Unicode

ဂျာမနီနိုင်ငံက Sepp Hedel လို့ အမည်ရသူတစ်ဦးဟာ Football Manager ရဲ့ အရှည်လျားဆုံးဂိမ်းကို ကစားနိုင်သူအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပါတယ်။ သူဟာ Football Manager 2017 ဂိမ်းမှာ season ပေါင်း ၃၃၃ ခု (၃၃၃ နှစ်) ကို ဖြတ်သန်းကစားခဲ့တာဖြစ်ပြီး ဒါဟာ တကယ့်အပြင်မှာ နာရီပေါင်း ၁၉၄၀ ကျော် (၈၂ ရက်ခန့်) ရှိပါတယ်။

ပွဲစဉ်များတစ်လျှောက်မှာ ဂိုးစုစုပေါင်း ၄၂,၆၇၂ အထိ သွင်းထားနိုင်ခဲ့ပြီး ပွဲပေါင်း ၁၅,၆၇၈ မှာ ၁၁,၂၁၇ ပွဲအနိုင်ရရှိခဲ့ပါတယ်။ Sepp ဟာ FC United of Manchester (UK) ကို ကိုင်တွယ်ပြီး season ၅၀, Bengaluru Football Club (India) မှာ season ၂၀၀ နဲ့ Hereford FC (UK) မှာ ၈၃ season စီ ကစားခဲ့တာပါ။ Sepp ရဲ့စံချိန်ကို ဂင်းနစ်အဖွဲ့ကြီးက အောက်တိုဘာလမှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။

Sepp ကို Football Manager ဂိမ်းအတွေ့အကြုံများ မေးမြန်းခဲ့ရာမှာတော့ “ကျွန်တော်ဟာ Football Manager ဂိမ်းကို ၂၀၁၅ ထဲက စတင်ကစားခဲ့သူဖြစ်လို့ ဒီဂိမ်းဟာ ကျွန်တော်နဲ့ အလွန်ရင်းနှီးကျွမ်းဝင်မှုရှိပါတယ်။ ကျွန်တော့်အတွက် Football Manager ဂိမ်းကစားရခြင်းဟာ ပျော်စရာကောင်းတဲ့အလုပ်တစ်ခုပါ။

“ဂိမ်းထဲမှာ စိန်ခေါ်မှုအသစ်တွေ အမြဲတမ်းရှိနေပြီး ယင်းတို့ကို ကျော်လွှားနိုင်အောင် ကျွန်တော် အမြဲကြိုးပမ်းကစားပါတယ်။ အနားယူနေရင်း UEFA Champions League လို ပြိုင်ပွဲများကို အနိုင်ရဖို့ မဖြစ်နိုင်တဲ့အတွက် ဂိမ်းတွင်းအနားယူခြင်းဟာ ကျွန်တော့်အတွက် အကြံကောင်း တစ်ခု မဟုတ်ပါဘူး။”

“ဂိမ်းထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ ကလပ်အသင်းငယ်လေးတွေကို တိုးတက်လာအောင် ပြုလုပ်ရတာပါ။ ဒါကြောင့်လည်း FC United of Manchester ကို ကိုင်တွယ်ကစားခဲ့တာဖြစ်ပြီး ၂၀၃၇ မှာ ပရီးမီးယားလိဂ်ဖလားရအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ အနှစ် ၅၀ ကြာတော့ FC United နဲ့ အားလုံးကို အနိုင်ရပြီးဖြစ်လို့ Bengaluru FC of India ကို ကိုင်တွယ်ကစားခဲ့ပါတယ်။”

“ကလပ်အသင်းတစ်ခုနဲ့ တစ်ခုကို ကိုင်တွယ်ကစားရတာ လုံးဝမတူညီပါဘူး။ ကလပ်အသင်းငယ်များမှာ ငွေသန်းနဲ့ချီ မရှိတဲ့အပြင် နိုင်ငံခြားသားကစားသမား ၄ ဦးထက်လည်း ပိုခေါ်ယူလို့ မရပါဘူး။ ဒါကြောင့် ရနိုင်သမျှ လူငယ်ကစားသမားများကိုသာ တိုးတက်လာအောင် ပြုလုပ်ခဲ့ပါတယ်။”

“ပရီးမီးယားလိဂ်ကို Hereford FC နဲ့ ၂၂၇၇ ခုနှစ်မှာ ဝင်ပြိုင်တော့ ကျွန်တော်ကိုင်တွယ်ခဲ့တဲ့ FC United of Manchester ဟာ အလွန်အင်အားကြီးမားလွန်းလို့ မနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၂၈၉ အရောက်မှာတော့ အနိုင်ရအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ကလပ်အသင်းတိုင်းဟာ ထူးခြားမှု ကိုယ်စီရှိကြတာမို့ သီးသန့်အကြိုက်ဆုံးအသင်း မရှိပါဘူး။” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

အပြင်လောကမှာ ပြုလုပ်ဖို့ မဖြစ်နိုင်တဲ့အရာများကို ဂိမ်းတွင်း အကောင်အထည်ဖော်ပြီး စိတ်ပျော်ရွှင်စေနိုင်ခြင်းဟာ ဗီဒီယိုဂိမ်းများရဲ့ စွမ်းရည်သတ္တိတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တစ်စုံတစ်ခုကို စွဲမြဲစွာ လုပ်ကိုင်နိုင်ဖို့ အလေ့အကျင့်ကောင်းများကိုလည်း ဂိမ်းကစားရင်း ရရှိလာစေနိုင်ကြောင်း ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့တဲ့ Sepp က သက်သေခံလျက် ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: talksport

Zawgyi

ဂ်ာမနီႏိုင္ငံက Sepp Hedel လို႔ အမည္ရသူတစ္ဦးဟာ Football Manager ရဲ႕ အရွည္လ်ားဆုံးဂိမ္းကို ကစားႏိုင္သူအျဖစ္ ဂင္းနက္စ္စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ သူဟာ Football Manager 2017 ဂိမ္းမွာ season ေပါင္း ၃၃၃ ခု (၃၃၃ ႏွစ္) ကို ျဖတ္သန္းကစားခဲ့တာျဖစ္ျပီး ဒါဟာ တကယ့္အျပင္မွာ နာရီေပါင္း ၁၉၄၀ ေက်ာ္ (၈၂ ရက္ခန္႔) ရွိပါတယ္။

ပြဲစဥ္မ်ားတစ္ေလွ်ာက္မွာ ဂိုးစုစုေပါင္း ၄၂,၆၇၂ အထိ သြင္းထားႏိုင္ခဲ့ျပီး ပြဲေပါင္း ၁၅,၆၇၈ မွာ ၁၁,၂၁၇ ပြဲအႏိုင္ရရွိခဲ့ပါတယ္။ Sepp ဟာ FC United of Manchester (UK) ကို ကိုင္တြယ္ျပီး season ၅၀, Bengaluru Football Club (India) မွာ season ၂၀၀ နဲ႔ Hereford FC (UK) မွာ ၈၃ season စီ ကစားခဲ့တာပါ။ Sepp ရဲ႕စံခ်ိန္ကို ဂင္းနစ္အဖြဲ႔ၾကီးက ေအာက္တိုဘာလမွာ အသိအမွတ္ျပဳေပးခဲ့ပါတယ္။

Sepp ကို Football Manager ဂိမ္းအေတြ႔အၾကံဳမ်ား ေမးျမန္းခဲ့ရာမွာေတာ့ “ကြ်န္ေတာ္ဟာ Football Manager ဂိမ္းကို ၂၀၁၅ ထဲက စတင္ကစားခဲ့သူျဖစ္လို႔ ဒီဂိမ္းဟာ ကြ်န္ေတာ္နဲ႕ အလြန္ရင္းႏွီးကြ်မ္းဝင္မႈရွိပါတယ္။ ကြ်န္ေတာ့္အတြက္ Football Manager ဂိမ္းကစားရျခင္းဟာ ေပ်ာ္စရာေကာင္းတဲ့အလုပ္တစ္ခုပါ။

“ဂိမ္းထဲမွာ စိန္ေခၚမႈအသစ္ေတြ အျမဲတမ္းရွိေနျပီး ယင္းတို႔ကို ေက်ာ္လႊားႏိုင္ေအာင္ ကြ်န္ေတာ္ အျမဲၾကိဳးပမ္းကစားပါတယ္။ အနားယူေနရင္း UEFA Champions League လို ျပိဳင္ပြဲမ်ားကို အႏိုင္ရဖုိ႔ မျဖစ္ႏိုင္တဲ့အတြက္ ဂိမ္းတြင္းအနားယူျခင္းဟာ ကြ်န္ေတာ့္အတြက္ အၾကံေကာင္း တစ္ခု မဟုတ္ပါဘူး။”

“ဂိမ္းထဲမွာ ကြ်န္ေတာ္အၾကိဳက္ဆုံးကေတာ့ ကလပ္အသင္းငယ္ေလးေတြကို တိုးတက္လာေအာင္ ျပဳလုပ္ရတာပါ။ ဒါေၾကာင့္လည္း FC United of Manchester ကို ကိုင္တြယ္ကစားခဲ့တာျဖစ္ျပီး ၂၀၃၇ မွာ ပရီးမီးယားလိဂ္ဖလားရေအာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အႏွစ္ ၅၀ ၾကာေတာ့ FC United နဲ႔ အားလုံးကို အႏိုင္ရျပီးျဖစ္လုိ႔ Bengaluru FC of India ကို ကိုင္တြယ္ကစားခဲ့ပါတယ္။”

“ကလပ္အသင္းတစ္ခုနဲ႔ တစ္ခုကို ကိုင္တြယ္ကစားရတာ လုံးဝမတူညီပါဘူး။ ကလပ္အသင္းငယ္မ်ားမွာ ေငြသန္းနဲ႔ခ်ီ မရွိတဲ့အျပင္ ႏိုင္ငံျခားသားကစားသမား ၄ ဦးထက္လည္း ပိုေခၚယူလို႔ မရပါဘူး။ ဒါေၾကာင့္ ရႏိုင္သမ်ွ လူငယ္ကစားသမားမ်ားကိုသာ တိုးတက္လာေအာင္ ျပဳလုပ္ခဲ့ပါတယ္။”

“ပရီးမီးယားလိဂ္ကို Hereford FC နဲ႔ ၂၂၇၇ ခုႏွစ္မွာ ဝင္ျပိဳင္ေတာ့ ကြ်န္ေတာ္ကိုင္တြယ္ခဲ့တဲ့ FC United of Manchester ဟာ အလြန္အင္အားၾကီးမားလြန္းလို႔ မႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ ၂၂၈၉ အေရာက္မွာေတာ့ အႏိုင္ရေအာင္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ကလပ္အသင္းတိုင္းဟာ ထူးျခားမႈ ကိုယ္စီရွိၾကတာမို႔ သီးသန္႔အၾကိဳက္ဆုံးအသင္း မရွိပါဘူး။” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

အျပင္ေလာကမွာ ျပဳလုပ္ဖုိ႔ မျဖစ္ႏိုင္တဲ့အရာမ်ားကို ဂိမ္းတြင္း အေကာင္အထည္ေဖာ္ျပီး စိတ္ေပ်ာ္ရႊင္ေစႏိုင္ျခင္းဟာ ဗီဒီယိုဂိမ္းမ်ားရဲ႕ စြမ္းရည္သတၱိတစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ တစ္စုံတစ္ခုကို စြဲျမဲစြာ လုပ္ကိုင္ႏိုင္ဖုိ႔ အေလ့အက်င့္ေကာင္းမ်ားကိုလည္း ဂိမ္းကစားရင္း ရရွိလာေစႏိုင္ေၾကာင္း ဂင္းနက္စ္စံခ်ိန္တင္ႏိုင္ခဲ့တဲ့ Sepp က သက္ေသခံလ်က္ ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: talksport