[Unicode]

Claw Esports PUBG Mobile အသင်းခေါင်းဆောင် Ven နှင့် တွေ့ဆုံခြင်း

 

Gaming Noodle ပရိသတ်များအားလုံး မင်္ဂလာပါ ခင်ဗျာ။ Gaming Noodle ရဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ “Gamer Highlight” ကနေ ကြိုဆိုလိုက်ရပါတယ်။ Gamer Highlight အစီအစဉ်မှာတော့ ပြည်တွင်းပြည်ပက နာမည်ကြီး Professional Player တွေ, Coach တွေ, အသင်းပိုင်ရှင်တွေ၊ Caster နဲ့ Streamer တွေကို တွေ့ဆုံမေးမြန်းသွားမယ့် အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

ဒုတိယ Episode (2) မှာတော့ Claw Esports ရဲ့ PUBG Mobile အသင်းမှ “Ven” နဲ့ တွေ့ဆုံ မေးမြန်းသွားမှာပါ။ မြန်မာနိုင်ငံမှာ PUBG Mobile ဂိမ်း စတင်ထွန်းကားကတည်းက နာမည်ကြီး ကစားသမားတွေနဲ့သာ ခေါ်ယူတည်ဆောက်ခဲ့တဲ့ Claw Esports PUBGM ဟာ မကြာသေးမီက Team7 တစ်သင်းလုံးကို ခေါ်ယူခဲ့ပါတယ်။ ထို့အတွက် Claw Esports PUBGM ရဲ့ အသင်းခေါင်းဆောင် အသစ်ဖြစ်တဲ့ “Ven” နဲ့ Gaming Noodle တို့ယခုလို တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

GN: မင်္ဂလာပါ Ven ရေ။ ပထမဆုံး ညီ့ရဲ့ နာမည်ရင်းလေး ပြောပြပေးပါဦး။

Ven : ထက်ဦးဝေယံပါခင်ဗျာ။

GN: ညီ့ရဲ့ အသက်ကရော?

Ven: ၁၈နှစ်ပြည့်ပီးတာမကြာသေးဘူးဗျ။

GN: လက်ရှိ ပညာရေးကရော ဘယ်အဆင့်ထိ ရောက်နေပြီလဲ? တက္ကသိုလ် တက်နေတုန်းလား?

Ven : ကျွန်တော်လက်ရှိ ရန်ကုန်တက္ကသိုလ်မှာ ကွန်ပြူတာသိပ္ပံ(တတိယနှစ်)တက်ရောက်နေပါတယ်။

GN: PUBG M ကိုဘယ်အချိန်က စတင် ဆော့ကစားခဲ့တာလဲ?

Ven: ဟိုးအရင် Lightspeedတို့ TIMI တို့စထွက်ထဲကဆော့ခဲ့တာပါ။ Global Version ထွက်လာတဲ့ချိန်မှာ Global Version ဘက်ပြောင်းဆော့ခဲ့တာပါ။

GN: ဒါဆို PUBGM First Generation ကစားသမားထဲ ပါတယ် ပြောရမှာပေါ့။ ဒါဆိုဘယ်အချိန်မှာ Professional ဆော့မယ်လို့ စိတ်ကူးခဲ့တာလဲ?

Ven: မြန်မာပြည်မှာ ပထမဆုံး Local Offlineပွဲ Huawei NYC စလုပ်တဲ့ချိန်ပေါ့။ အဲ့ထဲကProfessional ဘက်သွားမယ်ဆိုတဲ့စိတ်နဲ့ ဆော့ခဲ့တာပါ။

GN: In-Game name ကို ဘာအဓိပါယ်နဲ့ ပေးခဲ့တာလဲ?

Ven: Ven ဆိုတာက သီးသန့်အဓိပ္ပာယ်ထားပြီး ပေးခဲ့တာမဟုတ်ပါဘူး။ ငယ်ငယ်က Summer School တွေတက်တော့ English Nickname ကိုယ့်ဘာသာကိုယ်ပေးလိုက်တာပါ။ 😁😁

GN: Professional ဘဝကို ဘယ်အသင်းနဲ့ စတင်ခဲ့တာလဲ? ဆော့ခဲ့ဖူးတဲ့ အသင်းတွေအကြောင်း ပြောပေးပါဦး။

Ven: ကျွန်တော်က PUBG Mobile မပေါ်ခင် Battle Royale အမျိုးအစား Mobile Game တစ်ခုဖြစ်တဲ့ Survivor Royale Gameကိုစဆော့ခဲ့တယ်။ အဲ့မှာတော့အပျော်ပဲဆော့တာ။ အသိတွေစုဆော့ရင်းName အနောက်မှာ ‘7’ ဆိုတဲ့ နံပါတ်လေးတွေထည့်ဆော့ကြတာ။ အဲ့ကနေ Team7 ဆိုပီး ဖြစ်သွားတာ။ အဲ့ကနေ PUBGM ဘက်ပြောင်းတော့လဲ Team7ဆိုပီးစထောင်ခဲ့တယ်။ Team7ရဲ့ Leader(Founder)အနေနဲ့ပေါ့။ အဲ့ထဲက Professional ပုံစံမျိုးဆော့ခဲ့တာပါ။

Claw Esports Announcement

GN: Team 7 ကနေ Claw ကို ဘယ်လို အခြေအနေတွေကြောင့် ပြောင်းရွှေ့လာခဲ့တာလဲ?

Ven: Team7မှာက ကိုယ်တိုင် ထောင်ထားတာဖြစ်လို့ ဘာ Background Supporting ဘာမှမရှိဘူး။
Claw ကတော့ Organization တစ်ခုဖြစ်တဲ့အလျောက် ရှေ့လျှောက် ကိုယ်ဖြစ်ထွန်းရင် ဖြစ်ထွန်းသလို Supporting ပေးနိုင်တာမို့ ClawကိုJoinခဲ့တာပါ။ တခြား Organization တွေကလာခေါ်တာတော့ရှိတယ်။ ဒါပေမဲ့ ၄ယောက်လုံးကိုခေါ်တာမဟုတ်တော့ မလိုက်သွားခဲ့ဘူး။ Claw ကတော့ ၄ယောက်လုံးကိုခေါ်ခဲ့တာမို့ Join ခဲ့တာပါ။

GN: Claw မှာ ကြုံတွေ့နေရတဲ့ အခြေအနေကရော Team7 နဲ့ ဘယ်လိုကွာခြားမှုတွေ ရှိနေလဲ?

Ven: ဘာမှတော့သိပ်မကွာခြားပါဘူး။ ကိုယ့်အသင်းနာမည်ပိုတက်လာဖို့ပဲ ပိုကြိုးစားရတာပေါ့။

GN: Claw Esports နဲ့ ပွဲဦးထွက် Samsung A League မှာရော ဘယ်လိုမျိုးအတွေ့အကြုံသစ်တွေ ရရှိနေပြီလဲ?

Ven: ဒီ A Leagueက နည်းနည်းတော့ ပိုပြီး အားစိုက်ဆော့ရတာပေါ့နော်။ အသင်းကောင်းတွေတော်တော်များများပါတယ်။ ပုံမှန်ဆော့နေကြပုံစံမျိုးနဲ့မတူပဲ ပြောင်းဆော့ရတာပေါ့။

GN: Claw Esports နဲ့ ဘယ်လိုအောင်မြင်မှုမျိုးအထိ အရယူဖို့ မျှော်မှန်းထားလဲ?

Ven: ကျွန်တော်ကတော့ SEA Leagueကနေ တစ်ဆင့် SEA Final တွေ Global Final တွေအထိသွားချင်တယ်။ ဒီမြန်မာနိုင်ငံ အတွင်းမှာပဲ ထိပ်ပိုင်းနားအဆင့်ရောက်ပီးပျော်နေလို့မရဘူးပေါ့။ ကိုယ့်ထက်ကောင်းတဲ့ အသင်းတွေနဲ့ယှဉ်ဆော့ချင်တယ်။ သူတို့ထက်သာအောင်လည်း ဆော့ချင်တယ်။

Ven with Team7 at Samsung Galaxy Challenge Tournament

GN: Claw Esports မှာ နည်းပြ (Odin) ရှိနေတော့ သူ့ဆီကနေရော ဘယ်လို အကူအညီတွေ ရလဲ?

Ven: ကို Odin ကတော့ သူသိသမျှ Strategy တွေ ဘယ်လိုဘယ်ပုံဆော့ဘာညာပေါ့။ အဲ့တာတွေအပြင် Mental Advice တွေလဲပေးတယ်။ ဒီပွဲမှာ Fail သွားခဲ့ရင်နောက်ပွဲအဆင်ပြေအောင် အားပေးတာပေါ့။

GN: Ven က လက်ရှိ In game မှာ ဘာ role ကို တာဝန်ယူထားလဲ?

Ven: ကျွန်တော်က ၄ယောက်ထဲမှာ Gun Power အနည်းဆုံးဗျ။ 😢 အဲ့တော့ Backup ပိုင်းပဲရတယ်။

GN: PUBGM ထဲက အကြိုက်ဆုံး သေနတ်ကို ပြောပြပေးပါဦး။

Ven: M416နဲ့ Mini ပါခင်ဗျာ။

GN: ပြည်ပမှာရော အကြိုက်ဆုံး PUBGM အသင်းတွေရှိလား? ရှိရင် ပြောပြပေးပါဦး။

Ven: လက်ရှိ Top Esports နဲ့ RRQ Athenaကတော့အကြိုက်ဆုံးပဲခင်ဗျ။

GN: လက်ရှိ Professional Gamer ဘဝမှာ မိဘတွေဆီက ဘာလိုမျိုး Support တွေရလဲ?

Ven: အဖေကတော့ဆုံးသွားတာကြာပါပီ။ အဖေရှိရင်တော့ ပိုပီး Support မယ်လို့ထင်တယ်။
Game စဆော့တတ်အောင် အဖေပဲသင်ပေးခဲ့တာ။ 😂 ငယ်ငယ်က Family Game လေးတွေ အတူတူ ဆော့တယ်။ အဲ့ကနေဘေးမှာ Game ဆိုင်လာဖွင့်တော့ P2 Gameတွေသွားဆော့တယ်။ ခိုးပီးဆော့ရင်တော့ အဖေကရိုက်တယ်ဗျ။😖 အချိန်နဲ့ဆော့ခိုင်းတာပေါ့လေ။

အမေကတော့အစကပြောတယ်။ Gameရူးရူးနေပီတို့ဘာတို့ပေါ့။ နောက်ပိုင်းတော့လဲဘာမှမပြောတော့ဘူး။ UMEC မှာ Championဆုရပီး နောက်ပိုင်း အပြစ်လဲမမြင်တော့ဘူး။ ဘယ်နေရာမဆို ထိပ်ရောက်အောင် လုပ်လို့ပဲပြောတော့တယ်။

Ven with UMEC PUBGM Champion Prize

GN: PUBGM အပြင်တခြား ဘာ ဂိမ်းတွေဆော့ဖြစ်သေးလဲ?

Ven: Mobile Legends :Bang Bang ဆော့တယ်။ Call Of Dutyနဲ့ PPSPP Game (p1 emu) တွေကို အပျော်ဆော့တယ်။ PC Game က အရင်က Dota2ဆော့တယ်။ နောက်ပိုင်း ဒီ Mobile Game တွေက ဘယ်နေရာမဆို ကောင်းကောင်းဆော့လို့ရတော့ Mobile Game ဘက်ပဲဆော့ဖြစ်တော့တယ်။

GN: ညီ့ရဲ့ ပရိသတ်တွေရော Claw Esports ပရိသတ်တွေကိုပါ အမှတ်တရစကားလေး တစ်ခုခု ပြောပေးပါဦး။

Ven: ကျွန်တော့ကို အားပေးနေကြသူတွေကော Teammate တွေကို အားပေးနေကြသူတွေကော Clawကို အားပေးနေကြသူတွေကော အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့။ ဆက်လက်ပီးအားပေးကြပါ
စိတ်မပျက်စေရပါဘူးလို့။ အခုပြိုင်နေတဲ့Samsung A Leagueကော နောက်လာမဲ့ပွဲတွေကိုပါ အကောင်းဆုံးကြိုးစားဆော့ကစားသွားပါမယ်လို့ ။❤️

 

အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ Ven ကိုရော ခွင့်ပြုပေးခဲ့တဲ့ Claw Esports ကိုရော Gaming Noodle မှ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။ လာမယ့် ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။


[ZawGyi]

Claw Esports PUBG Mobile အသင္းေခါင္းေဆာင္ Ven ႏွင့္ ေတြ႕ဆုံျခင္း

 

Gaming Noodle ပရိသတ္မ်ားအားလုံး မဂၤလာပါ ခင္ဗ်ာ။ Gaming Noodle ရဲ႕ အစီအစဥ္သစ္တစ္ခုျဖစ္တဲ့ “Gamer Highlight” ကေန ႀကိဳဆိုလိုက္ရပါတယ္။ Gamer Highlight အစီအစဥ္မွာေတာ့ ျပည္တြင္းျပည္ပက နာမည္ႀကီး Professional Player ေတြ, Coach ေတြ, အသင္းပိုင္ရွင္ေတြ၊ Caster နဲ႔ Streamer ေတြကို ေတြ႕ဆုံေမးျမန္းသြားမယ့္ အစီအစဥ္တစ္ခုပဲ ျဖစ္ပါတယ္။

ဒုတိယ Episode (2) မွာေတာ့ Claw Esports ရဲ႕ PUBG Mobile အသင္းမွ “Ven” နဲ႔ ေတြ႕ဆုံ ေမးျမန္းသြားမွာပါ။ ျမန္မာႏိုင္ငံမွာ PUBG Mobile ဂိမ္း စတင္ထြန္းကားကတည္းက နာမည္ႀကီး ကစားသမားေတြနဲ႔သာ ေခၚယူတည္ေဆာက္ခဲ့တဲ့ Claw Esports PUBGM ဟာ မၾကာေသးမီက Team7 တစ္သင္းလုံးကို ေခၚယူခဲ့ပါတယ္။ ထို႔အတြက္ Claw Esports PUBGM ရဲ႕ အသင္းေခါင္းေဆာင္ အသစ္ျဖစ္တဲ့ “Ven” နဲ႔ Gaming Noodle တို႔ယခုလို ေတြ႕ဆုံ ေမးျမန္းျဖစ္ခဲ့ပါတယ္။

GN: မဂၤလာပါ Ven ေရ။ ပထမဆုံး ညီ့ရဲ႕ နာမည္ရင္းေလး ေျပာျပေပးပါဦး။

Ven : ထက္ဦးေဝယံပါခင္ဗ်ာ။

GN: ညီ့ရဲ႕ အသက္ကေရာ?

Ven: ၁၈ႏွစ္ျပည့္ပီးတာမၾကာေသးဘူးဗ်။

GN: လက္ရွိ ပညာေရးကေရာ ဘယ္အဆင့္ထိ ေရာက္ေနၿပီလဲ? တကၠသိုလ္ တက္ေနတုန္းလား?

Ven : ကြၽန္ေတာ္လက္ရွိ ရန္ကုန္တကၠသိုလ္မွာ ကြန္ျပဴတာသိပၸံ(တတိယႏွစ္)တက္ေရာက္ေနပါတယ္။

GN: PUBG M ကိုဘယ္အခ်ိန္က စတင္ ေဆာ့ကစားခဲ့တာလဲ?

Ven: ဟိုးအရင္ Lightspeedတို႔ TIMI တို႔စထြက္ထဲကေဆာ့ခဲ့တာပါ။ Global Version ထြက္လာတဲ့ခ်ိန္မွာ Global Version ဘက္ေျပာင္းေဆာ့ခဲ့တာပါ။

GN: ဒါဆို PUBGM First Generation ကစားသမားထဲ ပါတယ္ ေျပာရမွာေပါ့။ ဒါဆိုဘယ္အခ်ိန္မွာ Professional ေဆာ့မယ္လို႔ စိတ္ကူးခဲ့တာလဲ?

Ven: ျမန္မာျပည္မွာ ပထမဆုံး Local Offlineပြဲ Huawei NYC စလုပ္တဲ့ခ်ိန္ေပါ့။ အဲ့ထဲကProfessional ဘက္သြားမယ္ဆိုတဲ့စိတ္နဲ႔ ေဆာ့ခဲ့တာပါ။

GN: In-Game name ကို ဘာအဓိပါယ္နဲ႔ ေပးခဲ့တာလဲ?

Ven: Ven ဆိုတာက သီးသန႔္အဓိပၸာယ္ထားၿပီး ေပးခဲ့တာမဟုတ္ပါဘူး။ ငယ္ငယ္က Summer School ေတြတက္ေတာ့ English Nickname ကိုယ့္ဘာသာကိုယ္ေပးလိုက္တာပါ။ 😁😁

GN: Professional ဘဝကို ဘယ္အသင္းနဲ႔ စတင္ခဲ့တာလဲ? ေဆာ့ခဲ့ဖူးတဲ့ အသင္းေတြအေၾကာင္း ေျပာေပးပါဦး။

Ven: ကြၽန္ေတာ္က PUBG Mobile မေပၚခင္ Battle Royale အမ်ိဳးအစား Mobile Game တစ္ခုျဖစ္တဲ့ Survivor Royale Gameကိုစေဆာ့ခဲ့တယ္။ အဲ့မွာေတာ့အေပ်ာ္ပဲေဆာ့တာ။ အသိေတြစုေဆာ့ရင္းName အေနာက္မွာ ‘7’ ဆိုတဲ့ နံပါတ္ေလးေတြထည့္ေဆာ့ၾကတာ။ အဲ့ကေန Team7 ဆိုပီး ျဖစ္သြားတာ။ အဲ့ကေန PUBGM ဘက္ေျပာင္းေတာ့လဲ Team7ဆိုပီးစေထာင္ခဲ့တယ္။ Team7ရဲ႕ Leader(Founder)အေနနဲ႔ေပါ့။ အဲ့ထဲက Professional ပုံစံမ်ိဳးေဆာ့ခဲ့တာပါ။

Claw Esports Announcement

 

GN: Team 7 ကေန Claw ကို ဘယ္လို အေျခအေနေတြေၾကာင့္ ေျပာင္းေ႐ႊ႕လာခဲ့တာလဲ?

Ven: Team7မွာက ကိုယ္တိုင္ ေထာင္ထားတာျဖစ္လို႔ ဘာ Background Supporting ဘာမွမရွိဘူး။
Claw ကေတာ့ Organization တစ္ခုျဖစ္တဲ့အေလ်ာက္ ေရွ႕ေလွ်ာက္ ကိုယ္ျဖစ္ထြန္းရင္ ျဖစ္ထြန္းသလို Supporting ေပးႏိုင္တာမို႔ ClawကိုJoinခဲ့တာပါ။ တျခား Organization ေတြကလာေခၚတာေတာ့ရွိတယ္။ ဒါေပမဲ့ ၄ေယာက္လုံးကိုေခၚတာမဟုတ္ေတာ့ မလိုက္သြားခဲ့ဘူး။ Claw ကေတာ့ ၄ေယာက္လုံးကိုေခၚခဲ့တာမို႔ Join ခဲ့တာပါ။

GN: Claw မွာ ႀကဳံေတြ႕ေနရတဲ့ အေျခအေနကေရာ Team7 နဲ႔ ဘယ္လိုကြာျခားမႈေတြ ရွိေနလဲ?

Ven: ဘာမွေတာ့သိပ္မကြာျခားပါဘူး။ ကိုယ့္အသင္းနာမည္ပိုတက္လာဖို႔ပဲ ပိုႀကိဳးစားရတာေပါ့။

GN: Claw Esports နဲ႔ ပြဲဦးထြက္ Samsung A League မွာေရာ ဘယ္လိုမ်ိဳးအေတြ႕အႀကဳံသစ္ေတြ ရရွိေနၿပီလဲ?

Ven: ဒီ A Leagueက နည္းနည္းေတာ့ ပိုၿပီး အားစိုက္ေဆာ့ရတာေပါ့ေနာ္။ အသင္းေကာင္းေတြေတာ္ေတာ္မ်ားမ်ားပါတယ္။ ပုံမွန္ေဆာ့ေနၾကပုံစံမ်ိဳးနဲ႔မတူပဲ ေျပာင္းေဆာ့ရတာေပါ့။

GN: Claw Esports နဲ႔ ဘယ္လိုေအာင္ျမင္မႈမ်ိဳးအထိ အရယူဖို႔ ေမွ်ာ္မွန္းထားလဲ?

Ven: ကြၽန္ေတာ္ကေတာ့ SEA Leagueကေန တစ္ဆင့္ SEA Final ေတြ Global Final ေတြအထိသြားခ်င္တယ္။ ဒီျမန္မာႏိုင္ငံ အတြင္းမွာပဲ ထိပ္ပိုင္းနားအဆင့္ေရာက္ပီးေပ်ာ္ေနလို႔မရဘူးေပါ့။ ကိုယ့္ထက္ေကာင္းတဲ့ အသင္းေတြနဲ႔ယွဥ္ေဆာ့ခ်င္တယ္။ သူတို႔ထက္သာေအာင္လည္း ေဆာ့ခ်င္တယ္။

Ven with Team7 at Samsung Galaxy Challenge Tournament

GN: Claw Esports မွာ နည္းျပ (Odin) ရွိေနေတာ့ သူ႔ဆီကေနေရာ ဘယ္လို အကူအညီေတြ ရလဲ?

Ven: ကို Odin ကေတာ့ သူသိသမွ် Strategy ေတြ ဘယ္လိုဘယ္ပုံေဆာ့ဘာညာေပါ့။ အဲ့တာေတြအျပင္ Mental Advice ေတြလဲေပးတယ္။ ဒီပြဲမွာ Fail သြားခဲ့ရင္ေနာက္ပြဲအဆင္ေျပေအာင္ အားေပးတာေပါ့။

GN: Ven က လက္ရွိ In game မွာ ဘာ role ကို တာဝန္ယူထားလဲ?

Ven: ကြၽန္ေတာ္က ၄ေယာက္ထဲမွာ Gun Power အနည္းဆုံးဗ်။ 😢 အဲ့ေတာ့ Backup ပိုင္းပဲရတယ္။

GN: PUBGM ထဲက အႀကိဳက္ဆုံး ေသနတ္ကို ေျပာျပေပးပါဦး။

Ven: M416နဲ႔ Mini ပါခင္ဗ်ာ။

GN: ျပည္ပမွာေရာ အႀကိဳက္ဆုံး PUBGM အသင္းေတြရွိလား? ရွိရင္ ေျပာျပေပးပါဦး။

Ven: လက္ရွိ Top Esports နဲ႔ RRQ Athenaကေတာ့အႀကိဳက္ဆုံးပဲခင္ဗ်။

GN: လက္ရွိ Professional Gamer ဘဝမွာ မိဘေတြဆီက ဘာလိုမ်ိဳး Support ေတြရလဲ?

Ven: အေဖကေတာ့ဆုံးသြားတာၾကာပါပီ။ အေဖရွိရင္ေတာ့ ပိုပီး Support မယ္လို႔ထင္တယ္။
Game စေဆာ့တတ္ေအာင္ အေဖပဲသင္ေပးခဲ့တာ။ 😂 ငယ္ငယ္က Family Game ေလးေတြ အတူတူ ေဆာ့တယ္။ အဲ့ကေနေဘးမွာ Game ဆိုင္လာဖြင့္ေတာ့ P2 Gameေတြသြားေဆာ့တယ္။ ခိုးပီးေဆာ့ရင္ေတာ့ အေဖက႐ိုက္တယ္ဗ်။😖 အခ်ိန္နဲ႔ေဆာ့ခိုင္းတာေပါ့ေလ။

အေမကေတာ့အစကေျပာတယ္။ Game႐ူး႐ူးေနပီတို႔ဘာတို႔ေပါ့။ ေနာက္ပိုင္းေတာ့လဲဘာမွမေျပာေတာ့ဘူး။ UMEC မွာ Championဆုရပီး ေနာက္ပိုင္း အျပစ္လဲမျမင္ေတာ့ဘူး။ ဘယ္ေနရာမဆို ထိပ္ေရာက္ေအာင္ လုပ္လို႔ပဲေျပာေတာ့တယ္။

Ven with UMEC PUBGM Champion Prize

GN: PUBGM အျပင္တျခား ဘာ ဂိမ္းေတြေဆာ့ျဖစ္ေသးလဲ?

Ven: Mobile Legends :Bang Bang ေဆာ့တယ္။ Call Of Dutyနဲ႔ PPSPP Game (p1 emu) ေတြကို အေပ်ာ္ေဆာ့တယ္။ PC Game က အရင္က Dota2ေဆာ့တယ္။ ေနာက္ပိုင္း ဒီ Mobile Game ေတြက ဘယ္ေနရာမဆို ေကာင္းေကာင္းေဆာ့လို႔ရေတာ့ Mobile Game ဘက္ပဲေဆာ့ျဖစ္ေတာ့တယ္။

GN: ညီ့ရဲ႕ ပရိသတ္ေတြေရာ Claw Esports ပရိသတ္ေတြကိုပါ အမွတ္တရစကားေလး တစ္ခုခု ေျပာေပးပါဦး။

Ven: ကြၽန္ေတာ့ကို အားေပးေနၾကသူေတြေကာ Teammate ေတြကို အားေပးေနၾကသူေတြေကာ Clawကို အားေပးေနၾကသူေတြေကာ အကုန္လုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔။ ဆက္လက္ပီးအားေပးၾကပါ
စိတ္မပ်က္ေစရပါဘူးလို႔။ အခုၿပိဳင္ေနတဲ့Samsung A Leagueေကာ ေနာက္လာမဲ့ပြဲေတြကိုပါ အေကာင္းဆုံးႀကိဳးစားေဆာ့ကစားသြားပါမယ္လို႔ ။❤️

 

အခုလို အခ်ိန္ေပးၿပီး ေျဖၾကားေပးခဲ့တဲ့ Ven ကိုေရာ ခြင့္ျပဳေပးခဲ့တဲ့ Claw Esports ကိုေရာ Gaming Noodle မွ ေက်းဇူးတင္ရွိပါတယ္ ခင္ဗ်ာ။ လာမယ့္ ၿပိဳင္ပြဲေတြမွာလည္း ေအာင္ျမင္မႈတြ ရရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ခင္ဗ်ာ။