[Unicode]

“Football Manager ဂိမ်းကစားရင်း တကယ့်ဘောလုံးကလပ်အသင်းမှာ အလုပ်ရသွားသူ”

 

Football Manager ဂိမ်းကို နှစ်ခြိုက်စွာ ကစားသူတစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် Andrej Pavlović ဟာ ဘောလုံးကလပ်အသင်းတစ်ခုဖြစ်တဲ့ FK Bežanija မှာ အလုပ်ဝင်ရောက်ဖို့ လျှောက်ထားခဲ့သူတစ်ဦးပါ။ ထိုစဉ်က Pavlović ဟာ Football Manager ဂိမ်းထဲက သူ့ရဲ့ အောင်မြင်မှုတွေအကြောင်း အလုပ်လျှောက်လွှာထဲမှာ စာရင်းပြုစုရေးသားပြီး စတင်ပေးပို့ခဲ့တာဖြစ်ပါတယ်။

Andrej Pavlović

Pavlović ဟာ ဂိမ်းထဲမှာ FK Bežanija ကို ၁၆ နှစ်ကာလအတွင်း Champions League semi-final ရောက်အောင် ဦးဆောင်လမ်းညွှန်ထားနိုင်ခဲ့ပါတယ်။ League title ၁၁ ခုနဲ့ Serbian cup ၆ ခု ရအောင်လည်း ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ “ကြွားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်ဟာ Football Manager ဂိမ်းလောကထဲမှာတော့ legend တစ်ယောက်ပါ။” လို့ Pavlović က SPORTbible ကို ပြောပါတယ်။

တကယ့်အပြင်က ဘောလုံးလောကမှာတော့ FK Bežanija ဟာ အခြေအနေမကောင်းဖြစ်နေတာပါ။ ငွေကြေးပြဿနာအမြောက်အများကို ရင်ဆိုင်နေရသလို second division ကနေ sixth division အထိ ဆင်းပြီး ကစားရတဲ့အထိ အနေအထားမလှ ဖြစ်လျက်ရှိပါတယ်။

Pavlović ဟာ FK Bežanija အသင်း ဒါရိုက်တာရဲ့ ဖုန်းနံပါတ်ကို ရရှိခဲ့ပြီးနောက် data analysis နဲ့ statistics များကို အထိုက်အလျောက်နားလည်ကြောင်းနဲ့ အသင်းကို ကူညီလိုကြောင်းပြောကြားခဲ့ပါတယ်။ ဒါရိုက်တာက သူ့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီးနောက် ယခုအချိန်မှာ အသင်းရဲ့ data analyst တစ်ဦးအနေနဲ့ အလုပ်လုပ်နေတာ တစ်လခန့် ရှိပါပြီ။

FC Bežanija

Pavlović ဝင်ရောက်ပြီး မကြာခင်မှာပဲ FK Bežanija ဟာ ဇယားမှာ အဆင့် ၁၃ နေရာကနေ ၆ နေရာအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ၆ ပွဲ ကစားခဲ့ရာမှာလည်း ၅ ပွဲအနိုင်ရရှိခဲ့ပြီး ၁ ပွဲ သရေကျခဲ့လို့ ပရိသတ်အများ အံ့အားသင့်ပြီး စောင့်ကြည့်လျက်ရှိပါတယ်။

“တိုက်စစ်နဲ့ ခံစစ်ပိုင်းတွေကို အာရုံစိုက်ကြည့်ရှုပြီး ကျွန်တော်တို့အသင်းရဲ့ အားနည်းချက်နဲ့ အားသာချက်များကို ရှာဖွေဖော်ထုတ်ပါတယ်။” လို့ Pavlović က ပြောကြားခဲ့သလို သူ့ရဲ့ data analysis အချို့ကိုလည်း Reddit ပေါ်မှာ တင်ခဲ့ပါသေးတယ်။ Pavlović တစ်ယောက်ကတော့ ဂိမ်းထဲက စွမ်းရည်များကို အသုံးချရင်း အလုပ်ရရှိသွားပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: givemesport


[Zawgyi]

“Football Manager ဂိမ္းကစားရင္း တကယ့္ေဘာလုံးကလပ္အသင္းမွာ အလုပ္ရသြားသူ”

 

Football Manager ဂိမ္းကို ႏွစ္ျခိဳက္စြာ ကစားသူတစ္ဦးျဖစ္တဲ့ အသက္ ၂၂ ႏွစ္အရြယ္ Andrej Pavlović ဟာ ေဘာလုံးကလပ္အသင္းတစ္ခုျဖစ္တဲ့ FK Bežanija မွာ အလုပ္ဝင္ေရာက္ဖုိ႔ ေလွ်ာက္ထားခဲ့သူတစ္ဦးပါ။ ထုိစဥ္က Pavlović ဟာ Football Manager ဂိမ္းထဲက သူ႔ရဲ႕ ေအာင္ျမင္မႈေတြအေၾကာင္း အလုပ္ေလွ်ာက္လႊာထဲမွာ စာရင္းျပဳစုေရးသားျပီး စတင္ေပးပို႔ခဲ့တာျဖစ္ပါတယ္။

Andrej Pavlović

Pavlović ဟာ ဂိမ္းထဲမွာ FK Bežanija ကို ၁၆ ႏွစ္ကာလအတြင္း Champions League semi-final ေရာက္ေအာင္ ဦးေဆာင္လမ္းညႊန္ထားႏိုင္ခဲ့ပါတယ္။ League title ၁၁ ခုနဲ႔ Serbian cup ၆ ခု ရေအာင္လည္း ျပဳလုပ္ထားႏုိင္ခဲ့ပါတယ္။ “ၾကြားတာေတာ့ မဟုတ္ပါဘူး။ ကြ်န္ေတာ္ဟာ Football Manager ဂိမ္းေလာကထဲမွာေတာ့ legend တစ္ေယာက္ပါ။” လို႔ Pavlović က SPORTbible ကို ေျပာပါတယ္။

တကယ့္အျပင္က ေဘာလုံးေလာကမွာေတာ့ FK Bežanija ဟာ အေျခအေနမေကာင္းျဖစ္ေနတာပါ။ ေငြေၾကးျပႆနာအေျမာက္အမ်ားကို ရင္ဆိုင္ေနရသလို second division ကေန sixth division အထိ ဆင္းျပီး ကစားရတဲ့အထိ အေနအထားမလွ ျဖစ္လ်က္ရွိပါတယ္။

Pavlović ဟာ FK Bežanija အသင္း ဒါရိုက္တာရဲ႕ ဖုန္းနံပါတ္ကို ရရွိခဲ့ျပီးေနာက္ data analysis နဲ႔ statistics မ်ားကို အထိုက္အေလ်ာက္နားလည္ေၾကာင္းနဲ႔ အသင္းကို ကူညီလိုေၾကာင္းေျပာၾကားခဲ့ပါတယ္။ ဒါရိုက္တာက သူ႔ရဲ႕ ကမ္းလွမ္းခ်က္ကို လက္ခံခဲ့ျပီးေနာက္ ယခုအခ်ိန္မွာ အသင္းရဲ႕ data analyst တစ္ဦးအေနနဲ႔ အလုပ္လုပ္ေနတာ တစ္လခန္႔ ရွိပါျပီ။

FC Bežanija

Pavlović ဝင္ေရာက္ျပီး မၾကာခင္မွာပဲ FK Bežanija ဟာ ဇယားမွာ အဆင့္ ၁၃ ေနရာကေန ၆ ေနရာအထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ၆ ပြဲ ကစားခဲ့ရာမွာလည္း ၅ ပြဲအႏိုင္ရရွိခဲ့ျပီး ၁ ပြဲ သေရက်ခဲ့လို႔ ပရိသတ္အမ်ား အံ့အားသင့္ျပီး ေစာင့္ၾကည့္လ်က္ရွိပါတယ္။

“တိုက္စစ္နဲ႔ ခံစစ္ပိုင္းေတြကိုိ အာရုံစိုက္ၾကည့္ရႈျပီး ကြ်န္ေတာ္တို႔အသင္းရဲ႕ အားနည္းခ်က္နဲ႔ အားသာခ်က္မ်ားကို ရွာေဖြေဖာ္ထုတ္ပါတယ္။” လုိ႔ Pavlović က ေျပာၾကားခဲ့သလို သူ႔ရဲ႕ data analysis အခ်ိဳ႕ကိုလည္း Reddit ေပၚမွာ တင္ခဲ့ပါေသးတယ္။ Pavlović တစ္ေယာက္ကေတာ့ ဂိမ္းထဲက စြမ္းရည္မ်ားကို အသုံးခ်ရင္း အလုပ္ရရွိသြားပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: givemesport