[Unicode]

လူစာရင်း အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့ Fnatic Dota2

 

SEA အင်အားကြီး Fnatic Dota2 အသင်းဟာ သူတို့ရဲ့ Dota2 အသင်း လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ပူပူနွေးနွေး 11K MMR ကို​ရောက်ရှိထားတဲ့ အသက် (၁၈) နှစ်အရွယ် ထိုင်း Carry ကစားသမား 23Savage ကို အသင်းမှ ထုတ်ပယ်ခဲ့ပြီး Raven ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။

Raven ကတော့ အသက် (၂၁) နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသား Carry ကစားသမားဖြစ်ပြီး Geekfam အသင်းကနေ ပြောင်းရွေ့လာတာပါ​။ TNC အသင်းမှာ အထူးလက်စွမ်းပြ နာမည်ကျော်ခဲ့ပြီး 2016 ခုနှစ် Mushi ဦးဆောင်နေတဲ့ Fnatic အသင်းမှာ (၂) လခန့်ကစားခဲ့ဖူးပေမယ့် အံမဝင်တဲ့အတွက် စွန့်ခွာခဲ့ရဖူးပါတယ်။

Fnatic ဟာ ၂၀၂၀ ခုနှစ် မတ်လမှ ဇွန်လအတွင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲ (၅) ပွဲဆက်တိုက် ဗိုလ်စွဲခဲ့ပေမယ့် နောက်ဆုံးကျင်းပခဲ့တဲ့ BTS Pro Series Season-2 နဲ့ One Esports Dota2 League ပြိုင်ပွဲတို့မှာ Geekfam အသင်းရဲ့ တိုးတက်လာမှုကို မခံနိုင်ပဲ အရှုံးပေးခဲ့ရပါတယ်။

🚨 FNATIC DOTA ROSTER UPDATE 🚨Let us welcome 🇵🇭 Raven Dota to our roster! A familiar name across Southeast Asia, he…

Posted by Fnatic Dota on Tuesday, 28 July 2020

Fnatic ကတော့ လက်ရှိ SEA ရဲ့ လက်စွမ်းအငြိမ်ဆုံးလို့ ပြောရမယ့် Carry ကိုရရှိခဲ့တဲ့အတွက် လွန်ခဲ့တဲ့ (၂) လလောက်ကလို SEA ကို ကြီးစိုးထားမလားဆိုတာ စောင့်ကြည့်ရမှာပါ။ Fnatic ကနေ ထွက်ခွာလာတဲ့ 23savage ကတော့ COVID-19 အခြေအနေကြောင့် SEA ဒေသတွင်း အသင်းတစ်သင်းသင်းကိုသာ ရောက်ရှိလိမ့်မယ်လို့ ထင်မြင်မိပါတယ်။


[ZawGyi]

လူစာရင္း အေျပာင္းအလဲ ျပဳလုပ္ခဲ့တဲ့ Fnatic Dota2

 

SEA အင္အားႀကီး Fnatic Dota2 အသင္းဟာ သူတို႔ရဲ႕ Dota2 အသင္း လူစာရင္းကို အေျပာင္းအလဲ ျပဳလုပ္ခဲ့ပါတယ္။ ပူပူေႏြးေႏြး 11K MMR ကို​ေရာက္ရွိထားတဲ့ အသက္ (၁၈) ႏွစ္အ႐ြယ္ ထိုင္း Carry ကစားသမား 23Savage ကို အသင္းမွ ထုတ္ပယ္ခဲ့ၿပီး Raven ကို ျပန္လည္ေခၚယူခဲ့ပါတယ္။

Raven ကေတာ့ အသက္ (၂၁) ႏွစ္အ႐ြယ္ ဖိလစ္ပိုင္ႏိုင္ငံသား Carry ကစားသမားျဖစ္ၿပီး Geekfam အသင္းကေန ေျပာင္းေ႐ြ႕လာတာပါ​။ TNC အသင္းမွာ အထူးလက္စြမ္းျပ နာမည္ေက်ာ္ခဲ့ၿပီး 2016 ခုႏွစ္ Mushi ဦးေဆာင္ေနတဲ့ Fnatic အသင္းမွာ (၂) လခန႔္ကစားခဲ့ဖူးေပမယ့္ အံမဝင္တဲ့အတြက္ စြန္႔ခြာခဲ့ရဖူးပါတယ္။

Fnatic ဟာ ၂၀၂၀ ခုႏွစ္ မတ္လမွ ဇြန္လအတြင္း က်င္းပခဲ့တဲ့ ၿပိဳင္ပြဲ (၅) ပြဲဆက္တိုက္ ဗိုလ္စြဲခဲ့ေပမယ့္ ေနာက္ဆုံးက်င္းပခဲ့တဲ့ BTS Pro Series Season-2 နဲ႔ One Esports Dota2 League ၿပိဳင္ပြဲတို႔မွာ Geekfam အသင္းရဲ႕ တိုးတက္လာမႈကို မခံႏိုင္ပဲ အရႈံးေပးခဲ့ရပါတယ္။

🚨 FNATIC DOTA ROSTER UPDATE 🚨Let us welcome 🇵🇭 Raven Dota to our roster! A familiar name across Southeast Asia, he…

Posted by Fnatic Dota on Tuesday, 28 July 2020

Fnatic ကေတာ့ လက္ရွိ SEA ရဲ႕ လက္စြမ္းအၿငိမ္ဆုံးလို႔ ေျပာရမယ့္ Carry ကိုရရွိခဲ့တဲ့အတြက္ လြန္ခဲ့တဲ့ (၂) လေလာက္ကလို SEA ကို ႀကီးစိုးထားမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ Fnatic ကေန ထြက္ခြာလာတဲ့ 23savage ကေတာ့ COVID-19 အေျခအေနေၾကာင့္ SEA ေဒသတြင္း အသင္းတစ္သင္းသင္းကိုသာ ေရာက္ရွိလိမ့္မယ္လို႔ ထင္ျမင္မိပါတယ္။