[Zawgyi]

Ti4 ခ်န္ပီယံေဟာင္း တရုတ္ Dota 2 အသင္း Newbee ဟာ ေနာက္ဆုံး DPC ရာသီမွာ လူအေျပာင္းအလဲမ်ားစြာျပဳလုပ္ခဲ့ၿပီး မတည္ျငိမ္တဲ့လက္စြမ္းနဲ႔အတူ Ti9 အတြက္ တုိက္ရုိက္ဖိတ္ေခၚခံရဖို႔ အခြင့္အေရးလက္လြတ္ခဲ့သလို တရုတ္ေဒသတြင္းလက္ရည္စစ္ပြဲမွာလည္း Open Qualifier #2 က်မွ အုပ္စုအဆင့္ကို ေရာက္ခဲ့ေပမယ့္ အုပ္စုအဆင့္မွာ ၃ ပြဲႏုိင္ ၄ ပြဲရႈံးရလဒ္ေၾကာင့္ ရႈံးထြက္အဆင့္ကိုေတာင္ မေရာက္ဘဲ Ti9 နဲ႔ႏွစ္ခါျပန္ေဝးခဲ့ရပါတယ္။

တရုတ္ျပည္တြင္းမွာက်င္းပမယ့္ Ti9 ပြဲကို Newbee လို Esports အဖြဲ႕အစည္းတစ္ခုအေနနဲ႔ ဘယ္လိုပဲျဖစ္ျဖစ္ ပါဝင္ခ်င္မွာ အမွန္ပါပဲ။ ဒီအတြက္ အခြင့္အေရးကေတာ့ ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္းမွာ ေပၚလာခဲ့ပါတယ္။

Ex-Forward Gaming Players

ေျမာက္အေမရိကအေျခစိုက္ Forward Gaming ဟာ Ti9 တက္ေရာက္ခြင့္ရရွိခဲ့ေပမယ့္ လစာေငြ အခက္အခဲေၾကာင့္ ပုိင္ရွင္ဟာ ရုတ္တရက္ႀကီး အသင္းကိုဖ်က္သိမ္းခဲ့ရၿပီး Ti9 တက္ေရာက္ခြင့္ ရထားတဲ့ အသင္းသားေတြဟာ မွီခုိရာမဲ့ေနသလို ျဖစ္သြားခဲ့ပါတယ္။

ဒါကို Newbee က အခြင့္ေကာင္းယူလိုက္ၿပီး FG အသင္းသားငါးဦးကို သူတုိ႔ရဲ႕ Newbee အမွတ္တံဆိပ္ ေအာက္ကေန ယွဥ္ၿပိဳင္ေဆာ့ကစားေစဖို႔ ေခၚယူလိုက္တာပါ။ အရင္ကလည္း တရုတ္အေျခစုိက္ Vici Gaming လို အဖြဲ႕အစည္းေတြက ႏုိင္ငံျခားအသင္းသားေတြနဲ႔ အသင္းခြဲေတြ ေထာင္ဖူးတဲ့ သာဓကရွိတာေၾကာင့္ ဒါဟာ သူတုိ႔အတြက္ အခက္အခဲေတာ့ သိပ္မရွိခဲ့ပါဘူး။

NewBee Announcement

ဒါေၾကာင့္ YaWaR, CCnC, Sneyking, MSS, Pieliedie တုိ႔ပါဝင္တဲ့ FG ဟာ အခုခ်ိန္ကစလို႔ Newbee Dota 2 အျဖစ္ Ti9 ကုိပါဝင္ယွဥ္ၿပိဳင္ရေတာ့မွာပဲျဖစ္ပါတယ္။
2015 Ti ခ်န္ပီယံ EG အသင္းသားေဟာင္း Aui_2000 ကိုလည္း Coach အျဖစ္ Newbee ကဆက္ေခၚထားပါတယ္။

Newbee ရဲ႕လက္ရွိကစားသမားေတြျဖစ္တဲ့ Jiajia, Sccc, awen, Waixi, Fenrir (အဌား) နဲ႔ Moogy (inactive) တုိ႔ကေတာ့ တရုတ္ Line-up အေနနဲ႔ပဲ လက္ရွိမွာ ရွိေနေသးတာကို ျမင္ေတြ႕ရပါတယ္။

YaWaR တုိ႔လူစုဟာ ဘာပဲေျပာေျပာ Newbee ေက်းဇူးနဲ႔ Ti9 ကိုေတာ့ လက္လႊတ္စရာ ပူပန္စရာ မလိုေတာ့ဘဲ ယွဥ္ၿပိဳင္ႏုိင္ၿပီျဖစ္ပါတယ္။ ဒီအသင္းဟာ Ti9 မွာ ဘယ္ေလာက္လုပ္ျပႏုိင္မလဲ၊ Ti9 ၿပီးရင္ေရာ သူတုိ႔ ကံၾကမၼာက ဘယ္လိုျဖစ္သြားမလဲဆုိတာေတာ့ မၾကာခင္အခ်ိန္အတြင္းမွာ အေျဖထြက္လာေတာ့မွာပါ။


[Unicode]

Ti4 ချန်ပီယံဟောင်း တရုတ် Dota 2 အသင်း Newbee ဟာ နောက်ဆုံး DPC ရာသီမှာ လူအပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး မတည်ငြိမ်တဲ့လက်စွမ်းနဲ့အတူ Ti9 အတွက် တိုက်ရိုက်ဖိတ်ခေါ်ခံရဖို့ အခွင့်အရေးလက်လွတ်ခဲ့သလို တရုတ်ဒေသတွင်းလက်ရည်စစ်ပွဲမှာလည်း Open Qualifier #2 ကျမှ အုပ်စုအဆင့်ကို ရောက်ခဲ့ပေမယ့် အုပ်စုအဆင့်မှာ ၃ ပွဲနိုင် ၄ ပွဲရှုံးရလဒ်ကြောင့် ရှုံးထွက်အဆင့်ကိုတောင် မရောက်ဘဲ Ti9 နဲ့နှစ်ခါပြန်ဝေးခဲ့ရပါတယ်။

တရုတ်ပြည်တွင်းမှာကျင်းပမယ့် Ti9 ပွဲကို Newbee လို Esports အဖွဲ့အစည်းတစ်ခုအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပါဝင်ချင်မှာ အမှန်ပါပဲ။ ဒီအတွက် အခွင့်အရေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပေါ်လာခဲ့ပါတယ်။

Ex-Forward Gaming Players

မြောက်အမေရိကအခြေစိုက် Forward Gaming ဟာ Ti9 တက်ရောက်ခွင့်ရရှိခဲ့ပေမယ့် လစာငွေ အခက်အခဲကြောင့် ပိုင်ရှင်ဟာ ရုတ်တရက်ကြီး အသင်းကိုဖျက်သိမ်းခဲ့ရပြီး Ti9 တက်ရောက်ခွင့် ရထားတဲ့ အသင်းသားတွေဟာ မှီခိုရာမဲ့နေသလို ဖြစ်သွားခဲ့ပါတယ်။

ဒါကို Newbee က အခွင့်ကောင်းယူလိုက်ပြီး FG အသင်းသားငါးဦးကို သူတို့ရဲ့ Newbee အမှတ်တံဆိပ် အောက်ကနေ ယှဉ်ပြိုင်ဆော့ကစားစေဖို့ ခေါ်ယူလိုက်တာပါ။ အရင်ကလည်း တရုတ်အခြေစိုက် Vici Gaming လို အဖွဲ့အစည်းတွေက နိုင်ငံခြားအသင်းသားတွေနဲ့ အသင်းခွဲတွေ ထောင်ဖူးတဲ့ သာဓကရှိတာကြောင့် ဒါဟာ သူတို့အတွက် အခက်အခဲတော့ သိပ်မရှိခဲ့ပါဘူး။

NewBee Announcement

ဒါကြောင့် YaWaR, CCnC, Sneyking, MSS, Pieliedie တို့ပါဝင်တဲ့ FG ဟာ အခုချိန်ကစလို့ Newbee Dota 2 အဖြစ် Ti9 ကိုပါဝင်ယှဉ်ပြိုင်ရတော့မှာပဲဖြစ်ပါတယ်။
2015 Ti ချန်ပီယံ EG အသင်းသားဟောင်း Aui_2000 ကိုလည်း Coach အဖြစ် Newbee ကဆက်ခေါ်ထားပါတယ်။

Newbee ရဲ့လက်ရှိကစားသမားတွေဖြစ်တဲ့ Jiajia, Sccc, awen, Waixi, Fenrir (အဌား) နဲ့ Moogy (inactive) တို့ကတော့ တရုတ် Line-up အနေနဲ့ပဲ လက်ရှိမှာ ရှိနေသေးတာကို မြင်တွေ့ရပါတယ်။

YaWaR တို့လူစုဟာ ဘာပဲပြောပြော Newbee ကျေးဇူးနဲ့ Ti9 ကိုတော့ လက်လွှတ်စရာ ပူပန်စရာ မလိုတော့ဘဲ ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါတယ်။ ဒီအသင်းဟာ Ti9 မှာ ဘယ်လောက်လုပ်ပြနိုင်မလဲ၊ Ti9 ပြီးရင်ရော သူတို့ ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ မကြာခင်အချိန်အတွင်းမှာ အဖြေထွက်လာတော့မှာပါ။