[Unicode]

Facebook Gaming မှ ဝင်ငွေရှာခြင်းအပါအဝင် Level Up ရဲ့ feature များကို မြန်မာနိုင်ငံမှာ တရားဝင်အသုံးပြုနိုင်ပြီ

 

Facebook Gaming ဆိုတာကတော့ gamer များကို Facebook ပေါ်မှာ stream လွှင့်ခြင်း၊ instant game များ ဆော့ကစားခြင်း၊ အခြားသူများရဲ့ stream များကို ဝင်ရောက်ကြည့်ရှုခြင်း စတာတွေကို ပြုလုပ်စေနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုပါ။ Facebook ဟာ သုံးစွဲသူပေါင်း ဘီလီယံနဲ့ ချီပြီး ရရှိထားတဲ့အတွက် Facebook Gaming ဟာလည်း သုံးစွဲသူအမြောက်အများ ရရှိလာနေပြီပဲ ဖြစ်ပါတယ်။

မကြာသေးမီကမှ Facebook ဟာ မြန်မာနိုင်ငံမှ ဂိမ်း streamer များအတွက် ပိုမိုအဆင်ပြေချောမွေ့စေမယ့် အပြောင်းအလဲတစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒါကတော့ Facebook Gaming ထဲက Level Up ကို တရားဝင်အသုံးပြုနိုင်အောင် ခွင့်ပြုပေးလိုက်တာပါ။ Level Up ကို အသုံးပြုနိုင်တဲ့ နိုင်ငံစာရင်းကို Facebook က တိတိကျကျ စာရင်းတစ်ခုနဲ့ ကြေညာထားပြီး ယခင်က မြန်မာနိုင်ငံကို ခွင့်မပြုခဲ့ပါဘူး။ မြန်မာနိုင်ငံကို တရားဝင် အသိအမှတ်မပြုခင်က ပြည်ပမှနေထိုင်တဲ့ မိတ်ဆွေ သူငယ်ချင်းများကို Admin အဖြစ် ခန့်အပ်ကာ Level Up Program လျှောက်ထားခြင်းများ ပြုလုပ်ခဲ့ရသော်လည်း ယခုအခု တရားဝင် ခွင့်ပြုလိုက်ခြင်းကြောင့် ပြည်တွင်း Streamer တွေအတွက် ပိုမို အဆင်ပြေလာတော့မှာပဲ ဖြစ်ပါတယ်။

ဒီလို အသုံးပြုခွင့်ပေးလိုက်တဲ့အတွက် Level Up ရဲ့ feature များကိုလည်း အပြည့်အဝ အသုံးချနိုင်တော့မှာပါ။ Level Up ဟာ stream များကို monetize ပြုလုပ်ပြီး ဝင်ငွေရှာခြင်း၊ stream ကို high definition (1080p, 60 FPS) ဖြင့် လွှင့်ခြင်း၊ page အတွက် badge များနဲ့ achievements များ ရယူခြင်း စတာတွေကို လုပ်ဆောင်စေနိုင်ပါတယ်။ Level Up ကို အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ အသုံးပြုနိုင်မှာပါ။

Level Up ကို ဝင်ရောက်အသုံးပြုဖို့ ပထမဆုံး လိုအပ်တဲ့ အဆင့်တွေထဲမှာတော့ Gaming Video Creator Page တစ်ခု ဖန်တီးခြင်း (သို့မဟုတ်) ရှိပြီးသား Page တစ်ခုကို ယင်းအမျိုးအစားသို့ ပြောင်းလဲခြင်း၊ follower အနည်းဆုံး ၁၀၀ ကျော်အောင် ပြုလုပ်ရခြင်း၊ ၁၄ ရက်အတွင်းအချိန်ကာလမှာ အနည်းဆုံး ၂ ရက် ဝင်ရောက် stream ရခြင်း၊ ၁၄ ရက်အတွင်း အချိန် ၄ နာရီကျော်အောင် stream ရခြင်း စတာတွေ ပါဝင်ပါတယ်။

Streamer တစ်ဦးရဲ့ ကိုယ်ပိုင် Level Up အချက်အလက်များကို Streamer Dashboard ဖြစ်တဲ့ www.fb.gg/streamer မှာ သွားရောက်ကြည့်ရှုနိုင်မှာပါ။ လိုအပ်တဲ့အဆင့်တွေကို ပြုလုပ်ပြီး Level Up ကို ဝင်ရောက်ရင် streamer ရဲ့ page နဲ့ content များဟာ Facebook Gaming ရဲ့ စည်းကမ်းချက်များနဲ့ ညီညွှတ်ခြင်းရှိ မရှိ စစ်ဆေးခြင်း ခံရမှာဖြစ်ပါတယ်။ Level Up ကို Facebook Gaming မှာ stream လွှင့်ခြင်းကနေ monetize ပြုလုပ်ပြီး ဝင်ငွေရှာနိုင်ဖို့အတွက် မဖြစ်မနေ လိုအပ်ပါတယ်။

Monetize ပြုလုပ်လိုသူ streamer ဟာ star များ လက်ခံရယူနိုင်အောင် Streamer Dashboard ပေါ်က Set up Stars ကို ရွေးချယ်ပြီး payment information အရင်ဆုံးထည့်သွင်းရမှာပါ။ Facebook Gaming မှာ monetize ပြုလုပ်ခြင်းမှာ star များရရှိခြင်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကြည့်ရှုသူများဟာ star များ ဝယ်ယူကာ နှစ်သက်ရာ streamer ကို ပေးနိုင်ပြီး အဆိုပါ star တစ်ခုလျှင် ဝ.၀၁ ဒေါ်လာနှုန်းနဲ့ Facebook က streamer ကို ပြန်လည် လဲလှယ်ပေးမှာဖြစ်ပါတယ်။

Star အရေအတွက် တစ်သောင်း (သို့မဟုတ်) ဒေါ်လာ ၁၀၀ ပြည့်မှသာ streamer ကို Facebook က လဲလှယ်ပေးမှာပါ။ ယခင်က streamer ထည့်သွင်းထားခဲ့တဲ့ payment method အတိုင်း ပေးပို့မှာဖြစ်ပြီး star အရေအတွက် ပြည့်မီတဲ့ လအပြီး အနည်းဆုံး ရက် ၃၀ ကျော် အချိန်ယူပါတယ်။ ဗီယက်နမ်မှာဆိုရင်တော့ အနည်းဆုံး ရက် ၆၀ ကျော် ကြာမယ်လို့လည်း ကြေညာထားပါတယ်။

Streamer တွေ အချိန်များများ stream ရင် ကြည့်ရှုသူ ပရိသတ်များဟာ streamer ကို ပေးဖို့ free star များလည်း ရရှိလာနိုင်ပါတယ်။ ၇ ရက်တာ ကာလအတွင်းမှာ ၁၅ နာရီအထိ stream သူများကို bronze tier, ၁၅ နာရီကနေ နာရီ ၃၀ အထိ stream သူများကို silver tier, နာရီ ၃၀ နဲ့ အထက် stream သူများကို gold tier အဖြစ် သတ်မှတ်ပေးပြီး tier မြင့်လေ streamer ရဲ့ ကြည့်ရှုသူများအတွက် free star ရရှိနိုင်ခြေများလေ ဖြစ်ပါတယ်။

Facebook Gaming ရဲ့ Level Up ကို တရားဝင်အသုံးပြုနိုင်ခြင်းဟာ မြန်မာ streamer များအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ Level Up ရဲ့ feature များကို အသုံးပြုလိုသူများ နဲ့ monetize လုပ်လိုသူများအတွက် အဆင်ပြေလာစေလို့ ပိုမို ထိရောက်စွာ stream နိုင်ကြမှာပါ။ မြန်မာ esports လောက ပိုမိုတိုးတက်လာစေဖို့နဲ့ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်ဖို့ကို မြန်မာ gamer အများက အထူးမျှော်လင့်လျက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

By Combo (Htet Wai Yan)

 


[Zawgyi]

Facebook Gaming မွ ဝင္ေငြရွာျခင္းအပါအဝင္ Level Up ရဲ႕ feature မ်ားကို ျမန္မာႏိုင္ငံမွာ တရားဝင္အသုံးျပဳႏိုင္ျပီ

 

Facebook Gaming ဆိုတာကေတာ့ gamer မ်ားကုိ Facebook ေပၚမွာ stream လႊင့္ျခင္း၊ instant game မ်ား ေဆာ့ကစားျခင္း၊ အျခားသူမ်ားရဲ႕ stream မ်ားကို ဝင္ေရာက္ၾကည့္ရႈျခင္း စတာေတြကို ျပဳလုပ္ေစႏိုင္တဲ့ ဝန္ေဆာင္မႈတစ္ခုပါ။ Facebook ဟာ သုံးစြဲသူေပါင္း ဘီလီယံနဲ႔ ခ်ီျပီး ရရွိထားတဲ့အတြက္ Facebook Gaming ဟာလည္း သုံးစြဲသူအေျမာက္အမ်ား ရရွိလာေနျပီပဲ ျဖစ္ပါတယ္။

မၾကာေသးမီကမွ Facebook ဟာ ျမန္မာႏိုင္ငံမွ ဂိမ္း streamer မ်ားအတြက္ ပိုမိုအဆင္ေျပေခ်ာေမြ႔ေစမယ့္ အေျပာင္းအလဲတစ္ခုကို ျပဳလုပ္ေပးခဲ့ပါတယ္။ အဲဒါကေတာ့ Facebook Gaming ထဲက Level Up ကို တရားဝင္အသုံးျပဳႏိုင္ေအာင္ ခြင့္ျပဳေပးလိုက္တာပါ။ Level Up ကို အသုံးျပဳႏိုင္တဲ့ ႏိုင္ငံစာရင္းကို Facebook က တိတိက်က် စာရင္းတစ္ခုနဲ႔ ေၾကညာထားျပီး ယခင္က ျမန္မာႏိုင္ငံကို ခြင့္မျပဳခဲ့ပါဘူး။ ျမန္မာႏိုင္ငံကို တရားဝင္ အသိအမွတ္မျပဳခင္က ျပည္ပမွေနထိုင္တဲ့ မိတ္ေဆြ သူငယ္ခ်င္းမ်ားကို Admin အျဖစ္ ခန္႔အပ္ကာ Level Up Program ေလွ်ာက္ထားျခင္းမ်ား ျပဳလုပ္ခဲ့ရေသာ္လည္း ယခုအခု တရားဝင္ ခြင့္ျပဳလိုက္ျခင္းေၾကာင့္ ျပည္တြင္း Streamer ေတြအတြက္ ပိုမို အဆင္ေျပလာေတာ့မွာပဲ ျဖစ္ပါတယ္။

ဒီလို အသုံးျပဳခြင့္ေပးလိုက္တဲ့အတြက္ Level Up ရဲ႕ feature မ်ားကိုလည္း အျပည့္အဝ အသုံးခ်ႏိုင္ေတာ့မွာပါ။ Level Up ဟာ stream မ်ားကို monetize ျပဳလုပ္ျပီး ဝင္ေငြရွာျခင္း၊ stream ကို high definition (1080p, 60 FPS) ျဖင့္ လႊင့္ျခင္း၊ page အတြက္ badge မ်ားနဲ႔ achievements မ်ား ရယူျခင္း စတာေတြကို လုပ္ေဆာင္ေစႏိုင္ပါတယ္။ Level Up ကို အသက္ ၁၈ ႏွစ္ျပည့္ျပီးသူမ်ားသာ အသုံးျပဳႏိုင္မွာပါ။

Level Up ကို ဝင္ေရာက္အသုံးျပဳဖုိ႔ ပထမဆုံး လိုအပ္တဲ့ အဆင့္ေတြထဲမွာေတာ့ Gaming Video Creator Page တစ္ခု ဖန္တီးျခင္း (သို႔မဟုတ္) ရွိျပီးသား Page တစ္ခုကို ယင္းအမ်ိဳးအစားသုိ႔ ေျပာင္းလဲျခင္း၊ follower အနည္းဆုံး ၁၀၀ ေက်ာ္ေအာင္ ျပဳလုပ္ရျခင္း၊ ၁၄ ရက္အတြင္းအခ်ိန္ကာလမွာ အနည္းဆုံး ၂ ရက္ ဝင္ေရာက္ stream ရျခင္း၊ ၁၄ ရက္အတြင္း အခ်ိန္ ၄ နာရီေက်ာ္ေအာင္ stream ရျခင္း စတာေတြ ပါဝင္ပါတယ္။

Streamer တစ္ဦးရဲ႕ ကိုယ္ပိုင္ Level Up အခ်က္အလက္မ်ားကို Streamer Dashboard ျဖစ္တဲ့ www.fb.gg/streamer မွာ သြားေရာက္ၾကည့္ရႈႏိုင္မွာပါ။ လိုအပ္တဲ့အဆင့္ေတြကို ျပဳလုပ္ျပီး Level Up ကို ဝင္ေရာက္ရင္ streamer ရဲ႕ page နဲ႔ content မ်ားဟာ Facebook Gaming ရဲ႕ စည္းကမ္းခ်က္မ်ားနဲ႔ ညီညႊတ္ျခင္းရွိ မရွိ စစ္ေဆးျခင္း ခံရမွာျဖစ္ပါတယ္။ Level Up ကို Facebook Gaming မွာ stream လႊင့္ျခင္းကေန monetize ျပဳလုပ္ျပီး ဝင္ေငြရွာႏိုင္ဖုိ႔အတြက္ မျဖစ္မေန လိုအပ္ပါတယ္။

Monetize ျပဳလုပ္လိုသူ streamer ဟာ star မ်ား လက္ခံရယူႏိုင္ေအာင္ Streamer Dashboard ေပၚက Set up Stars ကို ေရြးခ်ယ္ျပီး payment information အရင္ဆုံးထည့္သြင္းရမွာပါ။ Facebook Gaming မွာ monetize ျပဳလုပ္ျခင္းမွာ star မ်ားရရွိျခင္းဟာ အေရးၾကီးတဲ့ အခန္းက႑ကေန ပါဝင္ပါတယ္။ ၾကည့္ရႈသူမ်ားဟာ star မ်ား ဝယ္ယူကာ ႏွစ္သက္ရာ streamer ကို ေပးႏိုင္ျပီး အဆိုပါ star တစ္ခုလွ်င္ ၀.၀၁ ေဒၚလာႏႈန္းနဲ႔ Facebook က streamer ကို ျပန္လည္ လဲလွယ္ေပးမွာျဖစ္ပါတယ္။

Star အေရအတြက္ တစ္ေသာင္း (သုိ႔မဟုတ္) ေဒၚလာ ၁၀၀ ျပည့္မွသာ streamer ကို Facebook က လဲလွယ္ေပးမွာပါ။ ယခင္က streamer ထည့္သြင္းထားခဲ့တဲ့ payment method အတိုင္း ေပးပို႔မွာျဖစ္ျပီး star အေရအတြက္ ျပည့္မီတဲ့ လအျပီး အနည္းဆုံး ရက္ ၃၀ ေက်ာ္ အခ်ိန္ယူပါတယ္။ ဗီယက္နမ္မွာဆိုရင္ေတာ့ အနည္းဆုံး ရက္ ၆၀ ေက်ာ္ ၾကာမယ္လို႔လည္း ေၾကညာထားပါတယ္။

Streamer ေတြ အခ်ိန္မ်ားမ်ား stream ရင္ ၾကည့္ရႈသူ ပရိသတ္မ်ားဟာ streamer ကို ေပးဖုိ့ free star မ်ားလည္း ရရွိလာႏိုင္ပါတယ္။ ၇ ရက္တာ ကာလအတြင္းမွာ ၁၅ နာရီအထိ stream သူမ်ားကို bronze tier, ၁၅ နာရီကေန နာရီ ၃၀ အထိ stream သူမ်ားကို silver tier, နာရီ ၃၀ နဲ႔ အထက္ stream သူမ်ားကို gold tier အျဖစ္ သတ္မွတ္ေပးျပီး tier ျမင့္ေလ streamer ရဲ႕ ၾကည့္ရႈသူမ်ားအတြက္ free star ရရွိႏိုင္ေျခမ်ားေလ ျဖစ္ပါတယ္။

Facebook Gaming ရဲ႕ Level Up ကို တရားဝင္အသုံးျပဳႏိုင္ျခင္းဟာ ျမန္မာ streamer မ်ားအတြက္ သတင္းေကာင္းပဲ ျဖစ္ပါတယ္။ Level Up ရဲ႕ feature မ်ားကို အသုံးျပဳလိုသူမ်ား နဲ႔ monetize လုပ္လိုသူမ်ားအတြက္ အဆင္ေျပလာေစလို႔ ပိုမို ထိေရာက္စြာ stream ႏိုင္ၾကမွာပါ။ ျမန္မာ esports ေလာက ပိုမိုတိုးတက္လာေစဖုိ႔နဲ႔ ႏိုင္ငံတကာမွာ ရင္ေဘာင္တန္းႏိုင္ဖုိ႔ကို ျမန္မာ gamer အမ်ားက အထူးေမွ်ာ္လင့္လ်က္ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

By Combo (Htet Wai Yan)