[Unicode]

ပထမဆုံး အမျိုးသမီး Valorant pro အသင်းဖြစ်လာတဲ့ Dignitas Female

 

Intel Challenge Katowice 2018 နဲ့ Intel Challenge Katowice 2019 တို့ကို ၂ နှစ်ဆက်အနိုင်ရရှိထားခဲ့တဲ့ အမျိုးသမီး CS: GO အသင်း Dignitas Female ဟာ ယခုအချိန်မှာတော့ Valorant ဘက်ကိုပါ ခြေဦး လှည့်လာခဲ့ပါပြီ။ Valorant ဆိုတာကတော့ Riot Games က ဖြန့်ချိလိုက်တဲ့ FPS အမျိုးအစား ဂိမ်းတစ်ခုဖြစ်ပြီး beta အဆင့်သာရှိသေးပေမယ့် ပရိသတ်များကြား လွန်စွာရေပန်းစားနေပြီလည်း ဖြစ်ပါတယ်။

Dignitas Female ရဲ့ အသင်းသူစာရင်းမှာတော့ Emmalee “EMUHLEET” Garrido, Amanda “rain” Smith, Kiara “milk” Makua, Melisa “Theia” Mundorff, နဲ့ Julie “Bouchard” Bouchard တို့ ပါဝင်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ် EMUHLEET က တာဝန်ယူထားတာဖြစ်ပြီး အသင်းသူများအနက် Bouchard ကတော့ အစမ်းခန့်အနေအထားမှာပဲ ရှိပါသေးတယ်။

Dignitas Female အသင်းကို ၂၀၁၇ ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ထိုစဉ်က Selfless Gaming Female ရဲ့ အသင်းသူဟောင်းစာရင်းကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ Dignitas Female ဟာ အမျိုးသမီးနိုင်ငံတကာအဆင့် CS: GO ပြိုင်ပွဲများမှာ ၂ ကြိမ်ဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့တဲ့ တစ်ခုတည်းသော ချန်ပီယံဟောင်းအသင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် GIRLGAMER Esports Festival 2017 နဲ့ 2018 တို့မှာ အနိုင်ရရှိခဲ့ခြင်းကလည်း Dignitas Female အသင်းကို ပိုမိုလူသိများလာစေခဲ့ပါတယ်။ ဒါကြောင့် Dignitas Female ရဲ့ CS: GO ကနေ Valorant ဆီ ခြေဦးလှည့်လာမှုအပေါ် လူအများက စိတ်ဝင်စားနေကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင်ဖြစ်သူ EMUHLEET က “ကျွန်မတို့ အသင်းဟာ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲဝင် Esports အသင်းဖြစ်ရုံသာမက အမျိုးသမီး Esports လောကရဲ့ ရှေ့ဆောင်လမ်းပြအသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ပရိသတ်နဲ့ ပိုမိုထိတွေ့နိုင်မယ့် အခွင့်အလမ်းကောင်းတွေကို အမြဲရှာဖွေနေသလို ယှဉ်ပြိုင်မှုများမှာ တိုးတက်ကောင်းမွန်လာအောင်လည်း အမြဲကြိုးပမ်းနေပါတယ်။

“Valorant ကို ကျွန်မတို့ ပထမဆုံး စတင်တွေ့ရှိစဉ်တည်းက ဒီဂိမ်းဟာ အဆင့်အတန်းမြင့်မားတဲ့ Esports ခေါင်းစဉ်ကောင်းတစ်ခုဖြစ်ကြောင်း သတိထားမိသလို ပရိသတ်အမြောက်အများကို ဆွဲဆောင်ထားနေနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ကြောင်းလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မနဲ့ DIG Fe တို့ဟာ CS: GO ပြိုင်ပွဲများအပြင် Valorant ပြိုင်ပွဲများကိုလည်း ဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ကြပြီး ဆုများဆွတ်ခူးနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ Dignitas အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်သူ Michael Prindiville ကလည်း ယင်းတို့ရဲ့ ရည်မှန်းချက်ဟာ အမျိုးသမီး ဂိမ်မာများ၊ဂိမ်းလောကသားများနဲ့ ပရိသတ်များအားလုံးအတွက် အင်အားအကောင်းဆုံးနဲ့ စံနမူနာအယူထိုက်ဆုံးအသင်းအဖြစ်ရပ်တည်ဖို့ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

Valorant ရဲ့ ခေတ်စားလာမှုနဲ့အတူ CS: GO ကစားသမားများနဲ့ အခြား FPS ဂိမ်မာများဟာ Valorant ဘက်ကို အာရုံစိုက်လာကြပါတယ်။ ယင်းတို့ထဲမှာမှ Dignitas Female အသင်းဟာ ပထမဆုံး အမျိုးသမီး Valorant pro အသင်းဖြစ်လာတဲ့အကြောင်းကို ပရိသတ်များအတွက် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့သတင်းများကို Gaming Noodle မှအမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: Yahoo news


[ZawGyi]

ပထမဆုံး အမ်ိဳးသမီး Valorant pro အသင္းျဖစ္လာတဲ့ Dignitas Female

 

Intel Challenge Katowice 2018 နဲ႔ Intel Challenge Katowice 2019 တို႔ကို ၂ ႏွစ္ဆက္အႏိုင္ရရွိထားခဲ့တဲ့ အမ်ိဳးသမီး CS: GO အသင္း Dignitas Female ဟာ ယခုအခ်ိန္မွာေတာ့ Valorant ဘက္ကိုပါ ေျခဦး လွည့္လာခဲ့ပါၿပီ။ Valorant ဆိုတာကေတာ့ Riot Games က ျဖန႔္ခ်ိလိုက္တဲ့ FPS အမ်ိဳးအစား ဂိမ္းတစ္ခုျဖစ္ၿပီး beta အဆင့္သာရွိေသးေပမယ့္ ပရိသတ္မ်ားၾကား လြန္စြာေရပန္းစားေနၿပီလည္း ျဖစ္ပါတယ္။

Dignitas Female ရဲ႕ အသင္းသူစာရင္းမွာေတာ့ Emmalee “EMUHLEET” Garrido, Amanda “rain” Smith, Kiara “milk” Makua, Melisa “Theia” Mundorff, နဲ႔ Julie “Bouchard” Bouchard တို႔ ပါဝင္ပါတယ္။ အသင္းေခါင္းေဆာင္အျဖစ္ EMUHLEET က တာဝန္ယူထားတာျဖစ္ၿပီး အသင္းသူမ်ားအနက္ Bouchard ကေတာ့ အစမ္းခန႔္အေနအထားမွာပဲ ရွိပါေသးတယ္။

Dignitas Female အသင္းကို ၂၀၁၇ ေဖေဖာ္ဝါရီလမွာ စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ထိုစဥ္က Selfless Gaming Female ရဲ႕ အသင္းသူေဟာင္းစာရင္းကို ေခၚယူခဲ့တာျဖစ္ပါတယ္။ Dignitas Female ဟာ အမ်ိဳးသမီးႏိုင္ငံတကာအဆင့္ CS: GO ၿပိဳင္ပြဲမ်ားမွာ ၂ ႀကိမ္ဆက္တိုက္ဗိုလ္စြဲႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာ ခ်န္ပီယံေဟာင္းအသင္းလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ GIRLGAMER Esports Festival 2017 နဲ႔ 2018 တို႔မွာ အႏိုင္ရရွိခဲ့ျခင္းကလည္း Dignitas Female အသင္းကို ပိုမိုလူသိမ်ားလာေစခဲ့ပါတယ္။ ဒါေၾကာင့္ Dignitas Female ရဲ႕ CS: GO ကေန Valorant ဆီ ေျခဦးလွည့္လာမႈအေပၚ လူအမ်ားက စိတ္ဝင္စားေနၾကပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး အသင္းေခါင္းေဆာင္ျဖစ္သူ EMUHLEET က “ကြၽန္မတို႔ အသင္းဟာ ပေရာ္ဖက္ရွင္နယ္ ၿပိဳင္ပြဲဝင္ Esports အသင္းျဖစ္႐ုံသာမက အမ်ိဳးသမီး Esports ေလာကရဲ႕ ေရွ႕ေဆာင္လမ္းျပအသင္းတစ္သင္းလည္း ျဖစ္ပါတယ္။ ကြၽန္မတို႔ဟာ ပရိသတ္နဲ႔ ပိုမိုထိေတြ႕ႏိုင္မယ့္ အခြင့္အလမ္းေကာင္းေတြကို အၿမဲရွာေဖြေနသလို ယွဥ္ၿပိဳင္မႈမ်ားမွာ တိုးတက္ေကာင္းမြန္လာေအာင္လည္း အၿမဲႀကိဳးပမ္းေနပါတယ္။

“Valorant ကို ကြၽန္မတို႔ ပထမဆုံး စတင္ေတြ႕ရွိစဥ္တည္းက ဒီဂိမ္းဟာ အဆင့္အတန္းျမင့္မားတဲ့ Esports ေခါင္းစဥ္ေကာင္းတစ္ခုျဖစ္ေၾကာင္း သတိထားမိသလို ပရိသတ္အေျမာက္အမ်ားကို ဆြဲေဆာင္ထားေနႏိုင္တဲ့ ဂိမ္းတစ္ခုျဖစ္ေၾကာင္းလည္း ေတြ႕ရွိခဲ့ရပါတယ္။ ဒါေၾကာင့္ ကြၽန္မနဲ႔ DIG Fe တို႔ဟာ CS: GO ၿပိဳင္ပြဲမ်ားအျပင္ Valorant ၿပိဳင္ပြဲမ်ားကိုလည္း ဝင္ေရာက္ဖို႔ဆုံးျဖတ္လိုက္ၾကၿပီး ဆုမ်ားဆြတ္ခူးႏိုင္ဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ Dignitas အဖြဲ႕အစည္းရဲ႕ ဥကၠဌျဖစ္သူ Michael Prindiville ကလည္း ယင္းတို႔ရဲ႕ ရည္မွန္းခ်က္ဟာ အမ်ိဳးသမီး ဂိမ္မာမ်ား၊ဂိမ္းေလာကသားမ်ားနဲ႔ ပရိသတ္မ်ားအားလုံးအတြက္ အင္အားအေကာင္းဆုံးနဲ႔ စံနမူနာအယူထိုက္ဆုံးအသင္းအျဖစ္ရပ္တည္ဖို႔ျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

Valorant ရဲ႕ ေခတ္စားလာမႈနဲ႔အတူ CS: GO ကစားသမားမ်ားနဲ႔ အျခား FPS ဂိမ္မာမ်ားဟာ Valorant ဘက္ကို အာ႐ုံစိုက္လာၾကပါတယ္။ ယင္းတို႔ထဲမွာမွ Dignitas Female အသင္းဟာ ပထမဆုံး အမ်ိဳးသမီး Valorant pro အသင္းျဖစ္လာတဲ့အေၾကာင္းကို ပရိသတ္မ်ားအတြက္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔သတင္းမ်ားကို Gaming Noodle မွအၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: Yahoo news