[ZawGyi]

Esports ေလာကကို စတင္ဝင္ေရာက္လာတဲ့ ကမ႓ာေက်ာ္ဖက္ရွင္အမွတ္တံဆိပ္ “Armani”

 

ကမ႓ာေက်ာ္ အီတလီ ဖက္ရွင္ အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ “Armani” ရဲ႕ Brand ခြဲတစ္ခုျဖစ္တဲ့ Armani Exchange [A|X] ဟာ Esports အသင္းတစ္သင္းျဖစ္တဲ့ “Mkers” ကို တစ္ႏွစ္စာခ်ဳပ္နဲ႔ စပြန္ဆာေပးအပ္ခဲ့တဲ့အတြက္ Mkers ကစားသမားမ်ားဟာ 2019-2020 ႏွစ္အတြက္ A|X အမွတ္တံဆိပ္နဲ႔ အသင္းအက်ႌမ်ားကို ဝတ္ဆင္ကစားေတာ့မွာပါ။

Mkers ဆိုတာ အီတလီအေျခစိုက္ Esports အသင္းတစ္သင္းျဖစ္ၿပီး ျမန္မာပရိတ္သတ္မ်ား အေနနဲေတာ႔ အနည္းငယ္စိမ္းေနႏိုင္ပါတယ္။ Mkers Esports မွာ အသင္းေပါင္း ၉ သင္းခန္႔ရွိေနၿပီး StarCraft II, FIFA 19, FIFA 19 Pro Club, Rocket League, Street Fighters, Clash Royale, Gran Turismo, Tennis World Tour နဲ႔ မၾကာေသးမီကမွ ေခၚယူထားတဲ့ Rainbow Six Siege အသင္းတို႔ ပါဝင္ပါတယ္။

အီတလီ Brand တစ္ခုက အီတလီ Esports အသင္းတစ္သင္းကို Sponsor ေပးတာ မဆန္းေပမယ့္ ဒီသေဘာတူညီမႈဟာ Esports ေလာကကို ပထမဆံုး စတင္ဝင္ေရာက္လာတဲ့ Fashion Brand အျဖစ္ Armani ကို သတ္မွတ္ႏိုင္ေစခဲ့ပါတယ္။

Armani ရဲ႕ ေအာက္မွာ Giorgio Armani, Emporio Armani နဲ႔ Armani Exchange ဆိုၿပီး ၃ မ်ိဳးရွိတဲ့ထဲကမွ Armani Exchange [A|X] ဟာ က်န္ ၂ ခုႏွင့္ယွဥ္ရင္ ေစ်းႏႈန္းသိပ္မႀကီးပဲ လူငယ္ဆန္ဆန္ Street ပံုစံမ်ိဳးဘက္ သြားတဲ့ Fashion design ျဖစ္ပါတယ္။

Armani Exchange ရဲ႕ Esports ဖက္ကို ဝင္ေရာက္လာျခင္း ရည္ရြယ္ခ်က္ကိုေတာ့ လူငယ္ Street Wear ဖက္ကို ပိုမိုအားျဖည့္လိုတာေၾကာင့္လို႔ ေဖာ္ျပထားပါတယ္။ လက္ရွိ Armani Exchange နဲ႔ လက္တြဲေနသူမ်ားထဲမွာ ျမန္မာႏိုင္ငံလည္း လာေရာက္ခဲ့ဖူးၿပီး လက္ရွိ DJ Magazine ရဲ႕ Rank (1) လည္း ျဖစ္တဲ့ “Martin Garrix” နဲ႔ နာမည္ေက်ာ္ ေမာ္ဒယ္ သ႐ုပ္ေဆာင္ “Cara Delevingne” တို႔လည္း ပါဝင္ေနပါတယ္။

Armani Exchange [A|X] ကိုေတာ့ ျမန္မာႏိုင္ငံမွာ 2017 ေလာက္ကတည္းက ဖြင့္လွစ္ေရာင္းခ်လွ်က္ရွိၿပီး Myanmar Plaza နဲ႔ Junction City တို႔မွာ ေတြ႕ႏုိင္ပါတယ္။

===================================================================

[Unicode]

 

Esports လောကကို စတင်ဝင်ရောက်လာတဲ့ ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ် “Armani”

 

ကမ္ဘာကျော် အီတလီ ဖက်ရှင် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ “Armani” ရဲ့ Brand ခွဲတစ်ခုဖြစ်တဲ့ Armani Exchange [A|X] ဟာ Esports အသင်းတစ်သင်းဖြစ်တဲ့ “Mkers” ကို တစ်နှစ်စာချုပ်နဲ့ စပွန်ဆာပေးအပ်ခဲ့တဲ့အတွက် Mkers ကစားသမားများဟာ 2019-2020 နှစ်အတွက် A|X အမှတ်တံဆိပ်နဲ့ အသင်းအင်္ကျီများကို ဝတ်ဆင်ကစားတော့မှာပါ။

Mkers ဆိုတာ အီတလီအခြေစိုက် Esports အသင်းတစ်သင်းဖြစ်ပြီး မြန်မာပရိတ်သတ်များ အနေနဲတော့ အနည်းငယ်စိမ်းနေနိုင်ပါတယ်။ Mkers Esports မှာ အသင်းပေါင်း ၉ သင်းခန့်ရှိနေပြီး StarCraft II, FIFA 19, FIFA 19 Pro Club, Rocket League, Street Fighters, Clash Royale, Gran Turismo, Tennis World Tour နဲ့ မကြာသေးမီကမှ ခေါ်ယူထားတဲ့ Rainbow Six Siege အသင်းတို့ ပါဝင်ပါတယ်။

အီတလီ Brand တစ်ခုက အီတလီ Esports အသင်းတစ်သင်းကို Sponsor ပေးတာ မဆန်းပေမယ့် ဒီသဘောတူညီမှုဟာ Esports လောကကို ပထမဆုံး စတင်ဝင်ရောက်လာတဲ့ Fashion Brand အဖြစ် Armani ကို သတ်မှတ်နိုင်စေခဲ့ပါတယ်။

Armani ရဲ့ အောက်မှာ Giorgio Armani, Emporio Armani နဲ့ Armani Exchange ဆိုပြီး ၃ မျိုးရှိတဲ့ထဲကမှ Armani Exchange [A|X] ဟာ ကျန် ၂ ခုနှင့်ယှဉ်ရင် ဈေးနှုန်းသိပ်မကြီးပဲ လူငယ်ဆန်ဆန် Street ပုံစံမျိုးဘက် သွားတဲ့ Fashion design ဖြစ်ပါတယ်။

Armani Exchange ရဲ့ Esports ဖက်ကို ဝင်ရောက်လာခြင်း ရည်ရွယ်ချက်ကိုတော့ လူငယ် Street Wear ဖက်ကို ပိုမိုအားဖြည့်လိုတာကြောင့်လို့ ဖော်ပြထားပါတယ်။ လက်ရှိ Armani Exchange နဲ့ လက်တွဲနေသူများထဲမှာ မြန်မာနိုင်ငံလည်း လာရောက်ခဲ့ဖူးပြီး လက်ရှိ DJ Magazine ရဲ့ Rank (1) လည်း ဖြစ်တဲ့ “Martin Garrix” နဲ့ နာမည်ကျော် မော်ဒယ် သရုပ်ဆောင် “Cara Delevingne” တို့လည်း ပါဝင်နေပါတယ်။

Armani Exchange [A|X] ကိုတော့ မြန်မာနိုင်ငံမှာ 2017 လောက်ကတည်းက ဖွင့်လှစ်ရောင်းချလျှက်ရှိပြီး Myanmar Plaza နဲ့ Junction City တို့မှာ တွေ့နိုင်ပါတယ်။

 

Souce: Mkers.gg

PhotoCredit: AX & Mkers

 

#ArmaniExchange #AX #Mkers #Esports #Fashion