[Unicode]

ငယ်ငယ်က ဆော့ခဲ့တဲ့ Bomberman ဂိမ်းရဲ့ Battle Royale ဗားရှင်း Bombergrounds

 

ထွက်ထားတာ မကြာသေးတဲ့အပြင် ဖုန်းတွေ (Android & iOS) ရော PC (Steam) မှာပါ Free ကစားနိုင်တဲ့ ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

ငယ်ငယ်က Family ဂိမ်းခေတ်လောက်တည်းက ဆော့လာခဲ့တဲ့ Bomberman ဂိမ်းကို မှတ်မိကြလားဗျ? နင်တန်းဒိုးလို့ခေါ်ကြတဲ့ SNES မှာတော့ အကောင်သေးသေးလေးတွေနဲ့ ဗုံးတွေထောင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ရတဲ့ ဂိမ်းအမျိုးအစားလေးပေါ့။

အခု အဲဒီ Bomberman ဂိမ်းဟာ Battle Royale အမျိုးအစားအနေနဲ့ Bombergrounds: Battle Royale ဆိုပြီး ပြန်လည် ရောက်ရှိလာပြန်ပါပြီ။

Gameplay

Bomberman ကို မြေပုံကြီးကြီးတစ်ခုမှာ လူ ၂၅ ယောက် ပြိုင်တူ Online ဆော့ရတာပါ။ Battle Royale Mode ဆိုတဲ့အတိုင်း စစခြင်း မြေပုံ့ပေါ်မှာ Random ကျလာမယ်။ အချင်းချင်း ဗုံးထောင်ပြီး သတ်ရမယ်။ မြေပုံကလည်း တဖြည်းဖြည်း ကျဉ်းလာမယ် (ကျဉ်းလာတော့မယ့် မြေကြီးအရောင်တွေက တဖြည်းဖြည်း မည်းလာပြီး ကြွေကျသွားတာပါ)။ SNES တုန်းကတော့ အချိန်စေ့ရင် ဘေးမှာ Block တွေကျလာပြီး အလယ်ကိုပြေးဝင်ကြရတာပေါ့။

တစ်ယောက်ခြင်းသာမက Party ဆော့နိုင်ပြီး စုစုပေါင်း (၃) ယောက်အထိ တွဲဆော့နိုင်ပါတယ်။ Battle Royale Mode ဆိုတဲ့အတိုင်း နောက်ဆုံးကျန်တဲ့တစ်ယောက်က အနိုင်ရရှိမှာ ဖြစ်ပါတယ်။

Character

Character လေးတွေအနေနဲ့ ချစ်စရာ ဝက်ဝံ၊ ယုန်နဲ့ ကြောင် (၃) မျိုးထဲကရွေးချယ်နိုင်ပြီး သူတို့ရဲ့ ဝတ်စုံတွေ လက်နက်တွေ ဗုံးတွေကို ဝယ်ယူ အလှဆင်နိုင်ပါတယ်။ မဝယ်ယူလိုဘူးဆိုရင်လည်း ပွဲဆော့တိုင်းရတဲ့ Gold Coin တွေကို အခု (၁၅၀) စုပြီး Basic Treasure Chest ဖောက်လို့ရပါတယ်။ အဲဒီထဲကနေ တပ်ဆင်ရမယ့် အလှအပ ပစ္စည်းတွေအပြင် Emoji တွေ အကောင်လေးတွေရဲ့ Facial Expression တွေပါ ပေါက်ပါတယ်။

Battle Pass လည်းထည့်သွင်းထားပေမယ့် အခုထိတော့ မဝယ်ယူနိုင်သေးပါဘူး။ Battle Pass ကနေ သင့် Character အတွက် အလှဆင်ပစ္စည်းတွေ ရရှိနိုင်မယ်လို့ တရားဝင် website မှာ ဖော်ပြထားပါတယ်။

ထူးခြားချက်

သမာရိုးကျ Bomberman ဂိမ်းတွေနဲ့ မတူတဲ့အချက်က ရိုက်စရာလက်နက်တစ်ခုပါဝင်တာပါ။ အဲဒီလက်နက်နဲ့ အချင်းချင်းရိုက်ရင် ခဏတာ မူးဝေသွားစေပါတယ်။ ဗုံးတွေကိုလည်း ရိုက်ထုတ်လို့ရပြီး အဝေးရောက်ရန်သူတွေကို ဗုံးတွေနဲ့ ကန်ထုတ်ပေါက်ကွဲစေပါတယ်။ ဒါဟာ ၂၅ ယောက်တူတူဆော့ရတဲ့ Bombergrounds ကို ပိုပျော်စရာကောင်းပြီး ပြိုင်ဆိုင်မှု ပြင်းထန်သွားစေတဲ့ အချက်တစ်ချက်ပါပဲ။

ဒါ့အပြင် ပွဲအတွင်းမှာလည်း သစ်သား Box လေးတွေပါရှိပါတယ်။ အဲဒီ Box လေးကိုဖောက်ခွဲလိုက်ရင် Power လေးတွေရယ် Star လေးတွေရယ် ကျလာပါမယ်။ ဖိနပ်ပုံစံ Power လေးကို စားလိုက်ရင် သင့်ရဲ့ Movement Speed ကို မြန်စေမှာဖြစ်ပြီး ဒိုင်းပုံစံ Power လေးကိုစားလိုက်ရင်တော့ သင့်ကို ဗုံးဒါဏ်ကနေ ကာကွယ်ပေးမယ့် Shield တစ်ခု ရရှိစေမှာပါ။ Star တွေကိုစားရင် သင့် Level တက်တာပိုမြန်စေပြီး Gold Coin တွေ ပိုရစေမှာပါ။

အနှစ်ချုပ်

Bombergrounds ဟာ လူတော်တော်များများ သိပြီးသား Bomberman ဂိမ်းကို Battle Royale ပုံစံလုပ်ထားတဲ့အတွက် လူကြီးလူငယ်မရွေးဆော့ပျော်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Character လေးတွေကလည်း ချစ်စရာကောင်းတဲ့အပြင် Gameplay ကလည်း အရမ်းကြီးလွယ်ကူပါတယ်။

Graphic လိုအပ်ချက်နိမ့်ပေမယ့် ရုပ်ထွက်ကတော့ ကြည့်လို့ရှုလို့ အဆင်ပြေပါတယ်။ တော်တန်ရုံ ဖုန်းတို့ PC တို့မှာ အထစ်အငေါ့မရှိပဲ ဆော့ကစားနိုင်မှာပါ။

အားနည်းချက်တစ်ခုကို ထောက်ပြရမယ်ဆိုရင် တစ်ပွဲနဲ့တစ်ပွဲ အရမ်းမြန်တာပါပဲ။ စဆော့ဆော့ချင်းဆို ၅-၁၀ စက္ကန့်လောက်နဲ့တင် ဘာမှန်းမသိပဲ သေသွားနိုင်ပါတယ်။ တကယ်ကျွမ်းကျင်ပြီး Champion ဖြစ်သွားရင်တောင်မှ တစ်ပွဲကို ၂-၃ မိနစ်လောက်ပဲ ကြာတက်ပါတယ်။ ဒါပေမယ့် ဆော့တဲ့သူများနေတဲ့အတွက် တစ်ပွဲပြီးတစ်ပွဲ ရှာတဲ့အချိန်ကတော့ မြန်ဆန်ပါတယ်။

ဘယ်ကနေ ဒေါင်းလုပ် လုပ်နိုင်လဲ?

Android ဖုန်းတွေအတွက်ကတော့ Play Store မှာ တရားဝင် Free Download လုပ်နိုင်ပြီး apkpure ကနေလည်း ရယူနိုင်ပါတယ်။ iPhone သမားတွေအနေနဲ့လည်း App Store ကနေ Free ရယူနိုငိပါတယ်။ PC သမားတွေအနေနဲ့လည်း Steam ကနေ Free Download ရယူနိုင်ပါတယ်။ File Size ကလည်း Mobile အတွက်ဆိုရင် 50 MB ပဲရှိပါတယ်။

Bombergrounds ဟာ သူငယ်ချင်းတွေနဲ့ဖြစ်စေ မိသားစုနဲ့ဖြစ်စေ အတူဆော့လို့ကောင်းတဲ့ ဂိမ်းတစ်မျိုးဖြစ်လို့ COVID-19 ကြောင့် အိမ်တွင်းအောင်နေသူတွေလည်း အပျင်းပြေစေနိုင်ပါတယ်။ COVID-19 ဖြစ်ပွားနေပေမယ့်လည်း Gaming Noodle ကနေ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာအသစ်တွေကို တင်ဆက်ပေးသွားဦးမှာမလို့ စောင့်မျှော်ကြည့်ရှုပေးကြပါ ခင်ဗျာ။


[ZawGyi]

ငယ္ငယ္က ေဆာ့ခဲ့တဲ့ Bomberman ဂိမ္းရဲ႕ Battle Royale ဗားရွင္း Bombergrounds

 

ထြက္ထားတာ မၾကာေသးတဲ့အျပင္ ဖုန္းေတြ (Android & iOS) ေရာ PC (Steam) မွာပါ Free ကစားႏိုင္တဲ့ ဂိမ္းေလးတစ္ခုနဲ႔ မိတ္ဆက္ေပးပါရေစ။

ငယ္ငယ္က Family ဂိမ္းေခတ္ေလာက္တည္းက ေဆာ့လာခဲ့တဲ့ Bomberman ဂိမ္းကို မွတ္မိၾကလားဗ်? နင္တန္းဒိုးလို႔ေခၚၾကတဲ့ SNES မွာေတာ့ အေကာင္ေသးေသးေလးေတြနဲ႔ ဗုံးေတြေထာင္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ၿပိဳင္ဆိုင္ရတဲ့ ဂိမ္းအမ်ိဳးအစားေလးေပါ့။

အခု အဲဒီ Bomberman ဂိမ္းဟာ Battle Royale အမ်ိဳးအစားအေနနဲ႔ Bombergrounds: Battle Royale ဆိုၿပီး ျပန္လည္ ေရာက္ရွိလာျပန္ပါၿပီ။

Gameplay

Bomberman ကို ေျမပုံႀကီးႀကီးတစ္ခုမွာ လူ ၂၅ ေယာက္ ၿပိဳင္တူ Online ေဆာ့ရတာပါ။ Battle Royale Mode ဆိုတဲ့အတိုင္း စစျခင္း ေျမပုံ႔ေပၚမွာ Random က်လာမယ္။ အခ်င္းခ်င္း ဗုံးေထာင္ၿပီး သတ္ရမယ္။ ေျမပုံကလည္း တျဖည္းျဖည္း က်ဥ္းလာမယ္ (က်ဥ္းလာေတာ့မယ့္ ေျမႀကီးအေရာင္ေတြက တျဖည္းျဖည္း မည္းလာၿပီး ေႂကြက်သြားတာပါ)။ SNES တုန္းကေတာ့ အခ်ိန္ေစ့ရင္ ေဘးမွာ Block ေတြက်လာၿပီး အလယ္ကိုေျပးဝင္ၾကရတာေပါ့။

တစ္ေယာက္ျခင္းသာမက Party ေဆာ့ႏိုင္ၿပီး စုစုေပါင္း (၃) ေယာက္အထိ တြဲေဆာ့ႏိုင္ပါတယ္။ Battle Royale Mode ဆိုတဲ့အတိုင္း ေနာက္ဆုံးက်န္တဲ့တစ္ေယာက္က အႏိုင္ရရွိမွာ ျဖစ္ပါတယ္။

Character

Character ေလးေတြအေနနဲ႔ ခ်စ္စရာ ဝက္ဝံ၊ ယုန္နဲ႔ ေၾကာင္ (၃) မ်ိဳးထဲကေ႐ြးခ်ယ္ႏိုင္ၿပီး သူတို႔ရဲ႕ ဝတ္စုံေတြ လက္နက္ေတြ ဗုံးေတြကို ဝယ္ယူ အလွဆင္ႏိုင္ပါတယ္။ မဝယ္ယူလိုဘူးဆိုရင္လည္း ပြဲေဆာ့တိုင္းရတဲ့ Gold Coin ေတြကို အခု (၁၅၀) စုၿပီး Basic Treasure Chest ေဖာက္လို႔ရပါတယ္။ အဲဒီထဲကေန တပ္ဆင္ရမယ့္ အလွအပ ပစၥည္းေတြအျပင္ Emoji ေတြ အေကာင္ေလးေတြရဲ႕ Facial Expression ေတြပါ ေပါက္ပါတယ္။

Battle Pass လည္းထည့္သြင္းထားေပမယ့္ အခုထိေတာ့ မဝယ္ယူႏိုင္ေသးပါဘူး။ Battle Pass ကေန သင့္ Character အတြက္ အလွဆင္ပစၥည္းေတြ ရရွိႏိုင္မယ္လို႔ တရားဝင္ website မွာ ေဖာ္ျပထားပါတယ္။

ထူးျခားခ်က္

သမာ႐ိုးက် Bomberman ဂိမ္းေတြနဲ႔ မတူတဲ့အခ်က္က ႐ိုက္စရာလက္နက္တစ္ခုပါဝင္တာပါ။ အဲဒီလက္နက္နဲ႔ အခ်င္းခ်င္း႐ိုက္ရင္ ခဏတာ မူးေဝသြားေစပါတယ္။ ဗုံးေတြကိုလည္း ႐ိုက္ထုတ္လို႔ရၿပီး အေဝးေရာက္ရန္သူေတြကို ဗုံးေတြနဲ႔ ကန္ထုတ္ေပါက္ကြဲေစပါတယ္။ ဒါဟာ ၂၅ ေယာက္တူတူေဆာ့ရတဲ့ Bombergrounds ကို ပိုေပ်ာ္စရာေကာင္းၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္သြားေစတဲ့ အခ်က္တစ္ခ်က္ပါပဲ။

ဒါ့အျပင္ ပြဲအတြင္းမွာလည္း သစ္သား Box ေလးေတြပါရွိပါတယ္။ အဲဒီ Box ေလးကိုေဖာက္ခြဲလိုက္ရင္ Power ေလးေတြရယ္ Star ေလးေတြရယ္ က်လာပါမယ္။ ဖိနပ္ပုံစံ Power ေလးကို စားလိုက္ရင္ သင့္ရဲ႕ Movement Speed ကို ျမန္ေစမွာျဖစ္ၿပီး ဒိုင္းပုံစံ Power ေလးကိုစားလိုက္ရင္ေတာ့ သင့္ကို ဗုံးဒါဏ္ကေန ကာကြယ္ေပးမယ့္ Shield တစ္ခု ရရွိေစမွာပါ။ Star ေတြကိုစားရင္ သင့္ Level တက္တာပိုျမန္ေစၿပီး Gold Coin ေတြ ပိုရေစမွာပါ။

အႏွစ္ခ်ဳပ္

Bombergrounds ဟာ လူေတာ္ေတာ္မ်ားမ်ား သိၿပီးသား Bomberman ဂိမ္းကို Battle Royale ပုံစံလုပ္ထားတဲ့အတြက္ လူႀကီးလူငယ္မေ႐ြးေဆာ့ေပ်ာ္တဲ့ ဂိမ္းတစ္ခုျဖစ္ပါတယ္။ Character ေလးေတြကလည္း ခ်စ္စရာေကာင္းတဲ့အျပင္ Gameplay ကလည္း အရမ္းႀကီးလြယ္ကူပါတယ္။

Graphic လိုအပ္ခ်က္နိမ့္ေပမယ့္ ႐ုပ္ထြက္ကေတာ့ ၾကည့္လို႔ရႈလို႔ အဆင္ေျပပါတယ္။ ေတာ္တန္႐ုံ ဖုန္းတို႔ PC တို႔မွာ အထစ္အေငါ့မရွိပဲ ေဆာ့ကစားႏိုင္မွာပါ။

အားနည္းခ်က္တစ္ခုကို ေထာက္ျပရမယ္ဆိုရင္ တစ္ပြဲနဲ႔တစ္ပြဲ အရမ္းျမန္တာပါပဲ။ စေဆာ့ေဆာ့ခ်င္းဆို ၅-၁၀ စကၠန႔္ေလာက္နဲ႔တင္ ဘာမွန္းမသိပဲ ေသသြားႏိုင္ပါတယ္။ တကယ္ကြၽမ္းက်င္ၿပီး Champion ျဖစ္သြားရင္ေတာင္မွ တစ္ပြဲကို ၂-၃ မိနစ္ေလာက္ပဲ ၾကာတက္ပါတယ္။ ဒါေပမယ့္ ေဆာ့တဲ့သူမ်ားေနတဲ့အတြက္ တစ္ပြဲၿပီးတစ္ပြဲ ရွာတဲ့အခ်ိန္ကေတာ့ ျမန္ဆန္ပါတယ္။

ဘယ္ကေန ေဒါင္းလုပ္ လုပ္ႏိုင္လဲ?

Android ဖုန္းေတြအတြက္ကေတာ့ Play Store မွာ တရားဝင္ Free Download လုပ္ႏိုင္ၿပီး apkpure ကေနလည္း ရယူႏိုင္ပါတယ္။ iPhone သမားေတြအေနနဲ႔လည္း App Store ကေန Free ရယူႏိုငိပါတယ္။ PC သမားေတြအေနနဲ႔လည္း Steam ကေန Free Download ရယူႏိုင္ပါတယ္။ File Size ကလည္း Mobile အတြက္ဆိုရင္ 50 MB ပဲရွိပါတယ္။

Bombergrounds ဟာ သူငယ္ခ်င္းေတြနဲ႔ျဖစ္ေစ မိသားစုနဲ႔ျဖစ္ေစ အတူေဆာ့လို႔ေကာင္းတဲ့ ဂိမ္းတစ္မ်ိဳးျဖစ္လို႔ COVID-19 ေၾကာင့္ အိမ္တြင္းေအာင္ေနသူေတြလည္း အပ်င္းေျပေစႏိုင္ပါတယ္။ COVID-19 ျဖစ္ပြားေနေပမယ့္လည္း Gaming Noodle ကေန သတင္းေတြနဲ႔ အျခားစိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာအသစ္ေတြကို တင္ဆက္ေပးသြားဦးမွာမလို႔ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကပါ ခင္ဗ်ာ။