[Unicode]

မန်စီးတီးအသင်းနဲ့ FaZe Clan တို့ အကျိုးတူပူးပေါင်းမှုများ ပြုလုပ်

 

မြောက်အမေရိကအင်အားကြီး esports အဖွဲ့အစည်း FaZe Clan နဲ့ ပရီမီယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီး (မန်စီးတီး) အသင်းတို့ဟာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မယ်လို့ မကြာသေးမီက ကြေညာလိုက်ပါတယ်။ ဒီလို ပူးပေါင်းမှုဆောင်ရွက်မှုဟာ အသင်းနှစ်သင်းလုံးရဲ့ ပရိသတ်များအတွက် အတွေ့အကြုံသစ်များကို ပေးစွမ်းမှာဖြစ်သလို အတူတကွစည်းလုံးညီညွှတ်မှုများလည်း ဖြစ်ပေါ်လာစေမယ်လို့ ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။

မန်စီးတီးဘောလုံးကစားသမားများဟာ အောက်တိုဘာလ ၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့်ပွဲက စ လို့ FaZe Clan တံဆိပ်ရော မန်စီးတီးတံဆိပ်ပါ ရိုက်နှိပ်ထားတဲ့ ဂျက်ကတ်အကျီ ၤများကို ဝတ်ဆင်ကြမှာဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ခြင်းဟာ အကျိုးတူပူးပေါင်းမှုရဲ့ ပထမဆုံး ရလဒ်ဖြစ်ပြီး နောက်ပိုင်းမှာ အရေအတွက်ကန့်သတ်ထားတဲ့ ပူးပေါင်းထုတ်ကုန်များ၊ FaZe Tass နဲ့ မန်စီးတီး FIFA ကစားသမား Shellzz တို့ရဲ့ shared training facility များ စတာတွေလည်း ထွက်ပေါ်လာဦးမှာပါ။

FaZe Clan ရဲ့ CEO ဖြစ်သူ Lee Trink က “ယခုလို မန်စီးတီးအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အသင်းနှစ်သင်းလုံးရဲ့ ပရိသတ်များအတွက် ထိထိရောက်ရောက် စုပေါင်းအားပေးနိုင်စေမယ့် အခြေအနေတစ်ခုပါ။ FaZe Clan ဟာ esports ပရိသတ်များအတွက် အဓိပ္ပာယ်ပြည့်ဝပြီး အမှတ်တရရှိနေစေမယ့် အံ့အားသင့်ဖွယ် ဂိမ်းအတွေ့အကြုံများကို ဆက်လက်ပေးစွမ်းနေဦးမှာဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ Chief Marketing Officer ဖြစ်သူ Nuria Tarre ကတော့ “Esports ဟာ ကမ္ဘာမှာ အမြန်ဆုံးနှုန်းနဲ့ ပရိသတ်များပြားလာနေတဲ့ အားကစားတစ်ခုပါ။ FaZe Clan နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မန်စီးတီးအသင်းရဲ့ esports ခရီးရှည်ကြီးမှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပရိသတ်များဟာ ဘောလုံးအားကစားကို ဖက်ရှင်၊ ဂီတ၊ esports စတဲ့ ရှုထောင့်မျိုးစုံကနေ အားပေးလိုကြတာကို အသိအမှတ်ပြုပါတယ်။ အသင်းနှစ်သင်းလုံးရဲ့ ပရိသတ်များအတွက် အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်ပါတယ်။” အစရှိသဖြင့် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ မှာ မန်စီးတီးအသင်းဟာ Turtle Beach ကို တရားဝင် esports gaming headset partner အဖြစ် သတ်မှတ်ပြီး သဘောတူလက်မှတ်ရေးထိုးခဲ့သလို Epsilon esports နဲ့ ပူးပေါင်းမှုများလည်း ပြုလုပ်ခဲ့ပါတယ်။ အီလက်ထရောနစ် အားကစားဟာ ပစ်ပယ်လို့ ရတဲ့အရာ မဟုတ်ကြောင်း ရှေးယခင်ထဲက ရပ်တည်လာခဲ့တဲ့ သမားရိုးကျ အားကစားလောကရဲ့ အလေးထားမှုများက ဖော်ပြလို့ နေပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။


[Zawgyi]

မန္စီးတီးအသင္းနဲ႔ FaZe Clan တို႔ အက်ိဳးတူပူးေပါင္းမႈမ်ား ျပဳလုပ္

 

ေျမာက္အေမရိကအင္အားၾကီး esports အဖြဲ႔အစည္း FaZe Clan နဲ႔ ပရီမီယားလိဂ္အသင္းတစ္သင္းျဖစ္တဲ့ မန္ခ်က္စတာစီးတီး (မန္စီးတီး) အသင္းတို႔ဟာ အက်ိဳးတူ ပူးေပါင္းေဆာင္ရြက္မႈမ်ား ျပဳလုပ္မယ္လို႔ မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ ဒီလို ပူးေပါင္းမႈေဆာင္ရြက္မႈဟာ အသင္းႏွစ္သင္းလုံးရဲ႕ ပရိသတ္မ်ားအတြက္ အေတြ႔အၾကံဳသစ္မ်ားကို ေပးစြမ္းမွာျဖစ္သလို အတူတကြစည္းလုံးညီညႊတ္မႈမ်ားလည္း ျဖစ္ေပၚလာေစမယ္လို႔ ေၾကညာခ်က္ထဲမွာ ပါဝင္ပါတယ္။

မန္စီးတီးေဘာလုံးကစားသမားမ်ားဟာ ေအာက္တိုဘာလ ၆ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ပြဲက စ လို႔ FaZe Clan တံဆိပ္ေရာ မန္စီးတီးတံဆိပ္ပါ ရိုက္ႏိွပ္ထားတဲ့ ဂ်က္ကတ္အက်ီ ၤမ်ားကို ဝတ္ဆင္ၾကမွာျဖစ္ပါတယ္။ ယင္းသုိ႔ ျပဳလုပ္ျခင္းဟာ အက်ိဳးတူပူးေပါင္းမႈရဲ႕ ပထမဆုံး ရလဒ္ျဖစ္ျပီး ေနာက္ပိုင္းမွာ အေရအတြက္ကန္႔သတ္ထားတဲ့ ပူးေပါင္းထုတ္ကုန္မ်ား၊ FaZe Tass နဲ႔ မန္စီးတီး FIFA ကစားသမား Shellzz တို႔ရဲ႕ shared training facility မ်ား စတာေတြလည္း ထြက္ေပၚလာဦးမွာပါ။

FaZe Clan ရဲ႕ CEO ျဖစ္သူ Lee Trink က “ယခုလို မန္စီးတီးအသင္းနဲ႔ ပူးေပါင္းေဆာင္ရြက္ျခင္းဟာ အသင္းႏွစ္သင္းလုံးရဲ႕ ပရိသတ္မ်ားအတြက္ ထိထိေရာက္ေရာက္ စုေပါင္းအားေပးႏိုင္ေစမယ့္ အေျခအေနတစ္ခုပါ။ FaZe Clan ဟာ esports ပရိသတ္မ်ားအတြက္ အဓိပၸာယ္ျပည့္ဝျပီး အမွတ္တရရွိေနေစမယ့္ အံ့အားသင့္ဖြယ္ ဂိမ္းအေတြ႔အၾကံဳမ်ားကို ဆက္လက္ေပးစြမ္းေနဦးမွာျဖစ္ပါတယ္။” လုိ႔ ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးအသင္းရဲ႕ Chief Marketing Officer ျဖစ္သူ Nuria Tarre ကေတာ့ “Esports ဟာ ကမၻာမွာ အျမန္ဆုံးႏႈန္းနဲ႔ ပရိသတ္မ်ားျပားလာေနတဲ့ အားကစားတစ္ခုပါ။ FaZe Clan နဲ႔ ပူးေပါင္းေဆာင္ရြက္မႈဟာ မန္စီးတီးအသင္းရဲ႕ esports ခရီးရွည္ၾကီးမွာ မွတ္တိုင္တစ္ခု စိုက္ထူလိုက္တာပဲျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ရဲ႕ ပရိသတ္မ်ားဟာ ေဘာလုံးအားကစားကို ဖက္ရွင္၊ ဂီတ၊ esports စတဲ့ ရႈေထာင့္မ်ိဳးစုံကေန အားေပးလိုၾကတာကို အသိအမွတ္ျပဳပါတယ္။ အသင္းႏွစ္သင္းလုံးရဲ႕ ပရိသတ္မ်ားအတြက္ အေကာင္းဆုံးၾကိဳးစားသြားမွာ ျဖစ္ပါတယ္။” အစရွိသျဖင့္ ေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့ ၂၀၁၈ မွာ မန္စီးတီးအသင္းဟာ Turtle Beach ကို တရားဝင္ esports gaming headset partner အျဖစ္ သတ္မွတ္ျပီး သေဘာတူလက္မွတ္ေရးထိုးခဲ့သလို Epsilon esports နဲ႔ ပူးေပါင္းမႈမ်ားလည္း ျပဳလုပ္ခဲ့ပါတယ္။ အီလက္ထေရာနစ္ အားကစားဟာ ပစ္ပယ္လို႔ ရတဲ့အရာ မဟုတ္ေၾကာင္း ေရွးယခင္ထဲက ရပ္တည္လာခဲ့တဲ့ သမားရိုးက် အားကစားေလာကရဲ႕ အေလးထားမႈမ်ားက ေဖာ္ျပလို႔ ေနပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။