[Zawgyi]

Minecraft but FREE! “Minecraft Earth” free-to-play မိုဘိုင္းဂိမ္းသစ္

 

Minecraft ဟာ ယခုခ်ိန္ထိ လူသိမ်ား ေအာင္ျမင္ေနဆဲ ဂိမ္းတစ္ခုျဖစ္ျပီး Google Play Store မွာ ဝယ္ယူကစားသူအမ်ားဆုံးဂိမ္းတစ္ခုပါ။ Mojang ကုမၸဏီက ထုတ္လုပ္တဲ့ ဒီဂိမ္းရဲ႕ PC နဲ႔ mobile version ႏွစ္ခုစလုံးဟာ အခေၾကးေငြျဖင့္ ဝယ္ယူမွ ကစားလုိ႔ရခဲ့တာပါ။ “Minecraft Earth” ကို Minecraft ရဲ႕ 10th anniversary ျဖစ္တဲ့ ဒီႏွစ္ ေမလ ၁၇ ရက္ေန႔မွာ Mojang က free-to-play ထုတ္လုပ္မယ္လုိ႔ ေၾကျငာခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ beta version အတြက္ sign up ကိုလည္း ျပဳလုပ္ႏိုင္ေနပါျပီ။

Android ေရာ iOS အတြက္ပါ ထုတ္လုပ္မယ့္ ဒီဂိမ္းရဲ႕ gameplay ကေတာ့ Minecraft နဲ႔ ဆင္တူမွာ ျဖစ္ပါတယ္။ Pokemon GO ဂိမ္းကဲ့သုိ႔ Augmented reality (AR) ဂိမ္းအမ်ိဳးအစားနဲ႕ sandbox အမ်ိဳးအစား ျဖစ္တဲ့အတြက္ AR structure မ်ားကို အျခားသူမ်ားနဲ႔ ပူးေပါင္းတည္ေဆာက္ျခင္း၊ ဂိမ္းရဲ႕ေျမပုံံတစ္ေလွ်ာက္ tappables လုိ႔ေခၚတဲ့အရာမ်ားကို tap လုပ္ကာ resource မ်ား စုေဆာင္းျခင္း၊ Adventures စြန႔္စားခန္းမ်ား ျပဳလုပ္ျခင္း စတဲ့ gameplay မ်ားကို ကစားႏိုင္မွာပါ။

Adventures မွာေတာ့ ကစားသူအတြက္ေပးထားတဲ့ task မ်ားကို ျပဳလုပ္ျခင္း၊ ပေဟဠိမ်ားကို ေျဖရွင္းျခင္း၊ နယ္ေျမသစ္မ်ားကို ရွာေဖြကာ hostile entities မ်ားကို ႏိွမ္နင္းျခင္း စတာေတြ ပါဝင္ပါတယ္။ Adventures မ်ားကို ျပဳလုပ္ေအာင္ျမင္ပါက ကစားသူဟာ သတ္မွတ္ထားတဲ့ reward ေတြ ရရွိမွာပါ။ ေဆာက္လုပ္ျခင္းမ်ားကို build plates လုိ႔ အမည္တပ္ထားတဲ့ေနရာမ်ားမွာ ျပဳလုပ္ႏိုင္ျပီး ကစားသူမ်ား အခ်င္းခ်င္း structure မ်ားရဲ႕ပုံတူမ်ားကို မွ်ေဝယူႏိုင္မွာပါ။

Minecraft Earth အတြင္းထည့္သြင္းထားတဲ့ ေျမပုံကို OpenStreetMap ကေန ယူထားတာျဖစ္ျပီး AR feature မ်ားအတြက္ကိုေတာ့ Microsoft Azure ေပၚမွာတည္ေဆာက္ထားတာပါ။ Minecraft Earth ဟာ တကယ္အျပင္မွာရွိတဲ့ သစ္ပင္မ်ား၊ ေရကန္မ်ား၊ အေဆာက္အဦးမ်ားကို အလိုေလွ်ာက္သိရွိမွာျဖစ္လို႔ ထိုအရာမ်ားဟာ ဂိမ္းရဲ႕ AR Simulation ကို အေႏွာင့္အယွက္မေပးႏိုင္ပါဘူး။

Minecraft Earth ကို ကစားဖုိ႔ Android 7 နဲ႔ အထက္ျဖစ္ေစ၊ iOS 10 နဲ႔ အထက္ျဖစ္ေစ ရွိဖုိ႔ေတာ့လုိအပ္မွာပါ။ Microsoft အေကာင့္တစ္ခု သို႔မဟုတ္ Xbox live အေကာင့္တစ္ခု ျပဳလုပ္ဖုိ႔လည္း လိုအပ္မွာျဖစ္ျပီး မိမိေဆာ့ထားတဲ့ ဂိမ္းအခ်က္အလက္မ်ားကို ယင္းအေကာင့္မွ တစ္ဆင့္ထိန္းသိမ္းထားမွာပါ။

စမ္းသပ္ဆဲ Beta အဆင့္သာ ရွိေသးလုိ႔ Google Play Store နဲ႔ အျခားေနရာမ်ားမွာေတာ့ download ျပဳလုပ္ႏိုင္ျခင္းမရွိေသးပါဘူး။ Beta အတြက္ sign up ကို Minecraft Earth ရဲ႕ official website မွာ ျပဳလုပ္ႏိုင္ျပီး ကစားသူဦးေရ ကန္႔သတ္ထားပါတယ္။ Beta version မွာ ဝင္ေရာက္ကစားခြင့္ရသူေတြကေတာ့ free earth skin တစ္ခု ရရွိမွာပါ။

Mincraft Earth ဟာ Minecraft ရဲ႕ ၁၀ႏွစ္တာ အေတြ႕အၾကံဳမ်ားနဲ႕ေအာင္ျမင္မႈမ်ားနဲ႕ အေတြ႕အၾကံဳမ်ားေပၚ အေျခခံတည္ေဆာက္ထားတဲ့ဂိမ္းတစ္ခုျဖစ္လုိ့ တရားဝင္ထြက္ရွိခ်ိန္မွာ လူအမ်ားၾကိဳက္ႏွစ္သက္တဲ့ AR ဂိမ္းေကာင္းတစ္ခုျဖစ္လာႏိုင္ပါတယ္။ မိုဘိုင္းဂိမ္းသတင္းမ်ားနဲ႔ အျခားေသာ esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

Minecraft but FREE! “Minecraft Earth” free-to-play မိုဘိုင်းဂိမ်းသစ်

 

Minecraft ဟာ ယခုချိန်ထိ လူသိများ အောင်မြင်နေဆဲ ဂိမ်းတစ်ခုဖြစ်ပြီး Google Play Store မှာ ဝယ်ယူကစားသူအများဆုံးဂိမ်းတစ်ခုပါ။ Mojang ကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီဂိမ်းရဲ့ PC နဲ့ mobile version နှစ်ခုစလုံးဟာ အခကြေးငွေဖြင့် ဝယ်ယူမှ ကစားလို့ရခဲ့တာပါ။ “Minecraft Earth” ကို Minecraft ရဲ့ 10th anniversary ဖြစ်တဲ့ ဒီနှစ် မေလ ၁၇ ရက်နေ့မှာ Mojang က free-to-play ထုတ်လုပ်မယ်လို့ ကြေငြာခဲ့ပါတယ်။ ယခုအချိန်မှာတော့ beta version အတွက် sign up ကိုလည်း ပြုလုပ်နိုင်နေပါပြီ။

Android ရော iOS အတွက်ပါ ထုတ်လုပ်မယ့် ဒီဂိမ်းရဲ့ gameplay ကတော့ Minecraft နဲ့ ဆင်တူမှာ ဖြစ်ပါတယ်။ Pokemon GO ဂိမ်းကဲ့သို့ Augmented reality (AR) ဂိမ်းအမျိုးအစားနဲ့ sandbox အမျိုးအစား ဖြစ်တဲ့အတွက် AR structure များကို အခြားသူများနဲ့ ပူးပေါင်းတည်ဆောက်ခြင်း၊ ဂိမ်းရဲ့မြေပုံံတစ်လျှောက် tappables လို့ခေါ်တဲ့အရာများကို tap လုပ်ကာ resource များ စုဆောင်းခြင်း၊ Adventures စွန့်စားခန်းများ ပြုလုပ်ခြင်း စတဲ့ gameplay များကို ကစားနိုင်မှာပါ။

Adventures မှာတော့ ကစားသူအတွက်ပေးထားတဲ့ task များကို ပြုလုပ်ခြင်း၊ ပဟေဠိများကို ဖြေရှင်းခြင်း၊ နယ်မြေသစ်များကို ရှာဖွေကာ hostile entities များကို နှိမ်နင်းခြင်း စတာတွေ ပါဝင်ပါတယ်။ Adventures များကို ပြုလုပ်အောင်မြင်ပါက ကစားသူဟာ သတ်မှတ်ထားတဲ့ reward တွေ ရရှိမှာပါ။ ဆောက်လုပ်ခြင်းများကို build plates လို့ အမည်တပ်ထားတဲ့နေရာများမှာ ပြုလုပ်နိုင်ပြီး ကစားသူများ အချင်းချင်း structure များရဲ့ပုံတူများကို မျှဝေယူနိုင်မှာပါ။

Minecraft Earth အတွင်းထည့်သွင်းထားတဲ့ မြေပုံကို OpenStreetMap ကနေ ယူထားတာဖြစ်ပြီး AR feature များအတွက်ကိုတော့ Microsoft Azure ပေါ်မှာတည်ဆောက်ထားတာပါ။ Minecraft Earth ဟာ တကယ်အပြင်မှာရှိတဲ့ သစ်ပင်များ၊ ရေကန်များ၊ အဆောက်အဦးများကို အလိုလျှောက်သိရှိမှာဖြစ်လို့ ထိုအရာများဟာ ဂိမ်းရဲ့ AR Simulation ကို အနှောင့်အယှက်မပေးနိုင်ပါဘူး။

Minecraft Earth ကို ကစားဖို့ Android 7 နဲ့ အထက်ဖြစ်စေ၊ iOS 10 နဲ့ အထက်ဖြစ်စေ ရှိဖို့တော့လိုအပ်မှာပါ။ Microsoft အကောင့်တစ်ခု သို့မဟုတ် Xbox live အကောင့်တစ်ခု ပြုလုပ်ဖို့လည်း လိုအပ်မှာဖြစ်ပြီး မိမိဆော့ထားတဲ့ ဂိမ်းအချက်အလက်များကို ယင်းအကောင့်မှ တစ်ဆင့်ထိန်းသိမ်းထားမှာပါ။

စမ်းသပ်ဆဲ Beta အဆင့်သာ ရှိသေးလို့ Google Play Store နဲ့ အခြားနေရာများမှာတော့ download ပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။ Beta အတွက် sign up ကို Minecraft Earth ရဲ့ official website မှာ ပြုလုပ်နိုင်ပြီး ကစားသူဦးရေ ကန့်သတ်ထားပါတယ်။ Beta version မှာ ဝင်ရောက်ကစားခွင့်ရသူတွေကတော့ free earth skin တစ်ခု ရရှိမှာပါ။

Mincraft Earth ဟာ Minecraft ရဲ့ ၁၀နှစ်တာ အတွေ့အကြုံများနဲ့အောင်မြင်မှုများနဲ့ အတွေ့အကြုံများပေါ် အခြေခံတည်ဆောက်ထားတဲ့ဂိမ်းတစ်ခုဖြစ်လို့ တရားဝင်ထွက်ရှိချိန်မှာ လူအများကြိုက်နှစ်သက်တဲ့ AR ဂိမ်းကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ မိုဘိုင်းဂိမ်းသတင်းများနဲ့ အခြားသော esport သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။