[Unicode]

အမျိုးသမီး Pro Gamer တစ်ဦး ဗိုလ်စွဲသွားတဲ့ Hearthstone ကမ္ဘာ့ ချန်ပီယံရှစ် ပြိုင်ပွဲ

 

တရုတ် အမျိုးသမီး Hearthstone ပရိုတစ်ယောက်ဖြစ်တဲ့ Xianmeng Li (In-game name – VKLiooon) ဟာ စနေနေ့က ကျင်းပပြီးစီးခဲ့တဲ့ ပထမဆုံးအကြိမ် Hearthstone GrandMasters Global Finals ပွဲမှာ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ Hearthstone ဆိုတာကတော့ PC ရော Mobile မှာပါဆော့လို့ရတဲ့ Free-to-play ကဒ်ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။

Hearthstone ပြိုင်ပွဲရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ GrandMasters Global Final တကမ္ဘာလုံးမှ လက်ရည်စစ်ပွဲအောင်မြင်ခဲ့ကြတဲ့ ကစားသမား ၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Valiant Knighthood အသင်းမှ Liooon က Final မှာ အမေရိကန်ကစားသမား bloodyface ကို 3-0 နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။ VKLiooon ဟာ Hearthstone ကမ္ဘာ့ ချန်ပီယံဆုကို ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီးတစ်ဦးလည်းဖြစ်ပြီး ဒီပြိုင်ပွဲမှာတော့ ဆုကြေးအနေနဲ့ ​ဒေါ်လာ ၂၀၀,၀၀၀ ရရှိခဲ့ပါတယ်။

VKLiooon အတွက်တော့ ယခုပြိုင်ပွဲကို လွာ်လွယ်နဲ့ အနိုင်ရရှိခဲ့တာမဟုတ်ပါဘူး။ တရုတ် Region ဟာ Grandmasters Circuit ထဲမှာမပါဝင်တဲ့အတွက် Open Qualifier ကနေ စတင်ဆော့ကစားပြီး ယခုလို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိအပြီးမှာတော့ VKLiooon ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က ပြိုင်ပွဲတစ်ခုမှာ အမျိုးသား ကစားသမားတစ်ယောက်မှ “ဒါဟာ မင်းနေရာမဟုတ်ဘူး” ဆိုပြီး ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အဖြစ်အဖျက်တစ်ခုကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် VKLiooon ဟာ Esports ပြိုင်ပွဲတွေမှာ အောင်မြင်ဖို့ကို အိပ်မက်မက်နေကြတဲ့ အမျိုးသမီးဂိမ်မာတွေအနေနဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို မေ့ထားကာ ကိုယ့်ကို ယုံကြည်မှုအပြည့်နဲ့ ချန်ပီယံဆုကို အရယူကြဖို့ အားပေးစကား ပြောဆိုခဲ့ပါတယ်။

Hearthstone ဟာ မြန်မာနိုင်ငံမှာ လူသိနည်းတဲ့ Esports ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပေမယ့် လာမယ့် SEA Games Esports ပြိုင်ပွဲမှာတော့ ပါဝယ်မယ့် ဂိမ်း ၆ မျိုးအနက်မှ တစ်မျိုးအဖြစ် ရွေးချယ်ခြင်း ခံထားရပါတယ်။ ဒါ့အပြင် ဖျလစ်ပိုင်နိုင်ငံ Esports အသင်းရဲ့ Hearthstone ဂိမ်းကို ကိုယ်စားပြုယှဉ်ပြိုင်မယ့် လူစာရင်းမှာလည်း ထူးထူးခြားခြား အမျိုးသမီးတစ်ဦး (Jia) ပါဝင်နေပါသေးတယ်။

အမျိုးသားအများစု ကြီးစိုးနေတဲ့ Esports လောကမှာ အမျိုးသမီးတစ်ဦးက ကမ္ဘာ့ ချန်ပီယံဆုရရှိတယ်ဆိုတာ အမျိုးသမီး ဂိမ်မာတွေအတွက်တော့ ရှေ့ဆောင်လမ်းပြဖြစ်စေမှာ အသေအချာပါပဲ။ VKLiooon နည်းတူ ဖိလစ်ပိုင် အမျိုးသမီးဂိမ်မာ “Jia” ကလည်း SEA Games မှာ ဆုတံဆိပ်ဆု တစ်ခုခုရယူနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။


[Zawgyi]

အမ်ိဳးသမီး Pro Gamer တစ္ဦး ဗိုလ္စြဲသြားတဲ့ Hearthstone ကမာၻ႔ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲ

 

တ႐ုတ္ အမ်ိဳးသမီး Hearthstone ပ႐ိုတစ္ေယာက္ျဖစ္တဲ့ Xianmeng Li (In-game name – VKLiooon) ဟာ စေနေန႔က က်င္းပၿပီးစီးခဲ့တဲ့ ပထမဆုံးအႀကိမ္ Hearthstone GrandMasters Global Finals ပြဲမွာ အႏိုင္ရ ဗိုလ္စြဲခဲ့ပါတယ္။ Hearthstone ဆိုတာကေတာ့ PC ေရာ Mobile မွာပါေဆာ့လို႔ရတဲ့ Free-to-play ကဒ္ဂိမ္းအမ်ိဳးအစားတစ္ခုျဖစ္ပါတယ္။

Hearthstone ၿပိဳင္ပြဲရဲ႕ အဆင့္အျမင့္ဆုံး ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ GrandMasters Global Final တကမာၻလုံးမွ လက္ရည္စစ္ပြဲေအာင္ျမင္ခဲ့ၾကတဲ့ ကစားသမား ၈ ဦး ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး Valiant Knighthood အသင္းမွ Liooon က Final မွာ အေမရိကန္ကစားသမား bloodyface ကို 3-0 နဲ႔ အႏိုင္ရ ဗိုလ္စြဲခဲ့တာလည္း ျဖစ္ပါတယ္။ VKLiooon ဟာ Hearthstone ကမာၻ႔ ခ်န္ပီယံဆုကို ရရွိခဲ့တဲ့ ပထမဆုံး အမ်ိဳးသမီးတစ္ဦးလည္းျဖစ္ၿပီး ဒီၿပိဳင္ပြဲမွာေတာ့ ဆုေၾကးအေနနဲ႔ ​ေဒၚလာ ၂၀၀,၀၀၀ ရရွိခဲ့ပါတယ္။

VKLiooon အတြက္ေတာ့ ယခုၿပိဳင္ပြဲကို လြာ္လြယ္နဲ႔ အႏိုင္ရရွိခဲ့တာမဟုတ္ပါဘူး။ တ႐ုတ္ Region ဟာ Grandmasters Circuit ထဲမွာမပါဝင္တဲ့အတြက္ Open Qualifier ကေန စတင္ေဆာ့ကစားၿပီး ယခုလို အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲကို အႏိုင္ရရွိအၿပီးမွာေတာ့ VKLiooon ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ခန႔္က ၿပိဳင္ပြဲတစ္ခုမွာ အမ်ိဳးသား ကစားသမားတစ္ေယာက္မွ “ဒါဟာ မင္းေနရာမဟုတ္ဘူး” ဆိုၿပီး ခြဲျခားဆက္ဆံခံခဲ့ရတဲ့ အျဖစ္အဖ်က္တစ္ခုကို ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ VKLiooon ဟာ Esports ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္ဖို႔ကို အိပ္မက္မက္ေနၾကတဲ့ အမ်ိဳးသမီးဂိမ္မာေတြအေနနဲ႔ ကိုယ့္ရဲ႕ ျဖစ္တည္မႈကို ေမ့ထားကာ ကိုယ့္ကို ယုံၾကည္မႈအျပည့္နဲ႔ ခ်န္ပီယံဆုကို အရယူၾကဖို႔ အားေပးစကား ေျပာဆိုခဲ့ပါတယ္။

Hearthstone ဟာ ျမန္မာႏိုင္ငံမွာ လူသိနည္းတဲ့ Esports ဂိမ္းအမ်ိဳးအစားတစ္ခုျဖစ္ေပမယ့္ လာမယ့္ SEA Games Esports ၿပိဳင္ပြဲမွာေတာ့ ပါဝယ္မယ့္ ဂိမ္း ၆ မ်ိဳးအနက္မွ တစ္မ်ိဳးအျဖစ္ ေ႐ြးခ်ယ္ျခင္း ခံထားရပါတယ္။ ဒါ့အျပင္ ဖ်လစ္ပိုင္ႏိုင္ငံ Esports အသင္းရဲ႕ Hearthstone ဂိမ္းကို ကိုယ္စားျပဳယွဥ္ၿပိဳင္မယ့္ လူစာရင္းမွာလည္း ထူးထူးျခားျခား အမ်ိဳးသမီးတစ္ဦး (Jia) ပါဝင္ေနပါေသးတယ္။

အမ်ိဳးသားအမ်ားစု ႀကီးစိုးေနတဲ့ Esports ေလာကမွာ အမ်ိဳးသမီးတစ္ဦးက ကမာၻ႔ ခ်န္ပီယံဆုရရွိတယ္ဆိုတာ အမ်ိဳးသမီး ဂိမ္မာေတြအတြက္ေတာ့ ေရွ႕ေဆာင္လမ္းျပျဖစ္ေစမွာ အေသအခ်ာပါပဲ။ VKLiooon နည္းတူ ဖိလစ္ပိုင္ အမ်ိဳးသမီးဂိမ္မာ “Jia” ကလည္း SEA Games မွာ ဆုတံဆိပ္ဆု တစ္ခုခုရယူႏိုင္မလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္ခင္ဗ်ာ။