[Unicode]

Covid-19 ကြောင့် နယူးဇီလန်နိုင်ငံမှာသောင်တင်နေတဲ့ Gabe Newell

 

Lord Gaben လို့ ဂိမ်မာတွေချစ်စနိုးနဲ့ခေါ်ကြတဲ့ Gabe Newell တစ်ယောက်ကတော့ Covid-19 ကြောင့် နယူးဇီလန်နိုင်ငံမှာ မတ်လကတည်းက သောင်တင်နေခဲ့တဲ့အကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းပဲ ပြောပြလာခဲ့ပါတယ်။ Steam ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Valve Corporation ကိုတည်ထောင်ခဲ့သူ Gabe Newell ဟာ ဗီဒီယိုဂိမ်းလောကမှာ ဂုဏ်သတင်းကြီးမားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး Half Life, Counter Strike, Dota 2 စတဲ့ဂိမ်းတွေနဲ့အတူ လူအများရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

Gabe Newell ဟာ Valve ရဲ့ ၂၀၂၀ ခုနှစ်အတွက် အကြီးမားဆုံးပရောဂျက်လို့ဆိုရမယ့် Half-Life: Alyx ကိုထုတ်ပေးပြီးနောက်ပိုင်း အနားယူအပန်းဖြေဖို့ နယူးဇီလန်နိုင်ငံကို သူ့သူငယ်ချင်းတွေနဲ့အတူ အလည်အပတ်သွားခဲ့ရင်း အခုလိုကြုံတွေ့ခဲ့ရတာပါ။ မူလက နယူးဇီလန်နိုင်ငံမှာ ၁၀ ရက်ခန့်သာနေထိုင်ဖို့ ကြံရွယ်ထားခဲ့ပေမယ့် အချိန်ကိုက်ဖြစ်ပေါ်လာတဲ့ Covid-19 Outbreak နဲ့အတူ ပြည်ပခရီးသွားလာမှုကိုပိတ်ပင်လိုက်တာကြောင့် လအတန်ကြာဆက်လက်နေထိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

တကယ်တော့ Gabe Newell အနေနဲ့ Covid-19 Outbreak ဖြစ်ပြီး ၂ ရက်အတွင်းမှာ အမိမြေကိုပြန်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် နယူးဇီလန်နိုင်ငံမှာပဲ ဆက်လက်အနားယူဖို့ဆုံးဖြတ်ခဲ့တာပါ။ အဲဒီလိုဆုံးဖြတ်ခဲ့ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်းကတော့ ဖော်ရွေပြူငှာမှု အပြည့်ရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကြောင့်ဖြစ်တယ်လို့ နယူးဇီလန်တီဗီချန်နယ်တစ်ခုဖြစ်တဲ့ TVNZ 1 ရဲ့ မနက်ခင်းတီဗီအစီအစဉ် Breakfast ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ နယူးဇီလန်မှာနေထိုင်နေတဲ့ကာလပတ်လုံးမှာ အခြားနိုင်ငံတွေမှာရှိနေတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေအတွက် စိုးရိမ်ပူပန်မိကြောင်း၊ Covid-19 လိုကြီးမားတဲ့စိန်ခေါ်မှုမျိုးကို အကောင်းဆုံးတွန်းလှန်နိုင်ခဲ့တဲ့ နယူးဇီလန်ပြည်သူတွေရဲ့ ညီညွတ်မှုကို အားကျမိကြောင်း စသဖြင့် ဆက်လက်ပြောကြားခဲ့ပါသေးတယ်။

အဆိုပါတီဗီအစီအစဉ်မှာပဲ Gabe Newell နဲ့ခရီးသွားဖော်တွေဖြစ်ကြတဲ့ စပိန်ပြိုင်ကားမောင်းသမား Alex Riberas, Teagan Klein တို့က နယူးဇီလန်ရဲ့နွေးထွေးမှုကိုအသိအမှတ်ပြုတဲ့အနေနဲ့ အခကြေးငွေပေးစရာမလိုဘဲတက်ရောက်နိုင်မယ့် ဂီတပွဲတော်တစ်ခုကို လာမယ့်ဩဂုတ်လ ၁၅ ရက်နေ့၊ အော့ကလန်မြို့မှာ ကျင်းပသွားမှာဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။ ဂီတပွဲတော်ရဲ့အမည်ကိုတော့ We Love Aotearoa လို့ပေးထားပြီး ပြည်တွင်းအဆိုရှင်များစွာရဲ့ ဖျော်ဖြေမှုတွေအပြင် VR Stand, Workshop တွေနဲ့ Food truck တွေပါ ပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ We Love Aotearoa ဂီတပွဲတော်ကို မနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပမှာဖြစ်ပြီး နေ့ခင်းဘက်မှာအသက်အရွယ်ကန့်သတ်ချက်မရှိပါဝင်ဆင်နွှဲနိုင်ပေမယ့် ညဘက်မှာတော့ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေသာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

Gaben with a fan (Last Year)

နယူးဇီလန်နိုင်ငံဟာ Covid-19 ပြန့်ပွားမှုအမြင့်ဆုံးအခြေအနေမှာတောင် ကူးစက်ခံရသူ ၁၅၅၅ ယောက်နဲ့ သေဆုံးသူ ၂၂ ယောက်သာရှိခဲ့ပေမယ့် Gabe Newell ရဲ့အမိမြေဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတော့ Covid-19 ကူးစက်ခံရသူ‌ပေါင်းဟာ ၄.၁ သန်းကျော်နဲ့ သေဆုံးသူ ၁၄၆၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး အဆိုပါဂဏန်းတွေဟာ နေ့စဉ်နဲ့အမျှမြင့်တက်လာလျက်ရှိပါတယ်။
Source: pcgamer


[ZawGyi]

Covid-19 ေၾကာင့္ နယူးဇီလန္ႏိုင္ငံမွာေသာင္တင္ေနတဲ့ Gabe Newell

 

Lord Gaben လို႔ ဂိမ္မာေတြခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ Gabe Newell တစ္ေယာက္ကေတာ့ Covid-19 ေၾကာင့္ နယူးဇီလန္ႏိုင္ငံမွာ မတ္လကတည္းက ေသာင္တင္ေနခဲ့တဲ့အေၾကာင္းကို ၿပီးခဲ့တဲ့ရက္ပိုင္းပဲ ေျပာျပလာခဲ့ပါတယ္။ Steam ရဲ႕မိခင္ကုမၸဏီျဖစ္တဲ့ Valve Corporation ကိုတည္ေထာင္ခဲ့သူ Gabe Newell ဟာ ဗီဒီယိုဂိမ္းေလာကမွာ ဂုဏ္သတင္းႀကီးမားတဲ့ပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး Half Life, Counter Strike, Dota 2 စတဲ့ဂိမ္းေတြနဲ႔အတူ လူအမ်ားရဲ႕အသိအမွတ္ျပဳမႈကို ရရွိခဲ့သူလည္းျဖစ္ပါတယ္။

Gabe Newell ဟာ Valve ရဲ႕ ၂၀၂၀ ခုႏွစ္အတြက္ အႀကီးမားဆုံးပေရာဂ်က္လို႔ဆိုရမယ့္ Half-Life: Alyx ကိုထုတ္ေပးၿပီးေနာက္ပိုင္း အနားယူအပန္းေျဖဖို႔ နယူးဇီလန္ႏိုင္ငံကို သူ႔သူငယ္ခ်င္းေတြနဲ႔အတူ အလည္အပတ္သြားခဲ့ရင္း အခုလိုႀကဳံေတြ႕ခဲ့ရတာပါ။ မူလက နယူးဇီလန္ႏိုင္ငံမွာ ၁၀ ရက္ခန႔္သာေနထိုင္ဖို႔ ႀကံ႐ြယ္ထားခဲ့ေပမယ့္ အခ်ိန္ကိုက္ျဖစ္ေပၚလာတဲ့ Covid-19 Outbreak နဲ႔အတူ ျပည္ပခရီးသြားလာမႈကိုပိတ္ပင္လိုက္တာေၾကာင့္ လအတန္ၾကာဆက္လက္ေနထိုင္ဖို႔ အေၾကာင္းဖန္လာခဲ့ပါတယ္။

တကယ္ေတာ့ Gabe Newell အေနနဲ႔ Covid-19 Outbreak ျဖစ္ၿပီး ၂ ရက္အတြင္းမွာ အမိေျမကိုျပန္ဖို႔အခြင့္အေရးရွိခဲ့ေပမယ့္ နယူးဇီလန္ႏိုင္ငံမွာပဲ ဆက္လက္အနားယူဖို႔ဆုံးျဖတ္ခဲ့တာပါ။ အဲဒီလိုဆုံးျဖတ္ခဲ့ရျခင္းရဲ႕ ေနာက္ကြယ္ကအေၾကာင္းအရင္းကေတာ့ ေဖာ္ေ႐ြျပဴငွာမႈ အျပည့္ရွိတဲ့ႏိုင္ငံသူႏိုင္ငံသားေတြေၾကာင့္ျဖစ္တယ္လို႔ နယူးဇီလန္တီဗီခ်န္နယ္တစ္ခုျဖစ္တဲ့ TVNZ 1 ရဲ႕ မနက္ခင္းတီဗီအစီအစဥ္ Breakfast ကေနတစ္ဆင့္ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ သူ႔အေနနဲ႔ နယူးဇီလန္မွာေနထိုင္ေနတဲ့ကာလပတ္လုံးမွာ အျခားႏိုင္ငံေတြမွာရွိေနတဲ့ မိသားစုဝင္ေတြနဲ႔ မိတ္ေဆြေတြအတြက္ စိုးရိမ္ပူပန္မိေၾကာင္း၊ Covid-19 လိုႀကီးမားတဲ့စိန္ေခၚမႈမ်ိဳးကို အေကာင္းဆုံးတြန္းလွန္ႏိုင္ခဲ့တဲ့ နယူးဇီလန္ျပည္သူေတြရဲ႕ ညီၫြတ္မႈကို အားက်မိေၾကာင္း စသျဖင့္ ဆက္လက္ေျပာၾကားခဲ့ပါေသးတယ္။

အဆိုပါတီဗီအစီအစဥ္မွာပဲ Gabe Newell နဲ႔ခရီးသြားေဖာ္ေတြျဖစ္ၾကတဲ့ စပိန္ၿပိဳင္ကားေမာင္းသမား Alex Riberas, Teagan Klein တို႔က နယူးဇီလန္ရဲ႕ေႏြးေထြးမႈကိုအသိအမွတ္ျပဳတဲ့အေနနဲ႔ အခေၾကးေငြေပးစရာမလိုဘဲတက္ေရာက္ႏိုင္မယ့္ ဂီတပြဲေတာ္တစ္ခုကို လာမယ့္ဩဂုတ္လ ၁၅ ရက္ေန႔၊ ေအာ့ကလန္ၿမိဳ႕မွာ က်င္းပသြားမွာျဖစ္ေၾကာင္းကိုလည္း ေၾကညာခဲ့ပါတယ္။ ဂီတပြဲေတာ္ရဲ႕အမည္ကိုေတာ့ We Love Aotearoa လို႔ေပးထားၿပီး ျပည္တြင္းအဆိုရွင္မ်ားစြာရဲ႕ ေဖ်ာ္ေျဖမႈေတြအျပင္ VR Stand, Workshop ေတြနဲ႔ Food truck ေတြပါ ပါဝင္သြားမွာျဖစ္တယ္လို႔သိရပါတယ္။ We Love Aotearoa ဂီတပြဲေတာ္ကို မနက္ ၁၁ နာရီကေန ည ၁၁ နာရီအထိ က်င္းပမွာျဖစ္ၿပီး ေန႔ခင္းဘက္မွာအသက္အ႐ြယ္ကန႔္သတ္ခ်က္မရွိပါဝင္ဆင္ႏႊဲႏိုင္ေပမယ့္ ညဘက္မွာေတာ့ အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူေတြသာ တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။

Gaben with a fan (Last Year)

နယူးဇီလန္ႏိုင္ငံဟာ Covid-19 ျပန႔္ပြားမႈအျမင့္ဆုံးအေျခအေနမွာေတာင္ ကူးစက္ခံရသူ ၁၅၅၅ ေယာက္နဲ႔ ေသဆုံးသူ ၂၂ ေယာက္သာရွိခဲ့ေပမယ့္ Gabe Newell ရဲ႕အမိေျမျဖစ္တဲ့ အေမရိကန္ႏိုင္ငံမွာေတာ့ Covid-19 ကူးစက္ခံရသူ‌ေပါင္းဟာ ၄.၁ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၁၄၆၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ၿပီး အဆိုပါဂဏန္းေတြဟာ ေန႔စဥ္နဲ႔အမွ်ျမင့္တက္လာလ်က္ရွိပါတယ္။
Source: pcgamer