[Zawgyi]

Adidas နဲ႔ လက္တြဲ႕မယ့္ ပထမဆံုး Esports pro streamer “Ninja”

 


နာမည္ေက်ာ္ Fortnite ကစားသမား Ninja ဟာ အားကစားအသုံးအေဆာင္ပစၥည္းကုမၸဏီတစ္ခုျဖစ္တဲ့ Adidas နဲ႔ ပူးေပါင္းေၾကာင္းကို မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ ဒီေၾကညာခ်က္ကို Ninja က သူ႔ရဲ႕ Twitter အေကာင့္ေပၚမွာေရးသားခဲ့သလို Adidas ကလည္း သူတို႔ရဲ႕ သတင္းစာမ်က္ႏွာေပၚမွာ ေရးသားထားခဲ့ပါတယ္။ ဘာေတြကို ပူးေပါင္းျပီး ျပဳလုပ္မယ္ဆိုတာကိုေတာ့ အတိအက် မေျပာထားေသးေပမယ့္ Ninja x Adidas ထုတ္ကုန္မ်ားကို ျမင္ေတြ႔လာရဖြယ္ရွိပါတယ္။

ျဖတ္လမ္းဆိုတာ မရွိပါဘူး။ ရက္ရွည္လမ်ား ၾကိဳးစားအားထုတ္မႈကသာ ေအာင္ျမင္မႈကို ေပးစြမ္းႏိုင္မွာပါ။ ဘယ္သူ႔ေၾကာင့္မွလည္း သင့္အိပ္မက္မ်ားကို ပ်က္စီးမခံပါနဲ႔။ ကိုယ့္အတြက္လမ္းေၾကာင္းကို ကိုယ္တိုင္ရွာေဖြပါ။ အခ်ိန္ေပးၾကိဳးစားပါ။ ကြ်န္ေတာ္ဟာ Adidas နဲ႔ တရားဝင္ပူးေပါင္းေၾကာင္း ဂုဏ္ယူစိတ္လႈပ္ရွားစြာနဲ႔ ေၾကညာလိုက္ပါတယ္။လို႔ Ninja က သူ႔ရဲ႕ Twitter မွာ ေရးသားထားခဲ့ပါတယ္။ Mixer ေပၚက သူရဲ႕ stream တစ္ခုမွာလည္းလက္ရွိမွာ Adidas နဲ႔ ပူးေပါင္းလုပ္ေနတဲ့ကိစၥကို အေသးစိတ္ေျပာျပလို႔ မရေသးပါဘူး။ စိတ္ကူးပုံေဖာ္ျပီးပဲ အေျဖရွာၾကည့္ပါ။လုိ႔ ေျပာသြားခဲ့ပါတယ္။

Adidas က ေရးသားထားတဲ့ သတင္းစာမ်က္ႏွာေပၚမွာေတာ့ “ယခု ပူးေပါင္းျခင္းဟာ ကြ်န္ေတာ္တို႔ sportwear brand ရဲ႕ gaming အေပၚအေလးထားမႈကို ျပသလိုက္တာျဖစ္ပါတယ္။ လက္ေတြ႔အျပင္ေလာကနဲ႔ ဒီဂ်စ္တယ္ေလာက ႏွစ္ခုလုံးမွာ တီထြင္ဖန္တီးသူမ်ားကို အေကာင္းဆုံးၾကိဳးစားသြားႏိုင္ဖုိ႔ ကူညီေပးမွာပါ။ ေျမာက္မ်ားစြာေသာ gamer မ်ားနဲ႔ content creators မ်ားထဲက တစ္ေယာက္ျဖစ္တဲ့ Ninja ကို ကြ်န္ေတာ္တို႔ Adidas မိသားစုမွ ၾကိဳဆိုလိုက္ပါတယ္။” စသျဖင့္ ေရးသားထားပါတယ္။


အားကစားအသုံးအေဆာင္ ကုမၸဏီမ်ား နဲ႔ ဂိမ္မာမ်ား ပူးေပါင္းျခင္းဟာ အနည္းငယ္ဆန္းသစ္ေနေသးတဲ့ ကိစၥတစ္ခု ျဖစ္ေနဆဲပါ။ ဒါေပမယ့္ ယခုႏွစ္အစပိုင္းမွာ Nike ဟာ တရုတ္ League of Legends Pro League မ်ားအတြက္ jerseys အကၤ်ီမ်ားျပဳလုပ္ဖုိ႔ သေဘာတူညီမႈျပဳလုပ္ခဲ့ျပီး လာမယ့္ေအာက္တိုဘာလအတြင္း ပဲရစ္မွာ က်င္းပမယ့္ League of Legends World Championship 2019 က စလို႔ ျမင္ေတြ႔ရဖြယ္ ရွိလာႏိုင္ပါတယ္။

မၾကာေသးမီကမွ Twitch ေပၚကေန Mixer ေပၚကို ေရြ႔ေျပာင္းလိုက္တဲ့ Ninja ဟာ Samsung နဲ႔ Red Bull တို႔လို႔ brand မ်ားနဲ႔ ပူးေပါင္းမႈမ်ားျပဳလုပ္ထားပါေသးတယ္။ ယခုႏွစ္အတြင္း EA က ထုတ္လုပ္ခဲ့တဲ့ Apex Legends ကို ကစားျပခဲ့လို႔လည္း ေဒၚလာတစ္သန္းရရွိခဲ့ပါတယ္။ အားကစားအသုံးအေဆာင္ကုမၸဏီမ်ားကေတာ့ အားကစားေလာကမွာသာမက Esports ေလာကမွာပါ ဝင္ဆန္႔ဖုိ႔ ၾကံစည္လာခဲ့ျပီပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

Adidas နဲ့ လက်တွဲ့မယ့် ပထမဆုံး Esports pro streamer “Ninja”

 

နာမည်ကျော် Fortnite ကစားသမား Ninja ဟာ အားကစားအသုံးအဆောင်ပစ္စည်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Adidas နဲ့ ပူးပေါင်းကြောင်းကို မကြာသေးမီက ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ကို Ninja က သူ့ရဲ့ Twitter အကောင့်ပေါ်မှာရေးသားခဲ့သလို Adidas ကလည်း သူတို့ရဲ့ သတင်းစာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပါတယ်။ ဘာတွေကို ပူးပေါင်းပြီး ပြုလုပ်မယ်ဆိုတာကိုတော့ အတိအကျ မပြောထားသေးပေမယ့် Ninja x Adidas ထုတ်ကုန်များကို မြင်တွေ့လာရဖွယ်ရှိပါတယ်။

“ဖြတ်လမ်းဆိုတာ မရှိပါဘူး။ ရက်ရှည်လများ ကြိုးစားအားထုတ်မှုကသာ အောင်မြင်မှုကို ပေးစွမ်းနိုင်မှာပါ။ ဘယ်သူ့ကြောင့်မှလည်း သင့်အိပ်မက်များကို ပျက်စီးမခံပါနဲ့။ ကိုယ့်အတွက်လမ်းကြောင်းကို ကိုယ်တိုင်ရှာဖွေပါ။ အချိန်ပေးကြိုးစားပါ။ ကျွန်တော်ဟာ Adidas နဲ့ တရားဝင်ပူးပေါင်းကြောင်း ဂုဏ်ယူစိတ်လှုပ်ရှားစွာနဲ့ ကြေညာလိုက်ပါတယ်။” လို့ Ninja က သူ့ရဲ့ Twitter မှာ ရေးသားထားခဲ့ပါတယ်။ Mixer ပေါ်က သူရဲ့ stream တစ်ခုမှာလည်း “လက်ရှိမှာ Adidas နဲ့ ပူးပေါင်းလုပ်နေတဲ့ကိစ္စကို အသေးစိတ်ပြောပြလို့ မရသေးပါဘူး။ စိတ်ကူးပုံဖော်ပြီးပဲ အဖြေရှာကြည့်ပါ။” လို့ ပြောသွားခဲ့ပါတယ်။

Adidas က ရေးသားထားတဲ့ သတင်းစာမျက်နှာပေါ်မှာတော့ “ယခု ပူးပေါင်းခြင်းဟာ ကျွန်တော်တို့ sportwear brand ရဲ့ gaming အပေါ်အလေးထားမှုကို ပြသလိုက်တာဖြစ်ပါတယ်။ လက်တွေ့အပြင်လောကနဲ့ ဒီဂျစ်တယ်လောက နှစ်ခုလုံးမှာ တီထွင်ဖန်တီးသူများကို အကောင်းဆုံးကြိုးစားသွားနိုင်ဖို့ ကူညီပေးမှာပါ။ မြောက်များစွာသော gamer များနဲ့ content creators များထဲက တစ်ယောက်ဖြစ်တဲ့ Ninja ကို ကျွန်တော်တို့ Adidas မိသားစုမှ ကြိုဆိုလိုက်ပါတယ်။” စသဖြင့် ရေးသားထားပါတယ်။

 

အားကစားအသုံးအဆောင် ကုမ္ပဏီများ နဲ့ ဂိမ်မာများ ပူးပေါင်းခြင်းဟာ အနည်းငယ်ဆန်းသစ်နေသေးတဲ့ ကိစ္စတစ်ခု ဖြစ်နေဆဲပါ။ ဒါပေမယ့် ယခုနှစ်အစပိုင်းမှာ Nike ဟာ တရုတ် League of Legends Pro League များအတွက် jerseys အင်္ကျီများပြုလုပ်ဖို့ သဘောတူညီမှုပြုလုပ်ခဲ့ပြီး လာမယ့်အောက်တိုဘာလအတွင်း ပဲရစ်မှာ ကျင်းပမယ့် League of Legends World Championship 2019 က စလို့ မြင်တွေ့ရဖွယ် ရှိလာနိုင်ပါတယ်။

မကြာသေးမီကမှ Twitch ပေါ်ကနေ Mixer ပေါ်ကို ရွေ့ပြောင်းလိုက်တဲ့ Ninja ဟာ Samsung နဲ့ Red Bull တို့လို့ brand များနဲ့ ပူးပေါင်းမှုများပြုလုပ်ထားပါသေးတယ်။ ယခုနှစ်အတွင်း EA က ထုတ်လုပ်ခဲ့တဲ့ Apex Legends ကို ကစားပြခဲ့လို့လည်း ဒေါ်လာတစ်သန်းရရှိခဲ့ပါတယ်။ အားကစားအသုံးအဆောင်ကုမ္ပဏီများကတော့ အားကစားလောကမှာသာမက Esports လောကမှာပါ ဝင်ဆန့်ဖို့ ကြံစည်လာခဲ့ပြီပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။