[Unicode]

MLBB ကစားပြပြီး လူငယ်တွေကို စည်းရုံးခဲ့တဲ့ ဖိလစ်ပိုင်ဆီးနိတ်အမတ်ဟောင်း

 

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင်ဆီးနိတ်လွှတ်တော်အမတ်ဟောင်း Bongbong Marcos ဟာ ဗီဒီယိုဂိမ်းများရဲ့ခေတ်စားမှုကို အသုံးချပြီး လူငယ်များနဲ့ ရင်းနှီးမှုရယူနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။ အဲဒါကတော့ သူကိုယ်တိုင် MLBB ကစားနေတဲ့ ဗီဒီယိုတစ်ခုကို YouTube ပေါ်မှာတင်ခဲ့တာဖြစ်ပြီး ယင်းဗီဒီယိုအတွင်းမှာ arcade ဂိမ်းစက်ခေတ်ကနေ ယနေ့ခေတ်အထိ ဂိမ်းလောကရဲ့ တိုးတက်လာမှုအကြောင်းများကိုလည်း ပြောသွားခဲ့ပါတယ်။

Bongbong ဟာ ဖိလစ်ပိုင်သမ္မတဟောင်း Ferdinand Marcos ရဲ့ သားတစ်ဦးဖြစ်သလို ဖိလစ်ပိုင်နိုင်ငံရေးအသိုင်းအဝိုင်းမှာလည်း သြဇာအာဏာရှိသူတစ်ယောက်ပါ။ သမ္မတဟောင်း Ferdinand Marcos ကတော့ သူအုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော် ကာလအတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတစ်ဦးဖြစ်ပါတယ်။ Ferdinand ရဲ့ မိသားစုဟာ နောက်ပိုင်းမှာတော့ ဟာဝိုင်ရီမှာရှိတဲ့ Honolulu မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

ဖခင်ဖြစ်သူသေဆုံးပြီးနောက်မှာတော့ Bongbong ဟာ ဖိလစ်ပိုင်ကို ပြန်လာခဲ့ပြီး ဆီးနိတ်အမတ်အဖြစ် ကာလအတန်ကြာရပ်တည်နေနိုင်ခဲ့ပါတယ်။ ယင်းနောက်ပိုင်း ၂၀၁၆ ခုနှစ်မှာတော့ ဒုတိယသမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် Bongbong ဟာ အနာဂတ်မှာ ဖိလစ်ပိုင်လူငယ်အသိုင်းအဝိုင်းကို စည်းရုံးနိုင်ဖို့အတွက် ခြေလှမ်းတစ်ခုအနေနဲ့ MLBB ကစားပြခဲ့တာပါ။ ဒါပေမယ့် ဝေဖန်သူများကတော့ Bongbong ရဲ့ ဖခင်ဖြစ်သူအုပ်ချုပ်ခဲ့စဉ်ကာလအတွင်းမှာ ဗီဒီယိုဂိမ်းများနဲ့ arcade ဂိမ်းစက်များကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း ၁၉၈၁ ခုနှစ်က အဖြစ်အပျက်များကို ပြန်လည်ထောက်ပြပြီး အပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

မည်သို့ပင်ဖြစ်စေ ယခုဖြစ်ရပ်ဟာ မျက်မှောက်ခေတ်ဗီဒီယိုဂိမ်းများရဲ့ လွှမ်းမိုးမှုအင်အားကြီးမားပုံကို ညွှန်ပြလျက်ရှိပါတယ်။ ခေတ်နဲ့အညီပြောင်းလဲတိုးတက်လာတဲ့ ဂိမ်းလောက ကတော့ အတိုက်အခံလုပ်သူ မည်မျှပင်များပြားသည်ဖြစ်စေ ဆက်လက်ရှင်သန်နေဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming


[ZawGyi]

MLBB ကစားျပၿပီး လူငယ္ေတြကို စည္း႐ုံးခဲ့တဲ့ ဖိလစ္ပိုင္ဆီးနိတ္အမတ္ေဟာင္း

 

အသက္ ၆၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဖိလစ္ပိုင္ဆီးနိတ္လႊတ္ေတာ္အမတ္ေဟာင္း Bongbong Marcos ဟာ ဗီဒီယိုဂိမ္းမ်ားရဲ႕ေခတ္စားမႈကို အသုံးခ်ၿပီး လူငယ္မ်ားနဲ႔ ရင္းႏွီးမႈရယူႏိုင္ေအာင္ ႀကိဳးပမ္းခဲ့ပါတယ္။ အဲဒါကေတာ့ သူကိုယ္တိုင္ MLBB ကစားေနတဲ့ ဗီဒီယိုတစ္ခုကို YouTube ေပၚမွာတင္ခဲ့တာျဖစ္ၿပီး ယင္းဗီဒီယိုအတြင္းမွာ arcade ဂိမ္းစက္ေခတ္ကေန ယေန႔ေခတ္အထိ ဂိမ္းေလာကရဲ႕ တိုးတက္လာမႈအေၾကာင္းမ်ားကိုလည္း ေျပာသြားခဲ့ပါတယ္။

Bongbong ဟာ ဖိလစ္ပိုင္သမၼတေဟာင္း Ferdinand Marcos ရဲ႕ သားတစ္ဦးျဖစ္သလို ဖိလစ္ပိုင္ႏိုင္ငံေရးအသိုင္းအဝိုင္းမွာလည္း ၾသဇာအာဏာရွိသူတစ္ေယာက္ပါ။ သမၼတေဟာင္း Ferdinand Marcos ကေတာ့ သူအုပ္ခ်ဳပ္ခဲ့တဲ့ ဆယ္စုႏွစ္ ၂ ခုေက်ာ္ ကာလအတြင္းမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့သူတစ္ဦးျဖစ္ပါတယ္။ Ferdinand ရဲ႕ မိသားစုဟာ ေနာက္ပိုင္းမွာေတာ့ ဟာဝိုင္ရီမွာရွိတဲ့ Honolulu ၿမိဳ႕ကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကပါတယ္။

ဖခင္ျဖစ္သူေသဆုံးၿပီးေနာက္မွာေတာ့ Bongbong ဟာ ဖိလစ္ပိုင္ကို ျပန္လာခဲ့ၿပီး ဆီးနိတ္အမတ္အျဖစ္ ကာလအတန္ၾကာရပ္တည္ေနႏိုင္ခဲ့ပါတယ္။ ယင္းေနာက္ပိုင္း ၂၀၁၆ ခုႏွစ္မွာေတာ့ ဒုတိယသမၼတရာထူးအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ ရႈံးနိမ့္ခဲ့ရတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ Bongbong ဟာ အနာဂတ္မွာ ဖိလစ္ပိုင္လူငယ္အသိုင္းအဝိုင္းကို စည္း႐ုံးႏိုင္ဖို႔အတြက္ ေျခလွမ္းတစ္ခုအေနနဲ႔ MLBB ကစားျပခဲ့တာပါ။ ဒါေပမယ့္ ေဝဖန္သူမ်ားကေတာ့ Bongbong ရဲ႕ ဖခင္ျဖစ္သူအုပ္ခ်ဳပ္ခဲ့စဥ္ကာလအတြင္းမွာ ဗီဒီယိုဂိမ္းမ်ားနဲ႔ arcade ဂိမ္းစက္မ်ားကို တားျမစ္ပိတ္ပင္ခဲ့ေၾကာင္း ၁၉၈၁ ခုႏွစ္က အျဖစ္အပ်က္မ်ားကို ျပန္လည္ေထာက္ျပၿပီး အျပစ္တင္ေျပာဆိုခဲ့ၾကပါတယ္။

မည္သို႔ပင္ျဖစ္ေစ ယခုျဖစ္ရပ္ဟာ မ်က္ေမွာက္ေခတ္ဗီဒီယိုဂိမ္းမ်ားရဲ႕ လႊမ္းမိုးမႈအင္အားႀကီးမားပုံကို ၫႊန္ျပလ်က္ရွိပါတယ္။ ေခတ္နဲ႔အညီေျပာင္းလဲတိုးတက္လာတဲ့ ဂိမ္းေလာက ကေတာ့ အတိုက္အခံလုပ္သူ မည္မွ်ပင္မ်ားျပားသည္ျဖစ္ေစ ဆက္လက္ရွင္သန္ေနဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming