[Unicode]

Esports ဗီဇာ ခွင့်ပြုပေးလိုက်တဲ့ ဂျာမနီ

 

ဂျာမန်အစိုးရဟာ လာမယ့် ၂၀၂၀ နွေဦးက စလို့ Esports ဗီဇာများကို တရားဝင်ထုတ်ပေးတော့မှာပါ။ ယခုလို ခွင့်ပြုပေးလိုက်တဲ့အတွက် Esports ပြိုင်ပွဲများပြုလုပ်လေ့ရှိတဲ့ ဂျာမနီနိုင်ငံတွင်းကို ပြည်ပကစားသမားများနဲ့ နည်းပြများ ဝင်ရောက်ခွင့်ရရှိဖို့ ယခင်ကထက် လွယ်ကူအဆင်ပြေလာတော့မှာ ဖြစ်ပါတယ်။

ဂျာမနီဟာ League of Legends, Dota 2, CS: GO, PUBG အစရှိတဲ့ Esports ဂိမ်းများရဲ့ ပြိုင်ပွဲပေါင်းများစွာကို လက်ခံကျင်းပနေတဲ့နိုင်ငံပါ။ ပြီးခဲ့တဲ့နှစ်များအတွင်း ဂျာမနီမှာ CS: GO Major အမြောက်အများ ကျင်းပခဲ့သလို 2019 Summer European League of Legends Championship Series ကိုလည်း ဘာလင်မြို့မှာ ကျင်းပခဲ့ပါတယ်။

German Esports Federation ESBD အပါအဝင် ဂျာမန် Esports အဖွဲ့အစည်းများဟာ အစိုးရရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ များစွာကြိုးပမ်းခဲ့ကြပါတယ်။ ယခု Esports ဗီဇာခွင့်ပြုပေးခြင်းဟာလည်း ယင်းအဖွဲ့အစည်းများ ၂ နှစ်ခန့် ကြိုးပမ်းလာမှုရဲ့ အသီးအပွင့်တစ်ခုပါ။

German Esports Federation ESBD ရဲ့ ဥက္ကဌဖြစ်သူ Hans Jagnow က “ဂျာမန် Esports ဗီဇာဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ပြိုင်ပွဲများ ပိုမိုကျင်းပလာနိုင်မယ့် အားသာချက်တစ်ခုပါ။ ဂျာမနီနိုင်ငံဟာ Esports နဲ့ပတ်သက်တဲ့ ဗီဇာကဏ္ဍကို ဖန်တီးပေးနိုင်ခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတကာ Esports ပြိုင်ပွဲများ ဂျာမနီကို ပိုမိုရောက်ရှိလာစေဖို့ မျှော်လင့်လျက်ရှိပါတယ်။

Esports ပြိုင်ပွဲဝင်များရဲ့ ဗီဇာလိုအပ်ချက်ကို နိုင်ငံတကာက နားလည်ပြီး ဖြည့်ဆည်းပေးသင့်ပါတယ်။ ဒါမှသာ ကစားသမားများဟာ ကမ္ဘာတစ်ဝှမ်းက ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အလမ်းများ ပိုမိုလွယ်ကူစွာ ရရှိလာကြမှာ ဖြစ်ပါတယ်။” အစရှိသဖြင့် ပြောကြားသွားခဲ့ပါတယ်။

၂၀၂၀ မတ်လလောက်မှာ စတင်ထုတ်ပေးမယ့် Esports ဗီဇာကို ရရှိဖို့အတွက် အနည်းဆုံး အသက် ၁၆ နှစ်ရှိရမှာဖြစ်သလို သတ်မှတ်ထားတဲ့ လစာနဲ့ German Esports Federation ရဲ့ ခွင့်ပြုချက်တို့ လိုအပ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: invenglobal


[ZawGyi]

Esports ဗီဇာ ခြင့္ျပဳေပးလိုက္တဲ့ ဂ်ာမနီ


ဂ်ာမန္အစိုးရဟာ လာမယ့္ ၂၀၂၀ ေႏြဦးက စလို႔ Esports ဗီဇာမ်ားကို တရားဝင္ထုတ္ေပးေတာ့မွာပါ။ ယခုလို ခြင့္ျပဳေပးလိုက္တဲ့အတြက္ Esports ျပိဳင္ပြဲမ်ားျပဳလုပ္ေလ့ရွိတဲ့ ဂ်ာမနီႏိုင္ငံတြင္းကို ျပည္ပကစားသမားမ်ားနဲ႔ နည္းျပမ်ား ဝင္ေရာက္ခြင့္ရရွိဖုိ့ ယခင္ကထက္ လြယ္ကူအဆင္ေျပလာေတာ့မွာ ျဖစ္ပါတယ္။

ဂ်ာမနီဟာ League of Legends, Dota 2, CS: GO, PUBG အစရွိတဲ့ Esports ဂိမ္းမ်ားရဲ႕ ျပိဳင္ပြဲေပါင္းမ်ားစြာကို လက္ခံက်င္းပေနတဲ့ႏိုင္ငံပါ။ ျပီးခဲ့တဲ့ႏွစ္မ်ားအတြင္း ဂ်ာမနီမွာ CS: GO Major အေျမာက္အမ်ား က်င္းပခဲ့သလို 2019 Summer European League of Legends Championship Series ကိုလည္း ဘာလင္ျမိဳ႕မွာ က်င္းပခဲ့ပါတယ္။

 

German Esports Federation ESBD အပါအဝင္ ဂ်ာမန္ Esports အဖြဲ႔အစည္းမ်ားဟာ အစိုးရရဲ႕ အသိအမွတ္ျပဳမႈကို ရရွိဖုိ့ မ်ားစြာၾကိဳးပမ္းခဲ့ၾကပါတယ္။ ယခု Esports ဗီဇာခြင့္ျပဳေပးျခင္းဟာလည္း ယင္းအဖြဲ႔အစည္းမ်ား ၂ ႏွစ္ခန္႔ ၾကိဳးပမ္းလာမႈရဲ႕ အသီးအပြင့္တစ္ခုပါ။

German Esports Federation ESBD ရဲ႕ ဥကၠဌျဖစ္သူ Hans Jagnow က “ဂ်ာမန္ Esports ဗီဇာဟာ က်ြန္ေတာ္တို့ ႏိုင္ငံအတြင္းမွာ ျပိဳင္ပြဲမ်ား ပိုမိုက်င္းပလာႏိုင္မယ့္ အားသာခ်က္တစ္ခုပါ။ ဂ်ာမနီႏိုင္ငံဟာ Esports နဲ႔ပတ္သက္တဲ့ ဗီဇာက႑ကို ဖန္တီးေပးႏိုင္ခဲ့တဲ့ ပထမဆုံးႏိုင္ငံ ျဖစ္ပါတယ္။ ႏိုင္ငံတကာ Esports ျပိဳင္ပြဲမ်ား ဂ်ာမနီကို ပိုမိုေရာက္ရွိလာေစဖုိ႔ ေမွ်ာ္လင့္လ်က္ရွိပါတယ္။


Esports ျပိဳင္ပြဲဝင္မ်ားရဲ႕ ဗီဇာလိုအပ္ခ်က္ကို ႏိုင္ငံတကာက နားလည္ျပီး ျဖည့္ဆည္းေပးသင့္ပါတယ္။ ဒါမွသာ ကစားသမားမ်ားဟာ ကမၻာတစ္ဝွမ္းက ျပိဳင္ပြဲမ်ားကို ဝင္ေရာက္ယွဥ္ျပိဳင္ဖုိ့ အခြင့္အလမ္းမ်ား ပိုမိုလြယ္ကူစြာ ရရွိလာၾကမွာ ျဖစ္ပါတယ္။” အစရွိသျဖင့္ ေျပာၾကားသြားခဲ့ပါတယ္။

၂၀၂၀ မတ္လေလာက္မွာ စတင္ထုတ္ေပးမယ့္ Esports ဗီဇာကို ရရွိဖုိ႔အတြက္ အနည္းဆုံး အသက္ ၁၆ ႏွစ္ရွိရမွာျဖစ္သလို သတ္မွတ္ထားတဲ့ လစာနဲ႕ German Esports Federation ရဲ႕ ခြင့္ျပဳခ်က္တို႔ လိုအပ္ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: invenglobal