[Unicode]

Google ရဲ့ gaming platform, Stadia ပေါ်မှာ ကစားနိုင်မယ့်ဂိမ်းများ

 

Google ဟာ သူ့ရဲ့ ပထမဆုံး cloud gaming platform ဖြစ်တဲ့ Stadia ကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စတင်ဖြန့်ချီခဲ့ပါတယ်။ Stadia ပေါ်မှာ ကစားနိုင်မယ့် ဂိမ်း ၁၂ မျိုးကိုလည်း မကြာသေးမီကကြေညာခဲ့ပြီး ၂၀၁၉ ခုနှစ် မကုန်ခင်မှာ ဂိမ်း ၁၄ မျိုးကို ထပ်မံထည့်သွင်းသွားမယ်လို့လည်း ဆိုပါတယ်။

ထွက်ရှိချိန်မှာ ပါဝင်လာမယ့် ဂိမ်း ၁၂ မျိုးကတော့

– Assassin’s Creed Odyssey
– Destiny 2: The Collection
– Gylt
– Just Dance 2020
– Kine
– Mortal Kombat 11
– Red Dead Redemption 2
– Rise of the Tomb Raider
– Samurai Shodown
– Shadow of the Tomb Raider: Definitive Edition
– Thumper
– Tomb Raider: Definitive Edition

 

ယခင်က Google ဟာ Stadia စတင်ထွက်ရှိချိန်မှာ ဂိမ်းအမျိုးပေါင်း ၄၀ ကျော် ပါဝင်လာမယ်လို့ ပြောထားခဲ့တာပါ။ ဒါပေမယ့် ယခုလို ဂိမ်း ၁၂ မျိုးနဲ့ စတင်မယ့် အခြေအနေအရ နောက်နှစ်အတွင်းမှာတောင် ဂိမ်းအမျိုး ၄၀ မပြည့်နိုင်လောက်သေးကြောင်း အများက ခန့်မှန်းနေကြပါတယ်။ ပါဝင်လာမယ့်ဂိမ်းအများစုကတော့ လူသိများပြီးသား ဂိမ်းများဖြစ်ကြပါတယ်။

၂၀၁၉ မကုန်ခင် ထပ်မံထည့်သွင်းသွားမယ့် ဂိမ်း ၁၄ မျိုးကတော့

– Attack on Titan 2: Final Battle
– Borderlands 3
– Darksiders Genesis
– Dragon ball Xenoverse 2
– Farming Simulator 19
– Final Fantasy 15
– Football Manager 2020
– Ghost Recon Breakpoint
– Grid
– Metro Exodus
– NBA 2k20
– Rage 2
– Trials Rising
– Wolfenstein: Youngblood

၂၀၂၀ အတွင်းမှာတော့ Stadia ပေါ်မှာ Doom: Eternal, Watch Dogs: Legion, Gods and Monsters နဲ့ Cyberpunk 2077 စတဲ့ နာမည်ကြီးဂိမ်းများကို ဆော့ကစားနိုင်ကြမှာပါ။ Watch Dogs: Legion နဲ့ Gods and Monsters တို့ကိုတော့ နောက်နှစ် ဧပြီလအထိ ထည့်သွင်းပေးဖို့ အစီအစဉ်မရှိသေးတာမို့ ယင်းဂိမ်းများကို ကစားချင်သူများကတော့ Stadia ထွက်ထွက်ချင်း အသုံးပြုကြဦးမှာ မဟုတ်ပါဘူး။

အချို့ဂိမ်းများကို Stadia ပေါ်မှာ အခမဲ့ရယူနိုင်မှာဖြစ်ပြီး အချို့ဂိမ်းများကိုတော့ ဝယ်ယူမှသာ ကစားနိုင်မှာပါ။ ဂိမ်းတစ်ခုချင်းစီအတွက် Stadia ပေါ်မှာ ကျသင့်မယ့်ငွေပမာဏကို ကြေညာထားခြင်း မရှိသေးပေမယ့် ယခင်ကကြေညာချက်တစ်ခုမှာတော့ Stadia ပေါ်က ဂိမ်းများရဲ့ ဈေးနှုန်းဟာ အခြား ဂိမ်းစတိုးများပေါ်က ဈေးနှုန်းအတိုင်းဖြစ်လာလိမ့်မယ်လို့တော့ ပါဝင်ပါတယ်။

Stadia ရဲ့ feature အားလုံးကို အသုံးပြုလိုသူများဟာ Stadia Pro ကို တစ်လလျှင် ၁၀ ဒေါ်လာနှုန်းနဲ့ subscribe လုပ်ဖို့လိုအပ်ပါတယ်။ Stadia Pro subscriber များဟာ Destiny 2: The Collection အပါအဝင် သတ်မှတ်ပေးထားတဲ့ဂိမ်းများကို ရယူနိုင်ကြမှာဖြစ်သလို အခြားဂိမ်းများဝယ်ယူရာမှာလည်း လျော့ဈေးများ ရရှိနိုင်ကြမှာပါ။

Stadia ဟာ အင်အားကြီးအင်တာနက်ကုမ္ပဏီကြီး Google က ထုတ်လုပ်မယ့် gaming platform ဖြစ်တာမို့ gamer အများရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံနေရပါတယ်။ Stadia ရဲ့ အောင်မြင်မှု အတိုင်းအတာ ဘယ်အထိရောက်ရှိမလဲဆိုတာကတော့ ထွက်ရှိချိန်မှာမှ တွေ့မြင်သုံးသပ်နိုင်ကြမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source: PCgamer


[ZawGyi]

Google ရဲ႕ gaming platform, Stadia ေပၚမွာ ကစားႏိုင္မယ့္ဂိမ္းမ်ား

 

Google ဟာ သူ႔ရဲ႕ ပထမဆုံး cloud gaming platform ျဖစ္တဲ့ Stadia ကို ႏိုဝင္ဘာလ ၁၉ ရက္ေန႔မွာ စတင္ျဖန႔္ခ်ီခဲ့ပါတယ္။ Stadia ေပၚမွာ ကစားႏိုင္မယ့္ ဂိမ္း ၁၂ မ်ိဳးကိုလည္း မၾကာေသးမီကေၾကညာခဲ့ျပီး ၂၀၁၉ ခုႏွစ္ မကုန္ခင္မွာ ဂိမ္း ၁၄ မ်ိဳးကို ထပ္မံထည့္သြင္းသြားမယ္လို႔လည္း ဆိုပါတယ္။

ထြက္ရွိခ်ိန္မွာ ပါဝင္လာမယ့္ ဂိမ္း ၁၂ မ်ိဳးကေတာ့

– Assassin’s Creed Odyssey
– Destiny 2: The Collection
– Gylt
– Just Dance 2020
– Kine
– Mortal Kombat 11
– Red Dead Redemption 2
– Rise of the Tomb Raider
– Samurai Shodown
– Shadow of the Tomb Raider: Definitive Edition
– Thumper
– Tomb Raider: Definitive Edition

 

ယခင္က Google ဟာ Stadia စတင္ထြက္ရွိခ်ိန္မွာ ဂိမ္းအမ်ိဳးေပါင္း ၄၀ ေက်ာ္ ပါဝင္လာမယ္လို႔ ေျပာထားခဲ့တာပါ။ ဒါေပမယ့္ ယခုလုိ ဂိမ္း ၁၂ မ်ိဳးနဲ႕ စတင္မယ့္ အေျခအေနအရ ေနာက္ႏွစ္အတြင္းမွာေတာင္ ဂိမ္းအမ်ိဳး ၄၀ မျပည့္ႏိုင္ေလာက္ေသးေၾကာင္း အမ်ားက ခန္႔မွန္းေနၾကပါတယ္။ ပါဝင္လာမယ့္ဂိမ္းအမ်ားစုကေတာ့ လူသိမ်ားျပီးသား ဂိမ္းမ်ားျဖစ္ၾကပါတယ္။

၂၀၁၉ မကုန္ခင္ ထပ္မံထည့္သြင္းသြားမယ့္ ဂိမ္း ၁၄ မ်ိဳးကေတာ့

– Attack on Titan 2: Final Battle
– Borderlands 3
– Darksiders Genesis
– Dragon ball Xenoverse 2
– Farming Simulator 19
– Final Fantasy 15
– Football Manager 2020
– Ghost Recon Breakpoint
– Grid
– Metro Exodus
– NBA 2k20
– Rage 2
– Trials Rising
– Wolfenstein: Youngblood

၂၀၂၀ အတြင္းမွာေတာ့ Stadia ေပၚမွာ Doom: Eternal, Watch Dogs: Legion, Gods and Monsters နဲ႔ Cyberpunk 2077 စတဲ့ နာမည္ၾကီးဂိမ္းမ်ားကို ေဆာ့ကစားႏိုင္ၾကမွာပါ။ Watch Dogs: Legion နဲ႔ Gods and Monsters တို႔ကိုေတာ့ ေနာက္ႏွစ္ ဧျပီလအထိ ထည့္သြင္းေပးဖုိ႔ အစီအစဥ္မရွိေသးတာမို႔ ယင္းဂိမ္းမ်ားကို ကစားခ်င္သူမ်ားကေတာ့ Stadia ထြက္ထြက္ခ်င္း အသုံးျပဳၾကဦးမွာ မဟုတ္ပါဘူး။

အခ်ိဳ႕ဂိမ္းမ်ားကို Stadia ေပၚမွာ အခမဲ့ရယူႏိုင္မွာျဖစ္ျပီး အခ်ိဳ႕ဂိမ္းမ်ားကိုေတာ့ ဝယ္ယူမွသာ ကစားႏိုင္မွာပါ။ ဂိမ္းတစ္ခုခ်င္းစီအတြက္ Stadia ေပၚမွာ က်သင့္မယ့္ေငြပမာဏကို ေၾကညာထားျခင္း မရွိေသးေပမယ့္ ယခင္ကေၾကညာခ်က္တစ္ခုမွာေတာ့ Stadia ေပၚက ဂိမ္းမ်ားရဲ႕ ေစ်းႏႈန္းဟာ အျခား ဂိမ္းစတိုးမ်ားေပၚက ေစ်းႏႈန္းအတိုင္းျဖစ္လာလိမ့္မယ္လို႔ေတာ့ ပါဝင္ပါတယ္။

Stadia ရဲ႕ feature အားလုံးကို အသုံးျပဳလုိသူမ်ားဟာ Stadia Pro ကုိ တစ္လလွ်င္ ၁၀ ေဒၚလာႏႈန္းနဲ႔ subscribe လုပ္ဖုိ႔လိုအပ္ပါတယ္။ Stadia Pro subscriber မ်ားဟာ Destiny 2: The Collection အပါအဝင္ သတ္မွတ္ေပးထားတဲ့ဂိမ္းမ်ားကို ရယူႏိုင္ၾကမွာျဖစ္သလို အျခားဂိမ္းမ်ားဝယ္ယူရာမွာလည္း ေလ်ာ့ေစ်းမ်ား ရရွိႏိုင္ၾကမွာပါ။

Stadia ဟာ အင္အားၾကီးအင္တာနက္ကုမၸဏီၾကီး Google က ထုတ္လုပ္မယ့္ gaming platform ျဖစ္တာမို႔ gamer အမ်ားရဲ႕ စိတ္ဝင္တစားေစာင့္ၾကည့္ျခင္းကို ခံေနရပါတယ္။ Stadia ရဲ႕ ေအာင္ျမင္မႈ အတိုင္းအတာ ဘယ္အထိေရာက္ရိွမလဲဆိုတာကေတာ့ ထြက္ရွိခ်ိန္မွာမွ ေတြ႔ျမင္သုံးသပ္ႏိုင္ၾကမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: PCgamer