[Unicode]

ဂိမ်းကစားတဲ့ ဝင်ငွေနဲ့ 2020 ထုတ် Ford Mustang ကားသစ် ဝယ်စီးနိုင်ခဲ့တဲ့ Gamer

 

ဂိမ်းကစားခြင်းမှာ ဝါသနာထုံတဲ့ ငယ်ရွယ်သူများကို ယင်းတို့ရဲ့ မိဘများနဲ့ မိသားစုဝင်များက ဆူပူပြောဆို ပိတ်ပင်လေ့ရှိပါတယ်။ ဒီလိုပိတ်ပင်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဂိမ်းကစားခြင်းဟာ ဘဝအနာဂတ်အတွက် အကျိုးမရှိကြောင်း ထင်မြင်ယူဆနေကြတဲ့ ခေတ်ဟောင်းအတွေးအခေါ်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မျက်မှောက်ခေတ် Esports လောကမှာတော့ ဂိမ်းကစားခြင်းကနေ ငွေကြေးအမြောက်အများ ရရှိပြီး ချမ်းသာကြွယ်ဝသူများ အထင်အရှား ပေါ်ပေါက်လို့ နေပါပြီ။ မိုဘိုင်းလ် Esports လောကမှာ ဂိမ်းကစားခြင်းကနေ ဝင်ငွေအမြောက်အများ ရရှိနေကြောင်း သက်သေပြလိုက်သူကတော့ အသက် ၂၇ နှစ်အရွယ် မလေးရှားနိုင်ငံသား Faris Zakaria ပါ။

 

Soloz လို့လည်း လူသိများကြတဲ့ Faris ဟာ MLBB နဲ့ PUBG ဂိမ်းများကို stream လွှင့် ကစားပြလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သူရဲ့ facebook စာမျက်နှာဟာ follower ပေါင်း ၈ သိန်းခွဲကျော် ရရှိထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်မှာ ပြုလုပ်ခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာလည်း Faris ပါဝင်တဲ့ မလေးရှား MLBB အသင်းဟာ ကြေးတံဆိပ် ဆွတ်ခူးခဲ့ဖူးပါတယ်။ ယင်းမလေးရှားကိုယ်စားပြုအသင်းရဲ့ အမည်ကတော့ Team Bosskurr ဖြစ်ပြီး အမိနိုင်ငံအတွက် ဆုတံဆိပ်ရယူဂုဏ်ဆောင်ပေးနိုင်ခဲ့တဲ့နောက်ပိုင်းမှာ Faris ကို ပိုမိုလူသိများလာကြတာပါ။

လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းကတော့ Faris ဟာ ကားအရောင်းပြခန်းတစ်ခုကနေ Ford Mustang GT500 အနီရောင်ကားတစ်စီးကို ဝယ်ယူခဲ့ပြီးနောက် ဓာတ်ပုံများကို ဆိုရှယ်မီဒီယာများပေါ်မှာ တင်ခဲ့ပါတယ်။ ကာလပေါက်ဈေး ကန်ဒေါ်လာ ၇ သောင်းခွဲကျော် တန်ဖိုးရှိတဲ့ ယင်းမော်ဒယ်မြင့်ကားကို Faris ဟာ ဂိမ်းကစားခြင်းနဲ့ stream လွှင့်ခြင်းတို့ကနေ ရရှိတဲ့ ဝင်ငွေများနဲ့ ဝယ်ယူခဲ့တာဖြစ်လို့ ပရိသတ်အများ အံ့အားသင့်ခဲ့ကြရပါတယ်။

အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများမှာ Esports ဂိမ်းကစားခြင်းကနေ ဝင်ငွေများစွာ ရရှိခြင်းဟာ မထူးဆန်းလှပေမယ့် အရှေ့တောင်အာရှနိုင်ငံများကနေ Faris လို ငွေကြေးချမ်းသာကြွယ်ဝတဲ့ မိုဘိုင်းလ် gamer များ ပေါ်ထွက်လာနိုင်ခြင်းဟာ ထူးခြားပါတယ်။ အရှေ့တောင်အာရှရဲ့ မိုဘိုင်းလ် Esports လောကဟာ ထင်ထားတာထက် တိုးတက်လာနေကြောင်းကို သိသာထင်ရှားစေတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ ဂိမ်းကစားခြင်းဟာ ဝင်ငွေအမြောက်အများ ရရှိတဲ့ အလုပ်တစ်ခုဖြစ်လာနိုင်ပြီး ဘဝအနာဂတ်အတွက် အကျိုးရှိလာစေနိုင်ကြောင်းကို ယခုဖြစ်ရပ်လေးက သက်သေပြလျက် ရှိပါတယ်။ ကားအသစ်ရရှိပြီး ပျော်ရွှင်နေတဲ့ Faris တစ်ယောက် ဂိမ်းများ ကြိုးစားပမ်းစား ကစားနေတာကို ပရိသတ်များ ဆက်လက်မြင်တွေ့နေကြရဦးမှာလည်း အသေအချာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: worldofbuzz


[ZawGyi]

ဂိမ္းကစားတဲ့ ဝင္ေငြနဲ႔ 2020 ထုတ္ Ford Mustang ကားသစ္ ဝယ္စီးႏိုင္ခဲ့တဲ့ Gamer

 

ဂိမ္းကစားျခင္းမွာ ဝါသနာထုံတဲ့ ငယ္႐ြယ္သူမ်ားကို ယင္းတို႔ရဲ႕ မိဘမ်ားနဲ႔ မိသားစုဝင္မ်ားက ဆူပူေျပာဆို ပိတ္ပင္ေလ့ရွိပါတယ္။ ဒီလိုပိတ္ပင္ရျခင္းရဲ႕ အဓိကအေၾကာင္းရင္းကေတာ့ ဂိမ္းကစားျခင္းဟာ ဘဝအနာဂတ္အတြက္ အက်ိဳးမရွိေၾကာင္း ထင္ျမင္ယူဆေနၾကတဲ့ ေခတ္ေဟာင္းအေတြးအေခၚေၾကာင့္ပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ မ်က္ေမွာက္ေခတ္ Esports ေလာကမွာေတာ့ ဂိမ္းကစားျခင္းကေန ေငြေၾကးအေျမာက္အမ်ား ရရွိၿပီး ခ်မ္းသာႂကြယ္ဝသူမ်ား အထင္အရွား ေပၚေပါက္လို႔ ေနပါၿပီ။ မိုဘိုင္းလ္ Esports ေလာကမွာ ဂိမ္းကစားျခင္းကေန ဝင္ေငြအေျမာက္အမ်ား ရရွိေနေၾကာင္း သက္ေသျပလိုက္သူကေတာ့ အသက္ ၂၇ ႏွစ္အ႐ြယ္ မေလးရွားႏိုင္ငံသား Faris Zakaria ပါ။

 

Soloz လို႔လည္း လူသိမ်ားၾကတဲ့ Faris ဟာ MLBB နဲ႔ PUBG ဂိမ္းမ်ားကို stream လႊင့္ ကစားျပေလ့ရွိသူတစ္ဦးျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ သူရဲ႕ facebook စာမ်က္ႏွာဟာ follower ေပါင္း ၈ သိန္းခြဲေက်ာ္ ရရွိထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ဖိလစ္ပိုင္မွာ ျပဳလုပ္ခဲ့တဲ့ ဆီးဂိမ္းၿပိဳင္ပြဲမွာလည္း Faris ပါဝင္တဲ့ မေလးရွား MLBB အသင္းဟာ ေၾကးတံဆိပ္ ဆြတ္ခူးခဲ့ဖူးပါတယ္။ ယင္းမေလးရွားကိုယ္စားျပဳအသင္းရဲ႕ အမည္ကေတာ့ Team Bosskurr ျဖစ္ၿပီး အမိႏိုင္ငံအတြက္ ဆုတံဆိပ္ရယူဂုဏ္ေဆာင္ေပးႏိုင္ခဲ့တဲ့ေနာက္ပိုင္းမွာ Faris ကို ပိုမိုလူသိမ်ားလာၾကတာပါ။

လြန္ခဲ့တဲ့ရက္အနည္းငယ္အတြင္းကေတာ့ Faris ဟာ ကားအေရာင္းျပခန္းတစ္ခုကေန Ford Mustang GT500 အနီေရာင္ကားတစ္စီးကို ဝယ္ယူခဲ့ၿပီးေနာက္ ဓာတ္ပုံမ်ားကို ဆိုရွယ္မီဒီယာမ်ားေပၚမွာ တင္ခဲ့ပါတယ္။ ကာလေပါက္ေဈး ကန္ေဒၚလာ ၇ ေသာင္းခြဲေက်ာ္ တန္ဖိုးရွိတဲ့ ယင္းေမာ္ဒယ္ျမင့္ကားကို Faris ဟာ ဂိမ္းကစားျခင္းနဲ႔ stream လႊင့္ျခင္းတို႔ကေန ရရွိတဲ့ ဝင္ေငြမ်ားနဲ႔ ဝယ္ယူခဲ့တာျဖစ္လို႔ ပရိသတ္အမ်ား အံ့အားသင့္ခဲ့ၾကရပါတယ္။

အထူးသျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ၿပီးႏိုင္ငံမ်ားမွာ Esports ဂိမ္းကစားျခင္းကေန ဝင္ေငြမ်ားစြာ ရရွိျခင္းဟာ မထူးဆန္းလွေပမယ့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားကေန Faris လို ေငြေၾကးခ်မ္းသာႂကြယ္ဝတဲ့ မိုဘိုင္းလ္ gamer မ်ား ေပၚထြက္လာႏိုင္ျခင္းဟာ ထူးျခားပါတယ္။ အေရွ႕ေတာင္အာရွရဲ႕ မိုဘိုင္းလ္ Esports ေလာကဟာ ထင္ထားတာထက္ တိုးတက္လာေနေၾကာင္းကို သိသာထင္ရွားေစတဲ့အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။

မည္သို႔ပင္ျဖစ္ေစ ဂိမ္းကစားျခင္းဟာ ဝင္ေငြအေျမာက္အမ်ား ရရွိတဲ့ အလုပ္တစ္ခုျဖစ္လာႏိုင္ၿပီး ဘဝအနာဂတ္အတြက္ အက်ိဳးရွိလာေစႏိုင္ေၾကာင္းကို ယခုျဖစ္ရပ္ေလးက သက္ေသျပလ်က္ ရွိပါတယ္။ ကားအသစ္ရရွိၿပီး ေပ်ာ္႐ႊင္ေနတဲ့ Faris တစ္ေယာက္ ဂိမ္းမ်ား ႀကိဳးစားပမ္းစား ကစားေနတာကို ပရိသတ္မ်ား ဆက္လက္ျမင္ေတြ႕ေနၾကရဦးမွာလည္း အေသအခ်ာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: worldofbuzz