[Unicode]

League of Legends ရဲ့ အကြီးမားဆုံးပြိုင်ပွဲ World Final 2019 မှာ ဘယ်သူအနိုင်ရရှိခဲ့လဲ?

 

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ League of Legends ရဲ့ အကြီးမားဆုံးပြိုင်ပွဲ World Championship ပွဲစဉ်များကို ယခုနှစ်မှာလည်း မကြာသေးမီက ကျင်းပခဲ့ပါတယ်။ World Championship 2019 ကို အနိုင်ရရှိသွားတာကတော့ တရုတ်အသင်းတစ်သင်းဖြစ်တဲ့ FunPlus Phoenix (FPX) ပါ။ FPX ဟာ ဖိုင်နယ်ပွဲစဉ်များမှာ ပြိုင်ဘက်အသင်း G2 Esports ကို ၃ ပွဲပြတ် အနိုင်ရရှိခဲ့ပြီး Summoner’s Cup ဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ရရှိသွားနိုင်ခဲ့ပါတယ်။

Madrid, Spain – November 3: — during Worlds 2019 Semifinals at Palacio Vistalegre on November 3, 2019 in Madrid, Spain. (Photo by Michal Konkol/Riot Games)

FPX နဲ့ G2 Esports တို့ ၂ သင်းလုံးဟာ အလွန်ကောင်းမွန်တဲ့အသင်းများဖြစ်ကြတဲ့အတွက် သူတို့ရဲ့ ယှဉ်ပြိုင်မှုဟာ ပွဲကြီးပွဲကောင်းများဖြစ်ကြလိမ့်မယ်လို့ အများက ခန့်မှန်းထားကြတာပါ။ တကယ်တမ်းယှဉ်ပြိုင်ကစားခဲ့ရမှာတော့ FPX ဟာ G2 Esports ကို အသင်းလိုက်ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းမှာရော တစ်ဦးချင်းစီအရည်အချင်းများမှာပါ သာလွန်နေခဲ့လို့ ပွဲအနိုင်အရှုံးအဖြေများဟာ ခဏချင်း သိသာသွားခဲ့ရပါတယ်။

FPX အသင်းရဲ့ jungler ကစားသမားဖြစ်သူ Tian ဟာ ဖိုင်နယ်ပွဲစဉ်များမှာ KDA 5.1 အထိ ရရှိခဲ့သလို ကောင်းမွန်လှတဲ့ gank များ၊ သာလွန်တဲ့ pick များ ပြုလုပ်နိုင်ခဲ့လို့ MVP award ဆုကို ရရှိသွားခဲ့ပါတယ်။ Tian ဟာ G2 Esports အသင်းရဲ့ jungler ဖြစ်သူ Jankos ထက် သာလွန်တဲ့ ကစားကွက်များနဲ့ အသင်းကို အနိုင်ရရှိအောင် ခေါ်ဆောင်သွားနိုင်ခဲ့သူတစ်ဦးပါ။

Fun Plus Phoenix

FPX အသင်းရဲ့ support ကစားသမား Crisp ဟာ အသင်းရဲ့ကစားသမားများကို ကူညီဖို့ ကောင်းစွာ စွမ်းဆောင်နိုင်ခဲ့သလို mid laner ကစားသမား Doinb ဟာလည်း Nautilus နဲ့ Galio တို့လို ချန်ပီယံများကို ကိုင်တွယ်ကစားပြီး တစ်ဖက်အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ FPX ရဲ့ ADC ကစားသမား Lwx ဆိုရင် Worlds Finals မှာ death လုံးဝမရှိတဲ့ ပထမဆုံး ကစားသမားအဖြစ်တောင် စံချိန်တင်ထားနိုင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ G2 အသင်းရဲ့ ကစားကွက်များကို ပရိသတ်များ အားမလို အားမရဖြစ်ခဲ့ကြရပါတယ်။ FPX ရဲ့ အသာစီးယူ ကစားမှုကို ခံခဲ့ရသလို G2 ရဲ့ ချန်ပီယံ pick များနဲ့ ကစားပုံများဟာလည်း ဂိမ်းရဲ့ အစောပိုင်းမှာ အဖိနှိပ်ခံရလွယ်နေခဲ့ပါတယ်။ ဖိုင်နယ်ပွဲစဉ်များမတိုင်မီက G2 ဟာ ကောင်းမွန်တဲ့ကစားကွက်များနဲ့ တက်ရောက်လာနိုင်ခဲ့ပေမယ့် FPX နဲ့ တွေ့ဆုံရာမှာတော့ မြေပုံတစ်လျှောက် ဖိအားများစွာပေးခြင်းကို ခံခဲ့ရပါတယ်။

FPX ဟာ ကမ္ဘာ့အကောင်းဆုံး League of Legends အသင်းများထဲက တစ်သင်းဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ Doinb ဆိုရင် FPX ကို မဝင်ရောက်ခင် အရင်နှစ်က ကစားသမားအဖြစ်က အနားယူဖို့တောင် စဉ်းစားမိခဲ့ပေမယ့် ယခုအချိန်မှာတော့ ချန်ပီယံတစ်ဦးအဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ တစ်ကမ္ဘာလုံးက League of Legends ကစားသမားများဟာလည်း ချန်ပီယံသစ်များ ပေါ်ထွက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်။

2019 LOL World Finals

၂၀၂၀ ခုနှစ်အတွက် World Championship ပွဲစဉ်များကိုတော့ ရှန်ဟိုင်းမြို့မှာ ကျင်းပမှာပါ။ League of Legends ဟာ ကမ္ဘာပေါ်မှာ ကစားသူအများဆုံးရရှိထားတဲ့ MOBA ဂိမ်းတစ်ခုဖြစ်သလို လာမယ့်နှစ်မှာ မိုဘိုင်းလ်ဗားရှင်းကို ထုတ်လုပ်မယ်လို့ ကြေညာထားတဲ့အတွက် gamer အများရဲ့ စိတ်ဝင်စားမှုကို အထူးတလည်ခံနေရတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Dotesports


[Zawgyi]

League of Legends ရဲ႕ အႀကီးမားဆုံးၿပိဳင္ပြဲ World Final 2019 မွာ ဘယ္သူအႏိုင္ရရွိခဲ့လဲ?

 

ႏွစ္စဥ္က်င္းပျမဲျဖစ္တဲ့ League of Legends ရဲ႕ အၾကီးမားဆုံးျပိဳင္ပြဲ World Championship ပြဲစဥ္မ်ားကို ယခုႏွစ္မွာလည္း မၾကာေသးမီက က်င္းပခဲ့ပါတယ္။ World Championship 2019 ကို အႏိုင္ရရွိသြားတာကေတာ့ တရုတ္အသင္းတစ္သင္းျဖစ္တဲ့ FunPlus Phoenix (FPX) ပါ။ FPX ဟာ ဖိုင္နယ္ပြဲစဥ္မ်ားမွာ ျပိဳင္ဘက္အသင္း G2 Esports ကို ၃ ပြဲျပတ္ အႏိုင္ရရွိခဲ့ျပီး Summoner’s Cup ဆုဖလားၾကီးကို ထိုက္ထိုက္တန္တန္ ရရွိသြားႏိုင္ခဲ့ပါတယ္။

Madrid, Spain – November 3: — during Worlds 2019 Semifinals at Palacio Vistalegre on November 3, 2019 in Madrid, Spain. (Photo by Michal Konkol/Riot Games)

FPX နဲ႔ G2 Esports တို႔ ၂ သင္းလုံးဟာ အလြန္ေကာင္းမြန္တဲ့အသင္းမ်ားျဖစ္ၾကတဲ့အတြက္ သူတို႔ရဲ႕ ယွဥ္ျပိဳင္မႈဟာ ပြဲၾကီးပြဲေကာင္းမ်ားျဖစ္ၾကလိမ့္မယ္လုိ႔ အမ်ားက ခန္႔မွန္းထားၾကတာပါ။ တကယ္တမ္းယွဥ္ျပိဳင္ကစားခဲ့ရမွာေတာ့ FPX ဟာ G2 Esports ကို အသင္းလိုက္ပူးေပါင္းလုပ္ေဆာင္ႏိုင္စြမ္းမွာေရာ တစ္ဦးခ်င္းစီအရည္အခ်င္းမ်ားမွာပါ သာလြန္ေနခဲ့လို႔ ပြဲအႏိုင္အရႈံးအေျဖမ်ားဟာ ခဏခ်င္း သိသာသြားခဲ့ရပါတယ္။

FPX အသင္းရဲ႕ jungler ကစားသမားျဖစ္သူ Tian ဟာ ဖိုင္နယ္ပြဲစဥ္မ်ားမွာ KDA 5.1 အထိ ရရွိခဲ့သလို ေကာင္းမြန္လွတဲ့ gank မ်ား၊ သာလြန္တဲ့ pick မ်ား ျပဳလုပ္ႏိုင္ခဲ့လို႔ MVP award ဆုကို ရရွိသြားခဲ့ပါတယ္။ Tian ဟာ G2 Esports အသင္းရဲ႕ jungler ျဖစ္သူ Jankos ထက္ သာလြန္တဲ့ ကစားကြက္မ်ားနဲ႔ အသင္းကို အႏိုင္ရရွိေအာင္ ေခၚေဆာင္သြားႏိုင္ခဲ့သူတစ္ဦးပါ။

Fun Plus Phoenix

FPX အသင္းရဲ႕ support ကစားသမား Crisp ဟာ အသင္းရဲ႕ကစားသမားမ်ားကို ကူညီဖုိ႔ ေကာင္းစြာ စြမ္းေဆာင္ႏိုင္ခဲ့သလို mid laner ကစားသမား Doinb ဟာလည္း Nautilus နဲ႔ Galio တို႔လုိ ခ်န္ပီယံမ်ားကို ကိုင္တြယ္ကစားျပီး တစ္ဖက္အသင္းကို ဖိအားေပးႏိုင္ခဲ့ပါတယ္။ FPX ရဲ႕ ADC ကစားသမား Lwx ဆိုရင္ Worlds Finals မွာ death လုံးဝမရွိတဲ့ ပထမဆုံး ကစားသမားအျဖစ္ေတာင္ စံခ်ိန္တင္ထားႏိုင္ခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ G2 အသင္းရဲ႕ ကစားကြက္မ်ားကို ပရိသတ္မ်ား အားမလို အားမရျဖစ္ခဲ့ၾကရပါတယ္။ FPX ရဲ႕ အသာစီးယူ ကစားမႈကို ခံခဲ့ရသလို G2 ရဲ႕ ခ်န္ပီယံ pick မ်ားနဲ႔ ကစားပုံမ်ားဟာလည္း ဂိမ္းရဲ႕ အေစာပိုင္းမွာ အဖိႏိွပ္ခံရလြယ္ေနခဲ့ပါတယ္။ ဖိုင္နယ္ပြဲစဥ္မ်ားမတိုင္မီက G2 ဟာ ေကာင္းမြန္တဲ့ကစားကြက္မ်ားနဲ႔ တက္ေရာက္လာႏိုင္ခဲ့ေပမယ့္ FPX နဲ႔ ေတြ႔ဆုံရာမွာေတာ့ ေျမပုံတစ္ေလွ်ာက္ ဖိအားမ်ားစြာေပးျခင္းကို ခံခဲ့ရပါတယ္။

FPX ဟာ ကမၻာ့အေကာင္းဆုံး League of Legends အသင္းမ်ားထဲက တစ္သင္းျဖစ္ေၾကာင္း သက္ေသျပႏိုင္ခဲ့ပါတယ္။ Doinb ဆိုရင္ FPX ကို မဝင္ေရာက္ခင္ အရင္ႏွစ္က ကစားသမားအျဖစ္က အနားယူဖို႔ေတာင္ စဥ္းစားမိခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ ခ်န္ပီယံတစ္ဦးအျဖစ္ကို ေရာက္ရွိသြားခဲ့ပါျပီ။ တစ္ကမၻာလုံးက League of Legends ကစားသမားမ်ားဟာလည္း ခ်န္ပီယံသစ္မ်ား ေပၚထြက္လာတဲ့အတြက္ ဝမ္းေျမာက္ဝမ္းသာျဖစ္ေနၾကပါတယ္။

2019 LOL World Finals

၂၀၂၀ ခုႏွစ္အတြက္ World Championship ပြဲစဥ္မ်ားကိုေတာ့ ရွန္ဟိုင္းျမိဳ႕မွာ က်င္းပမွာပါ။ League of Legends ဟာ ကမၻာေပၚမွာ ကစားသူအမ်ားဆုံးရရွိထားတဲ့ MOBA ဂိမ္းတစ္ခုျဖစ္သလို လာမယ့္ႏွစ္မွာ မိုဘိုင္းလ္ဗားရွင္းကို ထုတ္လုပ္မယ္လို႔ ေၾကညာထားတဲ့အတြက္ gamer အမ်ားရဲ႕ စိတ္ဝင္စားမႈကို အထူးတလည္ခံေနရတဲ့ ဂိမ္းတစ္ခုလည္း ျဖစ္ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Dotesports