[Unicode]

ဂိမ်းမဆော့ခင် လေ့ကျင့်ခန်းပြုလုပ်ခြင်းက စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်

 

Esports ဂိမ်းများဟာ ခွန်အားကို အဓိကအသုံးပြုကစားရတဲ့ ကိုယ်ကာယအားကစားနည်းများ မဟုတ်ကြပါဘူး။ ဒါပေမယ့် ကနေဒါထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ McGill တက္ကသိုလ်ရဲ့ သုတေသနအရ ကာယလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ Esports ဂိမ်းများကို ပိုမိုကောင်းမွန်စွာကစားနိုင်စေဖို့ အထောက်အကူဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဒီသုတေသနအတွက် အသက်ငယ်ရွယ်တဲ့ gamer အယောက် ၂၀ ကို ရွေးချယ်ပြီး ပြုလုပ်ခဲ့ကြတာပါ။ ယင်းလူငယ်များဟာ နာမည်ကျော် MOBA ဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ကို ကစားလေ့ရှိသူများ ဖြစ်ကြပါတယ်။

သုတေသနရဲ့ ပထမရက်မှာ ယင်းလူငယ်များကို ထိရောက်တဲ့ high-intensity cardio ကာယလေ့ကျင့်ခန်း ၁၅ မိနစ်ခန့် ပြုလုပ်စေပြီးမှ League of Legends ဂိမ်းကို ကစားစေခဲ့ပါတယ်။ အခြားရက်မှာတော့ လေ့ကျင့်ခန်းမလုပ်ပဲ အနားယူပြီး ကစားစေခဲ့ပါတယ်။ သုတေသနပြုလုပ်သူများဟာ ယင်းတို့ လေ့ကျင့်ခန်းပြုလုပ်ပြီး ကစားခဲ့တဲ့ ဂိမ်းတွင်းအချက်အလက်များ၊ မလုပ်ပဲ ကစားခဲ့တဲ့ အချက်အလက်များ၊ ကစားသမားများရဲ့ လေ့ကျင့်ခန်းအပေါ် စိတ်ခံစားချက်များ စ တာတွေကို စနစ်တကျမှတ်သားထားခဲ့ကြပါတယ်။

တွေ့ရှိချက်များအရ ကာယလေ့ကျင့်ခန်းပြုလုပ်ပြီးချိန်မှာ ကစားသမားများဟာ League of Legends ဂိမ်းအတွင်းမှာ farming ပိုမိုကောင်းမွန်လာခြင်း၊ ဂိမ်းကိုအနိုင်ရဖို့ လိုအပ်တဲ့ objective များ ရယူရာမှာ ပိုမိုတိကျလာခြင်း၊ ဂိမ်းကို အနိုင်ရအောင် လုပ်ဆောင်နိုင်စွမ်း တိုးတက်လာခြင်း စသဖြင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာကြောင်း တွေ့ရှိခဲ့ကြရပါတယ်။


ယင်းသို့ စွမ်းဆောင်ရည် မြင့်မားတဲ့ အကျိုးကျေးဇူးရလာစေဖို့အတွက် ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းကို ကစားသမားများ ကြိုက်နှစ်သက်နေဖို့ မလိုအပ်ကြောင်းနဲ့ ကစားသမားများရဲ့ ကိုယ်အလေးချိန်၊ ခွန်အား စတာတွေနဲ့ သက်ဆိုင်မှု မရှိကြောင်းတို့ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ Esports ဂိမ်းကစားခြင်းကို အထောက်အကူဖြစ်စေကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ McGill တက္ကသိုလ်ရဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ Marc Roig ကတော့ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အချက်အလက်များအပေါ် အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေခြင်း၊ လျှပ်တစ်ပြက်စဉ်းစားဆုံးဖြတ်နိုင်စွမ်း ပိုမိုမြင့်မားလာစေခြင်း စသဖြင့် ဦးနှောက်လုပ်ဆောင်ချက်များနဲ့ ပတ်သက်တဲ့အကျိုးကျေးဇူးတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းကပေးတဲ့ ဒီအကျိုးကျေးဇူးများဟာ ဦးနှောက်ကို အသုံးပြုပြီး ကစားရတဲ့ Esports ဂိမ်းကစားခြင်းမှာ အထောက်အကူဖြစ်နေတာ ထူးဆန်းတဲ့ကိစ္စတစ်ခုမဟုတ်ကြောင်းကိုလည်း ပြောခဲ့ပါတယ်။ တိကျတဲ့ သုတေသနများ ထပ်မံပြုလုပ်ဖို့ လိုအပ်နေသေးမယ့် Esports ဂိမ်းကစားခြင်းနဲ့ ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဟာ ဆန့်ကျင်ဘက်အရာ ၂ ခု မဟုတ်တာကတော့ သေချာနေပြီဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

Cardio ကာယလေ့ကျင့်ခန်းများကို gym များမှာ ဝိတ် မကစားမီဖြစ်စေ ကစားပြီးချိန်မှာဖြစ်စေ ပြုလုပ်လေ့ရှိကြပါတယ်။ Cardio ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်း၊ အဆီပိုများကို ကျစေခြင်း၊ နှလုံးနဲ့ အဆုတ်တို့ကို အားကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးများရှိကြောင်း ယခင်ထဲက တွေ့ရှိခဲ့ကြပြီးဖြစ်ပါတယ်။ ယခုအချိန်မှာတော့ cardio ကာယလေ့ကျင့်ခန်းဟာ ဂိမ်းကစားခြင်းကိုပါ အထောက်အကူဖြစ်စေကြောင်း တွေ့ရှိခဲ့ကြရတာပါ။

Esports နဲ့ သက်ဆိုင်တဲ့ အခြားသုတေသနများအရ ကမ္ဘာ့ထိပ်တန်း Esports ကစားသမားများဟာ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးလို့ ကျန်းမာရေးပြဿနာများနဲ့ ရင်ဆိုင်ရလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းမွန်အောင် ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကာယလေ့ကျင့်ခန်းများကို gamer အများပြုလုပ်ပေးသင့်ကြောင်း ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Just EE things … 😛

source: cnbc


[ZawGyi]

ဂိမ္းမေဆာ့ခင္ ေလ့က်င့္ခန္းျပဳလုပ္ျခင္းက စြမ္းေဆာင္ရည္ကို တိုးျမႇင့္ေပးႏိုင္

 

Esports ဂိမ္းမ်ားဟာ ခြန္အားကို အဓိကအသုံးျပဳကစားရတဲ့ ကိုယ္ကာယအားကစားနည္းမ်ား မဟုတ္ၾကပါဘူး။ ဒါေပမယ့္ ကေနဒါထိပ္တန္းတကၠသိုလ္တစ္ခုျဖစ္တဲ့ McGill တကၠသိုလ္ရဲ႕ သုေတသနအရ ကာယေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းဟာ Esports ဂိမ္းမ်ားကို ပိုမိုေကာင္းမြန္စြာကစားႏိုင္ေစဖို႔ အေထာက္အကူျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။

ဒီသုေတသနအတြက္ အသက္ငယ္႐ြယ္တဲ့ gamer အေယာက္ ၂၀ ကို ေ႐ြးခ်ယ္ၿပီး ျပဳလုပ္ခဲ့ၾကတာပါ။ ယင္းလူငယ္မ်ားဟာ နာမည္ေက်ာ္ MOBA ဂိမ္းတစ္ခုျဖစ္တဲ့ League of Legends ကို ကစားေလ့ရွိသူမ်ား ျဖစ္ၾကပါတယ္။

သုေတသနရဲ႕ ပထမရက္မွာ ယင္းလူငယ္မ်ားကို ထိေရာက္တဲ့ high-intensity cardio ကာယေလ့က်င့္ခန္း ၁၅ မိနစ္ခန႔္ ျပဳလုပ္ေစၿပီးမွ League of Legends ဂိမ္းကို ကစားေစခဲ့ပါတယ္။ အျခားရက္မွာေတာ့ ေလ့က်င့္ခန္းမလုပ္ပဲ အနားယူၿပီး ကစားေစခဲ့ပါတယ္။ သုေတသနျပဳလုပ္သူမ်ားဟာ ယင္းတို႔ ေလ့က်င့္ခန္းျပဳလုပ္ၿပီး ကစားခဲ့တဲ့ ဂိမ္းတြင္းအခ်က္အလက္မ်ား၊ မလုပ္ပဲ ကစားခဲ့တဲ့ အခ်က္အလက္မ်ား၊ ကစားသမားမ်ားရဲ႕ ေလ့က်င့္ခန္းအေပၚ စိတ္ခံစားခ်က္မ်ား စ တာေတြကို စနစ္တက်မွတ္သားထားခဲ့ၾကပါတယ္။

ေတြ႕ရွိခ်က္မ်ားအရ ကာယေလ့က်င့္ခန္းျပဳလုပ္ၿပီးခ်ိန္မွာ ကစားသမားမ်ားဟာ League of Legends ဂိမ္းအတြင္းမွာ farming ပိုမိုေကာင္းမြန္လာျခင္း၊ ဂိမ္းကိုအႏိုင္ရဖို႔ လိုအပ္တဲ့ objective မ်ား ရယူရာမွာ ပိုမိုတိက်လာျခင္း၊ ဂိမ္းကို အႏိုင္ရေအာင္ လုပ္ေဆာင္ႏိုင္စြမ္း တိုးတက္လာျခင္း စသျဖင့္ စြမ္းေဆာင္ရည္ ပိုမိုျမင့္မားလာေၾကာင္း ေတြ႕ရွိခဲ့ၾကရပါတယ္။


ယင္းသို႔ စြမ္းေဆာင္ရည္ ျမင့္မားတဲ့ အက်ိဳးေက်းဇူးရလာေစဖို႔အတြက္ ကာယေလ့က်င့္ခန္းျပဳလုပ္ျခင္းကို ကစားသမားမ်ား ႀကိဳက္ႏွစ္သက္ေနဖို႔ မလိုအပ္ေၾကာင္းနဲ႔ ကစားသမားမ်ားရဲ႕ ကိုယ္အေလးခ်ိန္၊ ခြန္အား စတာေတြနဲ႔ သက္ဆိုင္မႈ မရွိေၾကာင္းတို႔ကိုလည္း ေတြ႕ရွိခဲ့ရပါတယ္။ ဒါေၾကာင့္ ကာယေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ Esports ဂိမ္းကစားျခင္းကို အေထာက္အကူျဖစ္ေစေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ McGill တကၠသိုလ္ရဲ႕ ပေရာ္ဖက္ဆာတစ္ဦးျဖစ္သူ Marc Roig ကေတာ့ ကာယေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ အခ်က္အလက္မ်ားအေပၚ အာ႐ုံစူးစိုက္မႈ ပိုမိုေကာင္းမြန္ေစျခင္း၊ လွ်ပ္တစ္ျပက္စဥ္းစားဆုံးျဖတ္ႏိုင္စြမ္း ပိုမိုျမင့္မားလာေစျခင္း စသျဖင့္ ဦးေႏွာက္လုပ္ေဆာင္ခ်က္မ်ားနဲ႔ ပတ္သက္တဲ့အက်ိဳးေက်းဇူးေတြ ရွိတယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ကာယေလ့က်င့္ခန္းျပဳလုပ္ျခင္းကေပးတဲ့ ဒီအက်ိဳးေက်းဇူးမ်ားဟာ ဦးေႏွာက္ကို အသုံးျပဳၿပီး ကစားရတဲ့ Esports ဂိမ္းကစားျခင္းမွာ အေထာက္အကူျဖစ္ေနတာ ထူးဆန္းတဲ့ကိစၥတစ္ခုမဟုတ္ေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ တိက်တဲ့ သုေတသနမ်ား ထပ္မံျပဳလုပ္ဖို႔ လိုအပ္ေနေသးမယ့္ Esports ဂိမ္းကစားျခင္းနဲ႔ ကာယေလ့က်င့္ခန္းျပဳလုပ္ျခင္းတို႔ဟာ ဆန႔္က်င္ဘက္အရာ ၂ ခု မဟုတ္တာကေတာ့ ေသခ်ာေနၿပီျဖစ္ေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။

Cardio ကာယေလ့က်င့္ခန္းမ်ားကို gym မ်ားမွာ ဝိတ္ မကစားမီျဖစ္ေစ ကစားၿပီးခ်ိန္မွာျဖစ္ေစ ျပဳလုပ္ေလ့ရွိၾကပါတယ္။ Cardio ကာယေလ့က်င့္ခန္းျပဳလုပ္ျခင္းဟာ ေသြးလည္ပတ္မႈ ေကာင္းမြန္ေစျခင္း၊ အဆီပိုမ်ားကို က်ေစျခင္း၊ ႏွလုံးနဲ႔ အဆုတ္တို႔ကို အားေကာင္းေစျခင္း စတဲ့ အက်ိဳးေက်းဇူးမ်ားရွိေၾကာင္း ယခင္ထဲက ေတြ႕ရွိခဲ့ၾကၿပီးျဖစ္ပါတယ္။ ယခုအခ်ိန္မွာေတာ့ cardio ကာယေလ့က်င့္ခန္းဟာ ဂိမ္းကစားျခင္းကိုပါ အေထာက္အကူျဖစ္ေစေၾကာင္း ေတြ႕ရွိခဲ့ၾကရတာပါ။

Esports နဲ႔ သက္ဆိုင္တဲ့ အျခားသုေတသနမ်ားအရ ကမာၻ႔ထိပ္တန္း Esports ကစားသမားမ်ားဟာ အထိုင္မ်ားၿပီး ကိုယ္လက္လႈပ္ရွားမႈနည္းပါးလို႔ က်န္းမာေရးျပႆနာမ်ားနဲ႔ ရင္ဆိုင္ရေလ့ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ က်န္းမာေရးေကာင္းမြန္ေအာင္ ထိုက္သင့္တဲ့ ကိုယ္လက္လႈပ္ရွားမႈနဲ႔ ကာယေလ့က်င့္ခန္းမ်ားကို gamer အမ်ားျပဳလုပ္ေပးသင့္ေၾကာင္း ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Just EE things … 😛

source: cnbc