[Zawgyi]

ကမ႓ာ့ Esports ေလာက မွတ္တိုင္သစ္ – Fortnite World Cup

 

Fortnite World Cup ရဲ႕ Final ပြဲစဥ္မ်ားကို ဇူလိုင္ ၂၆ရက္ေန့မွ စတင္ကာ New York ျမိဳ႕မွာ က်င္းပလ်က္ရွိပါတယ္။ သန္းေပါင္းေလးဆယ္ေက်ာ္ေသာ ကစားသမားမ်ားဟာ online qualifier မွာ ရက္သတၱပါတ္ ၁၀ ပတ္ခန္႔ဝင္ေရာက္ယွဥ္ျပိဳင္အျပီးမွာေတာ့ အေယာက္တစ္ရာကိုပဲ solo ပြဲစဥ္မ်ားရဲ႕ စကာတင္ကစားသမားမ်ား အျဖစ္ေရြးခ်ယ္ျခင္းခံခဲ့ရတာပါ။

လက္ရွိမွာ US ေဒၚလာ သန္း ၃၀ ေက်ာ္တဲ့ ဆုေၾကးေငြဟာ ျပဳလုပ္ျပီးခဲ့သမွ် Esports ျပိ္ဳင္ပြဲမ်ားထဲမွာ အျမင့္ဆုံးျဖစ္ေနျပီး ၾသဂုတ္လထဲမွာ က်င္းမမယ့္ DotA2 ျပိဳင္ပြဲကေတာ့ ဒါကို ေက်ာ္မယ္ဆိုရင္ေတာင္ ဘယ္ေလာက္အထိေက်ာ္သြားမယ္ဆိုတာကို ဆက္လက္ၾကည့္ၾကရဦးမွာပါ။ ေနာက္ဆုံး စကာတင္ထဲမွာပါဝင္ေနတဲ့သူမ်ားဟာ အနိမ့္ဆုံး ေဒၚလာ ၅၀,၀၀၀ အိမ္ျပန္သယ္သြားႏိုင္ၾကမွာျဖစ္ျပီး တတိယနဲ႔ စတုတၳပဲ ရရွိခဲ့ရင္ေတာင္ မီလ်ံနာျဖစ္လာဖုိ႔ အခြင့္အေရးမ်ားရွိပါတယ္။

အသက္ ၁၅ ႏွစ္အရြယ္ Benjy (Benjyfishy) ကေတာ့ ျဗိတိန္ကစားသမားသမားတစ္ဦးျဖစ္ျပီး Sunbury ကေနလာေရာက္ယွဥ္ျပိဳင္တာပါ။ အင္တာဗ်ဴးထဲမွာေတာ့ သူဟာ တစ္ေန႔ကို ရွစ္နာရီခန္႔ ငါးလၾကာမွ်ေလ့က်င့္ခဲ့တယ္လုိ႔ ဆိုပါတယ္။ တကယ္လို႔ သူႏိုင္ခဲ့ရင္ သူ႔မိသားစုအတြက္ အိမ္သစ္တစ္လုံးဝယ္ဖုိ႔ စဥ္းစားထားတယ္လုိ႔ေျပာပါတယ္။ သူဟာ ျပိဳင္ပြဲအတြက္ အလြန္ပဲစိတ္လႈပ္ရွားေနပါတယ္။

“စင္ေပၚေရာက္သြားရင္ ကြ်န္ေတာ့္အတြက္ အေျခအေနေတြက ကြဲျပားသြားမယ္လို႔ ထင္ပါတယ္။ ဘာလုိ႔လဲဆိုေတာ့ ကြ်န္ေတာ္ဟာ စင္ျမင့္ေပၚေတြကို တစ္ခါမွ မေရာက္ဖူးေသးလို႔ပါ။ ကြ်န္ေတာ့္ရဲ႕ အခန္းထဲမွာပဲ အျမဲတမ္း ျငိမ္ျငိမ္ေလးကစားေနခဲ့ျပီး ေလာေလာဆယ္ ယွဥ္ျပိဳင္ရမယ့္ ျပိဳင္ပြဲအတြက္ ယုံၾကည္မႈကေတာ့ရွိပါတယ္။ လြန္ခဲ့တဲ့ ၂ပတ္လုံးလုံး တစ္ေန႔ကို ၁၂ နာရီေက်ာ္ၾကာလည္း ေလ့က်င့္ခဲ့ပါတယ္။” လို႔ သူက ေျပာပါတယ္။

ေနာက္ထပ္ျပိဳင္ပြဲဝင္ တစ္ေယာက္ကေတာ့ အသက္ ၁၄ ႏွစ္အရြယ္ ျဗိတိန္က ကစားသမားတစ္ဦးပဲျဖစ္ျပီး သူ႔နာမည္ကေတာ့ Kyle ပါ။ Mongraal လုိ႔လဲေခၚၾကပါတယ္။ သူဟာ အသက္ ၁၃ႏွစ္ အရြယ္ထဲက က professional ကစားသမားျဖစ္ေနခဲ့တာပါ။ သူ႔ရဲ႕ အင္တာဗ်ဴးထဲမွာေတာ့ “ဒီျပိဳင္ပြဲဟာ လူေတြသာမန္ထင္ထားတာထက္ အမ်ားၾကီး ပိုျပင္းထန္တယ္” လုိ႔ ဆိုပါတယ္။ သူဟာ တစ္ေန႔ကို ၈ နာရီေက်ာ္က ေန ၁၀ နာရီၾကား ကစားခဲ့ရရုံမွ်မက ျပိဳင္ပြဲဝင္ခြင့္ရေအာင္ နာရီေပါင္းမ်ားစြာလည္း ေလ့လာခဲ့ရတယ္လို႔ ဆိုပါေသးတယ္။

ႏိုင္ငံေပါင္း ၃၀ ေက်ာ္က ကစားသမားမ်ား ပါဝင္ေနတာျဖစ္ျပီး ကစားသမား ၇၀ ေလာက္ကေတာ့ အေမရိကန္ႏိုင္ငံက ျဖစ္ပါတယ္။ ျပင္သစ္ကစားသမား ၁၄ ေယာက္ ပါဝင္ျပီး အဂၤလန္ကစားသမား ၁၁ ေယာက္ပါဝင္ပါတယ္။ သူတို႔ အားလုံးကို ျပီးခဲ့တဲ့ၾကာသပေတးေန႔က ျပိဳင္ပြဲဝင္ရမယ့္ေနရာကို အလည္အပတ္ေခၚေဆာင္ျပသခဲ့ျပီးသားပါ။

ၿပိဳင္ပြဲဝင္ေတြထဲမွာလည္း ကမာၻေက်ာ္ Esports Organization ေတြရဲ႕ ကစားသမားေတြလည္း အမ်ားအျပား ပါဝင္ပါတယ္။
အေမရိကန္ Esports အသင္းျဖစ္တဲ့ “Team Kungarna” အေနနဲ႔ ကစားသမား ၁၁ ေယာက္အထိ အမ်ားဆံုးပါဝင္ၿပီး အျခားနာမည္ႀကီး အသင္းေတြျဖစ္တဲ့ FaZe, TSM, Ghost Gaming, NRG, 100 Thieves နဲ႔ Complexity က ကစားသမားေတြလည္း အမ်ားအျပား ပါဝင္ေနက်ပါတယ္။

Arthur Ashe Stadium

အဆင့္ႏွစ္ဆင့္ ပါဝင္တဲ့ ကြန္ျပဴတာမ်ားနဲ႔ ဝန္းရံထားတဲ့ စင္ျမင့္ၾကီး ေပၚမွာ ယွဥ္ျပိဳင္ၾကရမွာျဖစ္ျပီး ကစားသမားမ်ားဟာ သူတို႔ၾကိဳက္ႏွစ္သက္ရာ mouse နဲ႔ keyboard သုိ႔မဟုတ္ controller မ်ားကို အသုံးျပဳယွဥ္ျပိဳင္ႏိုင္ၾကမွာပါ။ ၾကီးမားလွတဲ့ ပိတ္ကားၾကီးမ်ားနဲ႔ ပရိတ္သတ္ကို ခင္က်င္းျပသမွာျဖစ္ပါတယ္။ ပရိတ္သတ္ေပါင္း ေသာင္းခ်ီျပီး ၾကည့္ရႈႏိုင္မယ့္ Arthur Ashe Stadium မွာ က်င္းပတာျဖစ္ျပီး အရင္က US Open Tennis tournament ေတြအတြက္ အသုံးျပဳတဲ့ေနရာျဖစ္ပါတယ္။ သန္း ၂၅၀ ေက်ာ္တဲ့ ပရိတ္သတ္မ်ားကေတာ့ ကမၻာတစ္ဝန္းကေန သူတို႔ရဲ႕ esport ၾကယ္ပြင့္ေတြယွဥ္ျပိဳင္ကစားတာကို ၾကည့္ရႈၾကမယ္လုိ႔ ခန္႔မွန္းထားပါတယ္။

Battle royale ဂိမ္းအမ်ိဳးအစားေပၚေပါက္တာ ၂ႏွစ္ျပည့္တဲ့ အခ်ိန္နဲ႔ ဒီျပိဳင္ပြဲၾကီးဟာ တိုက္ဆိုင္ေနသလို လက္ရွိ ကမၻာ့လူၾကိဳက္အမ်ားဆုံးဂိမ္းလို႔ လူအမ်ားသက္မွတ္ထားတဲ့ ဂိမ္းၾကီးထဲမွာ ကစားသမားမ်ား ယွဥ္ျပိဳင္ကစားၾကမယ့္ အေျခအေနဟာလည္း အလြန္ပဲစိတ္ဝင္စားဖုိ႔ ေကာင္းလွေနပါတယ္။

Twich ေပၚမွာ လူၾကိဳက္မ်ားလွတဲ့ Streamer တစ္ဦးျဖစ္သူ အသက္ ၂၂ ႏွစ္ အရြယ္ Turner Tenney ဆိုသူဟလည္း ေစာင့္ၾကည့္ရမယ့္ ကစားသမားတစ္ဦး ျဖစ္ပါတယ္။ သူဟာ Youtube ေပၚမွာ follower ၁၁ သန္းေက်ာ္ရရွိထားျပီး Twich ေပၚမွာေတာ့ follower ၆.၆ သန္းေက်ာ္ ရရွိထားပါတယ္။ Fortnite ရဲ႕ လက္ရွိလူၾကိဳက္အမ်ားဆုံး Twitch streamer ျဖစ္သူ Ninja ေတာင္ ဒီပြဲကို qualifier ကေန တက္မလာႏိုင္ခဲ့ပါဘူး။ မိန္းကေလး စကာတင္ကစားသမားလည္း မရွိသလို ကစားသမားမ်ားအားလုံးဟာ အသက္ ၁၆ ႏွစ္ပတ္လည္ လူငယ္မ်ားျဖစ္ေနတဲ့အခ်က္ဟာ ထူးျခားလွပါတယ္။

Solo ခ်န္ပီယံလုပြဲမ်ား အျပီးမွာေတာ့ Duo ခ်န္ပီယံလုျပိဳင္ပြဲမ်ားလာဦးမွာပါ။ အဲ့ဒီပြဲအတြက္ အသင္း ၅၀ ပါဝင္မွာျဖစ္ျပီး Benjyfishy ဟာ solo ေရာ duo ေရာထဲမွာ ဝင္ျပိဳင္မယ့္ သူမ်ားထဲမွာ ပါဝင္ပါတယ္။ သူ႔ရဲ႕ duo teammate ျဖစ္သူ MrSavage ဟာလည္း solo ျပိဳင္ပြဲထဲမွာ ပါဝင္ေနသလို အသက္ ၁၄ႏွစ္ အရြယ္ ေနာ္ေဝႏိုင္ငံသား ကစားသမားဟာ ေနာက္ခံ background အခိုင္အမာနဲ႔ ဒီပြဲကို တက္ေရာက္လာခဲ့တာျဖစ္ပါတယ္။ “World Champion ျဖစ္ရတယ္ဆိုတာ ထူးျခားတဲ့ အေတြ႔အၾကံဳတစ္ခုျဖစ္မွာပါ။ ဒါ့ေၾကာင့္ ဒီပြဲကေန World Champion ျဖစ္လာေအာင္ ျပိဳင္မွာပါ” လုိ႔ MrSavage က ေျပာပါတယ္။

Fornite ဂိမ္းရဲ႕ ကုမၸဏီ Epic Games ဟာ ၂၀၁၉ မွာ esport ေလာက အတြက္ မွတ္တိုင္သစ္မ်ား စိုက္ထူႏိုင္ခဲ့ျပီး ထို အထဲမွာ sponsor ေတြနဲ႔ မီဒီယာေတြဆီကေန ရရွိတဲ့ ဘီလီယံနဲ႔ ခ်ီတဲ့ ဝင္ေငြေတြပါဝင္တဲ့လို႔ esport ဆိုင္ရာ သုံးသပ္သူ Newzoo က ေျပာပါတယ္။ တစ္ကမၻာလုံး အတိုင္းအတာအေနနဲ႔ esport မ်ားကို ၾကည့္ရႈသူ ပရိတ္သတ္ဟာ သန္း ၄၅၀ ေက်ာ္ အထိ ဒီႏွစ္ထဲမွာ ရွိလာေတာ့မယ္လို႔လည္း သုံးသပ္သူမ်ားကဆိုပါတယ္။

Fortnite ဟာ free to play, အခမဲ့ ေဆာ့ကစားႏိုင္တဲ့ဂိမ္းအမ်ိဳးအစားတစ္ခုျဖစ္ပါတယ္။ Fortnite World Cup ဟာ esport ေလာကအတြက္ သမိုင္းသစ္တစ္ခုျဖစ္လာျပီး တစ္ကမၻာလုံးက esport ခ်စ္သူမ်ားရဲ႕ အာရုံစိုက္ျခင္းကို ခံရတဲ့ပြဲၾကီး ျဖစ္လာကာ battle royale မ်ားရဲ႕ ေရႊေခတ္ကို ေရာက္ရွိေနျပီပဲ ျဖစ္ပါေတာ့တယ္။ Fortnite နဲ႔ အျခား esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။


[Unicode]

ကမ္ဘာ့ Esports လောက မှတ်တိုင်သစ် – Fortnite World Cup

 

Fortnite World Cup ရဲ့ Final ပွဲစဉ်များကို ဇူလိုင် ၂၆ရက်နေ့မှ စတင်ကာ New York မြို့မှာ ကျင်းပလျက်ရှိပါတယ်။ သန်းပေါင်းလေးဆယ်ကျော်သော ကစားသမားများဟာ online qualifier မှာ ရက်သတ္တပါတ် ၁၀ ပတ်ခန့်ဝင်ရောက်ယှဉ်ပြိုင်အပြီးမှာတော့ အယောက်တစ်ရာကိုပဲ solo ပွဲစဉ်များရဲ့ စကာတင်ကစားသမားများ အဖြစ်ရွေးချယ်ခြင်းခံခဲ့ရတာပါ။

လက်ရှိမှာ US ဒေါ်လာ သန်း ၃၀ ကျော်တဲ့ ဆုကြေးငွေဟာ ပြုလုပ်ပြီးခဲ့သမျှ Esports ပြိုင်ပွဲများထဲမှာ အမြင့်ဆုံးဖြစ်နေပြီး သြဂုတ်လထဲမှာ ကျင်းမမယ့် DotA2 ပြိုင်ပွဲကတော့ ဒါကို ကျော်မယ်ဆိုရင်တောင် ဘယ်လောက်အထိကျော်သွားမယ်ဆိုတာကို ဆက်လက်ကြည့်ကြရဦးမှာပါ။ နောက်ဆုံး စကာတင်ထဲမှာပါဝင်နေတဲ့သူများဟာ အနိမ့်ဆုံး ဒေါ်လာ ၅၀,၀၀၀ အိမ်ပြန်သယ်သွားနိုင်ကြမှာဖြစ်ပြီး တတိယနဲ့ စတုတ္ထပဲ ရရှိခဲ့ရင်တောင် မီလျံနာဖြစ်လာဖို့ အခွင့်အရေးများရှိပါတယ်။

အသက် ၁၅ နှစ်အရွယ် Benjy (Benjyfishy) ကတော့ ဗြိတိန်ကစားသမားသမားတစ်ဦးဖြစ်ပြီး Sunbury ကနေလာရောက်ယှဉ်ပြိုင်တာပါ။ အင်တာဗျူးထဲမှာတော့ သူဟာ တစ်နေ့ကို ရှစ်နာရီခန့် ငါးလကြာမျှလေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်လို့ သူနိုင်ခဲ့ရင် သူ့မိသားစုအတွက် အိမ်သစ်တစ်လုံးဝယ်ဖို့ စဉ်းစားထားတယ်လို့ပြောပါတယ်။ သူဟာ ပြိုင်ပွဲအတွက် အလွန်ပဲစိတ်လှုပ်ရှားနေပါတယ်။

“စင်ပေါ်ရောက်သွားရင် ကျွန်တော့်အတွက် အခြေအနေတွေက ကွဲပြားသွားမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ စင်မြင့်ပေါ်တွေကို တစ်ခါမှ မရောက်ဖူးသေးလို့ပါ။ ကျွန်တော့်ရဲ့ အခန်းထဲမှာပဲ အမြဲတမ်း ငြိမ်ငြိမ်လေးကစားနေခဲ့ပြီး လောလောဆယ် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအတွက် ယုံကြည်မှုကတော့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ပတ်လုံးလုံး တစ်နေ့ကို ၁၂ နာရီကျော်ကြာလည်း လေ့ကျင့်ခဲ့ပါတယ်။” လို့ သူက ပြောပါတယ်။

နောက်ထပ်ပြိုင်ပွဲဝင် တစ်ယောက်ကတော့ အသက် ၁၄ နှစ်အရွယ် ဗြိတိန်က ကစားသမားတစ်ဦးပဲဖြစ်ပြီး သူ့နာမည်ကတော့ Kyle ပါ။ Mongraal လို့လဲခေါ်ကြပါတယ်။ သူဟာ အသက် ၁၃နှစ် အရွယ်ထဲက က professional ကစားသမားဖြစ်နေခဲ့တာပါ။ သူ့ရဲ့ အင်တာဗျူးထဲမှာတော့ “ဒီပြိုင်ပွဲဟာ လူတွေသာမန်ထင်ထားတာထက် အများကြီး ပိုပြင်းထန်တယ်” လို့ ဆိုပါတယ်။ သူဟာ တစ်နေ့ကို ၈ နာရီကျော်က နေ ၁၀ နာရီကြား ကစားခဲ့ရရုံမျှမက ပြိုင်ပွဲဝင်ခွင့်ရအောင် နာရီပေါင်းများစွာလည်း လေ့လာခဲ့ရတယ်လို့ ဆိုပါသေးတယ်။

နိုင်ငံပေါင်း ၃၀ ကျော်က ကစားသမားများ ပါဝင်နေတာဖြစ်ပြီး ကစားသမား ၇၀ လောက်ကတော့ အမေရိကန်နိုင်ငံက ဖြစ်ပါတယ်။ ပြင်သစ်ကစားသမား ၁၄ ယောက် ပါဝင်ပြီး အင်္ဂလန်ကစားသမား ၁၁ ယောက်ပါဝင်ပါတယ်။ သူတို့ အားလုံးကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ပြိုင်ပွဲဝင်ရမယ့်နေရာကို အလည်အပတ်ခေါ်ဆောင်ပြသခဲ့ပြီးသားပါ။

ပြိုင်ပွဲဝင်တွေထဲမှာလည်း ကမ္ဘာကျော် Esports Organization တွေရဲ့ ကစားသမားတွေလည်း အများအပြား ပါဝင်ပါတယ်။
အမေရိကန် Esports အသင်းဖြစ်တဲ့ “Team Kungarna” အနေနဲ့ ကစားသမား ၁၁ ယောက်အထိ အများဆုံးပါဝင်ပြီး အခြားနာမည်ကြီး အသင်းတွေဖြစ်တဲ့ FaZe, TSM, Ghost Gaming, NRG, 100 Thieves နဲ့ Complexity က ကစားသမားတွေလည်း အများအပြား ပါဝင်နေကျပါတယ်။

Arthur Ashe Stadium

အဆင့်နှစ်ဆင့် ပါဝင်တဲ့ ကွန်ပြူတာများနဲ့ ဝန်းရံထားတဲ့ စင်မြင့်ကြီး ပေါ်မှာ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ကစားသမားများဟာ သူတို့ကြိုက်နှစ်သက်ရာ mouse နဲ့ keyboard သို့မဟုတ် controller များကို အသုံးပြုယှဉ်ပြိုင်နိုင်ကြမှာပါ။ ကြီးမားလှတဲ့ ပိတ်ကားကြီးများနဲ့ ပရိတ်သတ်ကို ခင်ကျင်းပြသမှာဖြစ်ပါတယ်။ ပရိတ်သတ်ပေါင်း သောင်းချီပြီး ကြည့်ရှုနိုင်မယ့် Arthur Ashe Stadium မှာ ကျင်းပတာဖြစ်ပြီး အရင်က US Open Tennis tournament တွေအတွက် အသုံးပြုတဲ့နေရာဖြစ်ပါတယ်။ သန်း ၂၅၀ ကျော်တဲ့ ပရိတ်သတ်များကတော့ ကမ္ဘာတစ်ဝန်းကနေ သူတို့ရဲ့ esport ကြယ်ပွင့်တွေယှဉ်ပြိုင်ကစားတာကို ကြည့်ရှုကြမယ်လို့ ခန့်မှန်းထားပါတယ်။

Battle royale ဂိမ်းအမျိုးအစားပေါ်ပေါက်တာ ၂နှစ်ပြည့်တဲ့ အချိန်နဲ့ ဒီပြိုင်ပွဲကြီးဟာ တိုက်ဆိုင်နေသလို လက်ရှိ ကမ္ဘာ့လူကြိုက်အများဆုံးဂိမ်းလို့ လူအများသက်မှတ်ထားတဲ့ ဂိမ်းကြီးထဲမှာ ကစားသမားများ ယှဉ်ပြိုင်ကစားကြမယ့် အခြေအနေဟာလည်း အလွန်ပဲစိတ်ဝင်စားဖို့ ကောင်းလှနေပါတယ်။

Twich ပေါ်မှာ လူကြိုက်များလှတဲ့ Streamer တစ်ဦးဖြစ်သူ အသက် ၂၂ နှစ် အရွယ် Turner Tenney ဆိုသူဟလည်း စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူဟာ Youtube ပေါ်မှာ follower ၁၁ သန်းကျော်ရရှိထားပြီး Twich ပေါ်မှာတော့ follower ၆.၆ သန်းကျော် ရရှိထားပါတယ်။ Fortnite ရဲ့ လက်ရှိလူကြိုက်အများဆုံး Twitch streamer ဖြစ်သူ Ninja တောင် ဒီပွဲကို qualifier ကနေ တက်မလာနိုင်ခဲ့ပါဘူး။ မိန်းကလေး စကာတင်ကစားသမားလည်း မရှိသလို ကစားသမားများအားလုံးဟာ အသက် ၁၆ နှစ်ပတ်လည် လူငယ်များဖြစ်နေတဲ့အချက်ဟာ ထူးခြားလှပါတယ်။

Solo ချန်ပီယံလုပွဲများ အပြီးမှာတော့ Duo ချန်ပီယံလုပြိုင်ပွဲများလာဦးမှာပါ။ အဲ့ဒီပွဲအတွက် အသင်း ၅၀ ပါဝင်မှာဖြစ်ပြီး Benjyfishy ဟာ solo ရော duo ရောထဲမှာ ဝင်ပြိုင်မယ့် သူများထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ duo teammate ဖြစ်သူ MrSavage ဟာလည်း solo ပြိုင်ပွဲထဲမှာ ပါဝင်နေသလို အသက် ၁၄နှစ် အရွယ် နော်ဝေနိုင်ငံသား ကစားသမားဟာ နောက်ခံ background အခိုင်အမာနဲ့ ဒီပွဲကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ “World Champion ဖြစ်ရတယ်ဆိုတာ ထူးခြားတဲ့ အတွေ့အကြုံတစ်ခုဖြစ်မှာပါ။ ဒါ့ကြောင့် ဒီပွဲကနေ World Champion ဖြစ်လာအောင် ပြိုင်မှာပါ” လို့ MrSavage က ပြောပါတယ်။

Fornite ဂိမ်းရဲ့ ကုမ္ပဏီ Epic Games ဟာ ၂၀၁၉ မှာ esport လောက အတွက် မှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ပြီး ထို အထဲမှာ sponsor တွေနဲ့ မီဒီယာတွေဆီကနေ ရရှိတဲ့ ဘီလီယံနဲ့ ချီတဲ့ ဝင်ငွေတွေပါဝင်တဲ့လို့ esport ဆိုင်ရာ သုံးသပ်သူ Newzoo က ပြောပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ esport များကို ကြည့်ရှုသူ ပရိတ်သတ်ဟာ သန်း ၄၅၀ ကျော် အထိ ဒီနှစ်ထဲမှာ ရှိလာတော့မယ်လို့လည်း သုံးသပ်သူများကဆိုပါတယ်။

Fortnite ဟာ free to play, အခမဲ့ ဆော့ကစားနိုင်တဲ့ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ Fortnite World Cup ဟာ esport လောကအတွက် သမိုင်းသစ်တစ်ခုဖြစ်လာပြီး တစ်ကမ္ဘာလုံးက esport ချစ်သူများရဲ့ အာရုံစိုက်ခြင်းကို ခံရတဲ့ပွဲကြီး ဖြစ်လာကာ battle royale များရဲ့ ရွှေခေတ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတော့တယ်။ Fortnite နဲ့ အခြား esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။