[Unicode]

League of Legends: Wild Rift ဟာ ရှုပ်ထွေးပြီး ကစားရခက်တဲ့ဂိမ်းဖြစ်ကြောင်းပြောလိုက်တဲ့ ထိပ်တန်း MLBB Streamer

 

ဖိလစ်ပိုင်နိုင်ငံသား Akosi Dogie ဟာ MLBB လောကမှာ လွန်စွာအောင်မြင်မှုရရှိနေတဲ့ ထိပ်တန်း ဂိမ်း streamer တစ်ဦးပါ။ ပရိသတ်အခိုင်အမာရရှိထားတဲ့ Akosi Dogie ရဲ့ YouTube ချန်နယ်မှာ subscriber ပေါင်း ၄ သန်းကျော်ရှိသလို Facebook ပေါ်မှာလည်း follower ပေါင်း ၃.၇ သန်းကျော်ရရှိထားပါတယ်။

နာမည်ကြီး streamer တစ်ဦးဖြစ်သည့် အားလျော်စွာ Akosi Dogie ဟာ မကြာသေးမီက စတင်ခဲ့တဲ့ League of Legends: Wild Rift ရဲ့ alpha test မှာလည်း ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ MLBB မှာ ဆရာတစ်ဆူဖြစ်နေခဲ့တဲ့ Akosi Dogie ဟာ Wild Rift ကို ကစားခဲ့ရာမှာတော့ အခြေအနေမလှဖြစ်နေခဲ့ဟန်တူပါတယ်။ Wild Rift ဟာ သူ့အတွက် ရှုပ်ထွေးပြီး နားလည်ရခက်နေခဲ့ကြောင်းကို ဗီဒိယိုတစ်ခုအတွင်းမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Akosi Dogie ရဲ့ ပြောကြားချက်များထဲမှာတော့ Wild Rift အတွင်းမှာ နှိပ်သုံးနိုင်တဲ့ button ပေါင်းများစွာဟာ screen ရဲ့ ညာဘက်မှာ စုပြုံပြီးရှိနေကြောင်း၊ ယင်းတို့ဟာ normal attack, minions, push turrents, skill ၄ ခု, battle spell ၂ ခု, trinket နဲ့ active item များ ဖြစ်ကြောင်း၊ ဒီလို button တွေ များပြားလွန်းလှတဲ့အတွက် စတင်စမ်းသပ်ကစားသူများအတွက် အခက်အခဲများစွာရှိကြောင်းများ စသဖြင့် ပါဝင်ခဲ့ပါတယ်။

LoL Wild Rift Gameplay

ဒါအပြင် Akosi Dogie က MLBB ဟာ Wild Rift ထက် ပိုမိုမြန်ဆန်စွာ ကစားနိုင်တဲ့ဂ်ိမ်းကောင်းတစ်ခုအဖြစ် သာလွန်နေသေးကြောင်း၊ Wild Rift ဟာ အခြား မိုဘိုင်းလ် MOBA ဂိမ်းများနဲ့ နှိုင်းယှဉ်ရင် သိသာထင်ရှားတဲ့ ထူးခြားကောင်းမွန်မှုများ မရှိကြောင်း၊ MLBB ရဲ့ skill စနစ်ဟာ ကစားရ ပိုမိုလွယ်ကူကြောင်း၊ ဂရပ်ဖစ်ပိုင်းအရလည်း Wild Rift ဟာ MLBB ကို ကျော်လွန်ခြင်း မရှိကြောင်း စ တာတွေကိုလည်း ပြောသွားခဲ့ပါသေးတယ်။

Akosi Dogie ရဲ့ သုံးသပ်ချက်များအရတော့ Wild Rift ဟာ ရှုပ်ထွေးနက်နဲတဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပြုလုပ်ထားတဲ့ဂိမ်းတစ်ခုဖြစ်လို့ MLBB ကစားသမားများ ပြောင်းလဲကစားဖို့ ခက်ခဲမှာပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာများပေါ်က Akosi Dogie ရဲ့ ပြောကြားချက်များကို သူ့ရဲ့ ပရိသတ်အမြောက်အများက ထောက်ခံနေခဲ့ကြပြီး အချို့ကတော့ သူနဲ့ သဘောထားကွဲလွဲနေခဲ့ကြပါတယ်။

နာမည်ကြီး PC ဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ဟာ ဂိမ်မာများအပေါ် သက်ရောက်မှု လွန်စွာကြီးမားလှပါတယ်။ ဒါကြောင့် League of Legends မိုဘိုင်းလ်ပေါ်ကို ရောက်ရှိလာမယ့်နေ့ကို လူအများက စောင့်မျှော်နေခဲ့ကြဖြစ်ပြီး Wild Rift အကြောင်း စတင်ကြေညာခဲ့ချိန်မှာတော့ MLBB နဲ့ Arena of Valor ကစားသမားများကို ကူးပြောင်းချင်စိတ်ဖြစ်ပေါ်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် Wild Rift ရဲ့ ရှုပ်ထွေးနက်နဲမှုဟာ အခြားပိုမိုလွယ်ကူတဲ့ မိုဘိုင်းလ် MOBA ဂိမ်းများက ကစားသမားများ ကူးပြောင်းလာနိုင်ဖို့ အခက်အခဲတစ်ခုဖြစ်နေကြောင်း Akosi Dogie ရဲ့ သုံးသပ်ချက်များက ညွှန်ပြနေပါတယ်။ မည်သို့ပင်ဖြစ်စေ Wild Rift ဟာ အခြားမိုဘိုင်းလ် MOBA ဂိမ်းများထက် ဘယ်လောက်အထိ ပိုမိုခက်ခဲနက်နဲမလဲဆိုတာကိုတော့ တရားဝင်ထွက်ရှိချိန်အထိ စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: notagamer


[ZawGyi]

League of Legends: Wild Rift ဟာ ရႈပ္ေထြးၿပီး ကစားရခက္တဲ့ဂိမ္းျဖစ္ေၾကာင္းေျပာလိုက္တဲ့ ထိပ္တန္း MLBB Streamer

 

ဖိလစ္ပိုင္ႏိုင္ငံသား Akosi Dogie ဟာ MLBB ေလာကမွာ လြန္စြာေအာင္ျမင္မႈရရွိေနတဲ့ ထိပ္တန္း ဂိမ္း streamer တစ္ဦးပါ။ ပရိသတ္အခိုင္အမာရရွိထားတဲ့ Akosi Dogie ရဲ႕ YouTube ခ်န္နယ္မွာ subscriber ေပါင္း ၄ သန္းေက်ာ္ရွိသလို Facebook ေပၚမွာလည္း follower ေပါင္း ၃.၇ သန္းေက်ာ္ရရွိထားပါတယ္။

နာမည္ႀကီး streamer တစ္ဦးျဖစ္သည့္ အားေလ်ာ္စြာ Akosi Dogie ဟာ မၾကာေသးမီက စတင္ခဲ့တဲ့ League of Legends: Wild Rift ရဲ႕ alpha test မွာလည္း ပါဝင္ခြင့္ရရွိခဲ့ပါတယ္။ MLBB မွာ ဆရာတစ္ဆူျဖစ္ေနခဲ့တဲ့ Akosi Dogie ဟာ Wild Rift ကို ကစားခဲ့ရာမွာေတာ့ အေျခအေနမလွျဖစ္ေနခဲ့ဟန္တူပါတယ္။ Wild Rift ဟာ သူ႔အတြက္ ရႈပ္ေထြးၿပီး နားလည္ရခက္ေနခဲ့ေၾကာင္းကို ဗီဒိယိုတစ္ခုအတြင္းမွာ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

Akosi Dogie ရဲ႕ ေျပာၾကားခ်က္မ်ားထဲမွာေတာ့ Wild Rift အတြင္းမွာ ႏွိပ္သုံးႏိုင္တဲ့ button ေပါင္းမ်ားစြာဟာ screen ရဲ႕ ညာဘက္မွာ စုၿပဳံၿပီးရွိေနေၾကာင္း၊ ယင္းတို႔ဟာ normal attack, minions, push turrents, skill ၄ ခု, battle spell ၂ ခု, trinket နဲ႔ active item မ်ား ျဖစ္ေၾကာင္း၊ ဒီလို button ေတြ မ်ားျပားလြန္းလွတဲ့အတြက္ စတင္စမ္းသပ္ကစားသူမ်ားအတြက္ အခက္အခဲမ်ားစြာရွိေၾကာင္းမ်ား စသျဖင့္ ပါဝင္ခဲ့ပါတယ္။

LoL Wild Rift Gameplay

ဒါအျပင္ Akosi Dogie က MLBB ဟာ Wild Rift ထက္ ပိုမိုျမန္ဆန္စြာ ကစားႏိုင္တဲ့ဂ္ိမ္းေကာင္းတစ္ခုအျဖစ္ သာလြန္ေနေသးေၾကာင္း၊ Wild Rift ဟာ အျခား မိုဘိုင္းလ္ MOBA ဂိမ္းမ်ားနဲ႔ ႏႈိင္းယွဥ္ရင္ သိသာထင္ရွားတဲ့ ထူးျခားေကာင္းမြန္မႈမ်ား မရွိေၾကာင္း၊ MLBB ရဲ႕ skill စနစ္ဟာ ကစားရ ပိုမိုလြယ္ကူေၾကာင္း၊ ဂရပ္ဖစ္ပိုင္းအရလည္း Wild Rift ဟာ MLBB ကို ေက်ာ္လြန္ျခင္း မရွိေၾကာင္း စ တာေတြကိုလည္း ေျပာသြားခဲ့ပါေသးတယ္။

Akosi Dogie ရဲ႕ သုံးသပ္ခ်က္မ်ားအရေတာ့ Wild Rift ဟာ ရႈပ္ေထြးနက္နဲတဲ့ ဖြဲ႕စည္းတည္ေဆာက္ပုံနဲ႔ ျပဳလုပ္ထားတဲ့ဂိမ္းတစ္ခုျဖစ္လို႔ MLBB ကစားသမားမ်ား ေျပာင္းလဲကစားဖို႔ ခက္ခဲမွာပဲ ျဖစ္ပါတယ္။ ဆိုရွယ္မီဒီယာမ်ားေပၚက Akosi Dogie ရဲ႕ ေျပာၾကားခ်က္မ်ားကို သူ႔ရဲ႕ ပရိသတ္အေျမာက္အမ်ားက ေထာက္ခံေနခဲ့ၾကၿပီး အခ်ိဳ႕ကေတာ့ သူနဲ႔ သေဘာထားကြဲလြဲေနခဲ့ၾကပါတယ္။

နာမည္ႀကီး PC ဂိမ္းတစ္ခုျဖစ္တဲ့ League of Legends ဟာ ဂိမ္မာမ်ားအေပၚ သက္ေရာက္မႈ လြန္စြာႀကီးမားလွပါတယ္။ ဒါေၾကာင့္ League of Legends မိုဘိုင္းလ္ေပၚကို ေရာက္ရွိလာမယ့္ေန႔ကို လူအမ်ားက ေစာင့္ေမွ်ာ္ေနခဲ့ၾကျဖစ္ၿပီး Wild Rift အေၾကာင္း စတင္ေၾကညာခဲ့ခ်ိန္မွာေတာ့ MLBB နဲ႔ Arena of Valor ကစားသမားမ်ားကို ကူးေျပာင္းခ်င္စိတ္ျဖစ္ေပၚလာေအာင္ ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ Wild Rift ရဲ႕ ရႈပ္ေထြးနက္နဲမႈဟာ အျခားပိုမိုလြယ္ကူတဲ့ မိုဘိုင္းလ္ MOBA ဂိမ္းမ်ားက ကစားသမားမ်ား ကူးေျပာင္းလာႏိုင္ဖို႔ အခက္အခဲတစ္ခုျဖစ္ေနေၾကာင္း Akosi Dogie ရဲ႕ သုံးသပ္ခ်က္မ်ားက ၫႊန္ျပေနပါတယ္။ မည္သို႔ပင္ျဖစ္ေစ Wild Rift ဟာ အျခားမိုဘိုင္းလ္ MOBA ဂိမ္းမ်ားထက္ ဘယ္ေလာက္အထိ ပိုမိုခက္ခဲနက္နဲမလဲဆိုတာကိုေတာ့ တရားဝင္ထြက္ရွိခ်ိန္အထိ ေစာင့္ၾကည့္ၾကရဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: notagamer