[Unicode]
ITFA (Independent Tele Football Association) မှ ကြီးမှုးကျင်းပမည့် Fifa Pro Club World Cup အတွက် Asia Qualifier မှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိတဲ့ မြန်မာ့လက်ရွေးစဉ်အသင်းဟာ အုပ်စုပွဲဒုတိယမြောက်နေ့ ရလာဒ်များရ အများပေးဇယား၏ ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပါတယ်။
မြန်မာ့လက်ရွေးစဉ်အသင်းဟာ စကာၤပူအသင်းအား အဝေးကွင်းတွင် 1 – 0 ဖြင့်အနိုင်ရပြီး၊ အိမ်ကွင်းရလာဒ် 2 – 3 ဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် +3 Points (စုစုပေါင်း ရမှတ် ၇ မှတ်ဖြင့်) အမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယနေရာတွင် Omen အသင်းက (၅) မှတ်၊ တတိယနေရာတွင် Malaysia အသင်းက (၅) မှတ်နှင့် စတုတ္ထနေရာတွင် Singapore အသင်းက (၄) မှတ်ဖြင့် အသီးသီး ရပ်တည်လျက်ရှိပါတယ်။
ဒါကြောင့် အဆုံးအဖြတ်ပေးမည့် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်ပွဲကို လာမယ့် ဇွန်လ (၃ဝ) ရက်၊ တနင်္ဂနွေနေ့၊ ည (၁ဝ) နာရီတွင် MFPC Facebook Page တွင် တိုက်ရိုက်ပြသသွားမှာလည်း ဖြစ်ပါတယ်။
https://www.facebook.com/MFifaproclub
(ဤသတင်းအား MFPC official page မှ ကူးယူဖော်ပြပါသည်။)
#GamingNoodle #FifaProClub #MFPC