[Unicode]

October (၃ဝ) ရက်နေ့က Wykrhm Reddy ရဲ့ Tweet တစ်ခုကို ဖတ်လိုက်ရပါတယ်။ Reddit User တစ်ဦးက Dota 2 Update တစ်ခု ထုတ်ပေးဖို့ တောင်းဆိုထားတဲ့ Thread အောက်မှာ Valve ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Cameron က reply ပြန်ထားတဲ့ Comment ကို ဖော်ပြထားတဲ့ အကြောင်းဖြစ်ပါတယ်။

အကြောင်းအရာက “Outlander Update ကို ပထမဆုံး Major အပြီးမှာ ထုတ်ပေးမှာဖြစ်ပြီး Update ရက် ကိုတော့ အတိအကျ ဖော်ပြဦးမှာ မဟုတ်ပါဘူး၊ ရက်အတိအကျ ပြောထားပြီးမှ Update အတွက်ပြင်ဆင်ဖို့ အချိန်အနည်းငယ်လိုအပ်တာနဲ့ ကြုံရင် ကြိုပြောထားတဲ့အခါ အဆင်မပြေမှာဆိုးလို့” ဆိုတဲ့ သဘောမျိူး ဆောင်တဲ့ Comment ဖြစ်ပါတယ်။

DPC ပေးမယ့် ပထမဆုံး Major ပြိုင်ပွဲဖြစ်တဲ့ MDL Chengdu Major ဟာ November 24 မှာ ပြီးဆုံးမှာဖြစ်ပြီး Outlander Update teaser ကို ကြေညာခဲ့တာကတော့ သြဂုတ်လ (၂၃) ရက်နေ့ ဖြစ်ပါတယ်။ Update ကြေညာချိန်နဲ့ ပထမဆုံး Major ပြီးဆုံးတဲ့အချိန်ဟာ (၃) လ တိတိ ကွာခြားပါတယ်။ အဲ့ဒီ့နေ့အထိတောင် Update ထွက်ဖို့က တိကျသေချာတဲ့ ရက်စွဲတစ်ခုကို မပေးနိုင်သေးဘူးဆိုတဲ့ reply ဟာ Valve ရဲ့ Dota 2 အပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ လက်ရှိအခြေအနေတွေကို ဖော်ပြလျက်ရှိပါတယ်။

ဟုတ်ပါတယ်။ Dota 2 ဟာ (၆) နှစ် နီးပါး ကာလအတွင်းမှာ အဆိုးရွားဆုံး ကစားသမားဦးရေ အကျဆင်းဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ Community ကနေ ဖြစ်ပေါ်လာတဲ့ Video Game တစ်ခုဖြစ်တဲ့ Dota ဟာ Community ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တဲ့အခါမှာ ဆိုးရွားတဲ့လမ်းစဉ်ဘက်ကို တဖြည်းဖြည်းချင်းစီ ဦးတည်နေတာဖြစ်ပါတယ်။

၁။ Update

အဓိက လိုအပ်ချက်တွေအကြောင်းပြောတဲ့အခါမှာ Game က အထိုက်အလျောက် Update ဖြစ်ရဲ့လားဆိုတာကို ဦးစွာပြောဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ TI9 မှာ အသုံးပြုခဲ့တဲ့ v7.22f ရဲ့ မူလဖြစ်တဲ့ v7.22 ဟာ မေလ (၂၄) ရက်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ TI မှာ အသုံးပြုဖို့ Patch ဖြစ်တာကြောင့် TI ထက် (၃) လ စောပြီး ထွက်ထားတဲ့ မြေပုံကို Balance Change တွေ အထပ်ထပ်ပြုပြင်ပြီး v7.22f ကို အသုံးပြုတယ်ဆိုတာ ပုံမှန်လမ်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Premium တန်းက Player တွေအတွက် Patch တစ်ခုကို အများတန်းတူ အသုံးပြုပေးပြီးတဲ့အခါ TI အပြီးမှာ ဒီ Patch ကြီးကို (၃) လ ကျော် ကြာအောင် ငြီးငွေ့နေတဲ့ Public matchmaking တွေအတွက် Update တစ်ခုက မဖြစ်မနေ ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အခု Valve ရဲ့ လုပ်ရပ်ဟာ TI Patch ကို Balance Change (၂) ခါ လုပ်ပေးထားတာထက် မပိုတဲ့အတွက် Public Matchmaking တွေရဲ့ Meta ဟာ (၅) လ ကြာအောင် မပြောင်းလဲတဲ့ Meta အဟောင်းကြီးဖြစ်နေဆဲပါပဲ။ အခု ထွက်လာတဲ့ သတင်းအရ ဒီ Meta အဟောင်းကြီးကို နောက်ထပ် တစ်လ လောက် ပြောင်းလဲဖို့ ရှိဦးမှာ ဆိုတာကတော့ နှစ်တစ်ဝက်စာ မပြောင်းလဲတဲ့ Meta အပေါ် Casual Player တွေအတွက် စိတ်ပျက်စရာဖြစ်လာတာဟာ မြင်သာတဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်။

၂။ Game Experiences

တစ်ချိူ့ကိစ္စတွေက ပိုကောင်းဖို့ စီစဉ်ကာမှ လွဲချော်သွားတာမျိူးတွေလည်း ရှိတတ်ပါတယ်။ (ကောင်းပေမယ့် လူတွေ လိုချင်တာနဲ့ ထပ်တူ မကျနိုင်တဲ့ အခြေအနေမျိူးကို ဆိုလိုတာပါ) Dota ဟာ အပေါင်းအသင်းများနဲ့ ကစားတဲ့အခါ အကောင်းမွန်ဆုံး ဂိမ်းအတွေ့အကြုံကိုရရှိမှာ မှန်ပေမယ့် အပေါင်းအသင်းများနဲ့ မဖြစ်မနေ ကစားဖြစ်အောင် ပြောင်းလဲပေးလိုက်တဲ့ Core MMR, Support MMR စနစ်ဟာ ဘေးထွက်ဆိုးကျိူးများ နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပထမဆုံးအခက်အခဲအဖြစ် Skill bracket မတူတဲ့သူ (၂) ဦးက Role Abuse လုပ်ပြီး Rank တင်တဲ့ ပြဿနာကို Public Matchmaking တွေမှာ အလူးအလဲ ခံခဲ့ရပါတယ်။ ဒုတိယအခက်အခဲအဖြစ် Party 3-1-1 team vs 5 party ပြဿနာမျိူးကို ဖြေရှင်းဖို့ Strict Solo Queue ကို ပယ်ဖျက်လိုက်ရာမှ Queue time ပိုကြာတဲ့ ပြဿနာနဲ့ Immortal player တွေကြားမှာ Ancient Bracket အထိ ပါဝင်လာတာမျိူးတွေ ကြုံလာရပါတယ်။ တတိယပြဿနာကတော့ Toxicity ဖြစ်ပါတယ်။ Skill Bracket မျှတမှု မရှိခြင်း၊ Full party အမြဲမရှိနိုင်တဲ့ ကစားသမားတွေအတွက် Fully Party သမားတွေကို နိုင်ဖို့ ခက်ခဲခြင်း၊ Behavior score အပေါ်လွန်စွာ အခြေခံသည့်အတွက် ခြေချော်လက်ချော်ဖြစ်ပြီး Behavior score ကျသွားသော ကစားသမားတွေအတွက် ဆိုးရွားတဲ့ Game အတွေ့အကြုံများ စသည့်အချက်များကြောင့် ကစားသမားတွေရဲ့ Toxicity ဖြစ်မှုဟာ လွန်စွာ မြင့်မားလျှက်ရှိနေပါတယ်။ Valve ဟာ Cheater တွေနဲ့ Toxic ဖြစ်မှုတွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း အခုချိန်ထိ မရှိသေးပါဘူး။

[image source: Paladins]

၃။ Player Experiences

Game တစ်ခုကို ကြိုက်နှစ်သက်တဲ့ လူတန်းစားမှာ Hardcore player နဲ့ Casual player ဆိုပြီး (၂) မျိူး ကွဲပြားပါတယ်။ Dota 2 ဆော့ရတဲ့ လက်ရှိရည်ရွယ်ချက်ဟာ MMR ဆိုတဲ့ ကိန်းဂဏန်းလေးတွေ တက်ဖို့တစ်ခုတည်းသာ ရှိနေတာက Casual Player တွေများစွာ စွန့်ခွာသွားရတဲ့ အဓိက အကြောင်းအရင်းပဲဖြစ်ပါတယ်။ Dota 2 မှာ Daily Login Bonus, Weekly Rewards, Good player Awards, Free Challenges, Montly Quest တွေ ဘာမှ မရှိတဲ့အပြင် Event တွေလည်း လုပ်ပေးလေ့ မရှိပါဘူး။ အခုကာလ အပိုင်းအခြားဟာ Halloween ကာလဖြစ်ပြီး အခြားသော League of Legends, PUBG, Overwatch, Fortnite, Apex Lgends စတဲ့ Competitive Video Game တွေမှာ Event တွေ ရှိနေပေမယ့် Dota 2 ကတော့ ဒီနှစ် Outlander Update အတွက် အချိန်ပေးနေရလို့ ဘာ Event မှ ရှိမှာ မဟုတ်ဘူးဆိုတဲ့ Announcement တစ်ခုသာ ထွက်လာခဲ့ပါတယ်။ Livestreaming, Casual Player တွေဆီကနေ ဈေးကွက်များစွာ ရရှိနိုင်တဲ့အတွက် Valve ရဲ့ ခေတ်ပြိုင် PC Game Company ကြီးတွေဖြစ်တဲ့ Epic, Blizzard, Riot, Electronic Arts တို့ အသီးသီးက အပြိုင်အဆိုင် Player များကို ဆွဲဆောင်နေတဲ့အချိန် Valve ကတော့ Casual Player တွေကို ဆွဲဆောင် ထားမယ့် အချက်တွေအပေါ် ဂရုစိုက်ခြင်း မရှိပါဘူး။ တစ်လကို $4 ပေးရတဲ့ Dota Plus Features ဟာလည်း ၁ နှစ်မှာ တစ်ခါလောက်သာ Update လုပ်လေ့ရှိတဲ့ စိတ်ဝင်စားစရာ ထွေထွေထူးထူး မရှိသော Features ကြီး ဖြစ်နေပါသေးတယ်။ ဒါကြောင့် Reward ထွေထွေထူးထူး မရှိတဲ့ Dota 2 ဟာ MMR ကို စိတ်အပင်ပန်းခံပြီး တင်မနေချင်တဲ့ Casual player တွေအတွက်တော့ Login ဝင်စရာ အကြောင်းပြချက် နည်းပါးသွားတဲ့ Game တစ်အခုဖြစ်လာပြီး Event ကာလမှာ Event ရှိတဲ့ Game တွေဆီကို ရောက်သွားတာမျိူးတွေကြောင့် Player Count တွေ သိသိသာသာ ကျဆင်းလာပါတယ်။

[Image Source: World of Warcraft / Battle for Azeroth Cinematic Trailer]

၄။ No Promotions

ဒီခေတ်ကြီးဟာ Free to Play Game တို့ရဲ့ ခေတ်ဖြစ်ပါတယ်။ Game အသစ်တစ်ခုကို စမ်းဆော့ကြည့်ချင်တဲ့ Casual Player တစ်ယောက်ဟာ ပထမဆုံး အဲ့ဒီ့ Game ရဲ့ Cinematic Trailer ကို အရင် ကြည့်ပါတယ်။ အဲ့ဒါက Hype ရင် Hype သလောက် စမ်းဆော့ကြည့်မယ်ဆိုပြီး စတင်လေ့ရှိပါတယ်။ အဲ့လို Player တွေ မိမိဂိမ်းကို ရောက်ရှိလာတဲ့အခါ Skin/ Battle Pass/ Tournament တွေ လုပ်ပြီး ဂိမ်းကုမ္မဏီတွေက ပိုက်ဆံ ပြန်ရှာကြပါတယ်။ ဒီလို Skin/ Battle Pass တွေဟာ လူတိုင်းမဝယ်နိုင်ပေမယ့် Casual player, streamers, whale တွေဆီကနေ လွယ်လွယ်ကူကူ ရရှိနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းကို ဒီလို Player စိတ်ဝင်စားဖို့နဲ့ Player Base တက်လာအောင် ဆွဲဆောင်ကြရပါတယ်။ Cinematic များ၊ Comic များ၊ Event များ၊ Communication များ၊ Animated Short Clip များ၊ ကြော်ငြာများ၊ Game Universe နဲ့ပတ်သတ်သော Lore များအကြောင်း စသည့် Promotion များက New players များကို အဓိက ဆွဲဆောင်တဲ့ အချက်ဖြစ်ပါတယ်။ ဆယ်စုနှစ် တစ်ခုရှိပြီဖြစ်တဲ့ Dota 2 ရဲ့ Universe ဟာ ရှင်းလင်းဖော်ပြထားခြင်း မရှိသေးတဲ့အချက်များ များစွာ ကျန်ရှိနေပါသေးတယ်။ Promotions လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် ကစားသမားအသစ်တွေ ရရှိဖို့ထက် လက်ရှိ ရှိရင်းစွဲ ကစားသမားတွေကို မြဲနေအောင် ဆွဲထားဖို့က Valve ရဲ့ အဓိက Mission ဖြစ်ပါတယ်။ (Whale: Game တစ်ခုရဲ့ Leaderboard ထိပ်ဆုံးနေရာ ရောက်ဖို့ ငွေလမ်းခင်းပြီး သွားလေ့ရှိတဲ့ သူမျိူးတွေကို ဆိုလိုပါတယ်)

၅။ The International

Dota 2 ရဲ့ လူစိတ်ဝင်စားမှု အမြင့်မားဆုံးအချိန်ဟာ The International ပြိုင်ပွဲကြီးတွေ ကျင်းပတဲ့ Dota Season အပိတ် ကာလဖြစ်ပါတယ်။ Valve က Dota 2 ကို ဂရုအစိုက်ဆုံးအချိန်လို့ ပြောရင်လည်း မမှားပါဘူး။ တစ်နှစ်တာရဲ့ အမြင့်ဆုံးအချိန်ဖြစ်တဲ့ TI ကျမှသာ Valve အနေနဲ့ Dota 2 ကို ဂရုစိုက်ပြတာဟာ Dota 2 ကို ဒီအချိန်ရောက်မှ ငွေရှာရမယ့် Product တစ်ခုထက် ပိုပြီး မမြင်တာလားလို့ သံသယဝင်စရာ ဖြစ်လာပါတယ်။ Major/ Minor ပွဲများကို Third-Party Organization တွေအား အပြည့်အဝလုပ်ကိုင်ခွင့်မပေးတဲ့ Valve ရဲ့ လောဘကြီးမှုဟာလည်း Community နဲ့ တိုက်ရိုက်ထိတွေ့ပေးမယ့် Organization တွေရဲ့ စွမ်းဆောင်မှုများကို မြင်တွေ့ခွင့်ပျောက်ဆုံးစေခဲ့သလို Dota 2 အတွက် ဝန်ထမ်းအဖြစ်ခေါ်မထားရင်တောင် ဒီဇိုင်းအမြဲဆွဲပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ Workshop Artist တွေအပေါ်မှာလည်း လွန်စွာမှ နည်းပါးတဲ့ Commission ခ အထိ လျှော့ချပစ်ခဲ့တဲ့အတွက် အခုချိန်မှာ နာမည်ကြီး Artist တွေလည်း Valve အတွက် ready ရှိမနေတော့ပါဘူး။ ဒါတွေဟာ Player တွေနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် Dota 2 Game ကို Update ဖြစ်စေမှုအပေါ် တိုက်ရိုက် သွားရောက် သက်ဆိုင်တဲ့အတွက် Player တွေအပေါ် ကြီးမားတဲ့ နစ်နာမှုကြီးတွေလို့ ပြောလို့ရပါတယ်။

[Image Source: https://www.youtube.com/watch?v=pLAi_cmly6Q]

သြဂုတ်လ (၅) ရက်နေ့က The Dark Side of the Video Game Industry ဆိုတဲ့ Netflix Video လေးတစ်ခု Youtube မှာတက်လာခဲ့ပါတယ်။ ယနေ့ခေတ်ကြီးရဲ့ Gaming Company ကြီးတွေဟာ သူတို့ဆီက Designer/ Developer တွေကို တစ်ပတ်မှာ (၇) ရက်၊ တစ်နေ့ကိုပျမ်းမျှ အလုပ်ချိန် ၁၄ နာရီလောက်အထိ အလုပ်ဆင်းခိုင်းထားပါတယ်။ အစအဆုံး ကိုယ်တိုင်တာဝန်ယူရတာမျိူး၊ အမှားတစ်ခုခုလုပ်ရင်၊ Error တစ်ခုခုတက်ရင် ချက်ချင်းအလုပ်ထုတ်ပစ်တာမျိူး၊ Game တစ်ခု update ဖြစ်နေဖို့ကို ပြင်းထန်တဲ့ စည်းမျဉ်းတွေနဲ့ ချမှတ်တဲ့ Iconic Video Game Company ကြီးတွေရဲ့ နာမည်ထဲမှာ Valve တော့ ပါဝင်မလာပါဘူး။ Valve ဟာ ဝန်ထမ်းအရေအတွက် လွန်စွာမှာ နည်းသည့်အပြင် Game Update ပိုင်းဆိုင်ရာမှာ လွန်စွာမှ နှေးကွေးလွန်းတဲ့ အကြောင်းအရင်းကတော့ တခြားဂိမ်းကုမ္မဏီကြီးတွေလို နောက်ကွယ်မှာ ပြင်းထန်တဲ့ စည်းမျဉ်းတွေ မရှိတာကြောင့်လည်းဖြစ်နိုင်ပေမယ့် ဒီဂိမ်းကို နှစ်နှစ်ကာကာ ကစားနေတဲ့သူတွေအတွက်တော့ ကောင်းမွန်တဲ့ ကျေးဇူးတုံ့ပြန်မှု တစ်ခု မဟုတ်ပါဘူး။

Dota 2 ဟာ Esports ခေတ်အကူးအပြောင်းမှာ အဓိက ပါဝင်ခဲ့တဲ့ ဂိမ်းကောင်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့် Casual Player တွေ ထွက်ခွာသွားရင်တောင် Dota ကို ချစ်မြတ်နိုးတဲ့ Hardcore Player စစ်စစ် တွေက ကျန်ရှိနေဦးမယ်ဆိုတဲ့အချက်ဟာလည်း မြေကြီးလက်ခက် မလွဲသေချာပါတယ်။ ဒါပေမယ့် Valve အတွက် လုံလောက်တဲ့ အဖြေတစ်ခုတော့ မဟုတ်သေးပါဘူး။ ကျွန်တေ်ာတို့ သက္ကရာဇ် ၂ဝဝဝ ဝန်းကျင်က Playstation 1 ဂိမ်းတွေ ခေတ်စားခဲ့ချိန် ခေတ်တစ်ခုမှာ ကျွန်တော်တို့အတွက် ရွေးချယ်စရာ ဂိမ်း များများစားစား မရှိခဲ့သလို ပြိုင်ဆိုင်မှုလည်း မပြင်းထန်ခဲ့ပါဘူး။ လူတိုင်းဟာ Harvest Moon, Final Fantasy, Resident Evil, Metal Gear, NFS, Crash Bandicoot စသည့် စသည့် နာမည်ကြီးသော Game Franchises များထဲက အဓိက ရွေးချယ်ပြီး မိမိတစ်ကိုယ်ရေ အပန်းဖြေဖို့ ကစားခဲ့ကြပေမယ့် သက္ကရာဇ် ၂ဝ၁၅ နောက်ပိုင်းမှာ ဒီအဖြေက ရာနှုန်းပြည့် မမှန်တော့ပါဘူး။ Hardcore Gamer တွေအပြင် Casual Player တွေပါ အများအပြားတိုးပွားလာတဲ့ ခေတ်ကြီးမှာ လူတွေဟာ အွန်လိုင်းပေါ်မှာ အချင်းချင်းပြိုင်ဆိုင်ကြသလို ဒီ Player Base ကို တိုးပွားလာဖို့ အပြင်းအထန် ပြိုင်ဆိုင်နေကြပါတယ်။ ဒီပြိုင်ဆိုင်မှု ရေစီးကြောင်းမှာ အထိုက်အလျောက် စီးမျောနိုင်ခြင်း မရှိရင်၊ တိုးတက်ပြောင်းလဲမှုတွေ မလုပ်ရင် Nokia Company ရဲ့ လမ်းစဉ်မျိူးကို Dota 2 သိပ်မကြာခင် ရောက်သွားတော့မယ့်အချက်အား စိုးရိမ်စရာအဖြစ် မြင်တွေ့နေရပါပြီ။

Gabe Newell က ဒါတွေကို သိသိကြီးနဲ့ ဘာကြောင့် Dota ကို ဂရုမစိုက်တာလဲ ။?

တကယ်တော့ ကျွန်တော်တို့ Player Base ရဲ့ အပြစ်လည်း မကင်းပါဘူး။ TI ကာလ ရောက်တိုင်း Dota 2 ဟာ Twitch ရဲ့ Top View game စာရင်းမှာ အမြဲထိပ်ဆုံးက ရပ်တည်နေကြဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ Dota 2 ကို မစားဖြစ်ရင်တောင်၊ Update တွေ မရှိရင်တောင် Premium တန်းပြိုင်ပွဲတွေရှိရင် ပွဲကြည့်မယ့် ပရိတ်သတ်က အမြဲရှိပါတယ်။ Dota ကို ပြုစုပျိူးထောင်ခဲ့တဲ့ Community က လူတွေဟာ အခုဆို အသက် (၃ဝ) ဝန်းကျင်အတန်းတွေကို ရောက်နေကြပါပြီ။ Dota မဆော့ဖြစ်တောင်ရင်တောင် ပွဲကြည့်ဖို့ အဆင်သင့်ရှိနေတဲ့ ပရိတ်သတ်တွေပြည့်နေတဲ့ Dota ဟာ Spectator Esports တစ်ခုအဖြစ် သိသိသာသာ ပြောင်းလဲလာတာကြောင့်လည်း ပါပါတယ်။ ကျွန်တော်တို့က Tier 2 Dota ကို Support လုပ်ပေးသင့်ကြောင်း တဖွဖွပြောကြပေမယ့် တကယ်တန်း Tier 2 Dota Tournament တွေကို အချိန်ပေးပြီး ကြည့်ရှူသူ သိသိသာသာ နည်းပါးပါတယ်။ ဒါကို Gaben လည်းသိပါတယ်။ နှစ်တိုင်းလည်း Dota 2 Community ဟာ TI Battlepass ထွက်လာချိန်မှာ ငွေကြေးအမြောက်အများအသုံးပြုဖို့ လက်မတွန့်တဲ့ Fan တွေ နဲ့ Whale တွေအမြောက်အများ ရှိနေတာကိုလည်း Gaben က ကောင်းကောင်း သိနေတာလည်း ပါပါတယ်။ ဒါ့အပြင် Dota 2 ဟာ အထိုက်အလျောက် လေ့လာသင်ယူဖို့ အချိန်အများအပြားလိုအပ်တဲ့ ဂိမ်းတစ်ခုပါ။ New Comer တွေအတွက် အချိန်ပေး Update လုပ်မယ့်အစား Dota 2 Hardcore Fans တွေနဲ့ ပွဲကြည့်ပရိတ်သတ်တွေကိုပဲ Target ထားပြီး Dota 2 ရဲ့ လက်ကျန်သက်တမ်း ကျန်သလောက်အချိန်ထဲက ငွေရသလောက်ယူတော့မယ်ဆိုတဲ့ အကြံအစည်ဟာ New Comer ရှာဖို့ထက် ပိုမို သေချာတဲ့ ဈေးကွက်ဖြစ်ပြီး Gaben လို စီးပွားရေးသမားတစ်ယောက်အတွက်တော့ ကျွန်တော်တို့လို သာမန်လူတွေထက် ၃ ဆင့်၊ ၄ ဆင့် လောက် ပိုပြီးမြင်ထားတဲ့ အခြားအကြောင်းပြချက်တွေလည်း ရှိနိုင်ပါသေးတယ်။

Dota 2 တစ်ခုတည်းကိုပဲ ဆွဲဆွဲမြဲမြဲဆော့နေတဲ့ ကစားသမားတွေကတော့ Dota 2 ရဲ့ အားနည်းချက်တွေချည်း ဖော်ပြထားတဲ့ ဒီဆောင်းပါးကို မုန်းကောင်းမုန်းနိုင်ပါတယ်။ ဒါပေမယ့် Dota 2 တစ်ခုတည်းကို စူးစိုက်ကြည့်နေတဲ့ မြင်ကွင်းကို ခဏလောက် အနားယူပြီး သက္ကရာဇ် ၂ဝ၂ဝ ရောက်ခါနီးကာလမှာ တခြားခေတ်ပြိုင် Video Game တွေ ဘယ်လိုမျိူး ပြုပြင်ပြောင်းလဲနေသလဲဆိုတာကို လိုက်ရှာဖွေကြည့်တဲ့အခါ စာရေးသူရဲ့ သဘောထားကို လက်ခံသွားမယ်လို့ မျှော်လင့်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ Dota ဆိုတာ Community ကနေ ဖြစ်ပေါ်လာတဲ့ Game တစ်ခုဖြစ်ပါတယ်။ အခုလို Update မရှိ၊ ပျင်းစရာ ကောင်းတဲ့ အခြေအနေထိ ဒီလို Player Base ရှိနေသေးတယ်ဆိုတာကလည်း Dota ဆိုတာ တော်တော်လေး ကောင်းတဲ့ Game တစ်ခုဖြစ်နေလို့ဆိုတဲ့ အချက်အပြင် Dota ကို ချစ်တဲ့ Community က အခုထိ ရှိနေသေးတဲ့အတွက်ကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။ ပြီးတော့ Dota ဟာ လူတစ်ဦးတစ်ယောက်၊ ကုမ္မဏီတစ်ခုက အစအဆုံး ဖန်တီးခဲ့တဲ့ Game မျိူး မဟုတ်ပါဘူး။ (Dota ကို IceFrog က 3rd generation အနေနဲ့ အဆင့်မြှင့်တင်ပေးတာ မှန်ပေမယ့် Dota ထဲက Hero Concept Idea များဟာ အမည်မဖော်တဲ့ Community ထဲက Player များရဲ့ Idea များသာဖြစ်ပြီး ဒီ Idea များကို IceFrog က အကောင်းဆုံးဖြစ်အောင် မွန်းမံပေးခဲ့တာဖြစ်ပါတယ်) ဒါကြောင့် အခုချိန်မှာ Dota 2 Universe ဟာ Valve ရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ရောက်ရှိနေပေမယ့် ဒီ Game ကို ဒီနေ့ဒီအချိန်ထိရောက်အောင် ပြုစုပျိူးထောင်ခဲ့တဲ့ Community ရဲ့ အသံတွေကို သေချာနားထောင်ပြီး Community ရဲ့ လိုအပ်ချက်၊ ခေတ်ရဲ့လိုအပ်ချက်ကို အလျှင်မှီအောင် ဖြည့်စည်းပေးမှသာ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ Dota Community ဟာ စည်းကားသိုက်ဝန်းတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိလာပြီး အသက်ဆက်ဖို့အခွင့်အလမ်းတွေရှိလာမှာ အသေအချာပါပဲ။

yahooyeeha


 

[Zawgyi]

October (၃ဝ) ရက္ေန႔က Wykrhm Reddy ရဲ႕ Tweet တစ္ခုကုိ ဖတ္လုိက္ရပါတယ္။ Reddit User တစ္ဦးက Dota 2 Update တစ္ခု ထုတ္ေပးဖုိ႔ ေတာင္းဆုိထားတဲ့ Thread ေအာက္မွာ Valve ရဲ႕ ဝန္ထမ္းတစ္ဦးျဖစ္တဲ့ Cameron က reply ျပန္ထားတဲ့ Comment ကုိ ေဖာ္ျပထားတဲ့ အေၾကာင္းျဖစ္ပါတယ္။

အေၾကာင္းအရာက “Outlander Update ကုိ ပထမဆုံး Major အျပီးမွာ ထုတ္ေပးမွာျဖစ္ျပီး Update ရက္ ကုိေတာ့ အတိအက် ေဖာ္ျပဦးမွာ မဟုတ္ပါဘူး၊ ရက္အတိအက် ေျပာထားျပီးမွ Update အတြက္ျပင္ဆင္ဖုိ႔ အခ်ိန္အနည္းငယ္လုိအပ္တာနဲ႕ ၾကဳံရင္ ၾကဳိေျပာထားတဲ့အခါ အဆင္မေျပမွာဆုိးလုိ႔” ဆုိတဲ့ သေဘာမ်ဴိး ေဆာင္တဲ့ Comment ျဖစ္ပါတယ္။

DPC ေပးမယ့္ ပထမဆုံး Major ျပဳိင္ပြဲျဖစ္တဲ့ MDL Chengdu Major ဟာ November 24 မွာ ျပီးဆုံးမွာျဖစ္ျပီး Outlander Update teaser ကုိ ေၾကညာခဲ့တာကေတာ့ ၾသဂုတ္လ (၂၃) ရက္ေန႔ ျဖစ္ပါတယ္။ Update ေၾကညာခ်ိန္နဲ႕ ပထမဆုံး Major ျပီးဆုံးတဲ့အခ်ိန္ဟာ (၃) လ တိတိ ကြာျခားပါတယ္။ အဲ့ဒီ့ေန႔အထိေတာင္ Update ထြက္ဖုိ႔က တိက်ေသခ်ာတဲ့ ရက္စြဲတစ္ခုကုိ မေပးႏုိင္ေသးဘူးဆုိတဲ့ reply ဟာ Valve ရဲ႕ Dota 2 အေပၚ တုိက္ရုိက္သက္ေရာက္ေနတဲ့ လက္ရွိအေျခအေနေတြကုိ ေဖာ္ျပလ်က္ရွိပါတယ္။

ဟုတ္ပါတယ္။ Dota 2 ဟာ (၆) ႏွစ္ နီးပါး ကာလအတြင္းမွာ အဆုိးရြားဆုံး ကစားသမားဦးေရ အက်ဆင္းဆုံး အေျခအေနနဲ႕ ရင္ဆုိင္ေနရတာပါ။ Community ကေန ျဖစ္ေပၚလာတဲ့ Video Game တစ္ခုျဖစ္တဲ့ Dota ဟာ Community ရဲ႕ လုိအပ္ခ်က္ကုိ မျဖည့္စည္းေပးႏုိင္တဲ့အခါမွာ ဆုိးရြားတဲ့လမ္းစဥ္ဘက္ကုိ တျဖည္းျဖည္းခ်င္းစီ ဦးတည္ေနတာျဖစ္ပါတယ္။

၁။ Update

အဓိက လုိအပ္ခ်က္ေတြအေၾကာင္းေျပာတဲ့အခါမွာ Game က အထုိက္အေလ်ာက္ Update ျဖစ္ရဲ႕လားဆုိတာကုိ ဦးစြာေျပာဖုိ႔ လုိပါတယ္။ ျပီးခဲ့တဲ့ TI9 မွာ အသုံးျပဳခဲ့တဲ့ v7.22f ရဲ႕ မူလျဖစ္တဲ့ v7.22 ဟာ ေမလ (၂၄) ရက္မွာ ထြက္ရွိခဲ့တာျဖစ္ပါတယ္။ TI မွာ အသုံးျပဳဖုိ႔ Patch ျဖစ္တာေၾကာင့္ TI ထက္ (၃) လ ေစာျပီး ထြက္ထားတဲ့ ေျမပုံကုိ Balance Change ေတြ အထပ္ထပ္ျပဳျပင္ျပီး v7.22f ကုိ အသုံးျပဳတယ္ဆုိတာ ပုံမွန္လမ္းစဥ္တစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ Premium တန္းက Player ေတြအတြက္ Patch တစ္ခုကို အမ်ားတန္းတူ အသုံးျပဳေပးျပီးတဲ့အခါ TI အျပီးမွာ ဒီ Patch ၾကီးကုိ (၃) လ ေက်ာ္ ၾကာေအာင္ ျငီးေငြ႕ေနတဲ့ Public matchmaking ေတြအတြက္ Update တစ္ခုက မျဖစ္မေန ထုတ္ေပးဖုိ႔ လုိအပ္ပါတယ္။ အခု Valve ရဲ႕ လုပ္ရက္ဟာ TI Patch ကုိ Balance Change (၂) ခါ လုပ္ေပးထားတာထက္ မပုိတဲ့အတြက္ Public Matchmaking ေတြရဲ႕ Meta ဟာ (၅) လ ၾကာေအာင္ မေျပာင္းလဲတဲ့ Meta အေဟာင္းၾကီးျဖစ္ေနဆဲပါပဲ။ အခု ထြက္လာတဲ့ သတင္းအရ ဒီ Meta အေဟာင္းၾကီးကုိ ေနာက္ထပ္ တစ္လ ေလာက္ ေျပာင္းလဲဖုိ႔ ရွိဦးမွာ ဆုိတာကေတာ့ ႏွစ္တစ္ဝက္စာ မေျပာင္းလဲတဲ့ Meta အေပၚ Casual Player ေတြအတြက္ စိတ္ပ်က္စရာျဖစ္လာတာဟာ ျမင္သာတဲ့ ကိစၥ တစ္ခုျဖစ္ပါတယ္။

၂။ Game Experiences

တစ္ခ်ဴိ႕ကိစၥေတြက ပုိေကာင္းဖုိ႔ စီစဥ္ကာမွ လြဲေခ်ာ္သြားတာမ်ဴိးေတြလည္း ရွိတတ္ပါတယ္။ (ေကာင္းေပမယ့္ လူေတြ လုိခ်င္တာနဲ႕ ထပ္တူ မက်နုိင္တဲ့ အေျခအေနမ်ဴိးကုိ ဆုိလုိတာပါ) Dota ဟာ အေပါင္းအသင္းမ်ားနဲ႕ ကစားတဲ့အခါ အေကာင္းမြန္ဆုံး ဂိမ္းအေတြ႕အၾကဳံကုိရရွိမွာ မွန္ေပမယ့္ အေပါင္းအသင္းမ်ားနဲ႕ မျဖစ္မေန ကစားျဖစ္ေအာင္ ေျပာင္းလဲေပးလုိက္တဲ့ Core MMR, Support MMR စနစ္ဟာ ေဘးထြက္ဆုိးက်ဴိးမ်ား နဲ႕ ၾကဳံေတြ႕ခဲ့ရပါတယ္။ ပထမဆုံးအခက္အခဲအျဖစ္ Skill bracket မတူတဲ့သူ (၂) ဦးက Role Abuse လုပ္ျပီး Rank တင္တဲ့ ျပႆနာကုိ Public Matchmaking ေတြမွာ အလူးအလဲ ခံခဲ့ရပါတယ္။ ဒုတိယအခက္အခဲအျဖစ္ Party 3-1-1 team vs 5 party ျပႆနာမ်ဴိးကုိ ေျဖရွင္းဖုိ႔ Strict Solo Queue ကို ပယ္ဖ်က္လုိက္ရာမွ Queue time ပုိၾကာတဲ့ ျပႆနာနဲ႕ Immortal player ေတြၾကားမွာ Ancient Bracket အထိ ပါဝင္လာတာမ်ဴိးေတြ ၾကဳံလာရပါတယ္။ တတိယျပႆနာကေတာ့ Toxicity ျဖစ္ပါတယ္။ Skill Bracket မွ်တမႈ မရွိျခင္း၊ Full party အျမဲမရွိနုိင္တဲ့ ကစားသမားေတြအတြက္ Fully Party သမားေတြကုိ ႏုိင္ဖုိ႔ ခက္ခဲျခင္း၊ Behavior score အေပၚလြန္စြာ အေျခခံသည့္အတြက္ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ျပီး Behavior score က်သြားေသာ ကစားသမားေတြအတြက္ ဆုိးရြားတဲ့ Game အေတြ႕အၾကဳံမ်ား စသည့္အခ်က္မ်ားေၾကာင့္ ကစားသမားေတြရဲ႕ Toxicity ျဖစ္မႈဟာ လြန္စြာ ျမင့္မားလွ်က္ရွိေနပါတယ္။ Valve ဟာ Cheater ေတြနဲ႕ Toxic ျဖစ္မႈေတြကုိ ေကာင္းေကာင္း ကုိင္တြယ္ေျဖရွင္းႏုိင္စြမ္း အခုခ်ိန္ထိ မရွိေသးပါဘူး။

[Image Source: Paladins]

၃။ Player Experiences

Game တစ္ခုကို ၾကဳိက္ႏွစ္သက္တဲ့ လူတန္းစားမွာ Hardcore player နဲ႕ Casual player ဆုိျပီး (၂) မ်ဴိး ကြဲျပားပါတယ္။ Dota 2 ေဆာ့ရတဲ့ လက္ရွိရည္ရြယ္ခ်က္ဟာ MMR ဆုိတဲ့ ကိန္းဂဏန္းေလးေတြ တက္ဖုိ႔တစ္ခုတည္းသာ ရွိေနတာက Casual Player ေတြမ်ားစြာ စြန္႔ခြာသြားရတဲ့ အဓိက အေၾကာင္းအရင္းပဲျဖစ္ပါတယ္။ Dota 2 မွာ Daily Login Bonus, Weekly Rewards, Good player Awards, Free Challenges, Montly Quest ေတြ ဘာမွ မရွိတဲ့အျပင္ Event ေတြလည္း လုပ္ေပးေလ့ မရွိပါဘူး။ အခုကာလ အပုိင္းအျခားဟာ Halloween ကာလျဖစ္ျပီး အျခားေသာ League of Legends, PUBG, Overwatch, Fortnite, Apex Lgends စတဲ့ Competitive Video Game ေတြမွာ Event ေတြ ရွိေနေပမယ့္ Dota 2 ကေတာ့ ဒီႏွစ္ Outlander Update အတြက္ အခ်ိန္ေပးေနရလုိ႔ ဘာ Event မွ ရွိမွာ မဟုတ္ဘူးဆုိတဲ့ Announcement တစ္ခုသာ ထြက္လာခဲ့ပါတယ္။ Livestreaming, Casual Player ေတြဆီကေန ေစ်းကြက္မ်ားစြာ ရရွိနုိင္တဲ့အတြက္ Valve ရဲ႕ ေခတ္ျပဳိင္ PC Game Company ၾကီးေတြျဖစ္တဲ့ Epic, Blizzard, Riot, Electronic Arts တုိ႔ အသီးသီးက အျပဳိင္အဆုိင္ Player မ်ားကုိ ဆြဲေဆာင္ေနတဲ့အခ်ိန္ Valve ကေတာ့ Casual Player ေတြကုိ ဆြဲေဆာင္ ထားမယ့္ အခ်က္ေတြအေပၚ ဂရုစုိက္ျခင္း မရွိပါဘူး။ တစ္လကုိ $4 ေပးရတဲ့ Dota Plus Features ဟာလည္း ၁ ႏွစ္မွာ တစ္ခါေလာက္သာ Update လုပ္ေလ့ရွိတဲ့ စိတ္ဝင္စားစရာ ေထြေထြထူးထူး မရွိေသာ Features ၾကီး ျဖစ္ေနပါေသးတယ္။ ဒါေၾကာင့္ Reward ေထြေထြထူးထူး မရွိတဲ့ Dota 2 ဟာ MMR ကုိ စိတ္အပင္ပန္းခံျပီး တင္မေနခ်င္တဲ့ Casual player ေတြအတြက္ေတာ့ Login ဝင္စရာ အေၾကာင္းျပခ်က္ နည္းပါးသြားတဲ့ Game တစ္အခုျဖစ္လာျပီး Event ကာလမွာ Event ရွိတဲ့ Game ေတြဆီကုိ ေရာက္သြားတာမ်ဴိးေတြေၾကာင့္ Player Count ေတြ သိသိသာသာ က်ဆင္းလာပါတယ္။

[Image Source: World of Warcraft / Battle for Azeroth Cinematic Trailer]

၄။ No Promotions

ဒီေခတ္ၾကီးဟာ Free to Play Game တုိ႔ရဲ႕ ေခတ္ျဖစ္ပါတယ္။ Game အသစ္တစ္ခုကုိ စမ္းေဆာ့ၾကည့္ခ်င္တဲ့ Casual Player တစ္ေယာက္ဟာ ပထမဆုံး အဲ့ဒီ့ Game ရဲ႕ Cinematic Trailer ကုိ အရင္ ၾကည့္ပါတယ္။ အဲ့ဒါက Hype ရင္ Hype သေလာက္ စမ္းေဆာ့ၾကည့္မယ္ဆုိျပီး စတင္ေလ့ရွိပါတယ္။ အဲ့လုိ Player ေတြ မိမိဂိမ္းကုိ ေရာက္ရွိလာတဲ့အခါ Skin/ Battle Pass/ Tournament ေတြ လုပ္ျပီး ဂိမ္းကုမၼဏီေတြက ပုိက္ဆံ ျပန္ရွာၾကပါတယ္။ ဒီလုိ Skin/ Battle Pass ေတြဟာ လူတုိင္းမဝယ္နုိင္ေပမယ့္ Casual player, streamers, whale ေတြဆီကေန လြယ္လြယ္ကူကူ ရရွိနုိင္ပါတယ္။ ဒါေၾကာင့္ ဂိမ္းကုိ ဒီလုိ Player စိတ္ဝင္စားဖုိ႔နဲ႕ Player Base တက္လာေအာင္ ဆြဲေဆာင္ၾကရပါတယ္။ Cinematic Trailer မ်ား၊ Comic မ်ား၊ Event မ်ား၊ Communication မ်ား၊ Animated Short Clip မ်ား၊ ေၾကာ္ျငာမ်ား၊ Game Universe နဲ႕ပတ္သတ္ေသာ Lore မ်ားအေၾကာင္း စသည့္ Promotion မ်ားက New players မ်ားကုိ အဓိက ဆြဲေဆာင္တဲ့ အခ်က္ျဖစ္ပါတယ္။ ဆယ္စုႏွစ္ တစ္ခုရွိျပီျဖစ္တဲ့ Dota 2 ရဲ႕ Universe ဟာ ရွင္းလင္းေဖာ္ျပထားျခင္း မရွိေသးတဲ့အခ်က္မ်ား မ်ားစြာ က်န္ရွိေနပါေသးတယ္။ Promotions လုပ္စရာေတြ အမ်ားၾကီး က်န္ပါေသးတယ္။ ဒါေပမယ့္ ကစားသမားအသစ္ေတြ ရရွိဖုိ႔ထက္ လက္ရွိ ရွိရင္းစြဲ ကစားသမားေတြကုိ ျမဲေနေအာင္ ဆြဲထားဖုိ႔က Valve ရဲ႕ အဓိက Mission ျဖစ္ပါတယ္။ (Whale: Game တစ္ခုရဲ႕ Leaderboard ထိပ္ဆုံးေနရာ ေရာက္ဖုိ႔ ေငြလမ္းခင္းျပီး သြားေလ့ရွိတဲ့ သူမ်ဴိးေတြကုိ ဆုိလုိပါတယ္)

၅။ The International

Dota 2 ရဲ႕ လူစိတ္ဝင္စားမႈ အျမင့္မားဆုံးအခ်ိန္ဟာ The International ျပဳိင္ပြဲၾကီးေတြ က်င္းပတဲ့ Dota Season အပိတ္ ကာလျဖစ္ပါတယ္။ Valve က Dota 2 ကုိ ဂရုအစုိက္ဆုံးအခ်ိန္လုိ႔ ေျပာရင္လည္း မမွားပါဘူး။ တစ္ႏွစ္တာရဲ႕ အျမင့္ဆုံးအခ်ိန္ျဖစ္တဲ့ TI ၾကမွသာ Valve အေနနဲ႕ Dota 2 ကုိ ဂရုစုိက္ျပတာဟာ Dota 2 ကုိ ဒီအခ်ိန္ေရာက္မွ ေငြရွာရမယ့္ Product တစ္ခုထက္ ပုိျပီး မျမင္တာလားလုိ႔ သံသယဝင္စရာ ျဖစ္လာပါတယ္။ Major/ Minor ပြဲမ်ားကို Third-Party Organization ေတြအား အျပည့္အဝလုပ္ကုိင္ခြင့္မေပးတဲ့ Valve ရဲ႕ ေလာဘၾကီးမႈဟာလည္း Community နဲ႕ တုိက္ရုိက္ထိေတြ႕ေပးမယ့္ Organization ေတြရဲ႕ စြမ္းေဆာင္မႈမ်ားကုိ ျမင္ေတြ႕ခြင့္ေပ်ာက္ဆုံးေစခဲ့သလုိ Dota 2 အတြက္ ဝန္ထမ္းအျဖစ္ေခၚမထားရင္ေတာင္ ဒီဇုိင္းအျမဲဆြဲေပးဖုိ႔ အဆင္သင့္ျဖစ္ေနတဲ့ Workshop Artist ေတြအေပၚမွာလည္း လြန္စြာမွ နည္းပါးတဲ့ Commission ခ အထိ ေလွ်ာ့ခ်ပစ္ခဲ့တဲ့အတြက္ အခုခ်ိန္မွာ နာမည္ၾကီး Artist ေတြလည္း Valve အတြက္ ready ရွိမေနေတာ့ပါဘူး။ ဒါေတြဟာ Player ေတြနဲ႕ တုိက္ရုိက္မသက္ဆုိင္ေပမယ့္ Dota 2 Game ကို Update ျဖစ္ေစမႈအေပၚ တိုက္ရုိက္ သြားေရာက္ သက္ဆုိင္တဲ့အတြက္ Player ေတြအေပၚ ၾကီးမားတဲ့ နစ္နာမႈၾကီးေတြလုိ႔ ေျပာလုိ႔ရပါတယ္။

[Image Source: https://www.youtube.com/watch?v=pLAi_cmly6Q]

ၾသဂုတ္လ (၅) ရက္ေန႔က The Dark Side of the Video Game Industry ဆုိတဲ့ Netflix Video ေလးတစ္ခု Youtube မွာတက္လာခဲ့ပါတယ္။ ယေန႔ေခတ္ၾကီးရဲ႕ Gaming Company ၾကီးေတြဟာ သူတုိ႔ဆီက Designer/ Developer ေတြကုိ တစ္ပတ္မွာ (၇) ရက္၊ တစ္ေန႔ကုိပ်မ္းမွ် အလုပ္ခ်ိန္ ၁၄ နာရီေလာက္အထိ အလုပ္ဆင္းခုိင္းထားပါတယ္။ အစအဆုံး ကုိယ္တုိင္တာဝန္ယူရတာမ်ဴိး၊ အမွားတစ္ခုခုလုပ္ရင္၊ Error တစ္ခုခုတက္ရင္ ခ်က္ခ်င္းအလုပ္ထုတ္ပစ္တာမ်ဴိး၊ Game တစ္ခု update ျဖစ္ေနဖုိ႔ကုိ ျပင္းထန္တဲ့ စည္းမ်ဥ္းေတြနဲ႕ ခ်မွတ္တဲ့ Iconic Video Game Company ၾကီးေတြရဲ႕ နာမည္ထဲမွာ Valve ေတာ့ ပါဝင္မလာပါဘူး။ Valve ဟာ ဝန္ထမ္းအေရအတြက္ လြန္စြာမွာ နည္းသည့္အျပင္ Game Update ပုိင္းဆုိင္ရာမွာ လြန္စြာမွ ေႏွးေကြးလြန္းတဲ့ အေၾကာင္းအရင္းကေတာ့ တျခားဂိမ္းကုမၼဏီၾကီးေတြလုိ ေနာက္ကြယ္မွာ ျပင္းထန္တဲ့ စည္းမ်ဥ္းေတြ မရွိတာေၾကာင့္လည္းျဖစ္နုိင္ေပမယ့္ ဒီဂိမ္းကုိ ႏွစ္ႏွစ္ကာကာ ကစားေနတဲ့သူေတြအတြက္ေတာ့ ေကာင္းမြန္တဲ့ ေက်းဇူးတုံ႔ျပန္မႈ တစ္ခု မဟုတ္ပါဘူး။

Dota 2 ဟာ Esports ေခတ္အကူးအေျပာင္းမွာ အဓိက ပါဝင္ခဲ့တဲ့ ဂိမ္းေကာင္းတစ္ခုဆုိလည္း မမွားပါဘူး။ ဒါေၾကာင့္ Casual Player ေတြ ထြက္ခြာသြားရင္ေတာင္ Dota ကုိ ခ်စ္ျမတ္နုိးတဲ့ Hardcore Player စစ္စစ္ ေတြက က်န္ရွိေနဦးမယ္ဆုိတဲ့အခ်က္ဟာလည္း ေျမၾကီးလက္ခက္ မလြဲေသခ်ာပါတယ္။ ဒါေပမယ့္ Valve အတြက္ လုံေလာက္တဲ့ အေျဖတစ္ခုေတာ့ မဟုတ္ေသးပါဘူး။ ကြ်န္ေတ္ာတုိ႔ သကၠရာဇ္ ၂ဝဝဝ ဝန္းက်င္က Playstation 1 ဂိမ္းေတြ ေခတ္စားခဲ့ခ်ိန္ ေခတ္တစ္ခုမွာ ကြ်န္ေတာ္တုိ႔အတြက္ ေရြးခ်ယ္စရာ ဂိမ္း မ်ားမ်ားစားစား မရွိခဲ့သလုိ ျပဳိင္ဆုိင္မႈလည္း မျပင္းထန္ခဲ့ပါဘူး။ လူတုိင္းဟာ Harvest Moon, Final Fantasy, Resident Evil, Metal Gear, NFS, Crash Bandicoot စသည့္ စသည့္ နာမည္ၾကီးေသာ Game Franchises မ်ားထဲက အဓိက ေရြးခ်ယ္ျပီး မိမိတစ္ကုိယ္ေရ အပန္းေျဖဖုိ႔ ကစားခဲ့ၾကေပမယ့္ သကၠရာဇ္ ၂ဝ၁၅ ေနာက္ပုိင္းမွာ ဒီအေျဖက ရာႏႈန္းျပည့္ မမွန္ေတာ့ပါဘူး။ Hardcore Gamer ေတြအျပင္ Casual Player ေတြပါ အမ်ားအျပားတုိးပြားလာတဲ့ ေခတ္ၾကီးမွာ လူေတြဟာ အြန္လုိင္းေပၚမွာ အခ်င္းခ်င္းျပဳိင္ဆုိင္ၾကသလုိ ဒီ Player Base ကုိ တုိးပြားလာဖုိ႔ အျပင္းအထန္ ျပဳိင္ဆုိင္ေနၾကပါတယ္။ ဒီျပဳိင္ဆုိင္မႈ ေရစီးေၾကာင္းမွာ အထုိက္အေလ်ာက္ စီးေမ်ာႏုိင္ျခင္း မရွိရင္၊ တုိးတက္ေျပာင္းလဲမႈေတြ မလုပ္ရင္ Nokia Company ရဲ႕ လမ္းစဥ္မ်ဴိးကို Dota 2 သိပ္မၾကာခင္ ေရာက္သြားေတာ့မယ့္အခ်က္အား စိုးရိမ္စရာအျဖစ္ ျမင္ေတြ႕ေနရပါျပီ။

Gabe Newell က ဒါေတြကုိ သိသိၾကီးနဲ႕ ဘာေၾကာင့္ Dota ကို ဂရုမစုိက္တာလဲ ။?

တကယ္ေတာ့ ကြ်န္ေတာ္တုိ႔ Player Base ရဲ႕ အျပစ္လည္း မကင္းပါဘူး။ TI ကာလ ေရာက္တုိင္း Dota 2 ဟာ Twitch ရဲ႕ Top View game စာရင္းမွာ အျမဲထိပ္ဆုံးက ရပ္တည္ေနၾကျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔ဟာ Dota 2 ကုိ မစားျဖစ္ရင္ေတာင္၊ Update ေတြ မရွိရင္ေတာင္ Premium တန္းျပဳိင္ပြဲေတြရွိရင္ ပြဲၾကည့္မယ့္ ပရိတ္သတ္က အျမဲရွိပါတယ္။ Dota ကုိ ျပဳစုပ်ဴိးေထာင္ခဲ့တဲ့ Community က လူေတြဟာ အခုဆုိ အသက္ (၃ဝ) ဝန္းက်င္အတန္းေတြကို ေရာက္ေနၾကပါျပီ။ Dota မေဆာ့ျဖစ္ေတာင္ရင္ေတာင္ ပြဲၾကည့္ဖုိ႔ အဆင္သင့္ရွိေနတဲ့ ပရိတ္သတ္ေတြျပည့္ေနတဲ့ Dota ဟာ Spectator Esports တစ္ခုအျဖစ္ သိသိသာသာ ေျပာင္းလဲလာတာေၾကာင့္လည္း ပါပါတယ္။ ကြ်န္ေတာ္တုိ႔က Tier 2 Dota ကုိ Support လုပ္ေပးသင့္ေၾကာင္း တဖြဖြေျပာၾကေပမယ့္ တကယ္တန္း Tier 2 Dota Tournament ေတြကုိ အခ်ိန္ေပးျပီး ၾကည့္ရွဴသူ သိသိသာသာ နည္းပါးပါတယ္။ ဒါကုိ Gaben လည္းသိပါတယ္။ ႏွစ္တုိင္းလည္း Dota 2 Community ဟာ TI Battlepass ထြက္လာခ်ိန္မွာ ေငြေၾကးအေျမာက္အမ်ားအသုံးျပဳဖုိ႔ လက္မတြန္႔တဲ့ Fan ေတြ နဲ႕ Whale ေတြအေျမာက္အမ်ား ရွိေနတာကုိလည္း Gaben က ေကာင္းေကာင္း သိေနတာလည္း ပါပါတယ္။ ဒါ့အျပင္ Dota 2 ဟာ အထုိက္အေလ်ာက္ ေလ့လာသင္ယူဖုိ႔ အခ်ိန္အမ်ားအျပားလုိအပ္တဲ့ ဂိမ္းတစ္ခုပါ။ New Comer ေတြအတြက္ အခ်ိန္ေပး Update လုပ္မယ့္အစား Dota 2 Hardcore Fans ေတြနဲ႕ ပြဲၾကည့္ပရိတ္သတ္ေတြကုိပဲ Target ထားျပီး Dota 2 ရဲ႕ လက္က်န္သက္တမ္း က်န္သေလာက္အခ်ိန္ထဲက ေငြရသေလာက္ယူေတာ့မယ္ဆုိတဲ့ အၾကံအစည္ဟာ New Comer ရွာဖုိ႔ထက္ ပုိမုိ ေသခ်ာတဲ့ ေစ်းကြက္ျဖစ္ျပီး Gaben လုိ စီးပြားေရးသမားတစ္ေယာက္အတြက္ေတာ့ ကြ်န္ေတာ္တုိ႔လုိ သာမန္လူေတြထက္ ၃ ဆင့္၊ ၄ ဆင့္ ေလာက္ ပုိျပီးျမင္ထားတဲ့ အျခားအေၾကာင္းျပခ်က္ေတြလည္း ရွိနုိင္ပါေသးတယ္။

Dota 2 တစ္ခုတည္းကုိပဲ ဆြဲဆြဲျမဲျမဲေဆာ့ေနတဲ့ ကစားသမားေတြကေတာ့ Dota 2 ရဲ႕ အားနည္းခ်က္ေတြခ်ည္း ေဖာ္ျပထားတဲ့ ဒီေဆာငး္ပါးကုိ မုန္းေကာင္းမုန္းနုိင္ပါတယ္။ ဒါေပမယ့္ Dota 2 တစ္ခုတည္းကုိ စူးစုိက္ၾကည့္ေနတဲ့ ျမင္ကြင္းကုိ ခဏေလာက္ အနားယူျပီး သကၠရာဇ္ ၂ဝ၂ဝ ေရာက္ခါနီးကာလမွာ တျခားေခတ္ျပဳိင္ Video Game ေတြ ဘယ္လုိမ်ဴိး ျပဳျပင္ေျပာင္းလဲေနသလဲဆုိတာကုိ လုိက္ရွာေဖြၾကည့္တဲ့အခါ စာေရးသူရဲ႕ သေဘာထားကုိ လက္ခံသြားမယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။

မည္သုိ႔ပင္ဆုိေစကာမူ Dota ဆုိတာ Community ကေန ျဖစ္ေပၚလာတဲ့ Game တစ္ခုျဖစ္ပါတယ္။ အခုလုိ Update မရွိ၊ ပ်င္းစရာ ေကာင္းတဲ့ အေျခအေနထိ ဒီလုိ Player Base ရွိေနေသးတယ္ဆုိတာကလည္း Dota ဆုိတာ ေတာ္ေတာ္ေလး ေကာင္းတဲ့ Game တစ္ခုျဖစ္ေနလုိ႔ဆုိတဲ့ အခ်က္အျပင္ Dota ကုိ ခ်စ္တဲ့ Community က အခုထိ ရွိေနေသးတဲ့အတြက္ေၾကာင့္ဆုိတာ ျငင္းလုိ႔မရပါဘူး။ ျပီးေတာ့ Dota ဟာ လူတစ္ဦးတစ္ေယာက္၊ ကုမၼဏီတစ္ခုက အစအဆုံး ဖန္တီးခဲ့တဲ့ Game မ်ဴိး မဟုတ္ပါဘူး။ (Dota ကုိ IceFrog က 3rd generation အေနနဲ႕ အဆင့္ျမွင့္တင္ေပးတာ မွန္ေပမယ့္ Dota ထဲက Hero Concept Idea မ်ားဟာ အမည္မေဖာ္တဲ့ Community ထဲက Player မ်ားရဲ႕ Idea မ်ားသာျဖစ္ျပီး ဒီ Idea မ်ားကုိ IceFrog က အေကာင္းဆုံးျဖစ္ေအာင္ မြန္းမံေပးခဲ့တာျဖစ္ပါတယ္) ဒါေၾကာင့္ အခုခ်ိန္မွာ Dota 2 Universe ဟာ Valve ရဲ႕ လုပ္ပုိင္ခြင့္ေအာက္မွာ ေရာက္ရွိေနေပမယ့္ ဒီ Game ကုိ ဒီေန႔ဒီအခ်ိန္ထိေရာက္ေအာင္ ျပဳစုပ်ဴိးေထာင္ခဲ့တဲ့ Community ရဲ႕ အသံေတြကုိ ေသခ်ာနားေထာင္ျပီး Community ရဲ႕ လုိအပ္ခ်က္၊ ေခတ္ရဲ႕လုိအပ္ခ်က္ကုိ အလွ်င္မွီေအာင္ ျဖည့္စည္းေပးမွသာ ကြ်န္ေတာ္တုိ႔ ခ်စ္ျမတ္နုိးတဲ့ Dota Community ဟာ စည္းကားသုိက္ဝန္းတဲ့ အေျခအေနကုိ ျပန္လည္ေရာက္ရွိလာျပီး အသက္ဆက္ဖုိ႔အခြင့္အလမ္းေတြရွိလာမွာ အေသအခ်ာပါပဲ။

yahooyeeha