[Zawgyi]

Formula-1 ကားၿပိဳင္ပြဲဝင္ အသင္းေတြအားလံုးမွာ Esports အသင္းကိုယ္စီ ရွိေနတယ္ဆိုတာ သင္ယံုလိုက္ပါ။

နာမည္ႀကီး ကားေမာင္းဂိမ္းေတြျဖစ္တဲ့ Grid, Dirt, F1 စတဲ့ ဂိမ္းေတြရဲ႕ ထုတ္လုပ္သူ Codemasters ဟာ Formula 1 နဲ႔ ပူးေပါင္းၿပီး 2018 မွာ Esports League တစ္ခု ဖန္တီးခဲ့ပါတယ္။ (တကယ္တမ္းက ၂၀၁၇ ကတည္းက F1 Esports Series ဆိုၿပီး ရွိေနေပမယ့္ တကယ့္ Formula 1 အသင္းေတြ ကိုယ္တိုင္ပါဝင္လာတာကေတာ့ ၂၀၁၈ မွပါ။)

ဆုေၾကးေငြ ေဒၚလာ ၂၀၀,၀၀၀ အထိ ေပးအပ္ခဲ့တဲ့ 2018 F1 Esports Series မွာေတာ့ Mercedes-AMG ရဲ႕ ကစားသမား “ဘရန္ဒန္ လိခ္” က အႏိုင္ရဗိုလ္စြဲခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၈ ၿပိဳင္ပြဲမွာတုန္းက ဖာရာရီ မပါဝင္ခဲ့ပဲ က်န္တဲ့ Formula 1 အသင္း ၉ သင္းသာ ပါဝင္ယွဥ္ၿပိဳင္ခဲ့တာပါ။

2018 F! Esports Series

ဒီႏွစ္မွာေတာ့ ၿပိင္ပြဲရဲ႕ title sponsor ကို အားကစားပစၥည္း ကုမၸဏီ “New Balance” က ရယူခဲ့ၿပီး F1 New Balance Esports Series 2019 လို႔ အမည္တြင္ေစခဲ့ပါတယ္။ ဒါ့အျပင္ စုစုေပါင္းဆုေၾကးကိုလည္း ေဒၚလာ ၅၀၀,၀၀၀ အထိတိုးျမႇင့္ခဲ့ခ်ိန္မွာေတာ့ ဖာရာရီလည္း ထိုင္ၾကည့္ေနလို႔ မျဖစ္ေတာ့ပါဘူး။

Formula 1 သမိုင္းမွာ အရွိန္အဝါအႀကီးဆံုးနဲ႔ ေအာင္ျမင္မႈအမ်ားဆံုးျဖစ္ၿပီး ၿပိဳင္ကားလို႔ေျပာလိုက္ရင္ကို တြဲျမင္ၾကတဲ့ အီတလီ Brand ျဖစ္တဲ့ ဖာရာရီဟာ ဒီႏွစ္ F1 New Balance Esports Series 2019 မွာ ပါဝင္ေတာ့မယ္လို႔ တရားဝင္ ေၾကညာခဲ့ၿပီပဲ ျဖစ္ပါတယ္။

Lewis Hamilton, Mercedes F1 W08 EQ Power+, leads Sebastian Vettel, Ferrari SF70H, Kimi Raikkonen, Ferrari SF70H, Felipe Massa, Williams FW40 Mercedes and the rest of the field.

F1 New Balance Esports Series 2019 ရဲ႕ Online Qualifier ေတြကိုေတာ့ ဧၿပီလကတည္းက စတင္ေနၿပီ ျဖစ္ၿပီး F1 2018 ဂိမ္းအမ်ိဳးအစားနဲ႔ Play Station 4, XBox One နဲ႔ PC စတဲ့ ပလက္ေဖာင္း သုံးခုလံုးမွာ ပါဝင္ယွဥ္ၿပိဳင္ရတာပဲ ျဖစ္ပါတယ္။ ထို Qualifier ေတြရဲ႕ Platform တစ္ခုစီက အမွတ္အမ်ားဆံုး Player ေတြဟာ Pro Draft အဆင့္ကို တက္ေရာက္ခြင့္ရပါတယ္။

Pro Draft ကိုေတာ့ ဒီႏွစ္ ဇူလိုင္ ၁၇ မွာ က်င္းပမွာျဖစ္ပါတယ္။ Pro Draft ဆိုတာကေတာ့ Qualifier မွာ အေကာင္းဆံုးဆိုတဲ့ Player ေတြကို Formula 1 အသင္း (၁၀) သင္းက ေခါင္းေခါက္ေရြးခ်ယ္က်တာပါ။ Pro Draft မွာ ကစားသမားေတြ ေခၚယူၿပီးမွ Pro Series ဆိုၿပီး စက္တင္ဘာကေန ဒီဇင္ဘာအထိ ယွဥ္ၿပိဳင္ရတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ DHL ကလည္း Fastest Lap (အျမန္ဆံုး ကြင္းပါတ္ စံခ်ိန္) ဆုအတြက္ကိုလည္း Sponsor ေပးထားပါေသးတယ္။

တေလာကလံုး Esports ဆိုၿပီး ျဖစ္ေနခ်ိန္မွာ ဒီ ကမာၻေက်ာ္ Formula 1 အသင္းေတြမွာပါ Esports ၿပိဳင္ပြဲ သီးသန္႔ရွိတယ္ဆိုတာ အရမ္း စိတ္ဝင္စားစရာေကာင္းပါတယ္။ ေသခ်ာတာကေတာ့ လာမယ့္ ဇူလိုင္ ၁၇ ရက္ေန႔က် Twitch မွာျပမယ့္ Pro Draft က်ရင္ ဘယ္အသင္းေတြ ဘယ္လိုေခၚမယ္ဆိုတာ ေစာင့္ၾကည့္ဖို႔ ကၽြန္ေတာ္ကေတာ့ PC ေရွ႕ ေရာက္ေနမွာပါ။

 

===============================================================

[Unicode]

Formula-1 ကားပြိုင်ပွဲဝင် အသင်းတွေအားလုံးမှာ Esports အသင်းကိုယ်စီ ရှိနေတယ်ဆိုတာ သင်ယုံလိုက်ပါ။

နာမည်ကြီး ကားမောင်းဂိမ်းတွေဖြစ်တဲ့ Grid, Dirt, F1 စတဲ့ ဂိမ်းတွေရဲ့ ထုတ်လုပ်သူ Codemasters ဟာ Formula 1 နဲ့ ပူးပေါင်းပြီး 2018 မှာ Esports League တစ်ခု ဖန်တီးခဲ့ပါတယ်။ (တကယ်တမ်းက ၂၀၁၇ ကတည်းက F1 Esports Series ဆိုပြီး ရှိနေပေမယ့် တကယ့် Formula 1 အသင်းတွေ ကိုယ်တိုင်ပါဝင်လာတာကတော့ ၂၀၁၈ မှပါ။)

ဆုကြေးငွေ ဒေါ်လာ ၂၀၀,၀၀၀ အထိ ပေးအပ်ခဲ့တဲ့ 2018 F1 Esports Series မှာတော့ Mercedes-AMG ရဲ့ ကစားသမား “ဘရန်ဒန် လိခ်” က အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ပြိုင်ပွဲမှာတုန်းက ဖာရာရီ မပါဝင်ခဲ့ပဲ ကျန်တဲ့ Formula 1 အသင်း ၉ သင်းသာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။

2018 F1 Esports Series

ဒီနှစ်မှာတော့ ပြိင်ပွဲရဲ့ title sponsor ကို အားကစားပစ္စည်း ကုမ္ပဏီ “New Balance” က ရယူခဲ့ပြီး F1 New Balance Esports Series 2019 လို့ အမည်တွင်စေခဲ့ပါတယ်။ ဒါ့အပြင် စုစုပေါင်းဆုကြေးကိုလည်း ဒေါ်လာ ၅၀၀,၀၀၀ အထိတိုးမြှင့်ခဲ့ချိန်မှာတော့ ဖာရာရီလည်း ထိုင်ကြည့်နေလို့ မဖြစ်တော့ပါဘူး။

Formula 1 သမိုင်းမှာ အရှိန်အဝါအကြီးဆုံးနဲ့ အောင်မြင်မှုအများဆုံးဖြစ်ပြီး ပြိုင်ကားလို့ပြောလိုက်ရင်ကို တွဲမြင်ကြတဲ့ အီတလီ Brand ဖြစ်တဲ့ ဖာရာရီဟာ ဒီနှစ် F1 New Balance Esports Series 2019 မှာ ပါဝင်တော့မယ်လို့ တရားဝင် ကြေညာခဲ့ပြီပဲ ဖြစ်ပါတယ်။

Lewis Hamilton, Mercedes F1 W08 EQ Power+, leads Sebastian Vettel, Ferrari SF70H, Kimi Raikkonen, Ferrari SF70H, Felipe Massa, Williams FW40 Mercedes and the rest of the field.

F1 New Balance Esports Series 2019 ရဲ့ Online Qualifier တွေကိုတော့ ဧပြီလကတည်းက စတင်နေပြီ ဖြစ်ပြီး F1 2018 ဂိမ်းအမျိုးအစားနဲ့ Play Station 4, XBox One နဲ့ PC စတဲ့ ပလက်ဖောင်း သုံးခုလုံးမှာ ပါဝင်ယှဉ်ပြိုင်ရတာပဲ ဖြစ်ပါတယ်။ ထို Qualifier တွေရဲ့ Platform တစ်ခုစီက အမှတ်အများဆုံး Player တွေဟာ Pro Draft အဆင့်ကို တက်ရောက်ခွင့်ရပါတယ်။

Pro Draft ကိုတော့ ဒီနှစ် ဇူလိုင် ၁၇ မှာ ကျင်းပမှာဖြစ်ပါတယ်။ Pro Draft ဆိုတာကတော့ Qualifier မှာ အကောင်းဆုံးဆိုတဲ့ Player တွေကို Formula 1 အသင်း (၁၀) သင်းက ခေါင်းခေါက်ရွေးချယ်ကျတာပါ။ Pro Draft မှာ ကစားသမားတွေ ခေါ်ယူပြီးမှ Pro Series ဆိုပြီး စက်တင်ဘာကနေ ဒီဇင်ဘာအထိ ယှဉ်ပြိုင်ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် DHL ကလည်း Fastest Lap (အမြန်ဆုံး ကွင်းပါတ် စံချိန်) ဆုအတွက်ကိုလည်း Sponsor ပေးထားပါသေးတယ်။

တလောကလုံး Esports ဆိုပြီး ဖြစ်နေချိန်မှာ ဒီ ကမ္ဘာကျော် Formula 1 အသင်းတွေမှာပါ Esports ပြိုင်ပွဲ သီးသန့်ရှိတယ်ဆိုတာ အရမ်း စိတ်ဝင်စားစရာကောင်းပါတယ်။ သေချာတာကတော့ လာမယ့် ဇူလိုင် ၁၇ ရက်နေ့ကျ Twitch မှာပြမယ့် Pro Draft ကျရင် ဘယ်အသင်းတွေ ဘယ်လိုခေါ်မယ်ဆိုတာ စောင့်ကြည့်ဖို့ ကျွန်တော်ကတော့ PC ရှေ့ ရောက်နေမှာပါ။

 

#Ferrari #FormulaOne #Esports #Codemasters #Jerry