[Unicode]

အိန္ဒိယ PUBG Mobile အသင်းကို ခေါ်ယူလိုက်တဲ့ Fnatic

 

UK အခြေစိုက် ကမ္ဘာကျော် Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “Fnatic” ဟာ အောက်တိုဘာလ (၁၉) ရက်နေ့က PUBG Mobile Esports အသင်းကို စတင်တည်ထောင်လိုက်ပြီပဲ ဖြစ်ပါတယ်။ PUBG Mobile ဟာ Fnatic ရဲ့ ၁၁ ခုမြောက် ဂိမ်းအမျိုးအစားဖြစ်ပြီး ရှေ့က တည်ထောင်ထားတဲ့ အသင်းတွေထဲမှာတော့ Apex Legends, Clash Royale, CSGO, Dota2, FIFA, Fortnite, LOL, Rainbow Six, Rules of Survival နဲ့ Street Fighter အသင်းတို့ ပါဝင်ပါတယ်။

PUBG Mobile ဟာ အာရှတိုက်မှာ လတ်တလော ရေပန်းစားနေတဲ့ မိုဘိုင်းဂိမ်းအမျိုးအစားတစ်ခု ဖြစ်နေတာနဲ့ အညီ Fnatic ဟာလည်း သူတို့နဲ့ အစိမ်းသက်သက်ဖြစ်နေတဲ့ အိန္ဒိယ ဈေးကွက်ထဲကို ဝင်ရောက်ပြီး အိန္ဒိယ အသင်းတစ်သင်းဖြစ်တဲ့ “Team XSpark” ကို ခေါ်ယူလိုက်တာပဲ ဖြစ်ပါတယ်။ XSpark အသင်းဟာ ၂၀၁၉ သြဂုတ်လကမှ စတင်ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး တောင်အာရှ ဒေသရဲ့ အကောင်းဆုံး အသင်းတစ်သင်းအဖြစ်လည်း ရပ်တည်နေပါတယ်။

Fnatic PUBG Mobile ရဲ့ လူစာရင်းကတော့

1. Tanmay Singh “Sc0utOP”
2. Mohammad Owais Lakhani “Owais”
3. Harpreet Singh Janjuha “Ronan”
4. Paritosh Sharma “Paritosh”
5. Ujwal Chaudhari “InYoDreams”

တို့ပဲ ဖြစ်ပါတယ်။

ကစားသမားတွေဟာ ဝါရင့် PUBG Mobile ကစားသမားတွေ ဖြစ်ကြပြီး Owais နဲ့ Ronak တို့ဟာ PMCO Spring Split Global Finals အဆင့် (၁၂) ရ Team Soul မှာ ပါဝင်ခဲ့ပြီး Sc0utOP ဟာလည်း PMCO Spring Split prelims ပွဲမှာ အဆင့် (၁၂) ရ Team IND မှာ ပါဝင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။ Team Soul ရော Team IND ဟာလည်း PMCO India Finals Spring Split မှာ ပထမနဲ့ ဒုတိယ အသီးသီး ရရှိခဲ့တဲ့ အောင်မြင်မှူတွေ ရှိနေပါတယ်။

 

Team XSpark (ယခု Fantic) ဟာ လက်ရှိမှာလည်း PMCO Fall Split South Asia ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိပြီး အုပ်စု အဆင့် (၃) မှာ ရပ်တည်လျှက် ရှိနေပါတယ်။ မလေးရှားမှာ ကျင်းပမယ့် PMCO Fall Split Global Final မှာလည်း South Asia ဒေသ ကိုယ်စားပြုအသင်းအဖြစ် ဝင်ရောက်ခွင့် ရရှိဖို့လည်း ရေပန်းစားနေပါတယ်။ သူတို့ရဲ့ လက်စွမ်းကိုတော့ လာမယ့် PMCO South Asia Fall Split ဆီမီးဖိုင်နယ် ပွဲမှာ စောင့်ကြည့်ခွင့် ရရှိတော့မှာပါ။

Fnatic ဟာလည်း အိန္ဒိယ ဈေးကွက်ကို ဝင်ရောက်လာပြီး မကြာခင်မှာလည်း Gaming House တစ်ခုထားရှိကာ Fnatic ရဲ့ အမှတ်တံဆိပ်ကို မြှင့်တင်ဖို့လည်း အစီအစဉ်တွေရှိကြောင်း သိရှိရပါတယ်။ Fnatic ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ (Rules of Survival)ရော အိန္ဒိယ နိုင်ငံ (PUBG Mobile) မှာပါမက မလေးရှားနိုင်ငံ (Dota2) မှာပါ Esports အသင်းတွေ တည်ထောင်ထားပြီး အာရှဈေးကွက်ကို အရှိန်အဟုန်နဲ့ ထိုးဖောက်လျှက် ရှိနေတာမလို့ အာရှ Esports လောကရဲ့ အနာဂတ်ကတော့ အတက်ဖက်ကိုသာ ဦးတည်နေပါတော့တယ်။

Reference : Dotesports, Wikipedia

Welcome, Fnatic PUBGM

India, we're coming! 🖤🧡🇮🇳In 2020, we will be the world's best PUBG MOBILE team. 🇮🇳🔜🌏🏆Next year is your year, India; we're Black and Orange!instagram.com/p/B3woRftBCWe

Posted by Fnatic on Friday, 18 October 2019


[Zawgyi]

အိႏၵိယ PUBG Mobile အသင္းကို ေခၚယူလိုက္တဲ့ Fnatic

 

UK အေျခစိုက္ ကမာၻေက်ာ္ Esports အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ “Fnatic” ဟာ ေအာက္တိုဘာလ (၁၉) ရက္ေန႔က PUBG Mobile Esports အသင္းကို စတင္တည္ေထာင္လိုက္ၿပီပဲ ျဖစ္ပါတယ္။ PUBG Mobile ဟာ Fnatic ရဲ႕ ၁၁ ခုေျမာက္ ဂိမ္းအမ်ိဳးအစားျဖစ္ၿပီး ေရွ႕က တည္ေထာင္ထားတဲ့ အသင္းေတြထဲမွာေတာ့ Apex Legends, Clash Royale, CSGO, Dota2, FIFA, Fortnite, LOL, Rainbow Six, Rules of Survival နဲ႔ Street Fighter အသင္းတို႔ ပါဝင္ပါတယ္။

PUBG Mobile ဟာ အာရွတိုက္မွာ လတ္တေလာ ေရပန္းစားေနတဲ့ မိုဘိုင္းဂိမ္းအမ်ိဳးအစားတစ္ခု ျဖစ္ေနတာနဲ႔ အညီ Fnatic ဟာလည္း သူတို႔နဲ႔ အစိမ္းသက္သက္ျဖစ္ေနတဲ့ အိႏၵိယ ေစ်းကြက္ထဲကို ဝင္ေရာက္ၿပီး အိႏၵိယ အသင္းတစ္သင္းျဖစ္တဲ့ “Team XSpark” ကို ေခၚယူလိုက္တာပဲ ျဖစ္ပါတယ္။ XSpark အသင္းဟာ ၂၀၁၉ ၾသဂုတ္လကမွ စတင္ဖြဲ႕စည္းထားတဲ့ အသင္းတစ္သင္းျဖစ္ၿပီး ေတာင္အာ႐ွ ေဒသရဲ႕ အေကာင္းဆံုး အသင္းတစ္သင္းအျဖစ္လည္း ရပ္တည္ေနပါတယ္။

Fnatic PUBG Mobile ရဲ႕ လူစာရင္းကေတာ့

1. Tanmay Singh “Sc0utOP”
2. Mohammad Owais Lakhani “Owais”
3. Harpreet Singh Janjuha “Ronan”
4. Paritosh Sharma “Paritosh”
5. Ujwal Chaudhari “InYoDreams”

တို႔ပဲ ျဖစ္ပါတယ္။

ကစားသမားေတြဟာ ဝါရင့္ PUBG Mobile ကစားသမားေတြ ျဖစ္ၾကၿပီး Owais နဲ႔ Ronak တို႔ဟာ PMCO Spring Split Global Finals အဆင့္ (၁၂) ရ Team Soul မွာ ပါဝင္ခဲ့ၿပီး Sc0utOP ဟာလည္း PMCO Spring Split prelims ပြဲမွာ အဆင့္ (၁၂) ရ Team IND မွာ ပါဝင္ကစားခဲ့တာလည္း ျဖစ္ပါတယ္။ Team Soul ေရာ Team IND ဟာလည္း PMCO India Finals Spring Split မွာ ပထမနဲ႔ ဒုတိယ အသီးသီး ရရွိခဲ့တဲ့ ေအာင္ျမင္မႉေတြ ရွိေနပါတယ္။

Team XSpark (ယခု Fantic) ဟာ လက္ရွိမွာလည္း PMCO Fall Split South Asia ပြဲမွာလည္း ပါဝင္ယွဥ္ၿပိဳင္လွ်က္ရွိၿပီး အုပ္စု အဆင့္ (၃) မွာ ရပ္တည္လွ်က္ ရွိေနပါတယ္။ မေလးရွားမွာ က်င္းပမယ့္ PMCO Fall Split Global Final မွာလည္း South Asia ေဒသ ကိုယ္စားျပဳအသင္းအျဖစ္ ဝင္ေရာက္ခြင့္ ရရွိဖို႔လည္း ေရပန္းစားေနပါတယ္။ သူတို႔ရဲ႕ လက္စြမ္းကိုေတာ့ လာမယ့္ PMCO South Asia Fall Split ဆီမီးဖိုင္နယ္ ပြဲမွာ ေစာင့္ၾကည့္ခြင့္ ရရွိေတာ့မွာပါ။

Fnatic ဟာလည္း အိႏၵိယ ေစ်းကြက္ကို ဝင္ေရာက္လာၿပီး မၾကာခင္မွာလည္း Gaming House တစ္ခုထားရွိကာ Fnatic ရဲ႕ အမွတ္တံဆိပ္ကို ျမႇင့္တင္ဖို႔လည္း အစီအစဥ္ေတြရွိေၾကာင္း သိရွိရပါတယ္။ Fnatic ဟာ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္း ႏိုင္ငံေတြျဖစ္တဲ့ ထိုင္းႏိုင္ငံ (Rules of Survival)ေရာ အိႏၵိယ ႏိုင္ငံ (PUBG Mobile) မွာပါမက မေလးရွားႏိုင္ငံ (Dota2) မွာပါ Esports အသင္းေတြ တည္ေထာင္ထားၿပီး အာရွေစ်းကြက္ကို အရွိန္အဟုန္နဲ႔ ထိုးေဖာက္လွ်က္ ရွိေနတာမလို႔ အာရွ Esports ေလာကရဲ႕ အနာဂတ္ကေတာ့ အတက္ဖက္ကိုသာ ဦးတည္ေနပါေတာ့တယ္။

Reference : Dotesports, Wikipedia

Welcome, Fnatic PUBGM

India, we're coming! 🖤🧡🇮🇳In 2020, we will be the world's best PUBG MOBILE team. 🇮🇳🔜🌏🏆Next year is your year, India; we're Black and Orange!instagram.com/p/B3woRftBCWe

Posted by Fnatic on Friday, 18 October 2019