[Unicode]

ပထမဆုံး ဆီးဂိမ်း Esports မှာ ဘယ်သူတွေ ရွှေတံဆိပ် ရရှိသွားခဲ့လဲ?

 

၂၀၁၉ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး (ဆီးဂိမ်း) ရဲ့ Esports ရွှေတံဆိပ်ဆုရှင်များကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ Esports ကို medal event အနေနဲ့ ကျင်းပတာ ပထမဆုံးအကြိမ်ဖြစ်လို့ ယခုရွှေတံဆိပ်ဆုရှင်များဟာလည်း အီလက်ထရောနစ်အားကစားသမိုင်းမှာ ဦးဦးဖျားဖျား ရွှေရရှိသူများအဖြစ် မော်ကွန်းတင်နိုင်ခဲ့ပါတယ်။ ဆီးဂိမ်းအတွင်း ထည့်သွင်းကျင်းပခဲ့တဲ့ Esports အမျိုးအစားများကတော့ MLBB, Hearthstone, AoV, Dota 2, StarCraft II နဲ့ Tekken 7 တို့ပါ။

MLBB: Sibol – MLBB (ဖိလစ်ပိုင်)

ဆီးဂိမ်း MLBB ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး အိမ်ရှင် ဖိလစ်ပိုင်အသင်း Sibol က ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်ကစားသမား Kenji, KarlTzy, Ribo, Haze, Lusty, Pheww နဲ့ Jay တို့ ပါဝင်ဖွဲ့စည်းထားတဲ့ Sibol ဟာ အင်ဒိုနီးရှားအသင်းကို ဂရင်းဖိုင်နယ်မှာ ၃ ပွဲနိုင် ၂ ပွဲရှုံး (၃-၂) နဲ့ အနိုင်ရရှိသွားခဲ့တာပါ။

Lower Bracket က တက်လာခဲ့ရတဲ့ ဖိလစ်ပိုင်အသင်းဟာ အင်ဒိုနီးရှားအသင်းကို အနိုင်ရဖို့ အကြိတ်အနယ်ကစားခဲ့ရပါတယ်။ ဂရင်းဖိုင်နယ် ပထမဆုံးပွဲရဲ့ ဂိမ်းအစောပိုင်းမှာ ဖိလစ်ပိုင်းအသင်းဟာ အသာစီး မရပဲ ရုန်းကန်နေခဲ့ရတာပါ။ ဒါပေမယ့် lane ကို split push လုပ်နေခဲ့တဲ့ Chou ရောက်ရှိလာချိန် ၁၂ မိနစ်မှာတော့ အင်ဒိုနီးရှားတစ်သင်းလုံး ကျရှုံးသွားပြီး ဖိလစ်ပိုင်အသင်းက တစ်ပွဲအနိုင်နဲ့ စတင်ဦးဆောင်လာခဲ့ပါတယ်။

ဒုတိယပွဲမှာတော့ အခြေအနေမကောင်းတဲ့ draft ကြောင့် ဖိလစ်ပိုင်တို့ ပြန်လည်ရှုံးနိမ့်ခဲ့ပါတယ်။ တတိယပွဲကို ဖိလစ်ပိုင်တို့ ပြန်လည်အနိုင်ရပြီးနောက် စတုတ္ထပွဲကို အင်ဒိုနီးရှားက ပြန်အနိုင်ရခဲ့ပါသေးတယ်။ ပဉ္စမမြောက်နောက်ဆုံးအဆုံးအဖြတ်ပွဲမှာမှ ဖိလစ်ပိုင်က တစ်ပွဲအသာနဲ့ အနိုင်ရသွားခဲ့တာဖြစ်လို့သာ အပြိုင်အဆိုင်ကစားနိုင်စွမ်းရှိတဲ့ အင်ဒိုနီးရှားဟာ ရွှေတံဆိပ်နဲ့ ကပ်ခါသီခါ လွဲချော်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Hearthstone: Dr Yew Weng Keng (မလေးရှား)

ဆီးဂိမ်း Hearthstone ပြိုင်ပွဲမှာတော့ မလေးရှားကစားသမား Dr Yew Weng Keng က ရွှေတံဆိပ်ရရှိ ဗိုလ်စွဲခဲ့ပါတယ်။ ဆီးဂိမ်း Hearthstone ဂရင်းဖိုင်နယ်မှာ Weng Keng ဟာ ထိုင်းကစားသမား Werit Popan ကို ၃-၁ နဲ့ အနိုင်ရပြီး မလေးရှားနိုင်ငံအတွက် ပထမဆုံး Esports ရွှေတံဆိပ်ကို ရယူပေးနိုင်ခဲ့ပါတယ်။

ရွှေတံဆိပ်ဆုရှင် အသက် ၂၉ နှစ်အရွယ် Dr Yew Weng Keng ဟာ electronic engineering ဘာသာရပ်နဲ့ PhD ဘွဲ့ ရရှိထားသူပါ။ မလေးရှားနိုင်ငံ Heriot-Watt တက္ကသိုလ်ရဲ့ လက်ထောက်ပါမောက္ခတစ်ဦးလည်းဖြစ်သူ Weng Keng ကို Esports လောကမှာတော့ wkyew90 အဖြစ် လူသိများကြပါတယ်။ ဂိမ်းနဲ့ ပတ်သတ်လို့ ရှေးရှိးစွဲအယူအဆများ မရှိပဲ ထူးချွန်လှတဲ့ Weng Keng တစ်ယောက်တော့ ဆီးဂိမ်းမှာ အမိနိုင်ငံ မလေးရှားရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့ပါတယ်။

AoV: Workpoint Fighting Fish (ထိုင်း)

ဆီးဂိမ်း AoV ပြိုင်ပွဲမှာတော့ ထိုင်းအသင်း Workpoint Fighting Fish ဟာ အင်ဒိုနီးရှားအသင်းကို ၃-၀ အပြတ်နဲ့ အနိုင်ရပြီး ရွှေတံဆိပ်ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ KiNESiS, BlueNP, NongTee, Gzy နဲ့ Chitawan တို့ ပါဝင်တဲ့ ထိုင်းအသင်းဟာ ဂရင်းဖိုင်နယ်မတိုင်မီက အင်ဒိုနီးရှားကို ၁-၂ နဲ့ ရှုံးနိမ့်ထားခဲ့သေးတာမို့ ထိုင်းအသင်းရဲ့ တစ်ကျော့ပြန်အကောင်းဆုံးကစားနိုင်စွမ်းဟာ ထူးခြားလှပါတယ်။

ဒီရွှေတံဆိပ်ကတော့ ထိုင်းနိုင်ငံအတွက် ပထမဆုံး Esports ရွှေတံဆိပ်ပါ။ ဂရင်းဖိုင်နယ် ပထမဆုံးပွဲမှာ ထိုင်းအသင်းကို အနိုင်ရဖူးတဲ့ အင်ဒိုနီးရှားဟာ ယခင်ပွဲတွေလိုပဲ ဖိအားပေး ကစားခဲ့ပါတယ်။ ဒါပေမယ့် ပွဲရဲ့ ဒုတိယပိုင်းက စ လို့ ထိုင်းအသင်းက စတင် လက်စွမ်းပြနိုင်ခဲ့ပြီး အနိုင်ရသွားခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ ထိုင်းအသင်းရဲ့ ကစားကွက်များကို အင်ဒိုနီးရှားဟာ ပြန်လည်ခုခံခဲ့ပေမယ့် ဒုတိယပွဲနဲ့ တတိယပွဲများကိုပါ အရှုံးပေးလိုက်ရပြီး ထိုင်းတို့ ရွှေတံဆိပ်ဆုရှင်များ ဖြစ်လာခဲ့ကြပါတယ်။

Dota 2: Sibol – Dota 2 (ဖိလစ်ပိုင်)

ဆီးဂိမ်း Dota 2 ပြိုင်ပွဲမှာ အိမ်ရှင် ဖိလစ်ပိုင်အသင်း Sibol က ထိုင်းအသင်းကို ၃-၂ နဲ့ အနိုင်ရပြီး ၂ခုမြောက် Esports ရွှေတံဆိပ်ကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်အသင်း Sibol ရဲ့ Dota 2 ကစားသမားများကတော့ MDL Chengdu Major ပြိုင်ပွဲဝင်အသင်း Team Adroit က ခေါ်ယူထားတဲ့ Natsumi-, Mac, Bok, Boombacs နဲ့ cml တို့ဖြစ်ကြပြီး အရံကစားသမားအဖြစ် Cignal Ultra ရဲ့ Erice နဲ့ Van တို့ ပါဝင်ပါတယ်။

ဖိလစ်ပိုင်အသင်းက အနိုင်ရခဲ့တဲ့ ထိုင်းအသင်းမှာ Fnatic ရဲ့ ကစားသမား Jabz နဲ့ 23savage တို့လို နာမည်ကြီး ကစားသမားများ ပါဝင်ပါတယ်။ အရှေ့တောင်အာရှမှာ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ Dota 2 မှာ ယခုလို ရွှေတံဆိပ်ရရှိနိုင်ဖို့ ဖိလစ်ပိုင်အသင်းဟာ လေ့ကျင့်မှုများနဲ့ ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့တာပါ။

ရွှေတံဆိပ်ရသွားခဲ့တဲ့ ဖိလစ်ပိုင် Dota 2 အသင်းနဲ့ မြန်မာအသင်း Team Veteran တို့ဟာ အုပ်စုပွဲများအတွင်း တွေ့ဆုံကစားခဲ့ပါသေးတယ်။ ဆီးဂိမ်း Dota 2 ပြိုင်ပွဲအတွင်း မြန်မာအသင်းဟာ ကံမကောင်းစွာ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် ဖိလစ်ပိုင်အသင်းကို ၁-၁ နဲ့ အပြိုင်အဆိုင်ကစားနိုင်ခဲ့ပြီး မခေကြောင်း ပြသထားနိုင်ခဲ့ပါတယ်။

Starcraft II: Cavair “EnDerr” Acampado (ဖိလစ်ပိုင်)

ဆီးဂိမ်း Starcraft II ပြိုင်ပွဲမှာ ဖိလစ်ပိုင်ကစားသမား Cavair “EnDerr” Acampado က အနိုင်ရပြီး နိုင်ငံအတွက် ၃ခုမြောက် Esports ရွှေတံဆိပ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဂရင်းဖိုင်နယ်မှာ EnDerr ဟာ ပြိုင်ဘက် စင်ကာပူကစားသမား Blysk ကို ၄-၁ နဲ့ အနိုင်ရခဲ့တာပါ။

ပထမဆုံး ၂ ပွဲကို အနိုင်ရပြီး ဦးဆောင်ကစားသွားနိုင်တဲ့ EnDerr ဟာ တတိယပွဲမှာသာ မရှုံးနိမ့်ခဲ့ရင် ၃ ပွဲပြတ်နဲ့ အနိုင်ရသွားနိုင်ပါတယ်။Blysk ဟာ EnDerr ရဲ့ rushed playstyle ကို ခုခံနိုင်ဖို့ တတိယမြောက်ပွဲမှာ playstyle ပြောင်းလဲကစားခဲ့ပါတယ်။ အကြိတ်အနယ်ကစားခဲ့ကြတဲ့ တတိယပွဲအဆုံးမှာ Blysk က တစ်ပွဲပြန်လည်အနိုင်ရလာခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံး ၂ ပွဲမှာတော့ EnDerr ရဲ့ နည်းဗျူဟာများဟာ Blysk ထက် သာလွန်နေခဲ့သလို ပြိုင်ဘက်ရဲ့ base ကို အနိုင်ရဖို့ Zergs အရေအတွက်များပြားအောင်လည်း စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ EnDerr ကို အနိုင်ပေးလိုက်ရတဲ့ Blysk ဟာ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Tekken 7: Nopparut “Book” Hempamorn (ထိုင်း)

ဆီးဂိမ်းရဲ့ နောက်ဆုံးပိတ် Esports ပွဲဖြစ်တဲ့ Tekken 7 မှာ ရွှေတံဆိပ်ရရှိခဲ့သူကတော့ ထိုင်းကစားသမား Nopparut “Book” Hempamorn ပါ။ Book ဟာ ပြိုင်ဘက် အိမ်ရှင်ဖိလစ်ပိုင်ကစားသမား AK ကို ၃-၂ နဲ့ အနိုင်ရရှိပြီး ထိုင်းနိုင်ငံအတွက် ၂ခုမြောက် Esports ရွှေတံဆိပ်ကို ရယူပေးနိုင်ခဲ့တာပါ။

ဆီးဂိမ်း Tekken 7 ဂရင်းဖိုင်နယ်ရဲ့ ပထမ ၃ ပွဲဟာ Akuma mirror match များပါ။ ပထမဆုံးပွဲကို AK က အနိုင်ရရှိခဲ့ပေမယ့် ဒုတိယနဲ့ တတိယပွဲများမှာတော့ Book က နိုင်သွားခဲ့ပါတယ်။ စတုတ္ထပွဲမှာ AK ဟာ Shaheen အဖြစ် ပြောင်းလဲကစားခဲ့ပြီး ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။

ပဉ္စမြောက်နောက်ဆုံးအဆုံးအဖြတ်ပွဲမှာတော့ last-minute attack အတွက် လောနေခဲ့တဲ့ AK ကို Book က ကပ်ခါသီခါအနိုင်ရသွားခဲ့ပြီး ဆီးဂိမ်း Esports အတွက် နောက်ဆုံးပိတ် ရွှေတံဆိပ်ကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဆီးဂိမ်း Esports မှာ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်ရရှိသွားကြတဲ့ နိုင်ငံနဲ့ ကစားသမားများ စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။

 

MLBB ငွေတံဆိပ် – အင်ဒိုနီးရှား (Adriand Larsen Wong, Eko Julianto, Gustian, Muhammad Ridwan, Teguh Imam Firdaus, Yurino Putra)

MLBB ကြေးတံဆိပ် – မလေးရှား (Ahmad Ali Huzaifi Abdullah, Abdul Wandi Abdul Kadir, Jamil Nurolla, Izme Haqeem Hamsjid, Muhammad Hazeem Onn, Mohd Faris Zakaria)

 

Hearthstone ငွေတံဆိပ် – ထိုင်း (Werit Popan)

Hearthstone ကြေးတံဆိပ် – စင်ကာပူ (Chew Khai Kiat)

 

AoV ငွေတံဆိပ် – အင်ဒိုနီးရှား (Farhan Akbari Ardiansyah, Gilang Dwi Falah, Hartanto Lius, Hartawan Muliadi, Satria Adi Wiratama)

AoV ကြေးတံဆိပ် – ဗီယက်နမ် (Đỗ Thành Hưng, Huỳnh Trọng Tuấn, Nguyễn Ngọc Linh, Nguyễn Phương Nguyên, Nguyễn Vũ Hoàng Dũng, Vương Trung Khiên)

 

Dota 2 ငွေတံဆိပ် – ထိုင်း (Anucha Jirawong, Anurat Praianun, Pipat Prariyachat, Nopparit Prugsaritanon, Thanathorn Sriiamkon, Nuengnara Teeramahanon, Poomipat Trisiripanit)

Dota 2 ကြေးတံဆိပ် – ဗီယက်နမ် (Huỳnh Hữu Nghĩa, Nguyễn Châu Lợi, Nguyễn Hoàng Lâm, Nguyễn Quang Duy, Nguyễn Tiến Phát, Nguyễn Thành Đạt, Trịnh Văn Thọ)

 

Starcraft II ငွေတံဆိပ် – စင်ကာပူ (Thomas Maria Kopankiewicz)

Starcraft II ကြေးတံဆိပ် – ဗီယက်နမ် (Trần Hồng Phúc)

 

Tekken 7 ငွေတံဆိပ် – ဖိလစ်ပိုင် (Alexandre Gabrielle Laverez)

Tekken 7 ကြေးတံဆိပ် – ဖိလစ်ပိုင် (Andreij Hosea Albar)

အိမ်ရှင် ဖိလစ်ပိုင်တို့ဟာ ဆီးဂိမ်း Esports မှာ ရွှေတံဆိပ် ၃ခု၊ ငွေတံဆိပ် ၁ခုနဲ့ ကြေးတံဆိပ် ၁ခု ရယူနိုင်ခဲ့လို့ ရွှေတံဆိပ်အများဆုံးရရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ထိုင်းက ရွှေ ၂ခုနဲ့ ငွေ ၂ခု၊ မလေးရှားက ရွှေ ၁ခုနဲ့ ကြေး ၁ခု၊ အင်ဒိုနီးရှားက ငွေ ၂ခု၊ စင်ကာပူက ငွေ ၁ခုနဲ့ ကြေး ၁ခု၊ ဗီယက်နမ်က ကြေး ၃ ခု အသီးအသီး ဆွတ်ခူးထားနိုင်ခဲ့တာကိုလည်း တွေ့ရမှာပါ။

ထိုင်းဟာ Esports ရွှေတံဆိပ် ၂ခုရခဲ့လို့ ဖိလစ်ပိုင်ပြီးရင် ဒုတိယမြောက် Esports ရွှေတံဆိပ်အများဆုံးရတဲ့နိုင်ငံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Esports သမိုင်းကြောင်းတစ်လျှောက်မှာ ထူးခြားလှတဲ့ ၂၀၁၉ ဆီးဂိမ်း Esport ပွဲများကတော့ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။


[ZawGyi]

ပထမဆုံး ဆီးဂိမ္း Esports မွာ ဘယ္သူေတြ ေ႐ႊတံဆိပ္ ရရွိသြားခဲ့လဲ?

 

၂၀၁၉ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲႀကီး (ဆီးဂိမ္း) ရဲ႕ Esports ေ႐ႊတံဆိပ္ဆုရွင္မ်ားကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ Esports ကို medal event အေနနဲ႔ က်င္းပတာ ပထမဆုံးအႀကိမ္ျဖစ္လို႔ ယခုေ႐ႊတံဆိပ္ဆုရွင္မ်ားဟာလည္း အီလက္ထေရာနစ္အားကစားသမိုင္းမွာ ဦးဦးဖ်ားဖ်ား ေ႐ႊရရွိသူမ်ားအျဖစ္ ေမာ္ကြန္းတင္ႏိုင္ခဲ့ပါတယ္။ ဆီးဂိမ္းအတြင္း ထည့္သြင္းက်င္းပခဲ့တဲ့ Esports အမ်ိဳးအစားမ်ားကေတာ့ MLBB, Hearthstone, AoV, Dota 2, StarCraft II နဲ႔ Tekken 7 တို႔ပါ။

MLBB: Sibol – MLBB (ဖိလစ္ပိုင္)

ဆီးဂိမ္း MLBB ၿပိဳင္ပြဲ ေနာက္ဆုံးေန႔ကို ဒီဇင္ဘာလ ၈ ရက္ေန႔က က်င္းပၿပီးစီးခဲ့ၿပီး အိမ္ရွင္ ဖိလစ္ပိုင္အသင္း Sibol က ေ႐ႊတံဆိပ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဖိလစ္ပိုင္ကစားသမား Kenji, KarlTzy, Ribo, Haze, Lusty, Pheww နဲ႔ Jay တို႔ ပါဝင္ဖြဲ႕စည္းထားတဲ့ Sibol ဟာ အင္ဒိုနီးရွားအသင္းကို ဂရင္းဖိုင္နယ္မွာ ၃ ပြဲႏိုင္ ၂ ပြဲရႈံး (၃-၂) နဲ႔ အႏိုင္ရရွိသြားခဲ့တာပါ။

Lower Bracket က တက္လာခဲ့ရတဲ့ ဖိလစ္ပိုင္အသင္းဟာ အင္ဒိုနီးရွားအသင္းကို အႏိုင္ရဖို႔ အႀကိတ္အနယ္ကစားခဲ့ရပါတယ္။ ဂရင္းဖိုင္နယ္ ပထမဆုံးပြဲရဲ႕ ဂိမ္းအေစာပိုင္းမွာ ဖိလစ္ပိုင္းအသင္းဟာ အသာစီး မရပဲ ႐ုန္းကန္ေနခဲ့ရတာပါ။ ဒါေပမယ့္ lane ကို split push လုပ္ေနခဲ့တဲ့ Chou ေရာက္ရွိလာခ်ိန္ ၁၂ မိနစ္မွာေတာ့ အင္ဒိုနီးရွားတစ္သင္းလုံး က်ရႈံးသြားၿပီး ဖိလစ္ပိုင္အသင္းက တစ္ပြဲအႏိုင္နဲ႔ စတင္ဦးေဆာင္လာခဲ့ပါတယ္။

ဒုတိယပြဲမွာေတာ့ အေျခအေနမေကာင္းတဲ့ draft ေၾကာင့္ ဖိလစ္ပိုင္တို႔ ျပန္လည္ရႈံးနိမ့္ခဲ့ပါတယ္။ တတိယပြဲကို ဖိလစ္ပိုင္တို႔ ျပန္လည္အႏိုင္ရၿပီးေနာက္ စတုတၳပြဲကို အင္ဒိုနီးရွားက ျပန္အႏိုင္ရခဲ့ပါေသးတယ္။ ပၪၥမေျမာက္ေနာက္ဆုံးအဆုံးအျဖတ္ပြဲမွာမွ ဖိလစ္ပိုင္က တစ္ပြဲအသာနဲ႔ အႏိုင္ရသြားခဲ့တာျဖစ္လို႔သာ အၿပိဳင္အဆိုင္ကစားႏိုင္စြမ္းရွိတဲ့ အင္ဒိုနီးရွားဟာ ေ႐ႊတံဆိပ္နဲ႔ ကပ္ခါသီခါ လြဲေခ်ာ္သြားခဲ့တာပဲ ျဖစ္ပါတယ္။

Hearthstone: Dr Yew Weng Keng (မေလးရွား)

ဆီးဂိမ္း Hearthstone ၿပိဳင္ပြဲမွာေတာ့ မေလးရွားကစားသမား Dr Yew Weng Keng က ေ႐ႊတံဆိပ္ရရွိ ဗိုလ္စြဲခဲ့ပါတယ္။ ဆီးဂိမ္း Hearthstone ဂရင္းဖိုင္နယ္မွာ Weng Keng ဟာ ထိုင္းကစားသမား Werit Popan ကို ၃-၁ နဲ႔ အႏိုင္ရၿပီး မေလးရွားႏိုင္ငံအတြက္ ပထမဆုံး Esports ေ႐ႊတံဆိပ္ကို ရယူေပးႏိုင္ခဲ့ပါတယ္။

ေ႐ႊတံဆိပ္ဆုရွင္ အသက္ ၂၉ ႏွစ္အ႐ြယ္ Dr Yew Weng Keng ဟာ electronic engineering ဘာသာရပ္နဲ႔ PhD ဘြဲ႕ ရရွိထားသူပါ။ မေလးရွားႏိုင္ငံ Heriot-Watt တကၠသိုလ္ရဲ႕ လက္ေထာက္ပါေမာကၡတစ္ဦးလည္းျဖစ္သူ Weng Keng ကို Esports ေလာကမွာေတာ့ wkyew90 အျဖစ္ လူသိမ်ားၾကပါတယ္။ ဂိမ္းနဲ႔ ပတ္သတ္လို႔ ေရွးရွိးစြဲအယူအဆမ်ား မရွိပဲ ထူးခြၽန္လွတဲ့ Weng Keng တစ္ေယာက္ေတာ့ ဆီးဂိမ္းမွာ အမိႏိုင္ငံ မေလးရွားရဲ႕ ဂုဏ္ကို ေဆာင္ႏိုင္ခဲ့ပါတယ္။

AoV: Workpoint Fighting Fish (ထိုင္း)

ဆီးဂိမ္း AoV ၿပိဳင္ပြဲမွာေတာ့ ထိုင္းအသင္း Workpoint Fighting Fish ဟာ အင္ဒိုနီးရွားအသင္းကို ၃-၀ အျပတ္နဲ႔ အႏိုင္ရၿပီး ေ႐ႊတံဆိပ္ကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ KiNESiS, BlueNP, NongTee, Gzy နဲ႔ Chitawan တို႔ ပါဝင္တဲ့ ထိုင္းအသင္းဟာ ဂရင္းဖိုင္နယ္မတိုင္မီက အင္ဒိုနီးရွားကို ၁-၂ နဲ႔ ရႈံးနိမ့္ထားခဲ့ေသးတာမို႔ ထိုင္းအသင္းရဲ႕ တစ္ေက်ာ့ျပန္အေကာင္းဆုံးကစားႏိုင္စြမ္းဟာ ထူးျခားလွပါတယ္။

ဒီေ႐ႊတံဆိပ္ကေတာ့ ထိုင္းႏိုင္ငံအတြက္ ပထမဆုံး Esports ေ႐ႊတံဆိပ္ပါ။ ဂရင္းဖိုင္နယ္ ပထမဆုံးပြဲမွာ ထိုင္းအသင္းကို အႏိုင္ရဖူးတဲ့ အင္ဒိုနီးရွားဟာ ယခင္ပြဲေတြလိုပဲ ဖိအားေပး ကစားခဲ့ပါတယ္။ ဒါေပမယ့္ ပြဲရဲ႕ ဒုတိယပိုင္းက စ လို႔ ထိုင္းအသင္းက စတင္ လက္စြမ္းျပႏိုင္ခဲ့ၿပီး အႏိုင္ရသြားခဲ့ပါတယ္။ ထင္မွတ္မထားတဲ့ ထိုင္းအသင္းရဲ႕ ကစားကြက္မ်ားကို အင္ဒိုနီးရွားဟာ ျပန္လည္ခုခံခဲ့ေပမယ့္ ဒုတိယပြဲနဲ႔ တတိယပြဲမ်ားကိုပါ အရႈံးေပးလိုက္ရၿပီး ထိုင္းတို႔ ေ႐ႊတံဆိပ္ဆုရွင္မ်ား ျဖစ္လာခဲ့ၾကပါတယ္။

Dota 2: Sibol – Dota 2 (ဖိလစ္ပိုင္)

ဆီးဂိမ္း Dota 2 ၿပိဳင္ပြဲမွာ အိမ္ရွင္ ဖိလစ္ပိုင္အသင္း Sibol က ထိုင္းအသင္းကို ၃-၂ နဲ႔ အႏိုင္ရၿပီး ၂ခုေျမာက္ Esports ေ႐ႊတံဆိပ္ကို ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။ ဖိလစ္ပိုင္အသင္း Sibol ရဲ႕ Dota 2 ကစားသမားမ်ားကေတာ့ MDL Chengdu Major ၿပိဳင္ပြဲဝင္အသင္း Team Adroit က ေခၚယူထားတဲ့ Natsumi-, Mac, Bok, Boombacs နဲ႔ cml တို႔ျဖစ္ၾကၿပီး အရံကစားသမားအျဖစ္ Cignal Ultra ရဲ႕ Erice နဲ႔ Van တို႔ ပါဝင္ပါတယ္။

ဖိလစ္ပိုင္အသင္းက အႏိုင္ရခဲ့တဲ့ ထိုင္းအသင္းမွာ Fnatic ရဲ႕ ကစားသမား Jabz နဲ႔ 23savage တို႔လို နာမည္ႀကီး ကစားသမားမ်ား ပါဝင္ပါတယ္။ အေရွ႕ေတာင္အာရွမွာ ၿပိဳင္ဆိုင္မႈျပင္းထန္လွတဲ့ Dota 2 မွာ ယခုလို ေ႐ႊတံဆိပ္ရရွိႏိုင္ဖို႔ ဖိလစ္ပိုင္အသင္းဟာ ေလ့က်င့္မႈမ်ားနဲ႔ ျပင္ဆင္မႈမ်ားစြာ ျပဳလုပ္ထားခဲ့တာပါ။

ေ႐ႊတံဆိပ္ရသြားခဲ့တဲ့ ဖိလစ္ပိုင္ Dota 2 အသင္းနဲ႔ ျမန္မာအသင္း Team Veteran တို႔ဟာ အုပ္စုပြဲမ်ားအတြင္း ေတြ႕ဆုံကစားခဲ့ပါေသးတယ္။ ဆီးဂိမ္း Dota 2 ၿပိဳင္ပြဲအတြင္း ျမန္မာအသင္းဟာ ကံမေကာင္းစြာ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရေပမယ့္ ဖိလစ္ပိုင္အသင္းကို ၁-၁ နဲ႔ အၿပိဳင္အဆိုင္ကစားႏိုင္ခဲ့ၿပီး မေခေၾကာင္း ျပသထားႏိုင္ခဲ့ပါတယ္။

Starcraft II: Cavair “EnDerr” Acampado (ဖိလစ္ပိုင္)

ဆီးဂိမ္း Starcraft II ၿပိဳင္ပြဲမွာ ဖိလစ္ပိုင္ကစားသမား Cavair “EnDerr” Acampado က အႏိုင္ရၿပီး ႏိုင္ငံအတြက္ ၃ခုေျမာက္ Esports ေ႐ႊတံဆိပ္ကို ရယူေပးႏိုင္ခဲ့ပါတယ္။ ဂရင္းဖိုင္နယ္မွာ EnDerr ဟာ ၿပိဳင္ဘက္ စင္ကာပူကစားသမား Blysk ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တာပါ။

ပထမဆုံး ၂ ပြဲကို အႏိုင္ရၿပီး ဦးေဆာင္ကစားသြားႏိုင္တဲ့ EnDerr ဟာ တတိယပြဲမွာသာ မရႈံးနိမ့္ခဲ့ရင္ ၃ ပြဲျပတ္နဲ႔ အႏိုင္ရသြားႏိုင္ပါတယ္။Blysk ဟာ EnDerr ရဲ႕ rushed playstyle ကို ခုခံႏိုင္ဖို႔ တတိယေျမာက္ပြဲမွာ playstyle ေျပာင္းလဲကစားခဲ့ပါတယ္။ အႀကိတ္အနယ္ကစားခဲ့ၾကတဲ့ တတိယပြဲအဆုံးမွာ Blysk က တစ္ပြဲျပန္လည္အႏိုင္ရလာခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ဆုံး ၂ ပြဲမွာေတာ့ EnDerr ရဲ႕ နည္းဗ်ဴဟာမ်ားဟာ Blysk ထက္ သာလြန္ေနခဲ့သလို ၿပိဳင္ဘက္ရဲ႕ base ကို အႏိုင္ရဖို႔ Zergs အေရအတြက္မ်ားျပားေအာင္လည္း စြမ္းေဆာင္ထားႏိုင္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ EnDerr ကို အႏိုင္ေပးလိုက္ရတဲ့ Blysk ဟာ ေငြတံဆိပ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

Tekken 7: Nopparut “Book” Hempamorn (ထိုင္း)

ဆီးဂိမ္းရဲ႕ ေနာက္ဆုံးပိတ္ Esports ပြဲျဖစ္တဲ့ Tekken 7 မွာ ေ႐ႊတံဆိပ္ရရွိခဲ့သူကေတာ့ ထိုင္းကစားသမား Nopparut “Book” Hempamorn ပါ။ Book ဟာ ၿပိဳင္ဘက္ အိမ္ရွင္ဖိလစ္ပိုင္ကစားသမား AK ကို ၃-၂ နဲ႔ အႏိုင္ရရွိၿပီး ထိုင္းႏိုင္ငံအတြက္ ၂ခုေျမာက္ Esports ေ႐ႊတံဆိပ္ကို ရယူေပးႏိုင္ခဲ့တာပါ။

ဆီးဂိမ္း Tekken 7 ဂရင္းဖိုင္နယ္ရဲ႕ ပထမ ၃ ပြဲဟာ Akuma mirror match မ်ားပါ။ ပထမဆုံးပြဲကို AK က အႏိုင္ရရွိခဲ့ေပမယ့္ ဒုတိယနဲ႔ တတိယပြဲမ်ားမွာေတာ့ Book က ႏိုင္သြားခဲ့ပါတယ္။ စတုတၳပြဲမွာ AK ဟာ Shaheen အျဖစ္ ေျပာင္းလဲကစားခဲ့ၿပီး ျပန္လည္အႏိုင္ရရွိခဲ့ပါတယ္။

ပၪၥေျမာက္ေနာက္ဆုံးအဆုံးအျဖတ္ပြဲမွာေတာ့ last-minute attack အတြက္ ေလာေနခဲ့တဲ့ AK ကို Book က ကပ္ခါသီခါအႏိုင္ရသြားခဲ့ၿပီး ဆီးဂိမ္း Esports အတြက္ ေနာက္ဆုံးပိတ္ ေ႐ႊတံဆိပ္ကို ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

ဆီးဂိမ္း Esports မွာ ေငြတံဆိပ္နဲ႔ ေၾကးတံဆိပ္ရရွိသြားၾကတဲ့ ႏိုင္ငံနဲ႔ ကစားသမားမ်ား စာရင္းကေတာ့ ေအာက္ပါအတိုင္းျဖစ္ၾကပါတယ္။

 

MLBB ေငြတံဆိပ္ – အင္ဒိုနီးရွား (Adriand Larsen Wong, Eko Julianto, Gustian, Muhammad Ridwan, Teguh Imam Firdaus, Yurino Putra)

MLBB ေၾကးတံဆိပ္ – မေလးရွား (Ahmad Ali Huzaifi Abdullah, Abdul Wandi Abdul Kadir, Jamil Nurolla, Izme Haqeem Hamsjid, Muhammad Hazeem Onn, Mohd Faris Zakaria)

 

Hearthstone ေငြတံဆိပ္ – ထိုင္း (Werit Popan)

Hearthstone ေၾကးတံဆိပ္ – စင္ကာပူ (Chew Khai Kiat)

 

AoV ေငြတံဆိပ္ – အင္ဒိုနီးရွား (Farhan Akbari Ardiansyah, Gilang Dwi Falah, Hartanto Lius, Hartawan Muliadi, Satria Adi Wiratama)

AoV ေၾကးတံဆိပ္ – ဗီယက္နမ္ (Đỗ Thành Hưng, Huỳnh Trọng Tuấn, Nguyễn Ngọc Linh, Nguyễn Phương Nguyên, Nguyễn Vũ Hoàng Dũng, Vương Trung Khiên)

 

Dota 2 ေငြတံဆိပ္ – ထိုင္း (Anucha Jirawong, Anurat Praianun, Pipat Prariyachat, Nopparit Prugsaritanon, Thanathorn Sriiamkon, Nuengnara Teeramahanon, Poomipat Trisiripanit)

Dota 2 ေၾကးတံဆိပ္ – ဗီယက္နမ္ (Huỳnh Hữu Nghĩa, Nguyễn Châu Lợi, Nguyễn Hoàng Lâm, Nguyễn Quang Duy, Nguyễn Tiến Phát, Nguyễn Thành Đạt, Trịnh Văn Thọ)

 

Starcraft II ေငြတံဆိပ္ – စင္ကာပူ (Thomas Maria Kopankiewicz)

Starcraft II ေၾကးတံဆိပ္ – ဗီယက္နမ္ (Trần Hồng Phúc)

 

Tekken 7 ေငြတံဆိပ္ – ဖိလစ္ပိုင္ (Alexandre Gabrielle Laverez)

Tekken 7 ေၾကးတံဆိပ္ – ဖိလစ္ပိုင္ (Andreij Hosea Albar)

အိမ္ရွင္ ဖိလစ္ပိုင္တို႔ဟာ ဆီးဂိမ္း Esports မွာ ေ႐ႊတံဆိပ္ ၃ခု၊ ေငြတံဆိပ္ ၁ခုနဲ႔ ေၾကးတံဆိပ္ ၁ခု ရယူႏိုင္ခဲ့လို႔ ေ႐ႊတံဆိပ္အမ်ားဆုံးရရွိခဲ့တဲ့ ႏိုင္ငံျဖစ္ပါတယ္။ ထိုင္းက ေ႐ႊ ၂ခုနဲ႔ ေငြ ၂ခု၊ မေလးရွားက ေ႐ႊ ၁ခုနဲ႔ ေၾကး ၁ခု၊ အင္ဒိုနီးရွားက ေငြ ၂ခု၊ စင္ကာပူက ေငြ ၁ခုနဲ႔ ေၾကး ၁ခု၊ ဗီယက္နမ္က ေၾကး ၃ ခု အသီးအသီး ဆြတ္ခူးထားႏိုင္ခဲ့တာကိုလည္း ေတြ႕ရမွာပါ။

ထိုင္းဟာ Esports ေ႐ႊတံဆိပ္ ၂ခုရခဲ့လို႔ ဖိလစ္ပိုင္ၿပီးရင္ ဒုတိယေျမာက္ Esports ေ႐ႊတံဆိပ္အမ်ားဆုံးရတဲ့ႏိုင္ငံအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ Esports သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ ထူးျခားလွတဲ့ ၂၀၁၉ ဆီးဂိမ္း Esport ပြဲမ်ားကေတာ့ ၿပီးဆုံးသြားခဲ့ၿပီပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။