[Zawgyi]

SEA Games 2019 အတြက္ လူေရြးခ်ယ္မႈ ၿပီးစီးသြားတဲ့ အိမ္ရွင္ ဖိလစ္ပိုင္ လက္ေရြးစင္ Esports အသင္း

 


ဖိလစ္ပိုင္ႏိုင္ငံရဲ႕ National Esports အသင္း ျဖစ္တဲ့ Sibol ဟာ 2019 SEA Games မွာ ပါဝင္တဲ့ esports အမ်ိဳးအစား ၆ မ်ိဳးလုံးကို မတူညီတဲ့ ကစားသမားမ်ားနဲ႕ ဝင္ေရာက္ယွဥ္ျပိဳင္မယ့္အသင္း ျဖစ္ပါတယ္။ Sibol ရဲ႕ လက္ေရြးစင္ Dota 2 အသင္းသား လူစာရင္းနဲ႔ အျခား esports အမ်ိဳးအစားမ်ားအတြက္ လူစာရင္းကေတာ့ ထြက္ေပၚလာပါျပီ။

Sibol ရဲ႕ Dota 2 အသင္းသား လူစာရင္းထဲမွာေတာ့ Adroit မွ Boomy, Natsumi, Cml, Bok, Mac နဲ႕ Cignal Ultra မွ Erice နဲ႔ Van တို႔ပါဝင္ပါတယ္။ Sibol ဆိုတာကေတာ့ ဖိလစ္ပိုင္ဘာသာစကားလံုးျဖစ္ျပီး တိုးတက္ျခင္း၊ ဖြံ႕ျဖိဳးျခင္း အစရွိသျဖင့္ အဓိပၸာယ္ဖြင့္ဆိုႏိုင္ပါတယ္။

Dota 2 အျပင္ အျခား esports အမ်ိဳးအစားမ်ားအတြက္ အသင္းသားမ်ားကိုလည္း ေၾကညာခဲ့ျပီး AoV အသင္းမွာ Gambit, 1717, Miggie, Bents, Rubixx, Yatz နဲ႔ Vindiicated၊ Hearthstone အသင္းမွာ Jia နဲ႔ WaningMoon၊ MLBB အသင္းမွာ Pheww, KarlTzy, Kenji, Ribo, Jay, Haze နဲ႔ Lusty၊ Starcraft II အသင္းမွာ EnDerr နဲ႔ Nuks၊ Tekken 7 အသင္းမွာ Doujin နဲ႔ AK တို႔ ပါဝင္ပါတယ္။

ထူးျခားခ်က္ကေတာ့ ပုံမွန္အားျဖင့္ အမ်ိဳးသားမ်ားအမ်ားစုသာ ဝင္ေရာက္ယွဥ္ျပိဳင္ၾကတဲ့ esports မွာ Hearthstone အမ်ိဳးသမီးကစားသမား Jia ပါဝင္လာခဲ့တာျဖစ္ပါတယ္။


Sibol ရဲ႕ လက္ေရြးစင္ Dota 2 လူစာရင္းဟာ ျပဳလုပ္ျပီးခဲ့တဲ့ training pool ထဲမွ ကစားသမားမ်ားကို ယွဥ္ျပိဳင္ေစျပီး ေရြးခ်ယ္ထားတာပါ။ ၾသဂုတ္လအစမွာ Sibol ဟာ Dota 2 training pool တစ္ခုကို ေၾကညာခဲ့ျပီး ယင္းကိုဝင္ေရာက္ေလ့က်င့္ခြင့္ ရဖို႔အတြက္ open qualifier တစ္ခုကိုလည္း က်င္းပခဲ့ပါတယ္။

ၾသဂုတ္လ ၁ ရက္ေန႔ကေန ၇ ရက္ေန႔အထိ register လုပ္ႏိုင္ခဲ့ျပီး ၂ ရက္ခန္႔အၾကာမွာ ျပဳလုပ္ခဲ့တဲ့ open qualifier မွာ ဖိလစ္ပိုင္ Dota 2 အသင္းေပါင္းမ်ားစြာ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကပါတယ္။ ဒီပြဲကေန training pool ကို တက္ေရာက္ခြင့္ရစဥ္က လူစာရင္းကေတာ့ Mac, Natsumi, Bok, Boomy, Cml, Jae, Van, Erice, Nando, Kim Elizabeth နဲ႔ Grimzx တို႔ ျဖစ္ၾကပါတယ္။

Training pool ကို တိုက္ရုိက္လာေရာက္ဖုိ႔ ဖိတ္ၾကားခံရတဲ့ ဖိလစ္ပိုင္ နာမည္ေက်ာ္ ကစားသမားစာရင္း ကိုလည္း ေၾကညာခဲ့ျပီး Valve က ျပဳလုပ္တဲ့ ျပိဳင္ပြဲမ်ားကို ဝင္ေရာက္ေနက် အထင္ကရ ကစားသမားမ်ား ပါဝင္ခဲ့ပါတယ္။ တိုက္ရိုက္လာေရာက္ေလ့က်င့္ၾကတဲ့ ကစားသမားမ်ားကေတာ့ Kuku, Tims, Gabbi, Armel, Eyyou, DJ, Raven, Abed, Ninjaboogie နဲ႔ Bimbo တို႔ပါ။ အဆိုပါ ကစားသမားမ်ားနဲ႔ open qualifier က တက္လာတဲ့ ကစားသမားမ်ား ပူးေပါင္းေလ့က်င့္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ေလ့က်င့္မႈမ်ားအျပီးမွာ ၾသဂုတ္လ ၂၉ ရက္ ကေန ၃၁ ရက္ေန႔အထိ ျပဳလုပ္ခဲ့တဲ့ Sibol Combine ျပိဳင္ပြဲမွာ ကစားသမား အျပီးသတ္ ေရြးခ်ယ္မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ထုိျပိဳင္ပြဲမွာေတာ့ Dota 2 training pool ထဲက ကစားသမားမ်ားကို Sibol Pula နဲ႔ Sibol Asul ဆိုျပီး အသင္းႏွစ္သင္းခြဲ ယွဥ္ျပိဳင္ကစားေစခဲ့ျပီး လက္ေရြးစင္လူစာရင္းကို ေရြးထုတ္ခဲ့ပါတယ္။ Sibol Combine ဟာ အျခား esports အမ်ိဳးအစားမ်ားရဲ႕ လက္ေရြးစင္မ်ားကို ေရြးထုတ္တဲ့ပြဲလည္း ျဖစ္ခဲ့ပါတယ္။

Sibol ရဲ႕ လက္ေရြးစင္ Dota 2 ကစားသမား စာရင္းမွာ နာမည္ေက်ာ္ၾကား လူသိမ်ားတဲ့ ကစားသမားမ်ား မပါဝင္ေပမယ့္ ယင္းတို႔ဟာ စစ္ေဆးမႈမ်ားကို ေက်ာ္ျဖတ္ခဲ့သလို ေကာင္းစြာေလ့က်င့္ေပးျခင္းကို ခံထားရသူမ်ားလည္း ျဖစ္ပါတယ္။ Ti9 နဲ႔အျခားေမဂ်ာပြဲေတြေၾကာင့္ လူသိပ္သတိမထားမိေပမယ့္ တရုတ္ႏုိင္ငံက Tier 2 အသင္းေတြနဲ႔ ၿပိဳင္ပြဲမ်ားစြာ ေဆာ့ကစားထားတဲ့ အသင္းေကာင္းေတြလည္း ဟုတ္ပါတယ္။

ပါဝင္မယ့္ ႏိုင္ငံအသီးသီးကေန အေသအခ်ာ ေရြးခ်ယ္ထားတဲ့ လက္ေရြးစင္ ကစားသမားမ်ား ဝင္ေရာက္ယွဥ္ျပိဳင္ၾကမယ့္ 2019 SEA Games ရဲ႕ Esports ပြဲစဥ္မ်ားကေတာ့ ရင္ခုန္စြာ ေစာင့္ၾကည့္ရမယ့္ပြဲမ်ားပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

SEA Games 2019 အတွက် လူရွေးချယ်မှု ပြီးစီးသွားတဲ့ အိမ်ရှင် ဖိလစ်ပိုင် လက်ရွေးစင် Esports အသင်း

 

ဖိလစ်ပိုင်နိုင်ငံရဲ့ National Esports အသင်း ဖြစ်တဲ့ Sibol ဟာ 2019 SEA Games မှာ ပါဝင်တဲ့ esports အမျိုးအစား ၆ မျိုးလုံးကို မတူညီတဲ့ ကစားသမားများနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်အသင်း ဖြစ်ပါတယ်။ Sibol ရဲ့ လက်ရွေးစင် Dota 2 အသင်းသား လူစာရင်းနဲ့ အခြား esports အမျိုးအစားများအတွက် လူစာရင်းကတော့ ထွက်ပေါ်လာပါပြီ။

Sibol ရဲ့ Dota 2 အသင်းသား လူစာရင်းထဲမှာတော့ Adroit မှ Boomy, Natsumi, Cml, Bok, Mac နဲ့ Cignal Ultra မှ Erice နဲ့ Van တို့ပါဝင်ပါတယ်။ Sibol ဆိုတာကတော့ ဖိလစ်ပိုင်ဘာသာစကားလုံးဖြစ်ပြီး တိုးတက်ခြင်း၊ ဖွံ့ဖြိုးခြင်း အစရှိသဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

Dota 2 အပြင် အခြား esports အမျိုးအစားများအတွက် အသင်းသားများကိုလည်း ကြေညာခဲ့ပြီး AoV အသင်းမှာ Gambit, 1717, Miggie, Bents, Rubixx, Yatz နဲ့ Vindiicated၊ Hearthstone အသင်းမှာ Jia နဲ့ WaningMoon၊ MLBB အသင်းမှာ Pheww, KarlTzy, Kenji, Ribo, Jay, Haze နဲ့ Lusty၊ Starcraft II အသင်းမှာ EnDerr နဲ့ Nuks၊ Tekken 7 အသင်းမှာ Doujin နဲ့ AK တို့ ပါဝင်ပါတယ်။

ထူးခြားချက်ကတော့ ပုံမှန်အားဖြင့် အမျိုးသားများအများစုသာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ esports မှာ Hearthstone အမျိုးသမီးကစားသမား Jia ပါဝင်လာခဲ့တာဖြစ်ပါတယ်။

Sibol ရဲ့ လက်ရွေးစင် Dota 2 လူစာရင်းဟာ ပြုလုပ်ပြီးခဲ့တဲ့ training pool ထဲမှ ကစားသမားများကို ယှဉ်ပြိုင်စေပြီး ရွေးချယ်ထားတာပါ။ သြဂုတ်လအစမှာ Sibol ဟာ Dota 2 training pool တစ်ခုကို ကြေညာခဲ့ပြီး ယင်းကိုဝင်ရောက်လေ့ကျင့်ခွင့် ရဖို့အတွက် open qualifier တစ်ခုကိုလည်း ကျင်းပခဲ့ပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ register လုပ်နိုင်ခဲ့ပြီး ၂ ရက်ခန့်အကြာမှာ ပြုလုပ်ခဲ့တဲ့ open qualifier မှာ ဖိလစ်ပိုင် Dota 2 အသင်းပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပွဲကနေ training pool ကို တက်ရောက်ခွင့်ရစဉ်က လူစာရင်းကတော့ Mac, Natsumi, Bok, Boomy, Cml, Jae, Van, Erice, Nando, Kim Elizabeth နဲ့ Grimzx တို့ ဖြစ်ကြပါတယ်။

Training pool ကို တိုက်ရိုက်လာရောက်ဖို့ ဖိတ်ကြားခံရတဲ့ ဖိလစ်ပိုင် နာမည်ကျော် ကစားသမားစာရင်း ကိုလည်း ကြေညာခဲ့ပြီး Valve က ပြုလုပ်တဲ့ ပြိုင်ပွဲများကို ဝင်ရောက်နေကျ အထင်ကရ ကစားသမားများ ပါဝင်ခဲ့ပါတယ်။ တိုက်ရိုက်လာရောက်လေ့ကျင့်ကြတဲ့ ကစားသမားများကတော့ Kuku, Tims, Gabbi, Armel, Eyyou, DJ, Raven, Abed, Ninjaboogie နဲ့ Bimbo တို့ပါ။ အဆိုပါ ကစားသမားများနဲ့ open qualifier က တက်လာတဲ့ ကစားသမားများ ပူးပေါင်းလေ့ကျင့်မှုပြုလုပ်ခဲ့ကြပါတယ်။

လေ့ကျင့်မှုများအပြီးမှာ သြဂုတ်လ ၂၉ ရက် ကနေ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ Sibol Combine ပြိုင်ပွဲမှာ ကစားသမား အပြီးသတ် ရွေးချယ်မှုများ ပြုလုပ်ခဲ့ပါတယ်။ ထိုပြိုင်ပွဲမှာတော့ Dota 2 training pool ထဲက ကစားသမားများကို Sibol Pula နဲ့ Sibol Asul ဆိုပြီး အသင်းနှစ်သင်းခွဲ ယှဉ်ပြိုင်ကစားစေခဲ့ပြီး လက်ရွေးစင်လူစာရင်းကို ရွေးထုတ်ခဲ့ပါတယ်။ Sibol Combine ဟာ အခြား esports အမျိုးအစားများရဲ့ လက်ရွေးစင်များကို ရွေးထုတ်တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

Sibol ရဲ့ လက်ရွေးစင် Dota 2 ကစားသမား စာရင်းမှာ နာမည်ကျော်ကြား လူသိများတဲ့ ကစားသမားများ မပါဝင်ပေမယ့် ယင်းတို့ဟာ စစ်ဆေးမှုများကို ကျော်ဖြတ်ခဲ့သလို ကောင်းစွာလေ့ကျင့်ပေးခြင်းကို ခံထားရသူများလည်း ဖြစ်ပါတယ်။ Ti9 နဲ့အခြားမေဂျာပွဲတွေကြောင့် လူသိပ်သတိမထားမိပေမယ့် တရုတ်နိုင်ငံက Tier 2 အသင်းတွေနဲ့ ပြိုင်ပွဲများစွာ ဆော့ကစားထားတဲ့ အသင်းကောင်းတွေလည်း ဟုတ်ပါတယ်။

ပါဝင်မယ့် နိုင်ငံအသီးသီးကနေ အသေအချာ ရွေးချယ်ထားတဲ့ လက်ရွေးစင် ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် 2019 SEA Games ရဲ့ Esports ပွဲစဉ်များကတော့ ရင်ခုန်စွာ စောင့်ကြည့်ရမယ့်ပွဲများပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။