[Zawgyi]

Apex Legends tournament ပထမဆုံးအၾကိမ္ ျပဳလုပ္မည္

 

Electronic Arts (EA) နဲ႔ Respawn entertainment တို႔ကေန Apex Legends ျပိဳင္ပြဲ က်င္းပျပဳလုပ္ေတာ့မယ့္ အေၾကာင္းကို မၾကာေသးမီက အတည္ျပဳေျပာၾကားလိုက္ပါတယ္။ ဒီႏွစ္ စက္တင္ဘာလ ၁၃ ရက္က စတင္ျပီး ပထမဆုံးအၾကိမ္ျပဳလုပ္မယ့္ ဒီ Apex Legends tournament ၾကီးဟာ EA ရဲ႕ Apex Legends နဲ႔ သက္ဆိုင္တဲ့ ပထမဆုံးေသာ esports ေျခလွမ္းလည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဆုေၾကးေငြ စုစုေပါင္း ေဒၚလာ ငါးသိန္းေက်ာ္ ခ်ီးျမွင့္မယ္လို႔ ေၾကျငာထားပါတယ္။

ပိုလန္ႏိုင္ငံ Krakow မွာ ျပဳလုပ္မယ့္ ဒီပြဲၾကီးကို အသင္း ၈၀ ဝင္ေရာက္ခြင့္ရရွိမွာျဖစ္ျပီး တစ္သင္းကို ကစားသမား ၃ ဦး ပါဝင္ခြင့္ရွိတဲ့အတြက္ စုစုေပါင္း အေယာက္ ၂၄၀ ပါဝင္ခြင့္ရမွာပါ။ Bracket ၂ ခုခြဲ ယွဥ္ျပိဳင္ၾကရမွာျဖစ္ျပီး စစခ်င္းမွာေတာ့ အသင္းအားလုံးဟာ winners’ bracket ကေန စတင္ ကစားၾကရမွာပါ။ အႏိုင္အရႈံးေပၚမူတည္ျပီး losers’ bracket ကိုဆင္းရမယ့္ အသင္းမ်ားနဲ႔ ထြက္ခြာရမယ့္ အသင္းမ်ား ေပၚေပါက္လာမွာ ျဖစ္ျပီး ေနာက္ဆုံးက်န္တဲ့ အသင္း ၂၀ ကေတာ့ ဆုေၾကးေငြမ်ား ရရွိၾကမွာပါ။

မၾကာေသးခင္ကမွာ ျပဳလုပ္ခဲ့တဲ့ Fortnite World Cup နဲ႔ ႏိႈင္းစာရင္ေတာ့ ဆုေၾကးေငြဟာ နည္းပါးေနေသးတာကို ေတြ႔ရမွာပါ။ ဒါေပမယ့္ ၂၀၁၇ ႏွစ္ေႏွာင္းပိုင္းထဲက ထြက္ရွိခဲ့ျပီး သက္တမ္းအထိုက္အေလ်ာက္ရင့္လာခဲ့ျပီျဖစ္တဲ့ Fortnite နဲ႔ စာရင္ Apex Legends ဟာ ယခုႏွစ္ ေဖေဖာ္ဝါရီလကမွ စတင္ထြက္ရွိထားတာမို႔ အလြန္သက္တမ္းႏုေသးတယ္လို႔ ဆိုရမွာပါ။ ထြက္တာ သိပ္မၾကာေသးတဲ့ ဂိမ္းတစ္ခုရဲ႕ tournament အတြက္ ေဒၚလာငါးသိန္းေက်ာ္ ဆုေၾကးဟာ သိပ္ေတာ့ မနည္းလွပါဘူး။

“ဒီျပိဳင္ပြဲၾကီးကေန Apex Legends ရဲ႕ သေဘာတရားမ်ားကို လူအမ်ားသိလာၾကမွာ ျဖစ္သလို ေရွ႕ဆက္မယ့္ ျပိဳင္ပြဲေတြအတြက္လည္း စံခ်ိန္စံႏႈန္းနဲ႔ သက္ဆိုင္တာေတြ သက္မွတ္ျပီးသား ျဖစ္သြားပါလိမ့္မယ္” လုိ႔ Respawn ရဲ႕ ဂိမ္း design ပိုင္းဆိုင္ရာ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသြားခဲ့ပါတယ္။ “ကစားသူမ်ားေရာ ၾကည့္ရႈသူမ်ားအတြက္ပါ အေကာင္းဆုံး ေဖ်ာ္ေျဖမႈေတြနဲ႔ gaming experience ေတြ ေပးႏိုင္ဖုိ႔ Apex Legends ကေန အျမဲတမ္းရွာေဖြေနပါတယ္” လုိ႔လည္း ေျပာသြားခဲ့ပါေသးတယ္။

Battle Royale First-person Shooter ဂိမ္းအမ်ိဳးအစားတစ္ခုျဖစ္တဲ့ Apex Legends ဟာ ပထမဆုံး စထြက္တဲ့လမွာတင္ ကစားသူ သန္း ၅၀ ေက်ာ္ ရရွိျပီး အခိုင္အမာ ရပ္တည္ခဲ့တာပါ။ ထုတ္လုပ္ခဲ့တဲ့ ကုမၸဏီ EA ရဲ႕ stock တန္ဖိုးကို ထြက္ရွိျပီး နာရီအနည္းငယ္အတြင္းမွာ ျမွင့္တင္ႏိုင္ခဲ့ပါတယ္။ PC မွာ တင္မကပဲ Xbox One နဲ႔ PS4 တို႔ကိုလည္း အသုံးျပဳျပီးေဆာ့ကစားႏိုင္တဲ့ ဒီဂိိမ္းဟာ ထြက္ရွိျပီး လအနည္းငယ္ၾကာမွ ကစားသူ သန္း ၃၀ ျပည့္ခဲ့တဲ့ Fortnite ထက္ေတာ့ လူသိပိုျမန္ခဲ့ပါတယ္။ ဒါေပမယ့္ Fortnite ဟာ လက္ရွိအထိ ကစားသမားအမ်ားဆုံး ရရွိထားဆဲျဖစ္ျပီး ကစားသူေပါင္း သန္း ၂၅၀ ေက်ာ္ေလာက္ရရွိထားဆဲပါ။ Apex Legends က Fortnite ကို ေက်ာ္ျဖတ္ႏိုင္မလားဆိုတာေတာ့ ေလာေလာဆယ္ထိ မည္သူမွ မခန္႔မွန္းႏိုင္ေသးပါဘူး။

Battle royale ေလာကရဲ႕ တစ္ဟုန္ထိုး တိုးတက္လာမႈနဲ႔ အတူ လူၾကိဳက္မ်ားလွတဲ့ Apex Legends ကလည္း esport ေျခလွမ္းမ်ား စတင္လာခဲ့ပါျပီ။ ကမၻာ့ esport ေလာကရဲ႕ ျပိဳင္ဆိုင္မႈေတြကေတာ့ ဆက္လက္ျပင္းထန္ေနဦးမွာပဲျဖစ္ပါေတာ့တယ္။ Apex Legends သတင္းမ်ားႏွင့္ အျခား esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

#GamingNoodle #BattleRoyale #ApexLegends #ComBo


[Unicode]

Apex Legends tournament ပထမဆုံးအကြိမ် ပြုလုပ်မည်

Electronic Arts (EA) နဲ့ Respawn entertainment တို့ကနေ Apex Legends ပြိုင်ပွဲ ကျင်းပပြုလုပ်တော့မယ့် အကြောင်းကို မကြာသေးမီက အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီနှစ် စက်တင်ဘာလ ၁၃ ရက်က စတင်ပြီး ပထမဆုံးအကြိမ်ပြုလုပ်မယ့် ဒီ Apex Legends tournament ကြီးဟာ EA ရဲ့ Apex Legends နဲ့ သက်ဆိုင်တဲ့ ပထမဆုံးသော esports ခြေလှမ်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ငါးသိန်းကျော် ချီးမြှင့်မယ်လို့ ကြေငြာထားပါတယ်။

ပိုလန်နိုင်ငံ Krakow မှာ ပြုလုပ်မယ့် ဒီပွဲကြီးကို အသင်း ၈၀ ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပြီး တစ်သင်းကို ကစားသမား ၃ ဦး ပါဝင်ခွင့်ရှိတဲ့အတွက် စုစုပေါင်း အယောက် ၂၄၀ ပါဝင်ခွင့်ရမှာပါ။ Bracket ၂ ခုခွဲ ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး စစချင်းမှာတော့ အသင်းအားလုံးဟာ winners’ bracket ကနေ စတင် ကစားကြရမှာပါ။ အနိုင်အရှုံးပေါ်မူတည်ပြီး losers’ bracket ကိုဆင်းရမယ့် အသင်းများနဲ့ ထွက်ခွာရမယ့် အသင်းများ ပေါ်ပေါက်လာမှာ ဖြစ်ပြီး နောက်ဆုံးကျန်တဲ့ အသင်း ၂၀ ကတော့ ဆုကြေးငွေများ ရရှိကြမှာပါ။

မကြာသေးခင်ကမှာ ပြုလုပ်ခဲ့တဲ့ Fortnite World Cup နဲ့ နှိုင်းစာရင်တော့ ဆုကြေးငွေဟာ နည်းပါးနေသေးတာကို တွေ့ရမှာပါ။ ဒါပေမယ့် ၂၀၁၇ နှစ်နှောင်းပိုင်းထဲက ထွက်ရှိခဲ့ပြီး သက်တမ်းအထိုက်အလျောက်ရင့်လာခဲ့ပြီဖြစ်တဲ့ Fortnite နဲ့ စာရင် Apex Legends ဟာ ယခုနှစ် ဖေဖော်ဝါရီလကမှ စတင်ထွက်ရှိထားတာမို့ အလွန်သက်တမ်းနုသေးတယ်လို့ ဆိုရမှာပါ။ ထွက်တာ သိပ်မကြာသေးတဲ့ ဂိမ်းတစ်ခုရဲ့ tournament အတွက် ဒေါ်လာငါးသိန်းကျော် ဆုကြေးဟာ သိပ်တော့ မနည်းလှပါဘူး။

“ဒီပြိုင်ပွဲကြီးကနေ Apex Legends ရဲ့ သဘောတရားများကို လူအများသိလာကြမှာ ဖြစ်သလို ရှေ့ဆက်မယ့် ပြိုင်ပွဲတွေအတွက်လည်း စံချိန်စံနှုန်းနဲ့ သက်ဆိုင်တာတွေ သက်မှတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်” လို့ Respawn ရဲ့ ဂိမ်း design ပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့ပါတယ်။ “ကစားသူများရော ကြည့်ရှုသူများအတွက်ပါ အကောင်းဆုံး ဖျော်ဖြေမှုတွေနဲ့ gaming experience တွေ ပေးနိုင်ဖို့ Apex Legends ကနေ အမြဲတမ်းရှာဖွေနေပါတယ်” လို့လည်း ပြောသွားခဲ့ပါသေးတယ်။

Battle Royale First-person Shooter ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ Apex Legends ဟာ ပထမဆုံး စထွက်တဲ့လမှာတင် ကစားသူ သန်း ၅၀ ကျော် ရရှိပြီး အခိုင်အမာ ရပ်တည်ခဲ့တာပါ။ ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီ EA ရဲ့ stock တန်ဖိုးကို ထွက်ရှိပြီး နာရီအနည်းငယ်အတွင်းမှာ မြှင့်တင်နိုင်ခဲ့ပါတယ်။ PC မှာ တင်မကပဲ Xbox One နဲ့ PS4 တို့ကိုလည်း အသုံးပြုပြီးဆော့ကစားနိုင်တဲ့ ဒီဂိမ်းဟာ ထွက်ရှိပြီး လအနည်းငယ်ကြာမှ ကစားသူ သန်း ၃၀ ပြည့်ခဲ့တဲ့ Fortnite ထက်တော့ လူသိပိုမြန်ခဲ့ပါတယ်။ ဒါပေမယ့် Fortnite ဟာ လက်ရှိအထိ ကစားသမားအများဆုံး ရရှိထားဆဲဖြစ်ပြီး ကစားသူပေါင်း သန်း ၂၅၀ ကျော်လောက်ရရှိထားဆဲပါ။ Apex Legends က Fortnite ကို ကျော်ဖြတ်နိုင်မလားဆိုတာတော့ လောလောဆယ်ထိ မည်သူမှ မခန့်မှန်းနိုင်သေးပါဘူး။

Battle royale လောကရဲ့ တစ်ဟုန်ထိုး တိုးတက်လာမှုနဲ့ အတူ လူကြိုက်များလှတဲ့ Apex Legends ကလည်း esport ခြေလှမ်းများ စတင်လာခဲ့ပါပြီ။ ကမ္ဘာ့ esport လောကရဲ့ ပြိုင်ဆိုင်မှုတွေကတော့ ဆက်လက်ပြင်းထန်နေဦးမှာပဲဖြစ်ပါတော့တယ်။ Apex Legends သတင်းများနှင့် အခြား esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

#GamingNoodle #BattleRoyale #ApexLegends #ComBo