[Zawgyi]

FIGHTING GAME ကစားရင္ သိထားသင့္ေသာအခ်က္မ်ား Part (3)

 

​ေ႐ွ႕က article မွာ အ​ေျခခံအ​ေခၚအ​ေဝၚ​ေတြအျပင္​ Frame Trap, Cancel စတဲ့ ပြဲတစ္​ပြဲမွာအ​ေရးႀကီးတဲ့ tech အကြက္​​ေတြအထိ႐ွင္​းျပခဲ့ပါတယ္​။ အခု အပိုင္​း ၃ မွာ​ေတာ့ တကယ္​့ပြဲထဲ​ေရာက္​ရင္​​သတိထားရမယ္​့ အ​ေျခအ​ေန​ေပၚၾကည္​့ၿပီးလုပ္​ရမယ္​့အခ်က္​​ေတ​ြကို႐ွင္​းျပ​ေပးပါမယ္​။

Anti-air

ေ႐ွ႕မွာ​ေျပာထားဖူးတဲ့အတိုင္​း anti air ဆိုတာ ​ေလ​ေပၚကလာတဲ့ရန္​သူကိုျပန္​ကာၿပီးခ်တဲ့အကြက္​ပါ။ Midrange character ​ေတြမွာအရမ္​း​ေကာင္​းတဲ့ anti air ​ေတြပါတယ္​လို႔လဲ​ေျပာဖူးပါတယ္​။ ဘာလို႔လဲဆို​ေတာ့ လက္​ဗလာနဲ႔ character ​ေတြကအ​ေပၚကိုပင္​့ထိုးတဲ့အခ်ိန္​မွာ သူတို႔က ဓား​ေတြလွံ​ေတြနဲ႔ အ​ေပၚကိုရမ္​းတာပါ။ လက္​သီးနဲ႔ဓား Hitbox အႀကီးအ​ေသးကအရမ္​းသိသာပါတယ္​။ Anti Air ကိုအခ်ိန္​မွီသံုးႏိုင္​ရင္​ ​ေလ​ေပၚကလာတဲ့ဘယ္​တိုက္​ကြက္​မဆို အ​ေဝးပစ္​ projectile ​ေတြကလြဲလို႔အကုန္​ကာႏိုင္​ပါတယ္​ တခ်ိဳ႕ midrange ​ေတြဆို အ​​ေဝးပစ္​​ေတြပါဓားနဲ႔ျဖတ္​ခုတ္​လို႔ရပါတယ္​။ တစ္​ခုသိထားရမွာက anti air ကို​ေလထဲမွာကာလို႔မရပါဘူး။

 

Dragon Punch/ DP

Dragon Punch အတို​ေကာက္​ dp ဆိုတာက လူတိုင္​းသိတဲ့ street fighter ထဲက Ryu နဲ႔ Ken ရဲ႕ Shoryuken ​ေအာက္​က​​​ေန​ေလထဲပင္​့ထိုးတဲ့အကြက္​ကို​ေခၚတာပါ။ Terms တစ္​ခုအ​ေနနဲ႔ျဖစ္​ရ​ေလာက္​တဲ့ထိဘာလို႔နာမည္​ႀကီးလဲဆိုရင္​ အဲက​ေန ​ေနာက္​ပိုင္​းဂိမ္​း​ေတာ္​​ေတာ္​မ်ားမ်ားထိ ​ေတာက္​​ေလ်ွာက္​ အ​ေရးႀကီးတဲ့ mechanic တစ္​ခုအျဖစ္​ပါ​ေန​ေသးလို႔ပါ။ DP မွာထူးျခားတာ​ေတြကသူ႔မွာ ရန္​သူခ်ရင္​ထိတဲ့ Hurtbox မပါပါဘူး။ ကိုယ္​ dp သံုး​ေနတုန္​း ရန္​သူဘာမွလုပ္​လို႔မရပါဘူး။ ၿပီးရင္​ ကိုယ္​က​ေနရန္​သူကိုထိတဲ့ Hitbox ႀကီးသက္​သက္​​ေလထဲကိုတက္​သြားတဲ့အတြက္​ အရမ္​း​ေကာင္​းတဲ့ anti air အျဖစ္​ပါသံုးလို႔ရပါတယ္​။ Hurtbox မပါတဲ့အတြက္​ရန္​သူ combo လြတ္​တာနဲ႔ အႏၱရာယ္​ကင္​းကင္​းသံုးလို႔ရပါတယ္​။ Frame Trap ဖမ္​းလို႔မရပါဘူး။ ဟာ ဒါဆို dp ​ေတြခ်ည္​့လွိမ္​့ spam ​ေနမွာ​ေပါ့ဆိုလဲမရပါဘူး။ ​အ​ေပၚတက္​ၿပီး​ေအာက္​ျပန္​က်တဲ့အခ်ိန္​ဟာ dp လုပ္​ၿပီးလြဲသြားတဲ့လူ​ေတြအတြက္​လံုးဝ စိတ္​ညစ္​ဖို႔​ေကာင္​းပါတယ္​ ရန္​သူ႔အတြက္​ free hit ​ေတြပါ။ ဆိုလိုခ်င္​တာက recovery time အရမ္​းၾကာပါတယ္​ ရန္​သူ႔comboၾကားထဲမွာလြတ္​ၿပီး ထိသြားႏိုင္​ရင္​​ေတာ့ ​ေသခ်ာ​ေပါက္​ counter ျဖစ္​ပါတယ္​။ ​

 

Juggle

Juggleလုပ္​တယ္​ဆိုတာ ရန္​သူကို​ေလထဲမွာ​ေအာက္​မက်​ေအာင္​ဆက္​တိုက္​ခ်တာကို​ေခၚတာပါ။ Juggle လုပ္​ဖို႔က 50/50 ​ေလ​ေပၚကလာတဲ့ရန္​သူကို ကိုယ္​တိုင္​ခုန္​ၿပီး သူမထိရင္​ကိုယ္​ထိ ဝင္​ခ်တာနဲ႔ anti air သံုးၿပီးတဲ့အခါလိုက္​ခုန္​ၿပီးခ်တာ႐ွိပါတယ္​။ ​ေနာက္​တစ္​ခုက ​​ေျမ​ေပၚခ်​ေနတဲ့ combo က​ေန​ေလထဲ​ေျမႇာက္​ၿပီး juggle တာပါ။ အဲမွာ juggling လုပ္​ဖို႔ ရန္​သူကို​ေလ​ေပၚပစ္​တင္​ဖို႔ဆို combo တိုင္​းကို anti air နဲ႔အဆံုးသတ္​​ေပးဖို႔လိုပါတယ္​။ Dragon Punch dp မွာ​ေတာ့ recovery time ႐ွိပါတယ္​ juggle နဲ႔လိုက္​လို႔မရပါဘူး။

 

Neutral

(Granblue Versus 2019)

ပြဲတစ္​ပြဲစခ်ၿပီဆိုရင္​ စစခ်င္​း​ေပးတဲ့အ​ေျခအ​ေနကို Neutral လို႔​ေခၚပါတယ္​။ Marvel Vs Capcom မွာ​ေတာ့ပြဲအစ 3-2-1 countdown မွာကိုယ္​လိုခ်င္​တဲ့အ​ေျခအ​ေန​ေရာက္​​ေအာင္​ထိန္​းညႇိခြင္​့​ေပးထားပါတယ္​။ အဲခ်ိန္​မွာ ရင္​ဘတ္​ခ်င္​း​ေျပးတိုက္​တာဟာ zoner ​ေတြအတြက္​အရမ္​းနိမ္​့သလို grappler ကိုင္​ၿပီး​လဲ​ေနာက္​မဆုတ္​သြားသင္​့ပါဘူး။ လံုးဝ neutral အ​ေျခအ​ေနမွာအားအသာဆံုးက​ေတာ့ midrange ​ေတြပါ။

 

Footsies

 

Fighting Game ရဲ႕ရည္​ရြယ္​ခ်က္​က ရန္​သူရဲ႕ hp bar ကိုအဆံုးထိ​ေလ်ွာ့ႏိုင္​ဖို႔ပါ။ အဲလိုျဖစ္​ဖို႔က ကိုယ္​ခ်တာဟိုဘက္​ကိုထိဖို႔လိုပါတယ္​။ ႏွစ္​ဖက္​လံုးမ်ွ​ေနတဲ့ neutral အ​ေျခအ​ေနမွာ ကိုယ္​ခ်တဲ့အခ်က္​သြားထိဖို႔ႏွစ္​​ေယာက္​လံုးႀကိဳးစားၾကတာကို footsie ​ေဆာ့တယ္​လို႔​ေခၚပါတယ္​။ ​ေနာက္​ဆုတ္​မလိုလိုနဲ႔​ေ႐ွ႕တစ္​ခ်က္​တိုးၿပီး ​ေျပးကန္​တာတို႔ ငံု႔ၿပီး ​ေျခထိုးမထိရင္​​ေနာက္​ဆုတ္​ hadouken ပစ္​ ရန္​သူကိုျဖဲ​ေျခာက္​ၾကတာကို footsie လို႔​ေခၚပါတယ္​။ ​ေသခ်ာ​ေပါက္​တစ္​ခ်က္​ထိၿပီဆိုတာနဲ႔ combo ​ေတြဝင္​မယ္​့အ​ေျခအ​ေနမို႔ neutral အ​ေျခအ​ေနမွာ footsie play ကအရမ္​းအ​ေရးႀကီးပါတယ္​။

ဒါခ်ည္​့သက္​သက္​​ေဆာ့လို႔ရတဲ့ Footsie ဆိုတဲ့ဂိမ္​း​ေတာင္​ထြက္​လာခဲ့ပါ​ေသးတယ္​။ မႏွစ္​က EVO2018 မွာျပသခဲ့ပါတယ္​။

Auto Combo

Fighting game ​ေတြကိုႀကိဳက္​ရဲ႕သားနဲ႔ခက္​လို႔မ​ေဆာ့ႏိုင္​တဲ့လူ​ေတြအတြက္​​ခု​ေနာက္​ပိုင္​းမွာ developer ​ေတြက auto combo ဆိုတာကိုထည္​့လာ​ေပးပါတယ္​။ ခုလုတ္​တစ္​ခုတည္​းႏွိပ္​​ေနရံုနဲ႔ light medium heavy special combo တစ္​ခုစာဆက္​တိုက္​ထြက္​​ေအာင္​လုပ္​​ေပးထားတာပါ။ တခ်ိဳ႕ဂိမ္​း​ေတြဆို combo အဆံုးမွာ super bar လံု​ေလာက္​​ရင္​ super attack ပါထြက္​​ေအာင္​လုပ္​​ေပးထားတဲ့အထိ႐ွိပါတယ္​။ Auto Combo ​ဟာ manual ကိုယ္​တိုင္​ႏွိပ္​သမား​ေလာက္​ အၾကမ္​းဆံုးအ​ေျခအ​ေနထိတြန္​းမပို႔ႏိုင္​​ေပမယ္​့ အႏၱရာယ္​မ်ားတာကို​ေတာ့ျငင္​းမရပါဘူး။ နဂို​ေဆာ့တတ္​ၿပီးသားလူအတြက္​လဲပိုအ​ေထာက္​အကူျဖစ္​သလို မ​ေဆာ့တတ္​တဲ့လူအတြက္​လဲ စိတ္​ခ်မ္​းသာ​ေစပါတယ္​။ Veterenေတြေတာ္ေတာ္မ်ားမ်ားကေတာ့ fighting game ေတြကို nerf ပစ္တယ္ဆိုျပီး မျကိုက္ျကပါဘူး။ ခုထိ reddit လိုေနရာမ်ိဳးမွာခ်ေနျကတဲ့ topic တစ္ခုပါ။

 

Real Time Applications

တကယ္​့ပြဲထဲ​ေရာက္​ၿပီဆို turn based game မဟုတ္​တာ​ေၾကာင္​့ကိုယ္​မွန္​းထားသလိုမျဖစ္​တာမ်ားပါတယ္​။ သို႔​ေသာ္​ basic အ​ေနနဲ႔ ရန္​သူကဖလာႀကီးခုန္​ဝင္​ရင္​ ကိုယ္​့ character ရဲ႕ anti air ကဘယ္​ခုလုတ္​လဲဆိုတာသိထားဖို႔လိုသလိုပဲ ရန္​သူ whiff ျဖစ္​တဲ့အခ်ိန္​မ​ေၾကာက္​ပဲ​ေျပးဝင္​ရဲဖို႔​ေလာက္​က​ေတာ့သိထားမွရပါမယ္​။

ပြဲတစ္​ပြဲကိုႏိုင္​ဖို႔ဆိုတာကိုယ္​့လက္​စြမ္​းကိုလဲကိုယ္​နားလည္​ထားဖို႔လိုအပ္​ပါတယ္​။ သင္​ဟာ combo က​ေန damage 5000 ထြက္​တဲ့အခ်ိန္​မွာ ရန္​သူက 8000 ထြက္​​ေအာင္​လုပ္​ႏိုင္​​ေနရင္​ ႏွစ္​ဖက္​လံုး hp 25000 ႐ွိတယ္​ဆိုပါစို႔။ ၿပိဳင္​ဘက္​ကစားသမားက သင္​့ကို combo 3 ခုနဲ႔တစ္ခ်က္ေလာက္​အတြင္​းမွာအၿပီးသတ္​ႏိုင္​​ေပမယ္​့ သင္​က​ေတာ့ combo 5 ခုထြက္​ႏိုင္​မွႏိုင္​မွာပါ။ အဲလိုအခ်ိန္​မ်ိဳးမွာဆို ဟာ ဒီဘဲ​ေစာက္​ရမ္​းၾကမ္​းတယ္​ဆိုၿပီး ​႐ွိန္​သြားႏိုင္​ပါတယ္​။

တစ္​ခုသိထားရမွာက ဘယ္​လိုအ​ေျခအ​ေနျဖစ္​ျဖစ္​ fighting game တစ္​ခုမွာ ႏွစ္​ဖက္​လံုး ဗဟုသုတခ်င္​းညီမွ်တယ္​ဆို ႏိုင္​ဖို႔အခြင္​့အ​ေရးလဲတူတူပါပဲ။ ဒီလိုအ​ေျခအ​ေနမ်ိဳးမွာဘာလုပ္​သင္​့သလဲဆို အ​ေျဖက႐ွင္​းပါတယ္​။ ကိုယ္​့ဘက္​က neutral အ​ေျခအ​ေနမွာသူ႔ထက္​ hit confirm ျဖစ္​​ေအာင္​လုပ္​ရပါမယ္​။ neutralကိုႏိုင္​​ေအာင္​ ႏွစ္​ဆပိုၿကိဳးစားႏိုင္​ရပါမယ္​။ သူ႔ဟာသူ combo wombo ​ေတြဘယ္​​ေလာက္​ကြၽမ္​းကြၽမ္​း သူခ်သမ်ွကိုယ္​ကာၿပီး ကိုယ္​ခ်တာသူ႔သြားထိရင္​ ကိုယ္​ပဲႏိုင္​ပါတယ္​။ အဲ​ေတာ့​ေျပာခ်င္​တာက fighting game တစ္​ခုကြၽမ္​းက်င္​ဖို႔အတြက္​ combo ​ေတြအလြတ္​က်က္​စရာမလိုပါဘူး။ သင္​့ရဲ႕ reaction နဲ႔ wits ကလဲအရမ္​းအ​ေရးႀကီးပါတယ္​လို႔။ Combo ပိုင္းကိုမသာရင္ Neutral ကိုနိုင္ဖို ့လိုပါတယ္ Neutral ပိုင္းကိုမသာဘူးထင္ရင္ Combo damage ပိုထြက္ဖို ့လိုပါတယ္ နွစ္ခုလံုးျကမ္းရင္ေတာ့သင္ pro ျဖစ္ပါျပီ :3

ေနာက္​ article မွာ​ေတာ့ ​ယခု August 2019 မွာျပသမယ္​့ EVO world championship မွာပါမယ္​့ဂိမ္​း​ေတြကိုတစ္​ခုနဲ႔တစ္​ခုဘာ​ေတြကြာျခားလဲ​ ​​သံုးသပ္​ျပပါမယ္​။ ခု​ေတာ့ fighting game တစ္​ခုစ ကစားဖို႔ သိမွတ္​ဖြယ္​ရာ​ေတြ လံု​ေလာက္​ၿပီလို႔ထင္​ပါတယ္​ခင္​ဗ်ာ 😀


[Unicode]

FIGHTING GAME ကစားရင် သိထားသင့်သောအချက်များ Part (3)

ရှေ့က article မှာ အခြေခံအခေါ်အဝေါ်တွေအပြင် Frame Trap, Cancel စတဲ့ ပွဲတစ်ပွဲမှာအရေးကြီးတဲ့ tech အကွက်တွေအထိရှင်းပြခဲ့ပါတယ်။ အခု အပိုင်း ၃ မှာတော့ တကယ့်ပွဲထဲရောက်ရင်သတိထားရမယ့် အခြေအနေပေါ်ကြည့်ပြီးလုပ်ရမယ့်အချက်တွေကိုရှင်းပြပေးပါမယ်။

Anti-air


ရှေ့မှာပြောထားဖူးတဲ့အတိုင်း anti air ဆိုတာ လေပေါ်ကလာတဲ့ရန်သူကိုပြန်ကာပြီးချတဲ့အကွက်ပါ။ Midrange character တွေမှာအရမ်းကောင်းတဲ့ anti air တွေပါတယ်လို့လဲပြောဖူးပါတယ်။ ဘာလို့လဲဆိုတော့ လက်ဗလာနဲ့ character တွေကအပေါ်ကိုပင့်ထိုးတဲ့အချိန်မှာ သူတို့က ဓားတွေလှံတွေနဲ့ အပေါ်ကိုရမ်းတာပါ။ လက်သီးနဲ့ဓား Hitbox အကြီးအသေးကအရမ်းသိသာပါတယ်။ Anti Air ကိုအချိန်မှီသုံးနိုင်ရင် လေပေါ်ကလာတဲ့ဘယ်တိုက်ကွက်မဆို အဝေးပစ် projectile တွေကလွဲလို့အကုန်ကာနိုင်ပါတယ် တချို့ midrange တွေဆို အဝေးပစ်တွေပါဓားနဲ့ဖြတ်ခုတ်လို့ရပါတယ်။ တစ်ခုသိထားရမှာက anti air ကိုလေထဲမှာကာလို့မရပါဘူး။

 

Dragon Punch/ DP

Dragon Punch အတိုကောက် dp ဆိုတာက လူတိုင်းသိတဲ့ street fighter ထဲက Ryu နဲ့ Ken ရဲ့ Shoryuken အောက်ကနေလေထဲပင့်ထိုးတဲ့အကွက်ကိုခေါ်တာပါ။ Terms တစ်ခုအနေနဲ့ဖြစ်ရလောက်တဲ့ထိဘာလို့နာမည်ကြီးလဲဆိုရင် အဲကနေ နောက်ပိုင်းဂိမ်းတော်တော်များများထိ တောက်လျှောက် အရေးကြီးတဲ့ mechanic တစ်ခုအဖြစ်ပါနေသေးလို့ပါ။ DP မှာထူးခြားတာတွေကသူ့မှာ ရန်သူချရင်ထိတဲ့ Hurtbox မပါပါဘူး။ ကိုယ် dp သုံးနေတုန်း ရန်သူဘာမှလုပ်လို့မရပါဘူး။ ပြီးရင် ကိုယ်ကနေရန်သူကိုထိတဲ့ Hitbox ကြီးသက်သက်လေထဲကိုတက်သွားတဲ့အတွက် အရမ်းကောင်းတဲ့ anti air အဖြစ်ပါသုံးလို့ရပါတယ်။ Hurtbox မပါတဲ့အတွက်ရန်သူ combo လွတ်တာနဲ့ အန္တရာယ်ကင်းကင်းသုံးလို့ရပါတယ်။ Frame Trap ဖမ်းလို့မရပါဘူး။ ဟာ ဒါဆို dp တွေချည့်လှိမ့် spam နေမှာပေါ့ဆိုလဲမရပါဘူး။ အပေါ်တက်ပြီးအောက်ပြန်ကျတဲ့အချိန်ဟာ dp လုပ်ပြီးလွဲသွားတဲ့လူတွေအတွက်လုံးဝ စိတ်ညစ်ဖို့ကောင်းပါတယ် ရန်သူ့အတွက် free hit တွေပါ။ ဆိုလိုချင်တာက recovery time အရမ်းကြာပါတယ် ရန်သူ့comboကြားထဲမှာလွတ်ပြီး ထိသွားနိုင်ရင်တော့ သေချာပေါက် counter ဖြစ်ပါတယ်။

Juggle


Juggleလုပ်တယ်ဆိုတာ ရန်သူကိုလေထဲမှာအောက်မကျအောင်ဆက်တိုက်ချတာကိုခေါ်တာပါ။ Juggle လုပ်ဖို့က 50/50 လေပေါ်ကလာတဲ့ရန်သူကို ကိုယ်တိုင်ခုန်ပြီး သူမထိရင်ကိုယ်ထိ ဝင်ချတာနဲ့ anti air သုံးပြီးတဲ့အခါလိုက်ခုန်ပြီးချတာရှိပါတယ်။ နောက်တစ်ခုက မြေပေါ်ချနေတဲ့ combo ကနေလေထဲမြှောက်ပြီး juggle တာပါ။ အဲမှာ juggling လုပ်ဖို့ ရန်သူကိုလေပေါ်ပစ်တင်ဖို့ဆို combo တိုင်းကို anti air နဲ့အဆုံးသတ်ပေးဖို့လိုပါတယ်။ Dragon Punch dp မှာတော့ recovery time ရှိပါတယ် juggle နဲ့လိုက်လို့မရပါဘူး။

Neutral

(Granblue Versus 2019)

ပွဲတစ်ပွဲစချပြီဆိုရင် စစချင်းပေးတဲ့အခြေအနေကို Neutral လို့ခေါ်ပါတယ်။ Marvel Vs Capcom မှာတော့ပွဲအစ 3-2-1 countdown မှာကိုယ်လိုချင်တဲ့အခြေအနေရောက်အောင်ထိန်းညှိခွင့်ပေးထားပါတယ်။ အဲချိန်မှာ ရင်ဘတ်ချင်းပြေးတိုက်တာဟာ zoner တွေအတွက်အရမ်းနိမ့်သလို grappler ကိုင်ပြီးလဲနောက်မဆုတ်သွားသင့်ပါဘူး။ လုံးဝ neutral အခြေအနေမှာအားအသာဆုံးကတော့ midrange တွေပါ။

 

Footsies

Fighting Game ရဲ့ရည်ရွယ်ချက်က ရန်သူရဲ့ hp bar ကိုအဆုံးထိလျှော့နိုင်ဖို့ပါ။ အဲလိုဖြစ်ဖို့က ကိုယ်ချတာဟိုဘက်ကိုထိဖို့လိုပါတယ်။ နှစ်ဖက်လုံးမျှနေတဲ့ neutral အခြေအနေမှာ ကိုယ်ချတဲ့အချက်သွားထိဖို့နှစ်ယောက်လုံးကြိုးစားကြတာကို footsie ဆော့တယ်လို့ခေါ်ပါတယ်။ နောက်ဆုတ်မလိုလိုနဲ့ရှေ့တစ်ချက်တိုးပြီး ပြေးကန်တာတို့ ငုံ့ပြီး ခြေထိုးမထိရင်နောက်ဆုတ် hadouken ပစ် ရန်သူကိုဖြဲခြောက်ကြတာကို footsie လို့ခေါ်ပါတယ်။ သေချာပေါက်တစ်ချက်ထိပြီဆိုတာနဲ့ combo တွေဝင်မယ့်အခြေအနေမို့ neutral အခြေအနေမှာ footsie play ကအရမ်းအရေးကြီးပါတယ်။

ဒါချည့်သက်သက်ဆော့လို့ရတဲ့ Footsie ဆိုတဲ့ဂိမ်းတောင်ထွက်လာခဲ့ပါသေးတယ်။ မနှစ်က EVO2018 မှာပြသခဲ့ပါတယ်။

 

Auto Combo

Fighting game တွေကိုကြိုက်ရဲ့သားနဲ့ခက်လို့မဆော့နိုင်တဲ့လူတွေအတွက်ခုနောက်ပိုင်းမှာ developer တွေက auto combo ဆိုတာကိုထည့်လာပေးပါတယ်။ ခုလုတ်တစ်ခုတည်းနှိပ်နေရုံနဲ့ light medium heavy special combo တစ်ခုစာဆက်တိုက်ထွက်အောင်လုပ်ပေးထားတာပါ။ တချို့ဂိမ်းတွေဆို combo အဆုံးမှာ super bar လုံလောက်ရင် super attack ပါထွက်အောင်လုပ်ပေးထားတဲ့အထိရှိပါတယ်။ Auto Combo ဟာ manual ကိုယ်တိုင်နှိပ်သမားလောက် အကြမ်းဆုံးအခြေအနေထိတွန်းမပို့နိုင်ပေမယ့် အန္တရာယ်များတာကိုတော့ငြင်းမရပါဘူး။ နဂိုဆော့တတ်ပြီးသားလူအတွက်လဲပိုအထောက်အကူဖြစ်သလို မဆော့တတ်တဲ့လူအတွက်လဲ စိတ်ချမ်းသာစေပါတယ်။ Veterenတွေတော်တော်များများကတော့ fighting game တွေကို nerf ပစ်တယ်ဆိုပြီး မကြိုက်ကြပါဘူး။ ခုထိ reddit လိုနေရာမျိုးမှာချနေကြတဲ့ topic တစ်ခုပါ။

Real Time Applications

တကယ့်ပွဲထဲရောက်ပြီဆို turn based game မဟုတ်တာကြောင့်ကိုယ်မှန်းထားသလိုမဖြစ်တာများပါတယ်။ သို့သော် basic အနေနဲ့ ရန်သူကဖလာကြီးခုန်ဝင်ရင် ကိုယ့် character ရဲ့ anti air ကဘယ်ခုလုတ်လဲဆိုတာသိထားဖို့လိုသလိုပဲ ရန်သူ whiff ဖြစ်တဲ့အချိန်မကြောက်ပဲပြေးဝင်ရဲဖို့လောက်ကတော့သိထားမှရပါမယ်။

ပွဲတစ်ပွဲကိုနိုင်ဖို့ဆိုတာကိုယ့်လက်စွမ်းကိုလဲကိုယ်နားလည်ထားဖို့လိုအပ်ပါတယ်။ သင်ဟာ combo ကနေ damage 5000 ထွက်တဲ့အချိန်မှာ ရန်သူက 8000 ထွက်အောင်လုပ်နိုင်နေရင် နှစ်ဖက်လုံး hp 25000 ရှိတယ်ဆိုပါစို့။ ပြိုင်ဘက်ကစားသမားက သင့်ကို combo 3 ခုနဲ့တစ်ချက်လောက်အတွင်းမှာအပြီးသတ်နိုင်ပေမယ့် သင်ကတော့ combo 5 ခုထွက်နိုင်မှနိုင်မှာပါ။ အဲလိုအချိန်မျိုးမှာဆို ဟာ ဒီဘဲစောက်ရမ်းကြမ်းတယ်ဆိုပြီး ရှိန်သွားနိုင်ပါတယ်။

တစ်ခုသိထားရမှာက ဘယ်လိုအခြေအနေဖြစ်ဖြစ် fighting game တစ်ခုမှာ နှစ်ဖက်လုံး ဗဟုသုတချင်းညီမျှတယ်ဆို နိုင်ဖို့အခွင့်အရေးလဲတူတူပါပဲ။ ဒီလိုအခြေအနေမျိုးမှာဘာလုပ်သင့်သလဲဆို အဖြေကရှင်းပါတယ်။ ကိုယ့်ဘက်က neutral အခြေအနေမှာသူ့ထက် hit confirm ဖြစ်အောင်လုပ်ရပါမယ်။ neutralကိုနိုင်အောင် နှစ်ဆပိုကြိုးစားနိုင်ရပါမယ်။ သူ့ဟာသူ combo wombo တွေဘယ်လောက်ကျွမ်းကျွမ်း သူချသမျှကိုယ်ကာပြီး ကိုယ်ချတာသူ့သွားထိရင် ကိုယ်ပဲနိုင်ပါတယ်။ အဲတော့ပြောချင်တာက fighting game တစ်ခုကျွမ်းကျင်ဖို့အတွက် combo တွေအလွတ်ကျက်စရာမလိုပါဘူး။ သင့်ရဲ့ reaction နဲ့ wits ကလဲအရမ်းအရေးကြီးပါတယ်လို့။ Combo ပိုင်းကိုမသာရင် Neutral ကိုနိုင်ဖို့လိုပါတယ် Neutral ပိုင်းကိုမသာဘူးထင်ရင် Combo damage ပိုထွက်ဖို့လိုပါတယ် နှစ်ခုလုံးကြမ်းရင်တော့သင် pro ဖြစ်ပါပြီ :3


နောက် article မှာတော့ ယခု August 2019 မှာပြသမယ့် EVO world championship မှာပါမယ့်ဂိမ်းတွေကိုတစ်ခုနဲ့တစ်ခုဘာတွေကွာခြားလဲ သုံးသပ်ပြပါမယ်။ ခုတော့ fighting game တစ်ခုစ ကစားဖို့ သိမှတ်ဖွယ်ရာတွေ လုံလောက်ပြီလို့ထင်ပါတယ်ခင်ဗျာ 😀

 

~Lan~