[Unicode]
CS:GO လောင်းကစားဒိုင် လုပ်ခဲ့ဖူးကြောင်း ပြောကြားလိုက်တဲ့ FaZe Clan ပိုင်ရှင်
နာမည်ကျော် Esports အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ FaZe Clan ရဲ့ ပိုင်ရှင်ဖြစ်သူ Richard “Banks” Bengtson ဟာ BADNWZ နဲ့ အင်တာဗျူးတစ်ခုကို မကြာသေးမီက ဖြေကြားခဲ့ပါတယ်။ ယင်းအင်တာဗျူး အတွင်း Banks ရဲ့ ပြောကြားချက်များထဲမှာတော့ FaZe Clan စတင်တည်ထောင်စဉ်က အကြောင်းအရာ များနဲ့ Esports သမိုင်းကြောင်းတစ်လျှောက် ရုန်းကန်ခဲ့ရပုံများ ပါဝင်ခဲ့ပါတယ်။

ယင်းအင်တာဗျူးအတွင်းမှာပဲ သူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က သူကိုယ်တိုင် CS: GO လောင်းကစား ဝက်ဘ်ဆိုက်ထောင်ပြီး ဒိုင်အဖြစ် ရပ်တည်ခဲ့ဖူးကြောင်း ဖြေကြားခဲ့ပါတယ်။ FaZe Clan ဟာ စစချင်းမှာ CS:GO လောကထဲကို ဝင်တိုးနိုင်ဖို့အတွက် ငွေကြေး မလုံလောက်တဲ့အတွက် ဒီလိုလုပ်ခဲ့ရတာ ဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။
Banks တည်ထောင်ခဲ့တဲ့ လောင်းကစားဝက်ဘ်ဆိုက်ရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် FaZe Clan ရဲ့ ထိန်းချုပ်မှုအောက်မှာ ယင်းလောင်းကစားဝက်ဘ်ဆိုက်ကနေ တစ်နေ့ကို ဒေါ်လာ ၂ သိန်းကျော်အထိ ဝင်ငွေရှိခဲ့နေခဲ့ကြောင်းနဲ့ တရားဝင်လည်ပတ်နေခဲ့တာဖြစ်ကြောင်းတို့ကိုတော့ Banks က ပြောကြားခဲ့ပါတယ်။
Banks နဲ့ FaZe Clan ဟာ ယင်းဝက်ဘ်ဆိုက်ကို Antigua ကျွန်းပေါ်ကနေ ထိန်းချုပ်နေခဲ့တာဖြစ်ပြီး ဒီလိုပြုလုပ်နိုင်ဖို့အတွက် ယင်းဒေသရဲ့ အုပ်ချုပ်သူကို ဒေါ်လာ ၁ သိန်းပေးဆောင်ခဲ့ရကြောင်းကိုလည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ယင်းဆိုက်ကို ယခုအချိန်မှာတော့ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

CS: GO လောင်းကစားလောကအတွင်းမှာ တရားဝင်အချက်အလက်များနဲ့ အပြည့်အစုံ ကိုက်ညီတဲ့ လောင်းကစားဒိုင် ရှားပါးလွန်းလှပါတယ်။ လောင်းကစားပြုလုပ်တဲ့နေရာမှာ အပြင်မှာ အသုံးပြုနေတဲ့ ငွေကြေးနဲ့ မဟုတ်ပဲ skin များနဲ့သာ ပြုလုပ်ရတဲ့အတွက် ဥပဒေကို လက်တစ်လုံးခြားလှည့်ဖျားပြီး အသုံးပြုသူများကို လိမ်ညာလေ့ရှိတဲ့ လောင်းကစားဒိုင်များလည်း ပေါ်ပေါက်လာတတ်ပါတယ်။
Valve ကိုယ်တိုင်ကလည်း ကုမ္ပဏီရဲ့ဂိမ်းများပေါ်မှာ အခြေပြုပြီး အကြီးအကျယ်အလုပ်ဖြစ်နေကြတဲ့ လောင်းကစားဒိုင်များအကြောင်းကို သတိထားမိပါတယ်။ ဒါကြောင့် Valve ဟာ Steam user agreement ကို ချိုးဖောက်နေကြတဲ့ လောင်းကစားဝက်ဘ်ဆိုက် ၂၃ ခုရဲ့ အမည်များကို တရားဝင်ထုတ်ဖော်ကြေညာပြီး အမည်ပျက်စာရင်း သွင်းခဲ့ဖူးပါတယ်။

FaZe Clan ရဲ့ ပိုင်ရှင်ဖြစ်သူ Banks ထူထောင်ခဲ့တဲ့ လောင်းကစားဝက်ဘ်ဆိုက်ဟာ Valve ကြေညာခဲ့တဲ့ အမည်ပျက်စာရင်းထဲမှာ ပါဝင်နေခဲ့မလား ဆိုတာကတော့ မည်သူမှ မသိနိုင်တော့ပါဘူး။ မည်သို့ပင်ဖြစ်စေ တိုးတက်လာတဲ့ Esports လောကနဲ့အတူ ဒွန်တွဲပြီး အင်အားကြီးမားလာနေတဲ့ Esports လောင်းကစား လောကဟာလည်း ပြဿနာများ အရှုပ်တော်ပုံများနဲ့အတူ ဆက်လက်ရှင်သန်နေဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: dailyesports.gg
[ZawGyi]
CS:GO ေလာင္းကစားဒိုင္ လုပ္ခဲ့ဖူးေၾကာင္း ေျပာၾကားလိုက္တဲ့ FaZe Clan ပိုင္ရွင္
နာမည္ေက်ာ္ Esports အဖြဲ႕အစည္းႀကီးတစ္ခုျဖစ္တဲ့ FaZe Clan ရဲ႕ ပိုင္ရွင္ျဖစ္သူ Richard “Banks” Bengtson ဟာ BADNWZ နဲ႔ အင္တာဗ်ဴးတစ္ခုကို မၾကာေသးမီက ေျဖၾကားခဲ့ပါတယ္။ ယင္းအင္တာဗ်ဴး အတြင္း Banks ရဲ႕ ေျပာၾကားခ်က္မ်ားထဲမွာေတာ့ FaZe Clan စတင္တည္ေထာင္စဥ္က အေၾကာင္းအရာ မ်ားနဲ႔ Esports သမိုင္းေၾကာင္းတစ္ေလွ်ာက္ ႐ုန္းကန္ခဲ့ရပုံမ်ား ပါဝင္ခဲ့ပါတယ္။

ယင္းအင္တာဗ်ဴးအတြင္းမွာပဲ သူဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္က သူကိုယ္တိုင္ CS: GO ေလာင္းကစား ဝက္ဘ္ဆိုက္ေထာင္ၿပီး ဒိုင္အျဖစ္ ရပ္တည္ခဲ့ဖူးေၾကာင္း ေျဖၾကားခဲ့ပါတယ္။ FaZe Clan ဟာ စစခ်င္းမွာ CS:GO ေလာကထဲကို ဝင္တိုးႏိုင္ဖို႔အတြက္ ေငြေၾကး မလုံေလာက္တဲ့အတြက္ ဒီလိုလုပ္ခဲ့ရတာ ျဖစ္ေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။
Banks တည္ေထာင္ခဲ့တဲ့ ေလာင္းကစားဝက္ဘ္ဆိုက္ရဲ႕ နာမည္ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ FaZe Clan ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ယင္းေလာင္းကစားဝက္ဘ္ဆိုက္ကေန တစ္ေန႔ကို ေဒၚလာ ၂ သိန္းေက်ာ္အထိ ဝင္ေငြရွိခဲ့ေနခဲ့ေၾကာင္းနဲ႔ တရားဝင္လည္ပတ္ေနခဲ့တာျဖစ္ေၾကာင္းတို႔ကိုေတာ့ Banks က ေျပာၾကားခဲ့ပါတယ္။
Banks နဲ႔ FaZe Clan ဟာ ယင္းဝက္ဘ္ဆိုက္ကို Antigua ကြၽန္းေပၚကေန ထိန္းခ်ဳပ္ေနခဲ့တာျဖစ္ၿပီး ဒီလိုျပဳလုပ္ႏိုင္ဖို႔အတြက္ ယင္းေဒသရဲ႕ အုပ္ခ်ဳပ္သူကို ေဒၚလာ ၁ သိန္းေပးေဆာင္ခဲ့ရေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ယင္းဆိုက္ကို ယခုအခ်ိန္မွာေတာ့ ပိတ္သိမ္းလိုက္ၿပီျဖစ္ေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။

CS: GO ေလာင္းကစားေလာကအတြင္းမွာ တရားဝင္အခ်က္အလက္မ်ားနဲ႔ အျပည့္အစုံ ကိုက္ညီတဲ့ ေလာင္းကစားဒိုင္ ရွားပါးလြန္းလွပါတယ္။ ေလာင္းကစားျပဳလုပ္တဲ့ေနရာမွာ အျပင္မွာ အသုံးျပဳေနတဲ့ ေငြေၾကးနဲ႔ မဟုတ္ပဲ skin မ်ားနဲ႔သာ ျပဳလုပ္ရတဲ့အတြက္ ဥပေဒကို လက္တစ္လုံးျခားလွည့္ဖ်ားၿပီး အသုံးျပဳသူမ်ားကို လိမ္ညာေလ့ရွိတဲ့ ေလာင္းကစားဒိုင္မ်ားလည္း ေပၚေပါက္လာတတ္ပါတယ္။
Valve ကိုယ္တိုင္ကလည္း ကုမၸဏီရဲ႕ဂိမ္းမ်ားေပၚမွာ အေျချပဳၿပီး အႀကီးအက်ယ္အလုပ္ျဖစ္ေနၾကတဲ့ ေလာင္းကစားဒိုင္မ်ားအေၾကာင္းကို သတိထားမိပါတယ္။ ဒါေၾကာင့္ Valve ဟာ Steam user agreement ကို ခ်ိဳးေဖာက္ေနၾကတဲ့ ေလာင္းကစားဝက္ဘ္ဆိုက္ ၂၃ ခုရဲ႕ အမည္မ်ားကို တရားဝင္ထုတ္ေဖာ္ေၾကညာၿပီး အမည္ပ်က္စာရင္း သြင္းခဲ့ဖူးပါတယ္။

FaZe Clan ရဲ႕ ပိုင္ရွင္ျဖစ္သူ Banks ထူေထာင္ခဲ့တဲ့ ေလာင္းကစားဝက္ဘ္ဆိုက္ဟာ Valve ေၾကညာခဲ့တဲ့ အမည္ပ်က္စာရင္းထဲမွာ ပါဝင္ေနခဲ့မလား ဆိုတာကေတာ့ မည္သူမွ မသိႏိုင္ေတာ့ပါဘူး။ မည္သို႔ပင္ျဖစ္ေစ တိုးတက္လာတဲ့ Esports ေလာကနဲ႔အတူ ဒြန္တြဲၿပီး အင္အားႀကီးမားလာေနတဲ့ Esports ေလာင္းကစား ေလာကဟာလည္း ျပႆနာမ်ား အရႈပ္ေတာ္ပုံမ်ားနဲ႔အတူ ဆက္လက္ရွင္သန္ေနဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: dailyesports.gg