[Unicode]

ဂိမ်း Streaming လုပ်တော့မယ့် Fast & Furious သရုပ်ဆောင် အမျိုးသမီး နပန်းသမား

 

အမေရိကန်နိုင်ငံသူတစ်ဦးဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် Ronda Rousey ဟာ UFC Bantamweight MMA ချန်ပီယံဟောင်းတစ်ဦးဖြစ်သလို WWE အမျိုးသမီးနပန်းသမားတစ်ဦးလည်းဖြစ်ပါတယ်။ Ronda ကို ရုပ်ရှင်နဲ့တီဗွီအစီအစဉ်အမြောက်အများမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသမီးတစ်လက်အဖြစ်လည်း လူသိများပါတယ်။ မကြာသေးမီကတော့ သူမဟာ Facebook ပေါ်မှာ ဂိမ်း stream များ လွှင့်တော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

သူမဟာ Facebook တစ်မျိုးတည်းကိုသာ သီးသန့်အသုံးပြုပြီး stream လွှင့်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ သူမက “ဂိမ်း streaming ဟာ ပရိသတ်များနဲ့ အမြဲထိတွေ့နေအောင် ကူညီပေးနိုင်တဲ့ ကျော်ကြားမှုအရှိဆုံးနဲ့ အကောင်းမွန်ဆုံး ကြားခံတစ်ခုပါ။ ဒါကြောင့် ကျွန်မဟာလည်း ဂိမ်း stream များ စတင်ပြုလုပ်တော့မှာဖြစ်ပြီး Facebook သီးသန့်ပေါ်မှာပဲ လွှင့်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

The Rock & Ronda Rousey at WWE

ယခုလို stream လွှင့်ဖို့ ကြေညာခြင်းဟာ Ronda ရဲ့ ဂိမ်းလောကနဲ့ ပတ်သက်တဲ့ ပထမဆုံးလှုပ်ရှားမှုတော့ မဟုတ်ပါဘူး။ Fighting ဂိမ်းများဖြစ်ကြတဲ့ EA Sports UFC, EA Sports UFC 2 နဲ့ EA Sports UFC 3 တို့မှာ သူမရဲ့ ပုံရိပ်ဟာ ကိုင်တွယ်ကစားနိုင်တဲ့ ဂိမ်းဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့ဖူးသလို WWE 2k19 မှာလည်း ဂိမ်းကိုကြိုတင်မှာယူသူများအတွက် အထူးလက်ဆောင်ဂိမ်းဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။ Ronda ဟာ Mortal Kombat 11 ထဲက Sonya Blade ရဲ့ အသံသရုပ်ဆောင်လည်း ဖြစ်ပါတယ်။

With Vin Diesel in Furious 7

ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ Ronda ရဲ့ အအောင်မြင်ဆုံးဇာတ်ကားကတော့ နာမည်ကျော် “Fast & Furious” Franchise ရဲ့ ၇ ကားမြောက်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Furious 7” ပါ။ Kara အဖြစ် Ronda ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ယင်းဇာတ်ကားမှာ Paul Walker, Vin Diesel, Dwayne Johnson, Jason Statham စတဲ့ ကမ္ဘာကျော်သရုပ်ဆောင်များ ပါဝင်ခဲ့ပြီး box office မှာ ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁.၅၁၆ ဘီလီယံကျော် ရရှိသည်အထိ အောင်မြင်ခဲ့ပါတယ်။

The Expendables 3

Furious 7 မတိုင်မီ ၂၀၀၄ ခုနှစ်မှာတုန်းကလည်း Ronda ဟာ Sylvester Stallone, Jason Statham, Arnold Schwarzenegger, Jet Li စတဲ့ သရုပ်ဆောင်ကြီးများနဲ့အတူ The Expendables 3 မှာလည်း ပါဝင်ခဲ့ပါသေးတယ်။ Ronda ဟာ The Expendables 3 မှာ Luna အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ယင်းဇာတ်ကားဟာလည်း အလွန်အောင်မြင်ခဲ့တဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ခဲ့ပါတယ်။

Ronda ဟာ Instagram ပေါ်မှာ follower ပေါင်း ၁၂ သန်းကျော် ရရှိထားသလို Facebook ပေါ်မှာလည်း follower ၁၂ သန်းကျော် ရှိပါတယ်။ ၂၀၀၈ ထဲက စတင်ခဲ့တဲ့ သူမရဲ့ Facebook စာမျက်နှာကို ယခုအချိန်မှာတော့ Gaming Video Creator စာမျက်နှာအဖြစ် ပြောင်းလဲထားပြီးလည်း ဖြစ်ပါတယ်။ ယခုလ ၁၈ ရက်နေ့မှာ စတင်မယ့် သူမရဲ့ ပထမဆုံးဂိမ်း stream ကနေ ရရှိမယ့်ဝင်ငွေများကို သြစတေးလျတောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့ WIRES အတွက် လှူဒါန်းသွားမှာဖြစ်ကြောင်းကိုလည်း ကြေညာထားပါတယ်။

Game streaming is one of the rawest and most authentic mediums, and the time is right for me to jump into the stream…

Posted by Ronda Rousey on Thursday, 13 February 2020

Ronda ဟာ ပထမဆုံးဂိမ်း stream မှာ Pokemon Sword and Shield ကို ကစားပြသွားမယ်လို့လည်း ဆိုထားပါသေးတယ်။ ဗီဒီယိုဂိမ်းလောကရဲ့ ခေတ်စားလာမှုနဲ့အတူ နာမည်ကျော်ဆယ်လီများရဲ့ ဂိမ်း stream လှုပ်ရှားမှုများဟာလည်း ပိုမိုများပြားလာပါတယ်။ ဗီဒီယိုဂိမ်းများဟာ နောင်အနာဂတ်မှာ မျက်ကွယ်ပြုလို့ မရလောက်အောင် ယခုထက် ပိုပြီးခေတ်စားလာဦးမှာဖြစ်ကြောင်းကို အများက သုံးသပ်နေကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: afk, Ronda Rousey Facebook


[ZawGyi]

ဂိမ္း Streaming လုပ္ေတာ့မယ့္ Fast & Furious သ႐ုပ္ေဆာင္ အမ်ိဳးသမီး နပန္းသမား

 

အေမရိကန္ႏိုင္ငံသူတစ္ဦးျဖစ္တဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ Ronda Rousey ဟာ UFC Bantamweight MMA ခ်န္ပီယံေဟာင္းတစ္ဦးျဖစ္သလို WWE အမ်ိဳးသမီးနပန္းသမားတစ္ဦးလည္းျဖစ္ပါတယ္။ Ronda ကို ႐ုပ္ရွင္နဲ႔တီဗြီအစီအစဥ္အေျမာက္အမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ဖူးတဲ့ မင္းသမီးတစ္လက္အျဖစ္လည္း လူသိမ်ားပါတယ္။ မၾကာေသးမီကေတာ့ သူမဟာ Facebook ေပၚမွာ ဂိမ္း stream မ်ား လႊင့္ေတာ့မွာျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။

သူမဟာ Facebook တစ္မ်ိဳးတည္းကိုသာ သီးသန႔္အသုံးျပဳၿပီး stream လႊင့္မွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ သူမက “ဂိမ္း streaming ဟာ ပရိသတ္မ်ားနဲ႔ အၿမဲထိေတြ႕ေနေအာင္ ကူညီေပးႏိုင္တဲ့ ေက်ာ္ၾကားမႈအရွိဆုံးနဲ႔ အေကာင္းမြန္ဆုံး ၾကားခံတစ္ခုပါ။ ဒါေၾကာင့္ ကြၽန္မဟာလည္း ဂိမ္း stream မ်ား စတင္ျပဳလုပ္ေတာ့မွာျဖစ္ၿပီး Facebook သီးသန႔္ေပၚမွာပဲ လႊင့္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

The Rock & Ronda Rousey at WWE

ယခုလို stream လႊင့္ဖို႔ ေၾကညာျခင္းဟာ Ronda ရဲ႕ ဂိမ္းေလာကနဲ႔ ပတ္သက္တဲ့ ပထမဆုံးလႈပ္ရွားမႈေတာ့ မဟုတ္ပါဘူး။ Fighting ဂိမ္းမ်ားျဖစ္ၾကတဲ့ EA Sports UFC, EA Sports UFC 2 နဲ႔ EA Sports UFC 3 တို႔မွာ သူမရဲ႕ ပုံရိပ္ဟာ ကိုင္တြယ္ကစားႏိုင္တဲ့ ဂိမ္းဇာတ္ေကာင္အေနနဲ႔ ပါဝင္ခဲ့ဖူးသလို WWE 2k19 မွာလည္း ဂိမ္းကိုႀကိဳတင္မွာယူသူမ်ားအတြက္ အထူးလက္ေဆာင္ဂိမ္းဇာတ္ေကာင္အျဖစ္ ပါဝင္ခဲ့ဖူးပါတယ္။ Ronda ဟာ Mortal Kombat 11 ထဲက Sonya Blade ရဲ႕ အသံသ႐ုပ္ေဆာင္လည္း ျဖစ္ပါတယ္။

With Vin Diesel in Furious 7

ေက်ာ္ၾကားတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္တဲ့ Ronda ရဲ႕ အေအာင္ျမင္ဆုံးဇာတ္ကားကေတာ့ နာမည္ေက်ာ္ “Fast & Furious” Franchise ရဲ႕ ၇ ကားေျမာက္ျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ “Furious 7” ပါ။ Kara အျဖစ္ Ronda ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ယင္းဇာတ္ကားမွာ Paul Walker, Vin Diesel, Dwayne Johnson, Jason Statham စတဲ့ ကမာၻေက်ာ္သ႐ုပ္ေဆာင္မ်ား ပါဝင္ခဲ့ၿပီး box office မွာ ဝင္ေငြစုစုေပါင္း ကန္ေဒၚလာ ၁.၅၁၆ ဘီလီယံေက်ာ္ ရရွိသည္အထိ ေအာင္ျမင္ခဲ့ပါတယ္။

The Expendables 3

Furious 7 မတိုင္မီ ၂၀၀၄ ခုႏွစ္မွာတုန္းကလည္း Ronda ဟာ Sylvester Stallone, Jason Statham, Arnold Schwarzenegger, Jet Li စတဲ့ သ႐ုပ္ေဆာင္ႀကီးမ်ားနဲ႔အတူ The Expendables 3 မွာလည္း ပါဝင္ခဲ့ပါေသးတယ္။ Ronda ဟာ The Expendables 3 မွာ Luna အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ယင္းဇာတ္ကားဟာလည္း အလြန္ေအာင္ျမင္ခဲ့တဲ့ အက္ရွင္ကားေကာင္းတစ္ကား ျဖစ္ခဲ့ပါတယ္။

Ronda ဟာ Instagram ေပၚမွာ follower ေပါင္း ၁၂ သန္းေက်ာ္ ရရွိထားသလို Facebook ေပၚမွာလည္း follower ၁၂ သန္းေက်ာ္ ရွိပါတယ္။ ၂၀၀၈ ထဲက စတင္ခဲ့တဲ့ သူမရဲ႕ Facebook စာမ်က္ႏွာကို ယခုအခ်ိန္မွာေတာ့ Gaming Video Creator စာမ်က္ႏွာအျဖစ္ ေျပာင္းလဲထားၿပီးလည္း ျဖစ္ပါတယ္။ ယခုလ ၁၈ ရက္ေန႔မွာ စတင္မယ့္ သူမရဲ႕ ပထမဆုံးဂိမ္း stream ကေန ရရွိမယ့္ဝင္ေငြမ်ားကို ၾသစေတးလ်ေတာ႐ိုင္းတိရစာၦန္ကယ္ဆယ္ေရးအဖြဲ႕ WIRES အတြက္ လႉဒါန္းသြားမွာျဖစ္ေၾကာင္းကိုလည္း ေၾကညာထားပါတယ္။

Game streaming is one of the rawest and most authentic mediums, and the time is right for me to jump into the stream…

Posted by Ronda Rousey on Thursday, 13 February 2020

Ronda ဟာ ပထမဆုံးဂိမ္း stream မွာ Pokemon Sword and Shield ကို ကစားျပသြားမယ္လို႔လည္း ဆိုထားပါေသးတယ္။ ဗီဒီယိုဂိမ္းေလာကရဲ႕ ေခတ္စားလာမႈနဲ႔အတူ နာမည္ေက်ာ္ဆယ္လီမ်ားရဲ႕ ဂိမ္း stream လႈပ္ရွားမႈမ်ားဟာလည္း ပိုမိုမ်ားျပားလာပါတယ္။ ဗီဒီယိုဂိမ္းမ်ားဟာ ေနာင္အနာဂတ္မွာ မ်က္ကြယ္ျပဳလို႔ မရေလာက္ေအာင္ ယခုထက္ ပိုၿပီးေခတ္စားလာဦးမွာျဖစ္ေၾကာင္းကို အမ်ားက သုံးသပ္ေနၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: afk, Ronda Rousey Facebook