[Unicode]

ကိုယ်ပိုင် Esports အသင်းတည်ထောင်တော့မယ့် ရော်နယ်ဒင်ဟို

 

ကမ္ဘာကျော် ဘရာဇီးဘောလုံးကစားသမားဟောင်း ရော်နယ်ဒင်ဟိုဟာ ဂိမ်း controller များကို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Scuf Gaming နဲ့ ပူးပေါင်းမှုများပြုလုပ်မှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ ပူးပေါင်းမှုရဲ့ ရလဒ်အနေနဲ့ ရော်နယ်ဒင်ဟိုဟာ ယင်းအမှတ်တံဆိပ်ရဲ့ brand ambassador အဖြစ် အဓိကတာဝန်ယူရမှာပါ။

ရော်နယ်ဒင်ဟိုဟာ ၂၀၁၈ ခုနှစ်ထဲက esports လောကနဲ့ ဆက်စပ်တဲ့ကိစ္စရပ်များမှာ ပါဝင်နေခဲ့တာဖြစ်ပြီး eLigaSul လို့ အမည်ပေးထားတဲ့ Pro Evolution Soccer league ကို စတင်တာဝန်ယူပြုလုပ်ခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာလက စလို့ eLigaSul ပွဲစဉ်ရဲ့ ပြိုင်ပွဲများကို နိုင်ငံပေါင်း ၂၆ ခုမှာ ကျင်းပပေးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒင်ဟိုဟာ Scuf Gaming နဲ့ ပူးပေါင်းပြီး ကိုယ်ပိုင် esports အဖွဲ့အစည်းတစ်ခုကိုလည်း ထူထောင်မှာပါ။ R10 လို့ အမည်ပေးထားတဲ့ ယင်းအဖွဲ့အစည်းဟာ FIFA ပြိုင်ပွဲများကိုသာ သီးသန့်ဝင်ရောက်ယှဉ်ပြိုင်မယ်လို့လည်း ကြေညာထားပါတယ်။ R10 ဟာ ဘရာဇီးနိုင်ငံရဲ့ အကောင်းဆုံး တက်သစ်စ ကစားသမားများကို စုဆောင်းသွားမယ်လို့လည်း ဆိုပါတယ်။

Scuf Gaming ရဲ့ ambassador အဖြစ် ဆောင်ရွယ်မယ့်ကိစ္စနဲ့ ပတ်သတ်လို့ ရော်နယ်ဒင်ဟိုက “R10 အသင်းဟာ ကျွန်တော့်ရဲ့ ဒုတိယမြောက် esports project တစ်ခုပါ။ ၂၀၁၈ မှာ ကျွန်တော်တို့ဟာ eLigaSul ကို အီလက်ထရောနစ်ဘောလုံးလောကမှာ အောင်အောင်မြင်မြင် စတင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ FIFA နဲ့ Pro Evolution Soccer အသိုင်းအဝိုင်းများမှာ ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုကို ထူထောင်ချင်တာပါ။”

“eLigaSul ဟာ Pro Evolution Soccer မှာ တည်ရှိခဲ့လို့ ဒီရည်ရွယ်ချက်ဟာ တစ်စိတ်တစ်ပိုင်း အောင်မြင်ခဲ့ပါပြီ။ ယခု R10 အသင်းကတော့ FIFA လောကကို ဝင်ရောက်ဖို့ ရည်ရွယ်တဲ့ ဒုတိယမြောက်ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ သင်တို့လည်း အောင်မြင်မှု ရရှိပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်။” အစရှိသဖြင့် ESPN ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

Scuf Gaming ရဲ့ တည်ထောင်သူတစ်ဦးဖြစ်သလို CEO လည်းဖြစ်တဲ့ Duncan Ironmonger ကတော့ “လွန်ခဲ့တဲ့ ကိုးနှစ်က စလို့ ကျွန်တော်တို့ဟာ ဆန်းသစ်တဲ့နည်းပညာများ၊ တီထွင်နိုင်စွမ်းများကို အသုံးပြုပြီး gamer များ အစွမ်းကုန်ကစားနိုင်အောင် ကြိုးပမ်းလာခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာလည်း ခေတ်အဆက်ဆက်မှာ ဘောလုံးလောကရဲ့ စံနမူနာယူဖွယ် ကြယ်တစ်ပွင့်အဖြစ် ထွန်းတောက်ခဲ့တာပါ။ ယခုပူးပေါင်းမှုဟာ သူ့ရဲ့ ဒုတိယမြောက် esports ခြေလှမ်းတစ်ခုဖြစ်ပြီး အကောင်းဆုံးရလဒ်များ ပေါ်ပေါက်လာအောင် ကျွန်တော်တို့ အတူတကွကြိုးစားသွားမှာ ဖြစ်ပါတယ်။” လို့ ပြောသွားခဲ့ပါတယ်။

ပူးပေါင်းမှုအသစ်ဖြစ်ပေါ်လာခြင်း အထိန်းအမှတ်အနေနဲ့ Scuf Gaming ဟာ controller များကို လျှော့ဈေးနဲ့ ရောင်းချပေးသွားမှာပါ။ ကမ္ဘာကျော်ဘောလုံးသမားအဖြစ် ထွန်းတောက်ခဲ့တဲ့ ရော်နယ်ဒင်ဟိုရဲ့ esports ခြေလှမ်းများဟာ ကမ္ဘာ့အီလက်ထရောနစ် အားကစားလောကရဲ့ အရေးပါလာမှုကို မီးမောင်းထိုးပြလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: Esports Insider


[Zawgyi]

ကိုယ္ပိုင္ Esports အသင္းတည္ေထာင္ေတာ့မယ့္ ေရာ္နယ္ဒင္ဟို

 

ကမၻာေက်ာ္ ဘရာဇီးေဘာလုံးကစားသမားေဟာင္း ေရာ္နယ္ဒင္ဟုိဟာ ဂိမ္း controller မ်ားကို ထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုျဖစ္တဲ့ Scuf Gaming နဲ႔ ပူးေပါင္းမႈမ်ားျပဳလုပ္မွာျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ ပူးေပါင္းမႈရဲ႕ ရလဒ္အေနနဲ႔ ေရာ္နယ္ဒင္ဟုိဟာ ယင္းအမွတ္တံဆိပ္ရဲ႕ brand ambassador အျဖစ္ အဓိကတာဝန္ယူရမွာပါ။

ေရာ္နယ္ဒင္ဟိုဟာ ၂၀၁၈ ခုႏွစ္ထဲက esports ေလာကနဲ႔ ဆက္စပ္တဲ့ကိစၥရပ္မ်ားမွာ ပါဝင္ေနခဲ့တာျဖစ္ျပီး eLigaSul လို႔ အမည္ေပးထားတဲ့ Pro Evolution Soccer league ကို စတင္တာဝန္ယူျပဳလုပ္ခဲ့ပါတယ္။ ၂၀၁၈ ေအာက္တိုဘာလက စလို႔ eLigaSul ပြဲစဥ္ရဲ႕ ျပိဳင္ပြဲမ်ားကို ႏိုင္ငံေပါင္း ၂၆ ခုမွာ က်င္းပေပးႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒင္ဟိုဟာ Scuf Gaming နဲ႔ ပူးေပါင္းျပီး ကိုယ္ပိုင္ esports အဖြဲ႔အစည္းတစ္ခုကိုလည္း ထူေထာင္မွာပါ။ R10 လို႔ အမည္ေပးထားတဲ့ ယင္းအဖြဲ႔အစည္းဟာ FIFA ျပိဳင္ပြဲမ်ားကိုသာ သီးသန္႔ဝင္ေရာက္ယွဥ္ျပိဳင္မယ္လို႔လည္း ေၾကညာထားပါတယ္။ R10 ဟာ ဘရာဇီးႏိုင္ငံရဲ႕ အေကာင္းဆုံး တက္သစ္စ ကစားသမားမ်ားကို စုေဆာင္းသြားမယ္လို႔လည္း ဆိုပါတယ္။

Scuf Gaming ရဲ႕ ambassador အျဖစ္ ေဆာင္ရြယ္မယ့္ကိစၥနဲ႔ ပတ္သတ္လို႔ ေရာ္နယ္ဒင္ဟုိက “R10 အသင္းဟာ ကြ်န္ေတာ့္ရဲ႕ ဒုတိယေျမာက္ esports project တစ္ခုပါ။ ၂၀၁၈ မွာ ကြ်န္ေတာ္တို႔ဟာ eLigaSul ကို အီလက္ထေရာနစ္ေဘာလုံးေလာကမွာ ေအာင္ေအာင္ျမင္ျမင္ စတင္ႏိုင္ခဲ့ပါတယ္။ ကြ်န္ေတာ္တို႔ဟာ FIFA နဲ႔ Pro Evolution Soccer အသိုင္းအဝုိင္းမ်ားမွာ ခုိင္မာတဲ့အဖြဲ႔အစည္းတစ္ခုကို ထူေထာင္ခ်င္တာပါ။”

“eLigaSul ဟာ Pro Evolution Soccer မွာ တည္ရွိခဲ့လို႔ ဒီရည္ရြယ္ခ်က္ဟာ တစ္စိတ္တစ္ပိုင္း ေအာင္ျမင္ခဲ့ပါျပီ။ ယခု R10 အသင္းကေတာ့ FIFA ေလာကကို ဝင္ေရာက္ဖုိ႔ ရည္ရြယ္တဲ့ ဒုတိယေျမာက္ေျခလွမ္းတစ္ခုပဲျဖစ္ပါတယ္။ သင္တို႔လည္း ေအာင္ျမင္မႈ ရရွိပါေစလို႔ ကြ်န္ေတာ္ေမွ်ာ္လင့္ပါတယ္။” အစရွိသျဖင့္ ESPN ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားသြားခဲ့ပါတယ္။

Scuf Gaming ရဲ႕ တည္ေထာင္သူတစ္ဦးျဖစ္သလုိ CEO လည္းျဖစ္တဲ့ Duncan Ironmonger ကေတာ့ “လြန္ခဲ့တဲ့ ကိုးႏွစ္က စလို႔ ကြ်န္ေတာ္တို႔ဟာ ဆန္းသစ္တဲ့နည္းပညာမ်ား၊ တီထြင္ႏိုင္စြမ္းမ်ားကုိ အသုံးျပဳျပီး gamer မ်ား အစြမ္းကုန္ကစားႏိုင္ေအာင္ ၾကိဳးပမ္းလာခဲ့ပါတယ္။ ေရာ္နယ္ဒင္ဟုိဟာလည္း ေခတ္အဆက္ဆက္မွာ ေဘာလုံးေလာကရဲ႕ စံနမူနာယူဖြယ္ ၾကယ္တစ္ပြင့္အျဖစ္ ထြန္းေတာက္ခဲ့တာပါ။ ယခုပူးေပါင္းမႈဟာ သူ႔ရဲ႕ ဒုတိယေျမာက္ esports ေျခလွမ္းတစ္ခုျဖစ္ျပီး အေကာင္းဆုံးရလဒ္မ်ား ေပၚေပါက္လာေအာင္ ကြ်န္ေတာ္တို႔ အတူတကြၾကိဳးစားသြားမွာ ျဖစ္ပါတယ္။” လို႔ ေျပာသြားခဲ့ပါတယ္။

ပူးေပါင္းမႈအသစ္ျဖစ္ေပၚလာျခင္း အထိန္းအမွတ္အေနနဲ႔ Scuf Gaming ဟာ controller မ်ားကို ေလွ်ာ့ေစ်းနဲ႔ ေရာင္းခ်ေပးသြားမွာပါ။ ကမၻာေက်ာ္ေဘာလုံးသမားအျဖစ္ ထြန္းေတာက္ခဲ့တဲ့ ေရာ္နယ္ဒင္ဟိုရဲ႕ esports ေျခလွမ္းမ်ားဟာ ကမၻာ့အီလက္ထေရာနစ္ အားကစားေလာကရဲ႕ အေရးပါလာမႈကို မီးေမာင္းထိုးျပလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: Esports Insider