[Unicode]

N0tail, Topson, S1mple တို့နဲ့ လက်တွဲပြီး ထွက်ပေါ်လာတဲ့ Esports အေဂျင်စီသစ် Forevr

 

Astralis ရဲ့ တည်ထောင်သူ Frederik Byskov နဲ့ ဝါရင့် client manager ဖြစ်သူ Marc Ogihara တို့ ဦးဆောင်တည်ထောင်ထားတဲ့ Esports အေဂျင်စီကုမ္ပဏီသစ် Forevr ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ Forevr ရဲ့ ထူးခြားချက်ကတော့ စတင်ဖွင့်လှစ်စဉ်တည်းက ထိပ်တန်း Esports ကစားသမားများကို ယင်းတို့ရဲ့ client များအဖြစ် ပွဲထုတ်ကြေညာလိုက်တာပဲဖြစ်ပါတယ်။

N0tail & Topson at True Sight Premier

Forevr ပွဲထုတ်ကြေညာလိုက်တဲ့ client များထဲမှာတော့ TI ၂ နှစ်ဆက် ချန်ပီယံများဖြစ်ကြတဲ့ OG ရဲ့ Dota 2 အသင်းခေါင်းဆောင် N0tail နဲ့ midlane ကစားသမား Topson၊ ကမ္ဘာ့အကောင်းဆုံး CS: GO ကစားသမားများထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ Na’Vi အသင်းသား s1mple၊ နာမည်ကျော် MLBB ကစားသမားများဖြစ်ကြတဲ့ ZX နဲ့ SherlinTsu တို့ ပါဝင်ပါတယ်။

S1mple

Forevr ရဲ့ client များထဲမှာမှ Zxuan လို့လည်း လူသိများတဲ့ ZX ဟာ ကမ္ဘာ့အကောင်းဆုံး Fanny ကစားသမားများထဲကတစ်ဦးဖြစ်သလို နာမည်ကျော်မိုဘိုင်းလ်ဂိမ်း streamer တစ်ဦးလည်းဖြစ်ပါတယ်။ Genflix Aerowolf အသင်းကို ကိုယ်စားပြုပြီး stream လွှင့်လေ့ရှိတဲ့ SherlinTsu ဟာလည်း Baby Shark အမည်နဲ့ နာမည်ကျော်အမျိုးသမီး streamer တစ်ဦးဖြစ်သလို သူမရဲ့ cosplay နဲ့ modelling များကြောင့်လည်း လူသိများလှပါတယ်။

Zxuan & Babyshark

Forevr ရဲ့ ကြေညာချက်ထဲမှာတော့ ယင်းတို့ဟာ Esports နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုများကို ဘက်စုံထောင့်စုံကနေ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ လက်ရှိမှာ အခိုင်အမာရပ်တည်နေတဲ့ ပရော်ဖက်ရှင်နယ်များ စုစည်းထားတာဖြစ်သလို Esports အသိုင်းအဝိုင်းအကြောင်းကိုလည်း ထဲထဲဝင်ဝင်နားလည်မှုရှိကြောင်း၊ client များအတွက်ရော အဖွဲ့အစည်းပေါင်းစုံအတွက်ပါ အကျိုးအမြတ်များဖန်တီးပေးဖို့အတွက် Esports စီမံခန့်ခွဲမှုများကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ Forevr ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Marc Ogihara က “Forevr မှာ ကျွန်တော်တို့ဟာ Esports စီမံခန့်ခွဲမှုလုပ်ငန်းများကို ၃၆၀ ဒီဂရီနဲ့ ရှုထောင့်ပေါင်းစုံကနေ ကြည့်ရှုပြီး ဘက်စုံထောင့်စုံလုပ်ဆောင်သွားမှာပါ။ ကစားသမားများနဲ့ အမှတ်တံဆိပ်များ ကောင်းမွန်စွာ ဟန်ချက်ညီနေအောင် စီမံခန့်ခွဲနိုင်ဖို့ လုပ်ဆောင်ရည်လည်း ကျွန်တော်တို့မှာရှိပါတယ်။

“ကျွန်တော်တို့ဟာ ကစားသမားများရဲ့ လုပ်ငန်းဆောင်တာများကို အမြဲအဆင်ပြေနေစေဖို့အတွက် စီစဉ်ပေးသွားမှာပါ။ ဒါ့အပြင် ကျွန်တော်တို့ဆီကို လာရောက်တဲ့ အဖွဲ့အစည်းများနဲ့ အသင်းများအတွင်းမှာ တည်ရှိနေတဲ့ စွမ်းဆောင်ရည်များကိုလည်း အမြင့်ဆုံးအခြေအနေအထိရောက်အောင် မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Forevr ရဲ့ အနာဂတ်ကို တိတိကျကျ မပြောနိုင်သေးပေမယ့် လက်ရှိမှာတော့ ထိပ်တန်း Esports ကစားသမားများနဲ့အတူ ထွက်ပေါ်လာတဲ့အတွက် လူအများရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။ မည်သို့ပင်ဖြစ်စေ တိုးတက်နေတဲ့ Esports လောကအတွင်းက ပရော်ဖက်ရှင်နယ်များရဲ့ ခြေလှမ်းများကို ပရိသတ်များ ဆက်လက်မြင်တွေ့နေကြရဦးပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming, esportznetwork


[ZawGyi]

N0tail, Topson, S1mple တို႔နဲ႔ လက္တြဲၿပီး ထြက္ေပၚလာတဲ့ Esports ေအဂ်င္စီသစ္ Forevr

 

Astralis ရဲ႕ တည္ေထာင္သူ Frederik Byskov နဲ႔ ဝါရင့္ client manager ျဖစ္သူ Marc Ogihara တို႔ ဦးေဆာင္တည္ေထာင္ထားတဲ့ Esports ေအဂ်င္စီကုမၸဏီသစ္ Forevr ကို စတင္ဖြင့္လွစ္လိုက္ၿပီျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ Forevr ရဲ႕ ထူးျခားခ်က္ကေတာ့ စတင္ဖြင့္လွစ္စဥ္တည္းက ထိပ္တန္း Esports ကစားသမားမ်ားကို ယင္းတို႔ရဲ႕ client မ်ားအျဖစ္ ပြဲထုတ္ေၾကညာလိုက္တာပဲျဖစ္ပါတယ္။

N0tail & Topson at True Sight Premier

Forevr ပြဲထုတ္ေၾကညာလိုက္တဲ့ client မ်ားထဲမွာေတာ့ TI ၂ ႏွစ္ဆက္ ခ်န္ပီယံမ်ားျဖစ္ၾကတဲ့ OG ရဲ႕ Dota 2 အသင္းေခါင္းေဆာင္ N0tail နဲ႔ midlane ကစားသမား Topson၊ ကမာၻ႔အေကာင္းဆုံး CS: GO ကစားသမားမ်ားထဲကတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ Na’Vi အသင္းသား s1mple၊ နာမည္ေက်ာ္ MLBB ကစားသမားမ်ားျဖစ္ၾကတဲ့ ZX နဲ႔ SherlinTsu တို႔ ပါဝင္ပါတယ္။

S1mple

Forevr ရဲ႕ client မ်ားထဲမွာမွ Zxuan လို႔လည္း လူသိမ်ားတဲ့ ZX ဟာ ကမာၻ႔အေကာင္းဆုံး Fanny ကစားသမားမ်ားထဲကတစ္ဦးျဖစ္သလို နာမည္ေက်ာ္မိုဘိုင္းလ္ဂိမ္း streamer တစ္ဦးလည္းျဖစ္ပါတယ္။ Genflix Aerowolf အသင္းကို ကိုယ္စားျပဳၿပီး stream လႊင့္ေလ့ရွိတဲ့ SherlinTsu ဟာလည္း Baby Shark အမည္နဲ႔ နာမည္ေက်ာ္အမ်ိဳးသမီး streamer တစ္ဦးျဖစ္သလို သူမရဲ႕ cosplay နဲ႔ modelling မ်ားေၾကာင့္လည္း လူသိမ်ားလွပါတယ္။

Zxuan & Babyshark

Forevr ရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ ယင္းတို႔ဟာ Esports နဲ႔ ပတ္သက္တဲ့ စီမံခန႔္ခြဲမႈမ်ားကို ဘက္စုံေထာင့္စုံကေန ျပဳလုပ္သြားမွာျဖစ္ေၾကာင္း၊ လက္ရွိမွာ အခိုင္အမာရပ္တည္ေနတဲ့ ပေရာ္ဖက္ရွင္နယ္မ်ား စုစည္းထားတာျဖစ္သလို Esports အသိုင္းအဝိုင္းအေၾကာင္းကိုလည္း ထဲထဲဝင္ဝင္နားလည္မႈရွိေၾကာင္း၊ client မ်ားအတြက္ေရာ အဖြဲ႕အစည္းေပါင္းစုံအတြက္ပါ အက်ိဳးအျမတ္မ်ားဖန္တီးေပးဖို႔အတြက္ Esports စီမံခန႔္ခြဲမႈမ်ားကို လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Forevr ရဲ႕ ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ Marc Ogihara က “Forevr မွာ ကြၽန္ေတာ္တို႔ဟာ Esports စီမံခန႔္ခြဲမႈလုပ္ငန္းမ်ားကို ၃၆၀ ဒီဂရီနဲ႔ ရႈေထာင့္ေပါင္းစုံကေန ၾကည့္ရႈၿပီး ဘက္စုံေထာင့္စုံလုပ္ေဆာင္သြားမွာပါ။ ကစားသမားမ်ားနဲ႔ အမွတ္တံဆိပ္မ်ား ေကာင္းမြန္စြာ ဟန္ခ်က္ညီေနေအာင္ စီမံခန႔္ခြဲႏိုင္ဖို႔ လုပ္ေဆာင္ရည္လည္း ကြၽန္ေတာ္တို႔မွာရွိပါတယ္။

“ကြၽန္ေတာ္တို႔ဟာ ကစားသမားမ်ားရဲ႕ လုပ္ငန္းေဆာင္တာမ်ားကို အၿမဲအဆင္ေျပေနေစဖို႔အတြက္ စီစဥ္ေပးသြားမွာပါ။ ဒါ့အျပင္ ကြၽန္ေတာ္တို႔ဆီကို လာေရာက္တဲ့ အဖြဲ႕အစည္းမ်ားနဲ႔ အသင္းမ်ားအတြင္းမွာ တည္ရွိေနတဲ့ စြမ္းေဆာင္ရည္မ်ားကိုလည္း အျမင့္ဆုံးအေျခအေနအထိေရာက္ေအာင္ ျမႇင့္တင္ေပးသြားမွာျဖစ္ပါတယ္” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

Forevr ရဲ႕ အနာဂတ္ကို တိတိက်က် မေျပာႏိုင္ေသးေပမယ့္ လက္ရွိမွာေတာ့ ထိပ္တန္း Esports ကစားသမားမ်ားနဲ႔အတူ ထြက္ေပၚလာတဲ့အတြက္ လူအမ်ားရဲ႕ စိတ္ဝင္စားမႈကို ခံေနရပါတယ္။ မည္သို႔ပင္ျဖစ္ေစ တိုးတက္ေနတဲ့ Esports ေလာကအတြင္းက ပေရာ္ဖက္ရွင္နယ္မ်ားရဲ႕ ေျခလွမ္းမ်ားကို ပရိသတ္မ်ား ဆက္လက္ျမင္ေတြ႕ေနၾကရဦးပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming, esportznetwork