[ZawGyi]


 


 


 


 



 

Grapplers

 


 


Nu-13 (Blazblue)

 

Zoners

 


 


 



 

Midrange

 


 


Shoto

 


 


Ling Xiaoyu (Tekken 7)

 

Rushdown

 



Utilities

 


 


=============================================

[Unicode]

FIGHTING GAME ကစားရင် သိထားသင့်သောအချက်များ (1)

Fighting Game တစ်ခုကို စဆော့လို့ တွေ့တဲ့ခလုတ်တွေလျှောက်နှိပ်နေရင် အချိန်အတိုင်းအတာတစ်ခုမှာ ဘာတွေဖြစ်လာနိုင်လဲ ဆိုတာကို အရင်ဆောင်းပါးမှာပြောထားပြီးသား ဖြစ်ပါတယ်။ ဒီတစ်ခါတော့ Street Fighter, Tekken, Marvel vs Capcom, Mortal Kombat, Blazblue အစရှိသရွေ့ ပြိုင်ပွဲဝင် fighting game တွေ ဆော့မယ်ဆိုရင ်သိထားသင့်တဲ့အချက်များ ပထမပိုင်းကို အကျယ်ဖွင့်ရှင်းပြပေးပါ့မယ်။

ပထမဆုံးသိထားရမှာက Naruto Ultimate Ninja Storm, Jump Force တို့လိုဂိမ်းမျိုးကို Arena Fighter လို့ သက်သက်ခေါ်ကြောင်းပါ။ ဒီကောင်တွေက fan တွေအကြိုက်လုပ်ထားတဲ့ ဂိမ်းမျိုးဘက်ပိုရောက်ပြီး Fighting Game လို့ခေါ်မရပါဘူး။ Balance ဆိုတာလဲမရှိဘဲ တစ်ခါထွက်ပြီး dlc ကလွဲလို့ နောက် support ထပ်မလာတော့တဲ့ ဂိမ်းမျိုးတွေမို့ ဒီ article နဲ့အကျုံးမဝင်ပါဘူး။

အရင်ပြောခဲ့သလိုပါပဲ fighting game တစ်ခုရဲ့ discord နဲ့ community တစ်ခုကို join ပြီဆိုရင်ဒီအခေါ်အဝေါ်တွေမသိဘဲ ဝင်စကားပြောလို့မရသလောက်ပါပဲ။ ဘာတွေပြောနေမှန်းမသိဘဲနဲ့ ယောင်တောင်တောင်ဖြစ်နေပါလိမ့်မယ်။

စစချင်း ပထမပိုင်းအတွက် ကိုယ်ကိုင်မယ့် character အတွက် အမျိုးအစားအခေါ်အဝေါ်တွေရှင်းပြပေးပါ့မယ်။ ကိုယ်ကစားမယ့် character နဲ့ရင်ဆိုင်ရမယ့် ရန်သူု character ဟာ ဘယ်လိုမျိုးနဲ့ ဘာအကွက်တွေပါလဲ၊ ဘယ်လိုလာရင်ဘာပြန်လုပ်ရမယ် ဆိုတာသိထားဖို့ Fighting Game Player တစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်။

Zangief (Street Fighter V)
Grapplers

 

အနီးစပ်ဆုံးဥပမာပြောပါဆို Street Fighter ထဲက Zangief ပါ။ သူ့မှာ အဝေးပစ်တစ်ခုမှ မပါပါဘူး။ လက်သီးနဲ့ယှဉ်ထိုး၊ ခြေထောက်နဲ့ကန်ရင်လဲနှေးတော့ ကိုယ်အရင်ခံရဖို့များပါတယ်။ အဲဒါဆို သူတို့အတွက်အားသာတာဘာလဲ? HP သို့မဟုတ် သွေးများပါတယ်။ အပေါ်က hp bar (သွေးတန်း) ဟာ တကယ်တော့ တစ်ကောင်နဲ့တစ်ကောင် တူတယ်ထင်ရပေမယ့် မတူပါဘူး။ နံပါတ်ကိုယ်စီရှိပါတယ်။ အဲအတွက်တော့ grappler တွေရဲ့သွေးက အများဆုံးပါ။ နောက်တစ်ခုက ကိုင်ပေါက်တဲ့အခါထိတဲ့ damage။ Grappler တွေဆီက ကိုင်ပေါက်တာခံရပြီဆို အနည်းဆုံး hp 35% လောက် ချက်ချင်းကွိသွားနိုင်ပါတယ်။ သွေးတစ်ဝက်အောက်ဆို အခန့်မသင့်ရင် တန်းတောင်သေသွားနိုင်ပါတယ်။ ကိုင်ပေါက်တာနဲ့ ယှဉ်ထိုးတာမှာ ထိုးတာကမြန်ပါတယ်။ စုံထိမယ်ဆိုထိုးတာပဲ ထိပါတယ်။ ဟာ အဲဒါဆို grappler တွေကစောက်ပေါကြီးပေါ့? မဟုတ်ပါဘူး။ သူတို့ရဲ့ အရမ်းများတဲ့ hp ကိုအလွဲသုံးစားလုပ်လို့ရပါတယ်။ ဆော့နေတာဟာ fighting game ပါ။ တစ်ဖက်လူမှောက်သွားရင်နိုင်ပါပြီ။ အဲတော့ ဟိုဘက်သွေး ၅၀လျော့ဖို့ ကိုယ့်ဘက်က ၃၀လောက်ပေးထိရင်လဲ ထိရတာပါပဲ။

 

ငါချည့်ပဲခံနေရတယ်ကွာ ဆိုတဲ့လူမျိုး Grappler ဆော့လို့မဖြစ်ပါဘူး။ Grappler တွေက အဝေးပစ် character တွေနဲ့ knockback နောက်ပြန်တွန်းတဲ့အကွက်တွေနဲ့တွေ့ရင် ဒုက္ခရောက်ပါတယ်။ Grappler တွေရဲ့ အဓိကသိုင်းကွက်က ကာနိုင်ဖို့ပါ။ ရန်သူတစ်ခုခုချပြီး နောက်တစ်ကွက်သုံးဖို့ကြာနေတုန်းမှာ ပြေးပြီးဖြစ်ဖြစ် ခုန်ပြီးဖြစ်ဖြစ် ပြေးကပ်ပါ။ Controller ကြီးရိုက်ခွဲတယ်ဆိုတဲ့ တရားခံထဲမှာ Grappler တွေထိပ်ဆုံးကပါပါတယ်။ ကိုယ်ကတစ်မုန်းချထားပြီး သူကမသေ၊ အဲမှာအနားကပ်ပြီး လေးချက်လောက်ကိုင်ပေါက်လိုက်ပြီး ကိုယ့်လူရှောသွားရင် salty မဖြစ်ပဲနေမလားစဉ်းစားသာကြည့်ပါ :3 သေချာတာကတော့ grappler တွေက beginner friendly မဖြစ်ပါဘူး။ ဒါပေမယ့် စိတ်ရှည်သည်းခံ သူများကိုစိတ်ဒုက္ခပေးချင်တယ်ဆိုရင်တော့ ဒီကောင်တွေ pick ပြီးသာ train လိုက်ပါခင်ဗျာ။

Nu-13 (Blazblue)
Zoners

ဒုတိယ စိတ်ဒုက္ခအပေးနိုင်ဆုံး character အမျိုးအစားဖြစ်ပါတယ်။ လူပေါ်မူတည်ပြီး ပထမနေရာလဲ ရနိုင်ပါတယ်။ Grappler ရဲ့လုံးဝပြောင်းပြန် အဝေးပစ် character ပါ။ အနီးစပ်ဆုံးဆို Blazblue ထဲက Nu-13 ဆိုတဲ့ character ကိုလေ့လာနိုင်ပါတယ်။ ခုမှစဆော့တဲ့ Newbie နဲ့ Noob တွေဆက်မဆော့ချင်အောင် သမနိုင်တဲ့ character အမျိုးအစားပါ။ အဝေးကနေပဲ projectile တွေထိုင်လွှတ်နေပြီး ဘာမှမလုပ်လိုက်ရပဲသေသွားတယ်ဆိုတာ တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။

Zoner တွေရဲ့အားသာချက်ကအထွေအထူးမလိုတဲ့အတွက် ဒီပြဿနာက သူတို့အားနည်းချက်ကိုသိဖို့ ပိုအရေးကြီးပါတယ်။ Character အမျိုးအစားတွေထဲမှာ hp အနည်းဆုံးဖြစ်ပါတယ်။ Grappler ဖမ်းတာ ၂ချက်လောက်မိပြီး သုံးချက်လောက်ထိုးခံရရင် တန်းသေပါတယ်။ damage ကများနိုင်သလို နည်းပြီးအချက်ရေ များတာလဲ ဖြစ်နိုင်ပါတယ်။ damage များတဲ့ zoner တွေက တစ်ချက်နဲ့တစ်ချက်ကြားမှာ ဟတဲ့အချိန်များပါတယ်။ ကာတာမှားပြီး ထိသွားရင်တော့ အနစ်ကြီးတွေပါ။ အချက်ရေများတဲ့ zoner တွေကတော့ သူတို့လွတ်တဲ့အချိန်ကို ကိုယ်မခန့်မှန်းတတ်ရင် ဒုက္ခရောက်နိုင်ပါတယ်။ တစ်ချက်လောက်ထိလဲ သိပ်ပြသနာမရှိတာမို့ နည်းနည်း အာရုံစိုက်လိုက်ရင် လွတ်ပါတယ်။ ဆက်တိုက်ထိရင်တော့ gg ပေါ့ဗျာ xD

အကွက်တစ်ကွက်နဲ့ တစ်ကွက်ကြား ကြာချိန်များပါတယ်။ အဲဒါမများရင် နောက်တစ်ကွက်စဖို့အချိန်ကြာပါတယ်။ ယှဉ်ချရင် ဘယ်သူ့ကိုမှ မနိုင်ပါဘူး။ ပြီးရင်လေပေါ်ကလာတာကို ပြန်ချနိုင်တဲ့အကွက် နည်းပါတယ်၊ မပါရင်လဲ မပါပါဘူး။ ဒါပေမယ့် အဝေးပြန်တွန်းတဲ့ knockback တွေတော့ပါပါတယ်။ Beginner friendly ဖြစ်လားဆို ဖြစ်ပါတယ်။ ကိုယ်ကြွယ်ရင်ကြွယ်သလောက် တစ်ဖက်လူစိတ်ဆင်းရဲအောင် လုပ်ပြလို့ရပါတယ်။ skill အလယ်အလတ်အောက်စွန်းနားထိ zoner တွေကို ပြန်ချနိုင်တဲ့လူ နည်းပါသေးတယ်။ High lvl ကိစ္စကတော့ပြောစရာမလိုဘူးထင်ပါတယ်။ ကိုယ့် skill နဲ့ပဲဆိုင်ပါတယ်။

 

Dante Vs Deadpool (Marvel Vs Capcom 3)
Midrange

 

Zoner လဲမဟုတ် Grappler လဲမဟုတ်၊ Range အလယ်အလတ်ချတဲ့ character မျိုးပါ။ ပွဲစစချင်း နေရာချပေးတဲ့ neutral အခြေအနေမှာ အကြမ်းဆုံးလို့ပြောလို့ရပါတယ်။ အရမ်းနီးစရာလဲမလိုသလို အရမ်းလဲမဝေးပါဘူး။ ဥပမာအားဖြင့် ဓားနဲ့ခုတ်တဲ့ Character တွေပါ။ ဒီကောင်တွေကတော့ စိတ်ဒုက္ခပေးတာ အလယ်အလတ်ပါ။ Zoner ကိုင်ထားရင်ပြဿနာမရှိပေမယ့် လက်သီးသမားတွေဆို အာရုံနောက်ပါတယ်။ အရမ်းမမြန်ပေမယ့် နှေးလဲမနှေးပါဘူး။ အဝေးပစ်တွေလဲ တစ်ခုနှစ်ခုပါတတ်ပါတယ်။ လေပေါ်က လာတာကိုလဲ ကာနိုင်ပါတယ်။ ကိုယ်ထိုးတာမထိဘူး၊ သူချတော့ထိတယ် ဆိုတာဒီ character တွေပါ။

 

damage အားဖြင့် အလယ်အလတ်ကနေ များနိုင်ပါတယ်။ များတဲ့ကောင်ဆို Attack Speed နှေးပါတယ်။ Combo count ကတော့ Grappler နဲ့ Zoner ပြီးရင်အနည်းဆုံးပါ။ ဆက်တိုက်ချနိုင်တဲ့ အကွက်တွေရှိပေမယ့် နည်းပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လေပေါ်က လာတာကိုကာဖို့ ထည့်ပေးထားတဲ့ Anti-Air အကွက်တွေကတော့ အင်မတန်ကိုမြန်ပြီး အရမ်းကောင်းပါတယ်။ ကိုယ့်ရန်သူက midrange မှန်းသိရင် ဖြစ်နိုင်ရင် ခုန်ပြီး မဝင်တာ ပိုလုံခြုံပါတယ်။ Hp က အလယ်အလတ်ကနေ အဲထက်နည်းနည်း ပိုနည်းနိုင်ပါတယ်။ Skill lvl ကတော့ mid-high ပါ။

Ryu & Ken (Street Fighters)
Shoto

ရှင်းရှင်းပြောရင် Street Fighter ထဲက Ryu နဲ့ Ken ကိုပြောတာပါ။ သူတို့လုပ်မရတာ မရှိပါဘူး။ အဝေးပစ် Hadouken လဲပါပါတယ်၊ လေပေါ်က လာတာကိုကာမယ့် ပင့်ထိုးတဲ့ Shoryuken လဲပါပါတယ်။ ကြွယ်ရင်ကြွယ်သလောက် ဆက်တိုက်တီးလို့ရပါတယ်။ လှုပ်ရှားတာနှေးပါတယ်။ အလယ်အလတ် range ကိုဓားနဲ့ခုတ်သလို လှမ်းကန်တာလဲပါပါတယ်၊ ဒါပေမယ့်နှေးပါတယ်။ အကုန်လုပ်လို့ရသလို အကုန်လုံးလဲမကြမ်းတဲ့ character တွေကို Shoto လို့ခေါ်ပါတယ်။ အကုန်လုပ်လို့ရလို့ ထွက်ချင်ရာထွက်လျှောက်နှိပ်လို့ရတာ ဒီ shoto တွေပါ။

 

သူတို့ကို Clone ထားတဲ့ပုံစံတူ character တွေ fighting game တိုင်းလိုလိုပါတယ်။ အဲဒါကို Shoto လို့ခေါ်ပါတယ်။ Skill lvl ကတော့ ကောင်းကောင်းကစားနိုင်ဖို့ဆို mid-high လောက်ရှိပါတယ်။ Hp လဲ အလယ်အလတ်နဲ့ များတဲ့အထဲပါပါတယ်။ ကြမ်းတဲ့ကောင်ဆို တစ်ဖက်လူကို စိတ်ဒုက္ခပေးနိုင်ပြီး ပုံမှန်ဆိုသာမန်ပါပဲ lol

Ling Xiaoyu (Tekken 7)
Rushdown

 

ကောင်းကောင်းကိုင်တတ်ရင် သူများတွေကို စိတ်ဒုက္ခအပေးနိုင်ဆုံး Grappler တွေပြီးရင် rushdown ပါပဲ။ အဝေးပစ်ပါနိုင်ပေမယ့် နည်းပါတယ်။ Hp ကနည်းတာနဲ့ အလယ်အလတ်ကြားမှာရှိပါတယ်။ Anti-air ပါနိုင်ရင် နည်းပြီး မပါတာလဲဖြစ်နိုင်ပါတယ်။ Range ကလဲ လက်သီးနဲ့ထိုးတဲ့ကောင်များတာမို့ တိုပါတယ်။ ဘယ်ဟာမှာ ကြမ်းတာလဲ? Combo Wombo ဆက်တိုက်ချတာတွေပါ။ Rushdown တွေဟာလဲ Grappler တွေလို အနီးကပ်ဖို့လိုပါတယ်။ ဒါပေမယ့် ဖမ်းမယ့်အစား ကိုယ်ထိုးတာထိဖို့ အရေးအကြီးဆုံးပါ။ ထိပြီဆိုတာနဲ့ နောက်တစ်နာရီလောက် ရုပ်ရှင်ကြည့်သလို ဆက်တိုက်ချခံရ၊ character ပေါ်မူတည်ပြီး hp တစ်ဝက်လောက်ကုန်သွားနိုင်တာ Rushdown တွေပါ။ ဥပမာဆိုရင် Tekken ထဲက Xiaoyu ပါ။ အဓိက strategy ကတော့ရှင်းပါတယ်။ ရတဲ့နည်းနဲ့ အနားကပ်ပါ။ ဒါပေမယ့် Grappler တွေလိုအရမ်းတောင့်ခံလို့မရပါဘူး။ နှေးတဲ့ကောင်တွေကို သမနိုင်ပေမယ့် shoto နဲ့ midrange တွေလို သူမသာကိုယ်မသာဆို ဒုက္ခရောက်ပါတယ်။ Hp ကနည်းတဲ့ထဲပါတော့ ကိုယ်ချခံရင်လဲ နုပ်ပါတယ်။ ပြီးတော့ rushdown သမားက ကစားတဲ့လူနဲ့ဆိုင်ပါတယ်။ ကိုယ့် combo timing ချိန်တာလွဲတာတို့ မှားနှိပ်မိတာမျိုးဆို ရန်သူသာ ငဝိမဟုတ်ရင် ပြန်လွတ်ထွက်နိုင်ပါတယ်။ အရမ်းတော့စိတ်မပူပါနဲ့ Rushdown တွေမှာ ရန်သူအနားကပ်ဖို့ ပြေးထိုးတာတွေ ချက်ချင်း blink ပြေးကပ်တာတွေ အစုံပါပါတယ်။ သူ့တာဝန်က ရန်သူကို ဖိအားပေးနိုင်သလောက်ပေးဖို့ပါ။ Skill tier ကတော့ rushdown character စစ်စစ်ဆို High ထဲပါပါတယ်။

Weiss Vs Yukiko (Blazblue Cross Tag Battle)
Utilities

 

ခပ်ကြောင်ကြောင် character တွေပါ။ အကုန်မပါပေမယ့် မထင်ထားတာတွေရောထားတာမျိုးမို့ Shoto လဲမဟုတ်ပါဘူး။ ဥပမာ Grappler ကို Zoning ပေးထားတဲ့ character မျိုး၊ လေထဲကသီးသန့်ချမှကြမ်းတတ်တဲ့ Flying type character မျိုးတွေပါ (မြေပေါ်မှာဆိုအကွက်နည်းတာမို့ တမုန်းခုန်နေရတာမျိုး) သူတို့လဲ သူ့ဟာနဲ့သူ အားနည်းချက်တွေရှိပါတယ်။ Fighting game တိုင်းလိုလိုမှာ တစ်ကောင်နှစ်ကောင် အမြဲပါတတ်ပါတယ်။ တစ်ကောင်နဲ့တစ်ကောင် မတူပါဘူး။ hp ကလဲမှန်းမရပါဘူး၊ များနိုင်သလိုနည်းလဲနည်းနိုင်ပါတယ်။ ဥပမာ Street Fighter ထဲက ဆီသုတ်ချမှကြမ်းတဲ့ Hakan နဲ့ Blazblue Cross Tag Battle က Jumping pad (game ထဲမှာတော့ magic glyph တွေပေါ့ ရှင်းအောင်ပြောပြတာ xD) တွေ အရင်စီရတဲ့ Weiss လိုမျိုးပါ။ Skill lvl ကတော့များသောအားဖြင့် High ထဲပါပါတယ်။

 

နောက် post တစ်ခုကြရင် Fighting game mechanic တွေနဲ့ battle ချတဲ့ အခေါ်အဝေါ်တွေကို သီးသန့်ထပ်ရှင်းပြပေးပါဦးမယ်ခင်ဗျာ။ Post အရမ်းရှည်သွားမှာစိုးလို့ အခုတော့ဒီလောက်ပါပဲ 😀

 

#Lan #FightingGames #Types