[Unicode]

မကြာခင် အသင်းသစ်ကို ကြေညာတော့မယ့် Team Liquid ကစားသမား ဟောင်းများ

 

Dota2 ပရိသတ်တွေ မျှော်လင့်နေကြတဲ့ Team Liquid ကစားသမားဟောင်းတွေဖြစ်တဲ့ Miracle, Kuroky, Mind Control, GH နဲ့ W33 တို့ (၅) ယောက် ရဲ့ အနာဂတ်အစီအစဉ်တွေကို Kuroky က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Team Liquid ရဲ့ Captain ဟောင်းတစ်ဦးဖြစ်တဲ့ Kuroky ဟာ မနေ့ညက ESL One Hamburg မှာ Gambit ကို အနိုင်ရပြီး ဗိုလ်စွဲသွားတဲ့ TNC ကို Twitter ပေါ်မှာ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ဒါ့အပြင် တကမ္ဘာလုံး စိတ်ဝင်စားနေတဲ့ Team Liquid Player ဟောင်းတွေရဲ့ ဦးတည်ရာကို ယခုလို ပြောကြားခဲ့ပါတယ်။

Koroky Tweet

“ကျွန်တော်တို့ရဲ့ အသင်းသစ်/အဖွဲ့အစည်းသစ်ကို နောက် Major/Minor တွေရဲ့ လက်ရည်စစ်ပွဲ မတိုင်ခင်မှာ ကြေညာသွားပေးပါမယ်။ အသင်း လူစာရင်းကတော့ အရင်ကအတိုင်း တည်ရှိနေမှာပါ။ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ Kuroky က သူ့ရဲ့ Twitter မှာ ရေးသားပြောဆိုခဲ့ပါတယ်။

ဒီသတင်းဟာ Team Liquid ကို တစိုက် မတ်မတ်အားပေးခဲ့တဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ဖြစ်ပြီး TI9 ဒုတိယရရှိခဲ့တဲ့ အသင်းက ဆက်လက် တည်မြဲနေတာမလို့ အခြား အသင်းကြီးတွေအတွက်တော့ အိပ်မက်ဆိုး ဖြစ်စေမှာပါ။

ex-Team-Liquid players

Kuroky ရဲ့ ပြောကြားချက်အရ နောက် Major/Minor Qualifier မတိုင်ခင် ကြေညာမယ် ပြောထားတဲ့အတွက် Valve ရဲ့ ၂၀၁၉-၂၀၂၀ DPC ပြိုင်ပွဲတွေအရ ပထမဆုံး Major ဖြစ်တဲ့ MDL Chendu Major အပြီး နိုဝင်ဘာ (၂၄) နောက်ပိုင်း မှာတော့ သတင်းကောင်းကို စတင် ရင်ခုန်လို့ ရနေနိုင်ပါပြီ။

ယခုအချိန်မှာတော့ Kuroky တို့ အုပ်စု ဘယ်သွားမလည်းဆိုတာ ထင်ကြေးမျိုးစုံ ပေးနေပေမယ့် သေချာတာတစ်ခုကတော့ သူတို့ ရောက်ရှိမယ့် အသင်းသစ်ကို အားပေးမယ့် ပရိသတ်တွေကတော့ မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာပါ အခိုင်အမာ ရှိနေဦးမှာပါ။


[Zawgyi]

မၾကာခင္ အသင္းသစ္ကို ေၾကညာေတာ့မယ့္ Team Liquid ကစားသမား ေဟာင္းမ်ား

 

Dota2 ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ Team Liquid ကစားသမားေဟာင္းေတြျဖစ္တဲ့ Miracle, Kuroky, Mind Control, GH နဲ႔ W33 တို႔ (၅) ေယာက္ ရဲ႕ အနာဂတ္အစီအစဥ္ေတြကို Kuroky က ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

Team Liquid ရဲ႕ Captain ေဟာင္းတစ္ဦးျဖစ္တဲ့ Kuroky ဟာ မေန႔ညက ESL One Hamburg မွာ Gambit ကို အႏိုင္ရၿပီး ဗိုလ္စြဲသြားတဲ့ TNC ကို Twitter ေပၚမွာ ဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။ ဒါ့အျပင္ တကမာၻလုံး စိတ္ဝင္စားေနတဲ့ Team Liquid Player ေဟာင္းေတြရဲ႕ ဦးတည္ရာကို ယခုလို ေျပာၾကားခဲ့ပါတယ္။

Koroky Tweet

“ကြၽန္ေတာ္တို႔ရဲ႕ အသင္းသစ္/အဖြဲ႕အစည္းသစ္ကို ေနာက္ Major/Minor ေတြရဲ႕ လက္ရည္စစ္ပြဲ မတိုင္ခင္မွာ ေၾကညာသြားေပးပါမယ္။ အသင္း လူစာရင္းကေတာ့ အရင္ကအတိုင္း တည္ရွိေနမွာပါ။ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္” လို႔ Kuroky က သူ႔ရဲ႕ Twitter မွာ ေရးသားေျပာဆိုခဲ့ပါတယ္။

ဒီသတင္းဟာ Team Liquid ကို တစိုက္ မတ္မတ္အားေပးခဲ့တဲ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခု ျဖစ္ၿပီး TI9 ဒုတိယရရွိခဲ့တဲ့ အသင္းက ဆက္လက္ တည္ၿမဲေနတာမလို႔ အျခား အသင္းႀကီးေတြအတြက္ေတာ့ အိပ္မက္ဆိုး ျဖစ္ေစမွာပါ။

ex-Team-Liquid players

Kuroky ရဲ႕ ေျပာၾကားခ်က္အရ ေနာက္ Major/Minor Qualifier မတိုင္ခင္ ေၾကညာမယ္ ေျပာထားတဲ့အတြက္ Valve ရဲ႕ ၂၀၁၉-၂၀၂၀ DPC ၿပိဳင္ပြဲေတြအရ ပထမဆုံး Major ျဖစ္တဲ့ MDL Chendu Major အၿပီး ႏိုဝင္ဘာ (၂၄) ေနာက္ပိုင္း မွာေတာ့ သတင္းေကာင္းကို စတင္ ရင္ခုန္လို႔ ရေနႏိုင္ပါၿပီ။

ယခုအခ်ိန္မွာေတာ့ Kuroky တို႔ အုပ္စု ဘယ္သြားမလည္းဆိုတာ ထင္ေၾကးမ်ိဳးစုံ ေပးေနေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ သူတို႔ ေရာက္ရွိမယ့္ အသင္းသစ္ကို အားေပးမယ့္ ပရိသတ္ေတြကေတာ့ ျမန္မာႏိုင္ငံမွာသာမက တကမာၻလုံးမွာပါ အခိုင္အမာ ရွိေနဦးမွာပါ။