဖြစ်ပါတော့တယ်။ Esports သတင်းများနဲ့ အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

 

Source: BBC’s Article :How playing video games could get you a better job