[Unicode]

Fall Guys: Ultimate Knockout ဂိမ်းအကြောင်း တစ်စေ့တစ်စောင်း

 

Fall Guys: Ultimate Knockout ဆိုတာကတော့ ပြီးခဲ့တဲ့လအစောပိုင်းတုန်းကမှ ထွက်ရှိထားတဲ့ battle royale/ platformer ဂိမ်းအမျိုးအစားတစ်ခုပါ။ PC အတွက်ရော PS4 အတွက်ပါ ထွက်ရှိထားပြီး ချစ်စရာကောင်းတဲ့ ဂိမ်းဇာတ်ကောင်လေးများ၊ ဟာသဆန်တဲ့ ကစားနည်းကစားဟန်များ၊ လေ့လာကစားရလွယ်ကူမှုများ စတာတွေကြောင့် အချိန်တိုအတွင်း အလွန်လူကြိုက်များလာတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

စတင်ကစားရတာလွယ်ကူတဲ့အတွက်ကြောင့်တော့ Fall Guys ကို လျော့တွက်လို့ မရပါဘူး။ Battle royale ဂိမ်းတို့ရဲ့ ထုံးစံအတိုင်း ပြိုင်ဆိုင်မှု လွန်စွာမြင့်မားလှပြီး လျှင်မြန်ဖြတ်လတ်စွာ လှုပ်ရှားဖို့နဲ့ ဦးနှောက်စွမ်းရည်သုံးကစားဖို့ လွန်စွာလိုအပ်ပါတယ်။ ဂိမ်းကို အစောပိုင်းမှာ သေသေချာချာ မကစားပဲ ဟာသလုပ်နေလေ့ရှိသူများတောင် ဂိမ်းပွဲအချိန်ကြာမြင့်လာလေ အနိုင်ရဖို့ ပြင်းထန်စွာ ကြိုးပမ်းလာလေဖြစ်ကြသည်အထိ Fall Guys ရဲ့ ဆွဲဆောင်မှုက ထူးခြားလှပါတယ်။

Fall Guys ဂိမ်းတစ်ပွဲအတွင်းမှာ ကစားသမားအယောက် ၆၀ ပါဝင်မှာဖြစ်ပြီး jelly-bean ပုံသဏ္ဍာန် ဂိမ်းဇာတ်ကောင်တစ်ကောင်စီကို ကိုင်တွယ်ကစားကြရမှာပါ။ ကစားသူများဟာ ဂိမ်းတွင်းမှာ ပြေးလွှားခြင်း၊ ဒိုင်ဗင်ထိုးခြင်း၊ ဖမ်းဆွဲခြင်း၊ ဘော်ဒီတိုက်ခြင်း စ တာတွေကို ပြုလုပ်နိုင်ပါတယ်။ ဂိမ်းတစ်ပွဲအတွင်းမှာတော့ mini-game round များ ပါဝင်မှာဖြစ်ပြီး တစ် round ချင်းစီအတွက် ကျပန်း mini-game တစ်ခုစီကို ဂိမ်းရဲ့အလိုလျောက်စနစ်ကနေ ရွေးချယ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

ဂိမ်းပွဲရဲ့ တစ် round ချင်းစီမှာ ကစားသူများဟာ နောက်တစ် round ကို တက်ရောက်နိုင်ဖို့ ကြိုးပမ်း ကစားကြရမှာဖြစ်ပြီး သတ်မှတ်ချက် ပြည့်မီအောင် မကစားနိုင်သူများကတော့ ဂိမ်းပွဲအတွင်းကနေ ထွက်ခွာသွားရမှာပါ။ ဒါကြောင့် round များပြီး level မြင့်လာလေလေ ဂိမ်းပွဲက ခက်ခဲလာလေ ဖြစ်ပြီး နောက်ဆုံး final round မှာတော့ ကစားသူအနည်းငယ်သာ ကျန်ရစ်ခဲ့မှာပါ။ ဂိမ်းပွဲရဲ့အဆုံးမှာ နောက်ဆုံး ကျန်ရစ်ခဲ့သူတစ်ဦးကသာ အနိုင်ရရှိမှာလည်းဖြစ်ပါတယ်။

Fall Guys: Ultimate Knockout_20200806050603

Round များအတွင်းက mini-game များဟာ တစ်ခုနဲ့တစ်ခု မတူညီကြပေမယ့် အခက်အခဲများကို ရှောင်တိမ်းရတဲ့ အပြေးပြိုင်ပွဲငယ်အမျိုးအစားများ အများဆုံးပါဝင်ပါတယ်။ ယင်းပြိုင်ပွဲငယ်များအတွင်းက အခက်အခဲများအနေနဲ့ နောက်သို့ဖြစ်စေ ဘေးသို့ဖြစ်စေ ရှေ့သို့ဖြစ်စေ လွှင့်စင်သွားစေနိုင်တဲ့ ဒလက်ကြီးများ၊ ပြေးလမ်းအတိုင်း လိမ့်လာတဲ့ ဘောလုံးကြီးများ၊ ချိန်သီးလွှဲ ဘောလုံးကြီးများ၊ ချော်သွားစေမယ့် ကုန်းလျောများ စ တာတွေရှိပြီး ကစားသူများဟာ ပန်းတိုင်ရောက်အောင် ပြေးနေရင်း ယင်းတို့ကို ရှောင်တိမ်းသွားကြရမှာပါ။

Fall Guys အတွင်းမှာ အပြေးပြိုင်ပွဲငယ်များစွာ ပါဝင်တဲ့အတွက် အတွေ့အကြုံရှိတဲ့ ကစားသူများဟာ အခက်အခဲများကို ကောင်းစွာ ရှောင်တိမ်းနိုင်လာကြမှာပါ။ ယင်းအပြေးပြိုင်ပွဲငယ်နဲ့ စတင်တဲ့ ပထမဆုံး round မှာတင် ကစားသူတစ်ဝက်ခန့် ထွက်ခွာရလေ့ရှိတဲ့အတွက် Fall Guys ဂိမ်းတွင်း ပြိုင်ဆိုင်မှုဟာ မြင့်မားနေရတာလည်း ဖြစ်ပါတယ်။

Round များအတွင်းမှာ Block Party လိုမျိုး ထူးခြားပြီး ပျော်စရာကောင်းတဲ့ mini-game များလည်း ပါဝင်ပါတယ်။ ယင်း round အတွင်းမှာတော့ ကစားသူများဟာ စင်မြင့်တစ်ခုမှာ ရပ်နေကြရမှာဖြစ်ပြီး ရွှေ့လျားရောက်ရှိလာမယ့် နံရံများနဲ့ ဘလော့တုံးများကို ရှောင်တိမ်းကြရမှာပါ။ မရှောင်နိုင်ပဲ အတိုက်ခံရပြီး စင်ပေါ်က ပြုတ်ကျတဲ့ ကစားသူများကတော့ ပွဲအတွင်းကနေ ထွက်ခွာသွားကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဦးတစ်ယောက်ချင်းစီ မဟုတ်ပဲ အသင်းအဖွဲ့လိုက် ကစားရမယ့် round များလည်း ပါဝင်ပါသေးတယ်။ ယင်း round များအတွင်းမှာတော့ တစ်ဖက်အသင်းများကို နှောင့်ယှက်ခြင်း၊ ဖမ်းဆွဲခြင်း စ တာတွေဟာ အပြေးပြိုင်ပွဲငယ် round များထက် လွန်စွာအသုံးဝင်သလို အသင်းအဖွဲ့လိုက် လုပ်ဆောင်မှု ကလည်း အရေးကြီးလှပါတယ်။

ဥပမာအနေနဲ့ Egg Scramble လို round မျိုးမှာ ကစားသူများဟာ ဥများကို ကစားကွင်းထဲကနေ လုယူပြီး မိမိတို့အသင်းရဲ့ ပိုက်ခြင်းကြီးထဲကို ထည့်ကြရမှာပါ။ Round အချိန်မပြည့်ခင်အတွင်းမှာ တစ်ဖက်အသင်းဘက်က ပိုက်ခြင်းထဲကနေလည်း ဥများကို လုယူခွင့်ရှိပြီး round အပြီးမှာ ဥအများဆုံး ရရှိထားတဲ့ဘက်ကနေ အနိုင်ရရှိမှာပါ။ ဒီလို အသင်းအဖွဲ့လိုက် ကစားရတဲ့ round မျိုးမှာ မိမိရဲ့ အသင်းသားများ ကစားတာ မကောင်းရင် မိမိကိုယ်တိုင်လည်း အရှုံးနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

Fall Guys ကို Steam ပေါ်မှာ ဝယ်ယူမယ်ဆိုရင် ၁၉.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Fall Guys: Collectors Pack နဲ့ Fall Guys – Fast Food Costume Pack တို့လို DLC များကိုလည်း သီးသန့်ဝယ်ယူနိုင်ပါသေးတယ်။ Fall Guys ဂိမ်းကို လက်ရှိ PC နဲ့ PS4 Platform တွေအပြင် မကြာခင်မှာ Mobile Version ထွက်ရှိလာတော့မှာပါ။ တရုတ် ဂိမ်း ကုမ္ပဏီ Bilibili ဟာ Fall Guys Game ရဲ့ Mobile Version အတွက် တရုတ်နိုင်ငံအတွင်း ထုတ်ဝေခွင့် ကို မူပိုင်ရရှိထားတယ်လို့ သိရှိရပါတယ်။

ယခုလို အိမ်တွင်းအောင်းနေရချိန်များမှာ ပျော်စရာကောင်းတဲ့ ဂိမ်းသစ်တစ်ခုကို စမ်းသပ် ကစားလိုသူများ အတွက် Fall Guys အကြောင်းကို တစ်စေ့တစ်စောင်း ဖော်ပြလိုက်ရပါတယ်။ Esports သတင်းနဲ့ အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: pcgamer, wikipedia

=============================================================

[ZawGyi]

Fall Guys: Ultimate Knockout ဂိမ္းအေၾကာင္း တစ္ေစ့တစ္ေစာင္း

 

Fall Guys: Ultimate Knockout ဆိုတာကေတာ့ ၿပီးခဲ့တဲ့လအေစာပိုင္းတုန္းကမွ ထြက္ရွိထားတဲ့ battle royale/ platformer ဂိမ္းအမ်ိဳးအစားတစ္ခုပါ။ PC အတြက္ေရာ PS4 အတြက္ပါ ထြက္ရွိထားၿပီး ခ်စ္စရာေကာင္းတဲ့ ဂိမ္းဇာတ္ေကာင္ေလးမ်ား၊ ဟာသဆန္တဲ့ ကစားနည္းကစားဟန္မ်ား၊ ေလ့လာကစားရလြယ္ကူမႈမ်ား စတာေတြေၾကာင့္ အခ်ိန္တိုအတြင္း အလြန္လူႀကိဳက္မ်ားလာတဲ့ ဂိမ္းတစ္ခုလည္းျဖစ္ပါတယ္။

စတင္ကစားရတာလြယ္ကူတဲ့အတြက္ေၾကာင့္ေတာ့ Fall Guys ကို ေလ်ာ့တြက္လို႔ မရပါဘူး။ Battle royale ဂိမ္းတို႔ရဲ႕ ထုံးစံအတိုင္း ၿပိဳင္ဆိုင္မႈ လြန္စြာျမင့္မားလွၿပီး လွ်င္ျမန္ျဖတ္လတ္စြာ လႈပ္ရွားဖို႔နဲ႔ ဦးေႏွာက္စြမ္းရည္သုံးကစားဖို႔ လြန္စြာလိုအပ္ပါတယ္။ ဂိမ္းကို အေစာပိုင္းမွာ ေသေသခ်ာခ်ာ မကစားပဲ ဟာသလုပ္ေနေလ့ရွိသူမ်ားေတာင္ ဂိမ္းပြဲအခ်ိန္ၾကာျမင့္လာေလ အႏိုင္ရဖို႔ ျပင္းထန္စြာ ႀကိဳးပမ္းလာေလျဖစ္ၾကသည္အထိ Fall Guys ရဲ႕ ဆြဲေဆာင္မႈက ထူးျခားလွပါတယ္။

Fall Guys ဂိမ္းတစ္ပြဲအတြင္းမွာ ကစားသမားအေယာက္ ၆၀ ပါဝင္မွာျဖစ္ၿပီး jelly-bean ပုံသ႑ာန္ ဂိမ္းဇာတ္ေကာင္တစ္ေကာင္စီကို ကိုင္တြယ္ကစားၾကရမွာပါ။ ကစားသူမ်ားဟာ ဂိမ္းတြင္းမွာ ေျပးလႊားျခင္း၊ ဒိုင္ဗင္ထိုးျခင္း၊ ဖမ္းဆြဲျခင္း၊ ေဘာ္ဒီတိုက္ျခင္း စ တာေတြကို ျပဳလုပ္ႏိုင္ပါတယ္။ ဂိမ္းတစ္ပြဲအတြင္းမွာေတာ့ mini-game round မ်ား ပါဝင္မွာျဖစ္ၿပီး တစ္ round ခ်င္းစီအတြက္ က်ပန္း mini-game တစ္ခုစီကို ဂိမ္းရဲ႕အလိုေလ်ာက္စနစ္ကေန ေ႐ြးခ်ယ္ေပးသြားမွာလည္း ျဖစ္ပါတယ္။

ဂိမ္းပြဲရဲ႕ တစ္ round ခ်င္းစီမွာ ကစားသူမ်ားဟာ ေနာက္တစ္ round ကို တက္ေရာက္ႏိုင္ဖို႔ ႀကိဳးပမ္း ကစားၾကရမွာျဖစ္ၿပီး သတ္မွတ္ခ်က္ ျပည့္မီေအာင္ မကစားႏိုင္သူမ်ားကေတာ့ ဂိမ္းပြဲအတြင္းကေန ထြက္ခြာသြားရမွာပါ။ ဒါေၾကာင့္ round မ်ားၿပီး level ျမင့္လာေလေလ ဂိမ္းပြဲက ခက္ခဲလာေလ ျဖစ္ၿပီး ေနာက္ဆုံး final round မွာေတာ့ ကစားသူအနည္းငယ္သာ က်န္ရစ္ခဲ့မွာပါ။ ဂိမ္းပြဲရဲ႕အဆုံးမွာ ေနာက္ဆုံး က်န္ရစ္ခဲ့သူတစ္ဦးကသာ အႏိုင္ရရွိမွာလည္းျဖစ္ပါတယ္။

Fall Guys: Ultimate Knockout_20200806050603

Round မ်ားအတြင္းက mini-game မ်ားဟာ တစ္ခုနဲ႔တစ္ခု မတူညီၾကေပမယ့္ အခက္အခဲမ်ားကို ေရွာင္တိမ္းရတဲ့ အေျပးၿပိဳင္ပြဲငယ္အမ်ိဳးအစားမ်ား အမ်ားဆုံးပါဝင္ပါတယ္။ ယင္းၿပိဳင္ပြဲငယ္မ်ားအတြင္းက အခက္အခဲမ်ားအေနနဲ႔ ေနာက္သို႔ျဖစ္ေစ ေဘးသို႔ျဖစ္ေစ ေရွ႕သို႔ျဖစ္ေစ လႊင့္စင္သြားေစႏိုင္တဲ့ ဒလက္ႀကီးမ်ား၊ ေျပးလမ္းအတိုင္း လိမ့္လာတဲ့ ေဘာလုံးႀကီးမ်ား၊ ခ်ိန္သီးလႊဲ ေဘာလုံးႀကီးမ်ား၊ ေခ်ာ္သြားေစမယ့္ ကုန္းေလ်ာမ်ား စ တာေတြရွိၿပီး ကစားသူမ်ားဟာ ပန္းတိုင္ေရာက္ေအာင္ ေျပးေနရင္း ယင္းတို႔ကို ေရွာင္တိမ္းသြားၾကရမွာပါ။

Fall Guys အတြင္းမွာ အေျပးၿပိဳင္ပြဲငယ္မ်ားစြာ ပါဝင္တဲ့အတြက္ အေတြ႕အႀကဳံရွိတဲ့ ကစားသူမ်ားဟာ အခက္အခဲမ်ားကို ေကာင္းစြာ ေရွာင္တိမ္းႏိုင္လာၾကမွာပါ။ ယင္းအေျပးၿပိဳင္ပြဲငယ္နဲ႔ စတင္တဲ့ ပထမဆုံး round မွာတင္ ကစားသူတစ္ဝက္ခန႔္ ထြက္ခြာရေလ့ရွိတဲ့အတြက္ Fall Guys ဂိမ္းတြင္း ၿပိဳင္ဆိုင္မႈဟာ ျမင့္မားေနရတာလည္း ျဖစ္ပါတယ္။

Round မ်ားအတြင္းမွာ Block Party လိုမ်ိဳး ထူးျခားၿပီး ေပ်ာ္စရာေကာင္းတဲ့ mini-game မ်ားလည္း ပါဝင္ပါတယ္။ ယင္း round အတြင္းမွာေတာ့ ကစားသူမ်ားဟာ စင္ျမင့္တစ္ခုမွာ ရပ္ေနၾကရမွာျဖစ္ၿပီး ေ႐ႊ႕လ်ားေရာက္ရွိလာမယ့္ နံရံမ်ားနဲ႔ ဘေလာ့တုံးမ်ားကို ေရွာင္တိမ္းၾကရမွာပါ။ မေရွာင္ႏိုင္ပဲ အတိုက္ခံရၿပီး စင္ေပၚက ျပဳတ္က်တဲ့ ကစားသူမ်ားကေတာ့ ပြဲအတြင္းကေန ထြက္ခြာသြားၾကရမွာျဖစ္ပါတယ္။

ဒါ့အျပင္ တစ္ဦးတစ္ေယာက္ခ်င္းစီ မဟုတ္ပဲ အသင္းအဖြဲ႕လိုက္ ကစားရမယ့္ round မ်ားလည္း ပါဝင္ပါေသးတယ္။ ယင္း round မ်ားအတြင္းမွာေတာ့ တစ္ဖက္အသင္းမ်ားကို ေႏွာင့္ယွက္ျခင္း၊ ဖမ္းဆြဲျခင္း စ တာေတြဟာ အေျပးၿပိဳင္ပြဲငယ္ round မ်ားထက္ လြန္စြာအသုံးဝင္သလို အသင္းအဖြဲ႕လိုက္ လုပ္ေဆာင္မႈ ကလည္း အေရးႀကီးလွပါတယ္။

ဥပမာအေနနဲ႔ Egg Scramble လို round မ်ိဳးမွာ ကစားသူမ်ားဟာ ဥမ်ားကို ကစားကြင္းထဲကေန လုယူၿပီး မိမိတို႔အသင္းရဲ႕ ပိုက္ျခင္းႀကီးထဲကို ထည့္ၾကရမွာပါ။ Round အခ်ိန္မျပည့္ခင္အတြင္းမွာ တစ္ဖက္အသင္းဘက္က ပိုက္ျခင္းထဲကေနလည္း ဥမ်ားကို လုယူခြင့္ရွိၿပီး round အၿပီးမွာ ဥအမ်ားဆုံး ရရွိထားတဲ့ဘက္ကေန အႏိုင္ရရွိမွာပါ။ ဒီလို အသင္းအဖြဲ႕လိုက္ ကစားရတဲ့ round မ်ိဳးမွာ မိမိရဲ႕ အသင္းသားမ်ား ကစားတာ မေကာင္းရင္ မိမိကိုယ္တိုင္လည္း အရႈံးနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။

Fall Guys ကို Steam ေပၚမွာ ဝယ္ယူမယ္ဆိုရင္ ၁၉.၉၉ ေဒၚလာ က်သင့္မွာျဖစ္ၿပီး Fall Guys: Collectors Pack နဲ႔ Fall Guys – Fast Food Costume Pack တို႔လို DLC မ်ားကိုလည္း သီးသန႔္ဝယ္ယူႏိုင္ပါေသးတယ္။ Fall Guys ဂိမ္းကို လက္ရွိ PC နဲ႔ PS4 Platform ေတြအျပင္ မၾကာခင္မွာ Mobile Version ထြက္ရွိလာေတာ့မွာပါ။ တ႐ုတ္ ဂိမ္း ကုမၸဏီ Bilibili ဟာ Fall Guys Game ရဲ႕ Mobile Version အတြက္ တ႐ုတ္ႏိုင္ငံအတြင္း ထုတ္ေဝခြင့္ ကို မူပိုင္ရရွိထားတယ္လို႔ သိရွိရပါတယ္။

ယခုလို အိမ္တြင္းေအာင္းေနရခ်ိန္မ်ားမွာ ေပ်ာ္စရာေကာင္းတဲ့ ဂိမ္းသစ္တစ္ခုကို စမ္းသပ္ ကစားလိုသူမ်ား အတြက္ Fall Guys အေၾကာင္းကို တစ္ေစ့တစ္ေစာင္း ေဖာ္ျပလိုက္ရပါတယ္။ Esports သတင္းနဲ႔ အေၾကာင္းအရာမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: pcgamer, wikipedia