တရုတ် Smart ဖုန်း brand တစ်ခုဖြစ်တဲ့ OnePlus ဟာ မနေ့ညက သူတို့ရဲ့ နောက်ဆုံးထွက် OnePlus7 Series အနေနဲ့ OnePlus7 Pro, OnePlus7 နဲ့ OnePlus7 Pro 5G တို့ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။

OnePlus ဟာ ယခုနှစ် ၂၀၁၉ အစောပိုင်းက ကမ္ဘာ့အကျော်ကြားဆုံး Esports Organization တစ်ခုဖြစ်တဲ့ “Fnatic” နဲ့ ပူပေါင်းခဲ့ပြီး OnePlus ရဲ့ logo ကိုလည်း Fnatic ပိုင်အသင်းအားလုံးရဲ့ အင်္ကျီရင်ဘတ်မှာ လည်းရိုက်နှိပ် ကြော်ညာခဲ့ပါတယ်။

Gaming ဖက်ကိုပိုပြီး အားသာလာတဲ့ Mobile Phone Trend နဲ့အညီ Qualcomm Snapdragon 855 CPU နဲ့ အသစ်ထွက် OnePlus7 Series မှာလည်း Gaming Mode အနေနဲ့ “Fnatic Mode” ဆိုပြီး ပါဝင်လာတာတွေ့နိုင်ပါတယ်။ Fnatic Mode ဟာ Extreme Gaming Mode အနေနဲ့ ဖုန်းရဲ့ Performance ကိုမြှင့်တင်ပေးနိုင်ပြီး 90Hz refresh rate (60Hz in OnePlus7) နဲ့ AMOLED screen display အပြင် 10-layer liquid cooling system နဲ့ဆိုတော့ တကယ်ထူခြားတဲ့ Gaming Experience ကို ရရှိစေမှာပါ။

Fnatic Mode မှာဆိုရင်တော့
1. CPU Optimized
2. GPU Optimized
3. RAM Optimized
4. Advanced DND
5. Background Restrictions နဲ့
6. Network Enhancement
စတဲ့ လုပ်ဆောင်ချက်တွေ ပါရှိပါတယ်။

ထို့ပြင် ဖုန်းထဲမှာလည်း “Fnatic Easter Egg” တစ်ခုထည့်သွင်းခဲ့ပြီး ထို Easter Egg ကိုဖော်ထုတ်နိုင်သူအနေနဲ့ OnePlus 7 Pro ဖုန်းတစ်လုံးကို ရယူနိုင်မှာ ဖြစ်ပါတယ်။
OnePlus7 Pro ရဲ့Introduction Video ကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

OnePlus7 Pro ကိုတော့ 669$ မှစတင်ပြီး RAM နှင့် Storage ပေါ်မူတည်၍ ဈေးကွာခြားနိုင်ပြီး May 21st မှ စတင်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ OnePlus7 ကိုတော့ June လမှစ၍ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ OnePlus7 Pro 5G ရဲ့ ဈေးနှုန်းနဲ့ ထွက်မယ့်ရက်ကိုတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။

Photo Credit : AnandTech

#OnePlus #Fnatic #Gaming