[Unicode]

T1 ရဲ့ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာတဲ့ LoL Legend “Faker”

 

League of Legends World Championship ကို ၃ ကြိမ်တိတိ အနိုင်ရရှိခဲ့ဖူးတဲ့ Mid-lane ကစားသမား Faker ဟာ သူလက်ရှိကစားနေတဲ့ T1 အသင်းနဲ့ ၃ နှစ်သက်တမ်းရှိတဲ့ စာချုပ်တစ်ခုကို ထပ်မံချုပ်ဆိုလိုက်ပါတယ်။ ယင်းစာချုပ်အရ Faker ဟာ T1 အသင်းရဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရှိနေရုံမျှသာမဟုတ်ပဲ T1 Entertainment & Sports အဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ ပူးတွဲပိုင်ဆိုင်သူတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

ESPN ရဲ့ အဆိုအရတော့ Faker ဟာ ကစားသမားအဖြစ်က အနားယူပြီးနောက်ပိုင်းမှာ အဖွဲ့အစည်းရဲ့ ဦးဆောင်မှုအပိုင်းကို တာဝန်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ Faker က “T1 ရဲ့ တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်သူတစ်ဦးဖြစ်လာလို့ အလွန်ဂုဏ်ယူမိပါတယ်။ ကစားသမားအဖြစ်က အနားယူပြီးတဲ့အချိန်မှာ T1 ရဲ့ ဦးဆောင်သူများအဖွဲ့နဲ့ အတူတကွအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

T1 အသင်းကို ကျွန်တော်အလွန်သံယောဇဉ်ရှိသလို အသင်းရဲ့ အနာဂတ်တိုးတက်ရေးအတွက်လည်း တတ်နိုင်သမျှကြိုးပမ်းသွားမှာပါ။ T1 မှာ ဆက်ကစားခွင့်ရလို့ ကျွန်တော် အရမ်းပျော်ရွှင်နေသလို ကမ္ဘာတစ်ဝှမ်းက ပရိသတ်များကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Faker ဟာ World Championship ဆုဖလား ၃ ခု သာမက MVP ဆုများပေါင်းမြောက်များစွာနဲ့ အခြားပြိုင်ပွဲများမှာလည်း ဆုပေါင်းများစွာ ရရှိထားသူဖြစ်လို့ League of Legends Esports ရဲ့ မျက်နှာဖုံးကစားသမားတစ်ဦးအဖြစ် လူသိများပါတယ်။ ယခုလို T1 နဲ့ စာချုပ်သစ်ချုပ်ဆိုပြီးတဲ့အချိန်မှာလည်း Faker ဟာ စတုတ္ထမြောက် World Championship ဆုဖလားကို ရယူဖို့ ထပ်မံကြိုးပမ်းဦးမယ်လို့ ဆိုပါတယ်။

T1 ရဲ့ ဥက္ကဌဖြစ်သူ Joe Marsh ကတော့ “ကျွန်တော်တို့ဟာ သူ့ကို နောက် season ၃ ခုစာ ထပ်ခေါ်ထားဖို့ အလွန်လိုလားပါတယ်။ Faker ဟာ အသင်းရဲ့ အောင်မြင်မှုများမှာ အလွန်အရေးပါခဲ့တဲ့သူတစ်ယောက်ဖြစ်သလို အနာဂတ်မှာလည်း T1 ရဲ့ တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်သူတစ်ဦးအနေနဲ့ ကျွန်တော်တို့အဖွဲ့အစည်းကြီး တိုးတက်လာအောင် စွမ်းဆောင်နိုင်ဦးမှာပါ။

T1 CEO Joe March

“ကစားသမားဘဝက အနားယူပြီးသွားရင် Faker ဟာ T1 ရဲ့ ဦးဆောင်သူတစ်ဦးအနေနဲ့ သမိုင်းမှတ်တိုင်သစ်များရေးထိုးဖို့ စတင်မှာပါ။ အဲဒီအချိန်မှာတော့ သူဟာ ကမ္ဘာ့ထိပ်တန်းမျိုးဆက်သစ် Esports ကစားသမားများ ပေါ်ထွန်းလာစေဖို့အတွက် အထောက်အကူပြုသူ ဖြစ်လာပါလိမ့်မယ်” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။ ၃ နှစ်တာ စာချုပ်သက်တမ်းဟာ League of Legends ရဲ့ ကုမ္ပဏီ Riot Games က ကစားသမားများကိုခေါ်ယူဖို့ အများဆုံးခွင့်ပြုထားတဲ့ စာချုပ်သက်တမ်းပါ။ ဒါကြောင့် T1 ဟာ Faker ကို တတ်နိုင်သမျှ ကာလကြာအောင် ခေါ်ယူထားလိုကြောင်း သိသာလှပါတယ်။

Esports အပေါ်ခံယူချက်နဲ့ ပတ်သက်ပြီး “နိုင်ပွဲတွေ တတ်နိုင်သလောက် များများရဖို့က ကျွန်တော်ရဲ့ပန်းတိုင်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့တကယ့်ပန်းတိုင်အစစ်အမှန်ကတော့ တတ်နိုင်သလောက် အကောင်းဆုံးကြိုးပမ်းကစားနိုင်ဖို့သာ ဖြစ်ပါတယ်” လို့ Faker က ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် T1 အသင်းနဲ့အတူ ယခု ၂၀၂၀ မှာ World Championship အတွက် အကောင်းဆုံးကြိုးပမ်းဦးမယ့် Faker ရဲ့ လက်စွမ်းများကို ပရိသတ်များ ဆက်လက်စောင့်ကြည့်နေနိုင်ဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: dotesports


[Zawgyi]

T1 ရဲ႕ ပူးတြဲအသင္းပိုင္ရွင္ျဖစ္လာတဲ့ LoL Legend “Faker”

 

League of Legends World Championship ကို ၃ ႀကိမ္တိတိ အႏိုင္ရရွိခဲ့ဖူးတဲ့ Mid-lane ကစားသမား Faker ဟာ သူလက္ရွိကစားေနတဲ့ T1 အသင္းနဲ႔ ၃ ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ခုကို ထပ္မံခ်ဳပ္ဆိုလိုက္ပါတယ္။ ယင္းစာခ်ဳပ္အရ Faker ဟာ T1 အသင္းရဲ႕ ကစားသမားတစ္ဦးအျဖစ္ ဆက္လက္ရွိေန႐ုံမွ်သာမဟုတ္ပဲ T1 Entertainment & Sports အဖြဲ႕အစည္းႀကီးတစ္ခုလုံးရဲ႕ ပူးတြဲပိုင္ဆိုင္သူတစ္ဦးလည္း ျဖစ္လာခဲ့ပါတယ္။

ESPN ရဲ႕ အဆိုအရေတာ့ Faker ဟာ ကစားသမားအျဖစ္က အနားယူၿပီးေနာက္ပိုင္းမွာ အဖြဲ႕အစည္းရဲ႕ ဦးေဆာင္မႈအပိုင္းကို တာဝန္ယူသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Faker က “T1 ရဲ႕ တစ္စိတ္တစ္ေဒသ ပိုင္ဆိုင္သူတစ္ဦးျဖစ္လာလို႔ အလြန္ဂုဏ္ယူမိပါတယ္။ ကစားသမားအျဖစ္က အနားယူၿပီးတဲ့အခ်ိန္မွာ T1 ရဲ႕ ဦးေဆာင္သူမ်ားအဖြဲ႕နဲ႔ အတူတကြအလုပ္လုပ္ဖို႔ ရည္႐ြယ္ထားပါတယ္။

T1 အသင္းကို ကြၽန္ေတာ္အလြန္သံေယာဇဥ္ရွိသလို အသင္းရဲ႕ အနာဂတ္တိုးတက္ေရးအတြက္လည္း တတ္ႏိုင္သမွ်ႀကိဳးပမ္းသြားမွာပါ။ T1 မွာ ဆက္ကစားခြင့္ရလို႔ ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္ေနသလို ကမာၻတစ္ဝွမ္းက ပရိသတ္မ်ားကိုလည္း အထူးေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

Faker ဟာ World Championship ဆုဖလား ၃ ခု သာမက MVP ဆုမ်ားေပါင္းေျမာက္မ်ားစြာနဲ႔ အျခားၿပိဳင္ပြဲမ်ားမွာလည္း ဆုေပါင္းမ်ားစြာ ရရွိထားသူျဖစ္လို႔ League of Legends Esports ရဲ႕ မ်က္ႏွာဖုံးကစားသမားတစ္ဦးအျဖစ္ လူသိမ်ားပါတယ္။ ယခုလို T1 နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးတဲ့အခ်ိန္မွာလည္း Faker ဟာ စတုတၳေျမာက္ World Championship ဆုဖလားကို ရယူဖို႔ ထပ္မံႀကိဳးပမ္းဦးမယ္လို႔ ဆိုပါတယ္။

T1 ရဲ႕ ဥကၠဌျဖစ္သူ Joe Marsh ကေတာ့ “ကြၽန္ေတာ္တို႔ဟာ သူ႔ကို ေနာက္ season ၃ ခုစာ ထပ္ေခၚထားဖို႔ အလြန္လိုလားပါတယ္။ Faker ဟာ အသင္းရဲ႕ ေအာင္ျမင္မႈမ်ားမွာ အလြန္အေရးပါခဲ့တဲ့သူတစ္ေယာက္ျဖစ္သလို အနာဂတ္မွာလည္း T1 ရဲ႕ တစ္စိတ္တစ္ေဒသ ပိုင္ဆိုင္သူတစ္ဦးအေနနဲ႔ ကြၽန္ေတာ္တို႔အဖြဲ႕အစည္းႀကီး တိုးတက္လာေအာင္ စြမ္းေဆာင္ႏိုင္ဦးမွာပါ။

T1 CEO Joe Marsh

“ကစားသမားဘဝက အနားယူၿပီးသြားရင္ Faker ဟာ T1 ရဲ႕ ဦးေဆာင္သူတစ္ဦးအေနနဲ႔ သမိုင္းမွတ္တိုင္သစ္မ်ားေရးထိုးဖို႔ စတင္မွာပါ။ အဲဒီအခ်ိန္မွာေတာ့ သူဟာ ကမာၻ႔ထိပ္တန္းမ်ိဳးဆက္သစ္ Esports ကစားသမားမ်ား ေပၚထြန္းလာေစဖို႔အတြက္ အေထာက္အကူျပဳသူ ျဖစ္လာပါလိမ့္မယ္” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။ ၃ ႏွစ္တာ စာခ်ဳပ္သက္တမ္းဟာ League of Legends ရဲ႕ ကုမၸဏီ Riot Games က ကစားသမားမ်ားကိုေခၚယူဖို႔ အမ်ားဆုံးခြင့္ျပဳထားတဲ့ စာခ်ဳပ္သက္တမ္းပါ။ ဒါေၾကာင့္ T1 ဟာ Faker ကို တတ္ႏိုင္သမွ် ကာလၾကာေအာင္ ေခၚယူထားလိုေၾကာင္း သိသာလွပါတယ္။

Esports အေပၚခံယူခ်က္နဲ႔ ပတ္သက္ၿပီး “ႏိုင္ပြဲေတြ တတ္ႏိုင္သေလာက္ မ်ားမ်ားရဖို႔က ကြၽန္ေတာ္ရဲ႕ပန္းတိုင္လို႔ ေျပာခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕တကယ့္ပန္းတိုင္အစစ္အမွန္ကေတာ့ တတ္ႏိုင္သေလာက္ အေကာင္းဆုံးႀကိဳးပမ္းကစားႏိုင္ဖို႔သာ ျဖစ္ပါတယ္” လို႔ Faker က ေျပာခဲ့ဖူးပါတယ္။ ဒါေၾကာင့္ T1 အသင္းနဲ႔အတူ ယခု ၂၀၂၀ မွာ World Championship အတြက္ အေကာင္းဆုံးႀကိဳးပမ္းဦးမယ့္ Faker ရဲ႕ လက္စြမ္းမ်ားကို ပရိသတ္မ်ား ဆက္လက္ေစာင့္ၾကည့္ေနႏိုင္ဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။
source: dotesports