[Unicode]

MLBB နည်းပြအဖြစ်ကူးပြောင်းသွားတဲ့ Fnatic Dota 2 နည်းပြဟောင်း

 

မန်ဒိုပေါ့ပ်ဂီတအနုပညာရှင် JJ Lin ရဲ့ Esports အဖွဲ့အစည်း Team SMG ဟာ မလေးရှားအခြေစိုက် MLBB အသင်းတစ်သင်းကို မကြာသေးမီက ခေါ်ယူခဲ့ပါတယ်။ လက်ရှိမှာတော့ Team SMG ရဲ့ MLBB အသင်းဟာ အရှေ့တောင်အာရှမိုဘိုင်းလ် Esports လောကအတွင်းမှာ ကျင်းပမယ့် မလေးရှားနဲ့ စင်ကာပူတို့ရဲ့ MPL season 5 ပွဲစဉ်များကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာပဲ ဖြစ်ပါတယ်။

ဒီလိုဝင်ရောက်ဖို့အတွက် အသင်းရဲ့ MLBB ကစားသမားများဟာ လေ့ကျင့်ပြင်ဆင်လျက်ရှိကြပါတယ်။ Team SMG ရဲ့ လေ့ကျင့်မှုများအတွက် နည်းပြကိုင်တွယ်မယ့်သူကို မကြာသေးမီက ကြေညာလိုက်ပြီး ပရိသတ်များကို အံ့အားသင့်သွားစေခဲ့ပါတယ်။ သူကတော့ ယခင်က Fnatic အသင်းမှာ Dota 2 နည်းပြအဖြစ်ရပ်တည်ခဲ့သူ Bonezzyy ပါ။

Dota 2 နည်းပြအဖြစ် ရပ်တည်ခဲ့စဉ်မှာတော့ သူ့ကို ADTR ဆိုတဲ့နာမည်နဲ့ လူသိများကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ Team SMG က ယင်းတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ “ကျွန်တော်တို့ဟာ မလေးရှားနိုင်ငံ Terengganu ပြည်နယ်က လာတဲ့ အသင်းရဲ့နည်းပြ Bonezzyy ကို စတင်မိတ်ဆက်လိုက်ပါပြီ။ သူဟာ မူလက Dota pro ကစားသမားတစ်ဦးဖြစ်ပြီး Fnatic နဲ့ RRQ တို့လို နာမည်ကြီးအရှေ့တောင်အာရှအသင်းများမှာ ကစားခဲ့ဖူးသူပါ။

AhJit, QO, ADTR, DJ, Ohaiyo, Febby

အထူးသဖြင့် TI5 နဲ့ TI7 တို့မှာ Fnatic အသင်းကို ADTR ဆိုတဲ့နာမည်နဲ့ နည်းပြခဲ့ဖူးပါတယ်။ Dota 2 ကနေ MLBB ကို ကူးပြောင်းလိုက်ခြင်းဟာ သူ့အတွက် အလွန်သဘာဝကျတဲ့ကိစ္စတစ်ခုပါ။” အစရှိသဖြင့် ရေးသားထားခဲ့ပါတယ်။ ယင်းပို့စ်အတွင်းမှာပဲ Bonezzyy က “ကျွန်တော်ရရှိထားခဲ့တဲ့ Dota ကစားသမားဘဝနဲ့ နည်းပြဘဝအတွေ့အကြုံများကို အသုံးချပြီး Team SMG ကို မြင့်မားတဲ့နေရာအထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းသွားပါမယ်” လို့ ပြောကြားထားကြောင်းကိုလည်း ဖော်ပြထားခဲ့ပါတယ်။

Team SMG ရဲ့ နည်းပြမဖြစ်လာခင် ယခုနှစ်အစောပိုင်းတုန်းကတော့ Bonezzyy ဟာ GeekFam အသင်းရဲ့ Dota 2 analyst တစ်ဦးပါ။ Fnatic အသင်းကို နည်းပြခဲ့တဲ့ TI5 မှာ အသင်းကို အဆင့် ၁၃ နဲ့ ၁၆ ပူးတွဲ ၄ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး TI7 မှာလည်း အဆင့် ၁၇ နဲ့ ၁၈ ပူးတွဲနေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါသေးတယ်။

Fnatic အသင်းကို The International ပွဲများအထိရောက်ရှိအောင် နည်းပြနိုင်ခဲ့သူ Bonezzyy ဟာ ကောင်းမွန်တဲ့ Dota 2 နည်းပြတစ်ဦးဖြစ်ခဲ့ကြောင်း ဆိုရမှာပါ။ MLBB လောကကိုဝင်ရောက်လာတဲ့ Dota 2 နည်းပြဟောင်း Bonezzyy နဲ့အတူ Team SMG ရဲ့ အနာဂတ်ကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက် ရှိပါတယ်။

source: Team SMG facebook, ADTR liquipedia


[ZawGyi]

MLBB နည္းျပအျဖစ္ကူးေျပာင္းသြားတဲ့ Fnatic Dota 2 နည္းျပေဟာင္း

 

မန္ဒိုေပါ့ပ္ဂီတအႏုပညာရွင္ JJ Lin ရဲ႕ Esports အဖြဲ႕အစည္း Team SMG ဟာ မေလးရွားအေျခစိုက္ MLBB အသင္းတစ္သင္းကို မၾကာေသးမီက ေခၚယူခဲ့ပါတယ္။ လက္ရွိမွာေတာ့ Team SMG ရဲ႕ MLBB အသင္းဟာ အေရွ႕ေတာင္အာရွမိုဘိုင္းလ္ Esports ေလာကအတြင္းမွာ က်င္းပမယ့္ မေလးရွားနဲ႔ စင္ကာပူတို႔ရဲ႕ MPL season 5 ပြဲစဥ္မ်ားကို ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာပဲ ျဖစ္ပါတယ္။

ဒီလိုဝင္ေရာက္ဖို႔အတြက္ အသင္းရဲ႕ MLBB ကစားသမားမ်ားဟာ ေလ့က်င့္ျပင္ဆင္လ်က္ရွိၾကပါတယ္။ Team SMG ရဲ႕ ေလ့က်င့္မႈမ်ားအတြက္ နည္းျပကိုင္တြယ္မယ့္သူကို မၾကာေသးမီက ေၾကညာလိုက္ၿပီး ပရိသတ္မ်ားကို အံ့အားသင့္သြားေစခဲ့ပါတယ္။ သူကေတာ့ ယခင္က Fnatic အသင္းမွာ Dota 2 နည္းျပအျဖစ္ရပ္တည္ခဲ့သူ Bonezzyy ပါ။

Dota 2 နည္းျပအျဖစ္ ရပ္တည္ခဲ့စဥ္မွာေတာ့ သူ႔ကို ADTR ဆိုတဲ့နာမည္နဲ႔ လူသိမ်ားၾကပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Team SMG က ယင္းတို႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွာ “ကြၽန္ေတာ္တို႔ဟာ မေလးရွားႏိုင္ငံ Terengganu ျပည္နယ္က လာတဲ့ အသင္းရဲ႕နည္းျပ Bonezzyy ကို စတင္မိတ္ဆက္လိုက္ပါၿပီ။ သူဟာ မူလက Dota pro ကစားသမားတစ္ဦးျဖစ္ၿပီး Fnatic နဲ႔ RRQ တို႔လို နာမည္ႀကီးအေရွ႕ေတာင္အာရွအသင္းမ်ားမွာ ကစားခဲ့ဖူးသူပါ။

AhJit, QO, ADTR, DJ, Ohaiyo, Febby

အထူးသျဖင့္ TI5 နဲ႔ TI7 တို႔မွာ Fnatic အသင္းကို ADTR ဆိုတဲ့နာမည္နဲ႔ နည္းျပခဲ့ဖူးပါတယ္။ Dota 2 ကေန MLBB ကို ကူးေျပာင္းလိုက္ျခင္းဟာ သူ႔အတြက္ အလြန္သဘာဝက်တဲ့ကိစၥတစ္ခုပါ။” အစရွိသျဖင့္ ေရးသားထားခဲ့ပါတယ္။ ယင္းပို႔စ္အတြင္းမွာပဲ Bonezzyy က “ကြၽန္ေတာ္ရရွိထားခဲ့တဲ့ Dota ကစားသမားဘဝနဲ႔ နည္းျပဘဝအေတြ႕အႀကဳံမ်ားကို အသုံးခ်ၿပီး Team SMG ကို ျမင့္မားတဲ့ေနရာအထိ တက္လွမ္းႏိုင္ေအာင္ ႀကိဳးပမ္းသြားပါမယ္” လို႔ ေျပာၾကားထားေၾကာင္းကိုလည္း ေဖာ္ျပထားခဲ့ပါတယ္။

Team SMG ရဲ႕ နည္းျပမျဖစ္လာခင္ ယခုႏွစ္အေစာပိုင္းတုန္းကေတာ့ Bonezzyy ဟာ GeekFam အသင္းရဲ႕ Dota 2 analyst တစ္ဦးပါ။ Fnatic အသင္းကို နည္းျပခဲ့တဲ့ TI5 မွာ အသင္းကို အဆင့္ ၁၃ နဲ႔ ၁၆ ပူးတြဲ ၄ ေနရာမွာ ရပ္တည္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး TI7 မွာလည္း အဆင့္ ၁၇ နဲ႔ ၁၈ ပူးတြဲေနရာရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါေသးတယ္။

Fnatic အသင္းကို The International ပြဲမ်ားအထိေရာက္ရွိေအာင္ နည္းျပႏိုင္ခဲ့သူ Bonezzyy ဟာ ေကာင္းမြန္တဲ့ Dota 2 နည္းျပတစ္ဦးျဖစ္ခဲ့ေၾကာင္း ဆိုရမွာပါ။ MLBB ေလာကကိုဝင္ေရာက္လာတဲ့ Dota 2 နည္းျပေဟာင္း Bonezzyy နဲ႔အတူ Team SMG ရဲ႕ အနာဂတ္ကေတာ့ စိတ္ဝင္စားစရာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: Team SMG facebook, ADTR liquipedia