[Unicode]

MPL Myanmar Season (3) ချန်ပီယံ Burmese Ghouls MLBB မှ Kid နှင့် တွေ့ဆုံခြင်း

 

Gaming Noodle ပရိသတ်များအားလုံး မင်္ဂလာပါ ခင်ဗျာ။ Gaming Noodle ရဲ့ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ “Gamer Highlight” ကနေ ကြိုဆိုလိုက်ရပါတယ်။ Gamer Highlight အစီအစဉ်မှာတော့ ပြည်တွင်းပြည်ပက နာမည်ကြီး Professional Player တွေ, Coach တွေ, အသင်းပိုင်ရှင်တွေ၊ Caster နဲ့ Streamer တွေကို တွေ့ဆုံမေးမြန်းသွားမယ့် အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

ပထမဆုံး Episode (1) ကိုတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး Esports အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Burmese Ghouls ရဲ့ MLBB အသင်းက “Kid” နဲ့ တွေ့ဆုံ မေးမြန်းသွားမှာပါ။ မကြာသေးမီကပဲ MPL Myanmar ချန်ပီယံဆု ရရှိခဲ့သလို့ မကြာခင်ရက်ပိုင်းမှာလည်း MLBB World Championship M1 ကို မလေးရှားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်တော့မယ့် Kid ကတော့ MLBB Community ကြားမှာ ရေပန်းစားနေတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Credit: Burmese Ghouls

GamingNoodle : မင်္ဂလာပါ Kid ရေ။

Kid : မင်္ဂလာပါ ခင်ဗျာ။

GamingNoodle : Kid ရဲ့နာမည်ရင်းနဲ့ အသက်ကို ပြောပြပေးပါဦး။

Kid : ကျွန်တော့်နာမည်ရင်းက ဟိန်းမင်းသူပါ။ အသက်က ၁၅ နှစ်ရှိပါပြီဗျ။

GamingNoodle : Kid ရဲ့ လက်ရှိ ပညာရေးကရော။

Kid : လောလောဆယ်တော့ ဆယ်တန်းကို ခဏနားပြီး Gaming Career ကိုအာရုံစိုက်နေပါတယ်။ နောက်နှစ်တော့ ပြန်တက်ဖြစ်မှာပါခင်ဗျ။

GamingNoodle : MLBB ကိုဘာလို့ စပြီး ဆော့ဖြစ်ခဲ့တာလဲဗျ?

Kid : ကျွန်တော်က MOBA (Multiplayer Online Battle Arena) game တွေပိုစိတ်ဝင်စားလို့ပါခင်ဗျ။

GamingNoodle :Kid ဆိုတဲ့ In-game name ကို ဘယ်လိုပေးဖြစ်ခဲ့တာလဲ?

Kid : ကျွန်တော့်အရင် squad ဖြစ်တဲ့ Team Accident မှာ ကျွန်တော်က အငယ်ဆုံး player ဖြစ်နေတော့ kid လို့ပေးဖစ်သွားတာပါ။

GamingNoodle :ဘယ်အချိန်မှာ Professional ဆော့မယ်လို့ စပြီး စိတ်ကူးခဲ့လဲ?

Kid : Huawei nova champion Season1 အပြီးမှာပါ။

GamingNoodle :Professional ဘဝကို ဘယ်အသင်းနဲ့ စတင်ခဲ့လဲဗျ။ ဆော့ခဲ့ဖူးတဲ့အသင်းတွေကိုလည်းပြောပြပေးပါဦး။

Kid : Team Resolution, Maven Esport, Claw Esport တို့မှာ ဆော့ခဲ့ပါတယ်။

Credit: Claw Esports

GamingNoodle :Claw ကနေ BG ကို ဘာလို့ ပြောင်းလာတာလဲ?

Kid : ကျွန်တော်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု အတွက် အပြောင်းအလဲ လုပ်ခဲ့တာပါ၊ ဒါက ကျွန်တော့် အတွက် ဆုံးဖြတ်ချက်ချလိုက်တဲ့ အခါမှာ ကံဆိုး ကံကောင်းပဲဗျ၊ ကျွန်တော့်အိပ်မက်ဖြစ်တဲ့ champion ဖြစ်ဖို့ အသင်းပြောင်းခဲ့တယ်၊ ပီးတော့ နဂိုတည်းက BG အသင်းသားတွေနဲ့ ရင်းနှီးပြီးသား ဖြစ်နေတာလည်းပါပါတယ်။

GamingNoodle :BG မှာ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ အခြားအရင်က ဆော့ခဲ့တဲ့ အသင်းတွေကြားမှာ ကွာခြားမှုရှိလား?

Kid : Training တွေကို သေချာဂရုတစိုက်နဲ့ ဆော့ဖြစ် လာပါတယ်။

GamingNoodle :MPL Season 3 Myanmar အတွက် ဘယ်လို ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့လဲ?

Kid : အများကြီးပဲဗျ တော်တော်တော့ အချိန်ယူပြင်ဆင်ခဲ့ရပါတယ်၊ ပင်ပန်းသလို ပင်ပန်းတာနဲ့ ထိုက်တန်တဲ့ ရလဒ်လည်း ရရှိခဲ့လို့ ပျော်ပါတယ်။

Credit: MLBB-MM

GamingNoodle :မလေးရှား World Champion M1 ပွဲအတွက်ရော ဘာတွေ ပြင်ဆင်ထားလဲ?

Kid : Training တွေ ပြီးတော့ အခြားအသင်းတွေရဲ့ ပွဲတွေပြန်ကြည့်၊ လေ့လာသင့်တာ လေ့လာပြီး မြန်မာကိုယ်စားပြုအဖြစ်အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။

GamingNoodle :ပထမဆုံး နိုင်ငံခြား LAN Final ပွဲအတွက် ဘယ်လိုခံစားရလဲ?

Kid : လောလောဆယ်ကတော့ စိတ်လှုပ်ရှားနေတယ်၊ လုပ်နိုင်မယ်လို့လဲ ယုံကြည်ပါတယ်။

GamingNoodle :ညီက အသက်ငယ်ငယ်နဲ့ Professional ကစားသမားဖြစ်နေတာဆိုတော့ မိဘတွေကရော ဘယ်လို Support ပေးလဲ?

Kid : မိသားစု က ကျတော့ကို လိုအပ်တာ မှန်သမျှ support လုပ်ပေးပါတယ်။ အဲ့အတွက်လည်း ကျွန်တော့် မိဘတွေ ကိုနားလည်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျ။

GamingNoodle :မြန်မာနိုင်ငံရဲ့ လက်ရှိအကောင်းဆုံး mid player ဆိုပြီး ပရိသတ်တွေ သတ်မှတ်နေကြတဲ့အပေါ်ရော ဘယ်လိုမြင်လဲ?

Kid : ကျွန်တော်က တော့ ကိုယ်လုပ်နိုင်တာထက်ပိုပြီး အကောင်းဆုံးဆော့ပါတယ်၊ အကောင်းဆုံးလို့သတ်မှတ်ဖို့ ကျတော့ အသင်းရဲ့ အကောင်းဆုံး back up တွေ မရှိပဲ သတ်မှတ်လို့တော့ မရဘူးဗျ။

GamingNoodle : MLBB အပြင် တခြား ဘာဂိမ်းတွေဆော့ဖြစ်သေးလဲ?

Kid : Dota Underlords, Vainglory, Clash of Clan, Clash of Royals စတဲ့ ဂိမ်းတွေတော့ ဆော့ဖြစ်ပါတယ်။

GamingNoodle : ညီ့ရဲ့ ပရိသတ်တွေရော BG ပရိသတ်တွေကိုပါ အမှာစကားလေးပြောပေးပါဦး။

Kid : ကျွန်တာ့် ကိုအားပေးနေတဲ့ သူတွေရော အသင်းကိုအားပေးနေတဲ့ သူတွေရော ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော် M1 မှာ champion ရအောင် BG နဲ့ အတူ ကြိုးစားသွားပြီး ပါမယ်လို့လည်း ကတိပြုပါတယ် ခင်ဗျာ။

Credit : MLBB-MM

အခုလို အချိန်ပေးပြီ ဖြေကြားပေးတဲ့ Kid နဲ့ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ရမယ့် Burmese Ghouls MLBB တစ်သင်းလုံးကို World Championship ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရလာပါစေလို့ ကျွန်တော်တို့ Gaming Noodle မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ။

 


[Zawgyi]

MPL Myanmar Season (3) ခ်န္ပီယံ Burmese Ghouls MLBB မွ Kid ႏွင့္ ေတြ႕ဆုံျခင္း

Gaming Noodle ပရိသတ္မ်ားအားလုံး မဂၤလာပါ ခင္ဗ်ာ။ Gaming Noodle ရဲ႕ အစီအစဥ္သစ္တစ္ခုျဖစ္တဲ့ “Gamer Highlight” ကေန ႀကိဳဆိုလိုက္ရပါတယ္။ Gamer Highlight အစီအစဥ္မွာေတာ့ ျပည္တြင္းျပည္ပက နာမည္ႀကီး Professional Player ေတြ, Coach ေတြ, အသင္းပိုင္ရွင္ေတြ၊ Caster နဲ႔ Streamer ေတြကို ေတြ႕ဆုံေမးျမန္းသြားမယ့္ အစီအစဥ္တစ္ခုပဲ ျဖစ္ပါတယ္။

ပထမဆုံး Episode (1) ကိုေတာ့ ျမန္မာႏိုင္ငံရဲ႕ အေအာင္ျမင္ဆုံး Esports အဖြဲ႕အစည္း တစ္ခုျဖစ္တဲ့ Burmese Ghouls ရဲ႕ MLBB အသင္းက “Kid” နဲ႔ ေတြ႕ဆုံ ေမးျမန္းသြားမွာပါ။ မၾကာေသးမီကပဲ MPL Myanmar ခ်န္ပီယံဆု ရရွိခဲ့သလို႔ မၾကာခင္ရက္ပိုင္းမွာလည္း MLBB World Championship M1 ကို မေလးရွားႏိုင္ငံမွာ သြားေရာက္ယွဥ္ၿပိဳင္ေတာ့မယ့္ Kid ကေတာ့ MLBB Community ၾကားမွာ ေရပန္းစားေနတဲ့ ကစားသမားတစ္ဦးပဲ ျဖစ္ပါတယ္။

Credit: Burmese Ghouls

 

GamingNoodle : မဂၤလာပါ Kid ေရ။

Kid : မဂၤလာပါ ခင္ဗ်ာ။

GamingNoodle : Kid ရဲ႕နာမည္ရင္းနဲ႔ အသက္ကို ေျပာျပေပးပါဦး။

Kid : ကြၽန္ေတာ့္နာမည္ရင္းက ဟိန္းမင္းသူပါ။ အသက္က ၁၅ ႏွစ္ရွိပါၿပီဗ်။

GamingNoodle : Kid ရဲ႕ လက္ရွိ ပညာေရးကေရာ။

Kid : ေလာေလာဆယ္ေတာ့ ဆယ္တန္းကို ခဏနားၿပီး Gaming Career ကိုအာ႐ုံစိုက္ေနပါတယ္။ ေနာက္ႏွစ္ေတာ့ ျပန္တက္ျဖစ္မွာပါခင္ဗ်။

GamingNoodle : MLBB ကိုဘာလို႔ စၿပီး ေဆာ့ျဖစ္ခဲ့တာလဲဗ်?

Kid : ကြၽန္ေတာ္က MOBA (Multiplayer Online Battle Arena) game ေတြပိုစိတ္ဝင္စားလို႔ပါခင္ဗ်။

GamingNoodle :Kid ဆိုတဲ့ In-game name ကို ဘယ္လိုေပး​​ျဖစ္ခဲ့တာလဲ?

Kid : ကြၽန္ေတာ့္အရင္ squad ျဖစ္တဲ့ Team Accident မွာ ကြၽန္ေတာ္က အငယ္ဆုံး player ျဖစ္ေနေတာ့ kid လို႔ေပးဖစ္သြားတာပါ။

GamingNoodle :ဘယ္အခ်ိန္မွာ Professional ေဆာ့မယ္လို႔ စ​ၿပီး စိတ္ကူးခဲ့လဲ?

Kid : Huawei nova champion Season1 ​အၿပီးမွာပါ။

GamingNoodle :Professional ဘဝကို ဘယ္အသင္းနဲ႔ စတင္ခဲ့လဲဗ်။ ေဆာ့ခဲ့ဖူးတဲ့အသင္းေတြကိုလည္းေျပာျပေပးပါဦး။

Kid : Team Resolution, Maven Esport, Claw Esport တို႔မွာ ေဆာ့ခဲ့ပါတယ္။

Credit: Claw Esports

GamingNoodle :Claw ကေန BG ကို ဘာလို႔ ေျပာင္းလာတာလဲ?

Kid : ကြၽန္ေတာ္ျဖစ္ခ်င္တဲ့ ဆႏၵတစ္ခု အတြက္ အေျပာင္းအလဲ လုပ္ခဲ့တာပါ၊ ဒါက ကြၽန္ေတာ့္ အတြက္ ဆုံးျဖတ္ခ်က္ခ်လိုက္တဲ့ အခါမွာ ကံဆိုး ကံေကာင္းပဲဗ်၊ ကြၽန္ေတာ့္အိပ္မက္ျဖစ္တဲ့ champion ​ျဖစ္ဖို႔ အသင္းေျပာင္းခဲ့တယ္၊ ပီးေတာ့ နဂိုတည္းက BG အသင္းသားေတြနဲ႔ ရင္းႏွီး​ၿပီးသား ျဖစ္ေနတာလည္းပါပါတယ္။

GamingNoodle :BG မွာ ႀကဳံေတြ႕ေနရတဲ့ အေျခအေနနဲ႔ အျခားအရင္က ေဆာ့ခဲ့တဲ့ အသင္းေတြၾကားမွာ ကြာျခားမႈရွိလား?

Kid : Training ေတြကို ေသခ်ာဂ႐ုတစိုက္နဲ႔ ေဆာ့ျဖစ္ လာပါတယ္။

GamingNoodle :MPL Season 3 Myanmar အတြက္ ဘယ္လို ျပင္ဆင္မႈေတြ ျပဳလုပ္ခဲ့လဲ?

Kid : အမ်ားႀကီးပဲဗ် ေတာ္ေတာ္ေတာ့ အခ်ိန္ယူျပင္ဆင္ခဲ့ရပါတယ္၊ ပင္ပန္းသလို ပင္ပန္းတာနဲ႔ ထိုက္တန္တဲ့ ရလဒ္လည္း ရရွိခဲ့လို႔ ေပ်ာ္ပါတယ္။

Credit: MLBB-MM

GamingNoodle :မေလးရွား World Champion M1 ပြဲအတြက္ေရာ ဘာေတြ ျပင္ဆင္ထားလဲ?

Kid : Training ေတြ ၿပီးေတာ့ အျခားအသင္းေတြရဲ႕ ပြဲေတြျပန္ၾကည့္၊ ေလ့လာသင့္တာ ေလ့လာၿပီး ျမန္မာကိုယ္စားျပဳအျဖစ္အေကာင္းဆုံး ယွဥ္ၿပိဳင္သြားမွာပါ။

GamingNoodle :ပထမဆုံး ႏိုင္ငံျခား LAN Final ပြဲအတြက္ ဘယ္လိုခံစားရလဲ?

Kid : ေလာေလာဆယ္ကေတာ့ စိတ္လႈပ္ရွားေနတယ္၊ လုပ္ႏိုင္မယ္လို႔လဲ ယုံၾကည္ပါတယ္။

GamingNoodle :ညီက အသက္ငယ္ငယ္နဲ႔ Professional ကစားသမားျဖစ္ေနတာဆိုေတာ့ မိဘေတြကေရာ ဘယ္လို Support ေပးလဲ?

Kid : မိသားစု က က်ေတာ့ကို လိုအပ္တာ မွန္သမွ် support လုပ္ေပးပါတယ္။ အဲ့အတြက္လည္း ကြၽန္ေတာ့္ မိဘေတြ ကိုနားလည္ေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ေျပာခ်င္ပါတယ္ခင္ဗ်။

GamingNoodle :ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေကာင္းဆုံး mid player ဆိုၿပီး ပရိသတ္ေတြ သတ္မွတ္ေနၾကတဲ့အေပၚေရာ ဘယ္လိုျမင္လဲ?

Kid : ကြၽန္ေတာ္က ေတာ့ ကိုယ္လုပ္ႏိုင္တာထက္ပိုၿပီး အေကာင္းဆုံးေဆာ့ပါတယ္၊ အေကာင္းဆုံးလို႔သတ္မွတ္ဖို႔ က်ေတာ့ အသင္းရဲ႕ အေကာင္းဆုံး back up ေတြ မရွိပဲ သတ္မွတ္လို႔ေတာ့ မရဘူးဗ်။

GamingNoodle : MLBB အျပင္ တျခား ဘာဂိမ္းေတြေဆာ့ျဖစ္ေသးလဲ?

Kid : Dota Underlords, Vainglory, Clash of Clan, Clash of Royals စတဲ့ ဂိမ္းေတြေတာ့ ေဆာ့ျဖစ္ပါတယ္။

GamingNoodle : ညီ့ရဲ႕ ပရိသတ္ေတြေရာ BG ပရိသတ္ေတြကိုပါ အမွာစကားေလးေျပာေပးပါဦး။

Kid : ကြၽန္တာ့္ ကိုအားေပးေနတဲ့ သူေတြေရာ အသင္းကိုအားေပးေနတဲ့ သူေတြေရာ ေက်းဇူးအရမ္းတင္ပါတယ္။ ကြၽန္ေတာ္ M1 မွာ champion ရေအာင္ BG နဲ႔ အတူ ႀကိဳးစားသြားၿပီး ပါမယ္လို႔လည္း ကတိျပဳပါတယ္ ခင္ဗ်ာ။

Credit : MLBB-MM

အခုလို အခ်ိန္ေပးၿပီ ေျဖၾကားေပးတဲ့ Kid နဲ႔ ျမန္မာကိုယ္စားျပဳ ယွဥ္ၿပိဳင္ရမယ့္ Burmese Ghouls MLBB တစ္သင္းလုံးကို World Championship ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈေတြ ရလာပါ​ေစလို႔ ကြၽန္ေတာ္တို႔ Gaming Noodle မွ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္ ခင္ဗ်ာ။